ဒုတ်... ဒုတ်…
ဆိုင်းလက်စ်၏ ရင်ခုန်သံမှာ အလွန်အမင်း မြန်ဆန်နေပြီး တစ်ချက်တစ်ချက်တွင် ရင်ဘတ်ထဲမှပင် ထွက်ကျလာတော့မည့်အလား ခံစားနေရသည်။ ယခင်က ၉၉ ရာခိုင်နှုန်းသာ သေချာခဲ့သော ယုံကြည်ချက်မှာ ယခုမူ ၁၀၀ ရာခိုင်နှုန်းအထိ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
အိုင်ဗီ သူ့ကို သဘောကျနေတာ။ တကယ်ကို သဘောကျနေတာပဲ။
အိုင်ဗီကလည်း ဆိုင်းလက်စ်၏ အံ့အားသင့်နေသော မျက်နှာကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းအိမ်ထဲမှ ထူးခြားဆန်းပြားလှသော အစိမ်းရောင်နှင့် အပြာရောင် အလင်းတန်းလေးများ ယှက်သန်းသွားသည်ကို သူမ သတိထားမိလိုက်သည်။ ထိုမျက်ဝန်းအရောင်သည် ခဏတာအတွင်း ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ဆိုင်းလက်စ်ကိုယ်တိုင်ပင် သတိမထားမိ။
မကြာမီအချိန်အတွင်းမှာပင်...
ဤအနက်ရောင်မျက်ဝန်းအိမ်များသည် မြရောင်မျက်ဝန်းများအဖြစ်သို့ ကူးပြောင်းသွားတော့မည်ဖြစ်ပြီး အမျိုးသမီးတိုင်းကို ရစ်မူးသွားစေနိုင်သည့် ဆွဲဆောင်မှုမျိုး ရရှိလာတော့မည်ဖြစ်သည်။
ခံစားချက်များ ပြင်းထန်နေသော ဆိုင်းလက်စ်သည် အိုင်ဗီ၏ ငေးမောနေသော မျက်နှာလေးကို မြင်သောအခါမှ စိတ်ကို ပြန်ထိန်းလိုက်နိုင်သည်။ ဤစွမ်းအင် အမြူတေ အခု ၁၀၀၀ ရရှိရန် သူမ ဘယ်လောက်အထိ ပင်ပန်းဆင်းရဲခဲ့ရမလဲဟာ တွေးမိကာ သူ ရင်ထဲက နာကျင်လာရသည်။
"မင်း... ဒဏ်ရာများ ရထားသေးလား။ ရှိရင် ပြပါဦး၊ ကိုယ် ဆေးထည့်ပေးမယ်" ဆိုင်းလက်စ်က စိုးရိမ်စိတ်နှင့် ကြင်နာမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အလေးအနက် ပြောလိုက်သည်။
"မလိုပါဘူး၊ ကျွန်မ အဆင်ပြေပါတယ်" အိုင်ဗီက သူ၏ နူးညံ့လှသော အကြည့်များကို ရှောင်လွှဲရင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် "ဒါနဲ့... ရိုနန်၊ မာ့ခ်နဲ့ ပီတာတို့ သုံးယောက်လုံးကို လူသူကင်းဝေးတဲ့ နေရာတစ်ခုဆီ ဘယ်တော့လောက် ခေါ်လာပေးနိုင်မလဲလို့ မေးမလို့ပါ"
ဆိုင်းလက်စ်က စိတ်ပျက်သွားဟန်ဖြင့် မျက်လွှာချလိုက်သော်လည်း မိမိကိုယ်ကို ချက်ချင်းပင် ပြန်လည်သတိပေးလိုက်သည်။
'ဘာလို့ ဒီလောက် လောနေရတာလဲ။ မင်းက ဒီလိုမျိုး ခြောက်လှန့်နေရင် သူမ ထွက်ပြေးသွားလိမ့်မယ်။ နူးနူးညံ့ညံ့ ဆက်ဆံစမ်းပါ။ ခြေလှမ်းမှန်မှန်နဲ့ပဲ သူမဆီကို ချဉ်းကပ်ပါ’
ထိုသို့ တွေးလိုက်မိပြီးနောက် ရင်ထဲက လေးလံသော ခံစားချက်များ လွင့်ပြယ်သွားကာ "မနက်ဖြန်ကျရင် သူတို့ကို မင်းဆီ ခေါ်လာပေးပါ့မယ်"
အိုင်ဗီက ခေါင်းငြိမ့်ပြလိုက်ပြီး အချိန်ကို ကြည့်လိုက်ရာ အက်ဒဝပ်နှင့် ချိန်းထားသည့် အချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမက
"ရှင့်ကို အခန်းအထိ လိုက်ပို့ပေးမယ်လေ" ဟု ပြောလ်ုက်သည်။
ဆိုင်းလက်စ်က သူမ၏ စကားထဲတွင် ထူးခြားမှုကို ရိပ်မိလိုက်ပြီး "မင်း အခန်းကို ပြန်မလာဘူးလား" ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟင့်အင်း၊ လုပ်စရာ အလုပ်လေးတွေ ရှိသေးလို့..." အိုင်ဗီက စကားကို အဆုံးမသတ်သော်လည်း ဆိုင်းလက်စ်က ဆိုလိုရင်းကို နားလည်လိုက်သည်။
"အဆင်ပြေမယ်ဆိုရင် ကိုယ်လည်း လိုက်ခဲ့ပြီး ကူညီပေးမယ်လေ" ဆိုင်းလက်စ်က စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်သည်။ သူ၏ အက်ရှရှဖြင့် ဆွဲဆောင်မှုရှိသော အသံကြောင့် အိုင်ဗီမှာ လက်ခံမိတော့မလိုပဲ။
သို့သော် သူမက စိတ်ကို ခိုင်ခိုင်ထားပြီး ခေါင်းခါကာ ငြင်းပယ်လိုက်သည်။ "မလိုပါဘူး။ ဒါက ကျွန်မ တစ်ယောက်တည်း လုပ်ရမယ့်... ကိုယ်ရေးကိုယ်တာ ကိစ္စလေးမို့လို့ပါ"
သူမ တစ်ယောက်တည်းပဲလား။ ဆိုင်းလက်စ် စိုးရိမ်သွားသော်လည်း သူ၏ လက်ရှိ အနေအထားကို သိသဖြင့် ထပ်ပြီး မေးမြန်းတာမျိုး မလုပ်ရဲတော့ပေ။
မကြာမီမှာပင် အိုင်ဗီသည် ဆိုင်းလက်စ်ကို အခန်းသို့ ပို့ပေးခဲ့သည်။ ဆိုင်းလက်စ်၏ တွန့်ဆုတ်နေသော အကြည့်တွေကို ဂရုမစိုက်ဘဲ သူမ ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်ခဲ့တော့သည်။
စကိုင်းလိုင်း လူနေရပ်ကွက်သို့ ရောက်သောအခါ အိုင်ဗီ မျက်မှောင်ကြုတ်လိုက်မိသည်။ ဇမ်ဘီများ ကျူးကျော်ဝင်ရောက်မှုမှာ ပိုမိုများပြားလာပြီး ပို၍ ထူးဆန်းလာသည်။ အဆင့်မြင့် ဇမ်ဘီတွေက ပိုတောင် များနေသေးသည်။
ပိုပြီး ဝေခွဲမရဖြစ်စရာကောင်းသည်မှာ... မနေ့ကအထိ အဆင့် (၁) ဇမ်ဘီတွေက အင်အားမကြီးခဲ့သော်လည်း ယနေ့တွင်မူ အရေအတွက် အများဆုံး ဖြစ်နေခြင်းပင်။
အိုင်ဗီ ဇဝေဇဝါ ဖြစ်နေသော်လည်း စပ်စုချင်စိတ်ကို ထိန်းထားကာ လမ်းမှာတွေ့သော ဇမ်ဘီအချို့ကို ရှင်းလင်းပြီး လှေကားဆီသို့ ရောက်ရှိလာခဲ့သည်။
ထင်သည့်အတိုင်းပင် ဇမ်ဘီတွေကို တိုက်ခိုက်နေသော အက်ဒဝပ်ကို တွေ့လိုက်ရသည်။ သူက အလုပ်ပြီးသွားသည်နှင့် အိုင်ဗီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး အိုင်ဗီ သယ်လာသော အိတ်ကြီးကို မြင်သောအခါ ပို၍ ဝမ်းသာသွားသည်။
သူက အိုင်ဗီကို ကူသယ်ပေးရင်း သူတို့နှစ်ဦး အက်ဒဝပ်၏ အခန်းသို့ ရောက်ရှိလာကြသည်။ လမ်းတစ်လျှောက်တွင် ဇမ်ဘီများ၏ အာရုံကို မဆွဲဆောင်မိစေရန် နှစ်ဦးသား တိတ်ဆိတ်စွာ လာခဲ့ကြသည်။
အိတ်တွေကို ကြမ်းပြင်ပေါ် ချလိုက်ပြီးနောက် အက်ဒဝပ်က ကျေးဇူးတင်သော အပြုံးဖြင့် အိုင်ဗီဘက်သို့ လှည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါက လုပ်ခလစာလား"
အိုင်ဗီက ခေါင်းငြိမ့်ပြလိုက်ရာ သူ အလွန် ကျေးဇူးတင်သွားသည်။ ဘာကိုယ်ရေးမှတ်တမ်းမှ မတင်ခဲ့ရဘဲ အလုပ်ရွေးချယ်ခံရခြင်းမှာ အိုင်ဗီက သူ့အတွက် ကောင်းသတင်း ပြောပေးထားသောကြောင့်ဖြစ်မည်ဟု သူ တွေးလိုက်မိသည်။
ထိုသို့ တွေးမိသည်နှင့် သူက ငုံ့လိုက်ပြီး ရိက္ခာတွေကို နှစ်ပုံ ပုံလိုက်ကာ တစ်ဝက်ကို အိုင်ဗီအား ပေးလိုက်သည်။
"တကယ်ကို ကျေးဇူးတင်ပါတယ်၊ မင်းသာ မရှိရင် ငါ ဒီအလုပ်ကို ရမှာ မဟုတ်ဘူး"
အိုင်ဗီ အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ အက်ဒဝပ်က ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လုပ်ခ၏ တစ်ဝက်ကို ပေးလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏ လောင်းကြေး အောင်မြင်သွားပြီဟု ဆိုရမည်။
အက်ဒဝပ်သည် အသက်ရှင်သန်ရန် အသည်းအသန် ကြိုးစားနေရသော်လည်း သူ့ကို ကူညီခဲ့သူတွေကို မေ့လျော့မထားပေ။ စိတ်ဝင်စားစရာပဲ။
"မလိုပါဘူး" အိုင်ဗီက ခေါင်းခါလိုက်ပြီး "ရှင် အလုပ်ကို ကောင်းကောင်း လုပ်သရွေ့တော့ သူဌေးက ကျွန်မကိုလည်း အပိုဆုကြေး ပေးမယ်လို့ ကတိပေးထားတယ်လေ”
ယခုတစ်ကြိမ်တွင်မူ အက်ဒဝပ်က အံ့အားသင့်သွားပြီးမှ သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်သည်။ "ဒါဆိုရင်လည်း ငါ အတင်းမတိုက်တွန်းတော့ပါဘူး... ဒါပေမဲ့ နောင်ကျရင် အကူအညီ လိုတာရှိရင် ငါ့ကို လာရှာပါ"
အိုင်ဗီက ခေါင်းငြိမ့်ပြလိုက်သည်။ အလုပ်အကြောင်း အသေးစိတ်ကို ပြောပြပြီးနောက် အက်ဒဝပ်၏ ကျေးဇူးတင်သော အကြည့်များအောက်မှ သူမ ထွက်ခွာလာခဲ့သည်။
ချက်ချင်း ပြန်မသွားသေးဘဲ အိုင်ဗီသည် ရာဗင်ခရော့ဖ် မိသားစု အရင်က နေထိုင်ခဲ့သော အခန်းကို ဝင်ရောက်ရှာဖွေလိုက်သည်။
ရာဗင်ခရော့ဖ် မိသားစု၏ မီးဖိုချောင် အသုံးအဆောင်တွေကို သူမ မကြိုက်သဖြင့် မယူရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လျှပ်စစ်မီးဖိုကိုတော့ ယူလိုက်ပြီး နေရာအနှံ့ကို သိမ်းကျုံးရှာဖွေလိုက်သည်။
ရာဗင်ခရော့ဖ် မိသားစု လက်နဲ့ ထိတွေ့ထားသမျှ အရာအားလုံးကို သူမ သိမ်းဆည်းပစ်လိုက်မှာ။ မကြာခင်မှာပင် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး အရာအားလုံးကို သိမ်းယူလိုက်တော့သည်။
သူမ မသုံးနိုင်ရင်တောင် ဘာဖြစ်လဲ၊ နောင်ကျရင် ပြန်ရောင်းစားလို့ ရတာပဲ။
အရေးကြီးသော အလုပ်ကို အပြီးသတ်ပြီးနောက် အိုင်ဗီသည် ကားဆီသို့ ပြန်လာခဲ့ပြီး ဆိုင်းလက်စ်၏ အခန်းသို့ ရောက်ရှိလာသည်။ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဆိုင်းလက်စ်ကို မြင်သောအခါ သူမ စိတ်မကောင်း ဖြစ်သွားရသည်။
ယနေ့မှလွဲ၍ သူမသည် သူ့အတွက် အစားအသောက် ပြင်ဆင်ပေးခဲ့ခြင်း မရှိသလောက်ပင်။ ဆိုင်းလက်စ်မှာ စစ်ဘက်ဆိုင်ရာ အလုပ်တွေနှင့် အလွန်အလုပ်ရှုပ်နေသော်လည်း သူမအတွက်တော့ အမြဲတမ်း အချိန်ပေးပြီး ချက်ပြုတ်ပေးတတ်သည်။
"ဟင်၊ ပြန်ရောက်ပြီလား။ သွား ရေချိုးလိုက်ဦးလေ၊ ဟင်းတွေလည်း ကျက်ခါနီးပြီ" ဆိုင်းလက်စ်သည် အပြာရောင် ခါးစည်းလေးကို ဝတ်ထားပြီး လက်ထဲတွင် ဇွန်းခွက်ကို ကိုင်ကာ ပြောလိုက်သည်။ တီရှပ်အဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော သူ့ပုံစံက အလွန်ပင် ကြည့်ကောင်းနေသည်။
အိုင်ဗီသည် သူ့ကို အနောက်ကနေ ပြေးဖက်ချင်စိတ်ကို အောင့်ထားလိုက်ပြီး "အင်း" ဟုသာ အေးစက်စက် ပြန် ပြောလိုက်သည်။
သူ့၏ သန်မာသော လက်မောင်းကြွက်သားတွေကို ခဏတာ ငေးကြည့်နေမိပြီးမှ ဧည့်သည်ခန်းထဲသို့ အမြန်ပြေးဝင်လာခဲ့သည်။ သူမ၏ စိတ်ကူးထဲက နေရာလွတ်ထဲမှာပဲ ရေချိုးပြီးနောက် ပြန်ထွက်လာခဲ့သည်။
ဘာမှ မဖြစ်သလို မျက်နှာထားဖြင့် အလွန် အရသာရှိသော ဝက်သားနှပ်ကို စားလိုက်ရင်း ကျေနပ်စွာ သက်ပြင်းချလိုက်မိသည်။ နောင်ကျရင် ဟင်းခတ်အမွှေးအကြိုင်တွေက ရှားပါးသွားတော့မည်ဖြစ်ပြီး အစားအသောက်တွေက ပေါ့ပျက်ပျက် ဖြစ်သွားတော့မည်။ ယခုမူ ကောင်းကင်ဘုံ ရောက်နေသည့်နှယ်ပင်။
ဆိုင်းလက်စ်၏ လက်ရာမှာလည်း အနေအထား တစ်ခုမှာ ရှိနေတယ် လေ။ အိုင်ဗီသာ ဒီဝက်သားနှပ်ကို ချက်မည်ဆိုပါက ဆိုင်းလက်စ်၏ လက်ရာကို မှီမည်မဟုတ်ကြောင်း သူမ ရဲရဲကြီးပြောရဲသည်။
အိုင်ဗီ အရသာခံ စားနေသည်ကို မြင်သောအခါ ဆိုင်းလက်စ်က ပြုံးလိုက်မိသည်။ အမျိုးသမီးတစ်ယောက်၏ နှလုံးသားကို ရရှိရန်အတွက် သူမ၏ အစာအိမ်ကို အရင် သိမ်းပိုက်ရမည်ဟု ဆိုကြသည် မဟုတ်လား။ အမှန်တကယ်မှာ မယားမှပြောသင့်သော စကားဖြစ်သည်။ သူ အတိအကျ လုပ်ဆောင်နေတာလေ။
ဤအရာကို အိုင်ဗီ၏ အကျင့်တစ်ခု ဖြစ်သွားအောင် သူ လုပ်ပါလိမ့်မည်။ သူ၏ လက်ရာကို စားရသည့် အကျင့် ဖြစ်သွားပြီဆိုလျှင် သူမသည် တခြားသူ၏ လက်ရာတွေကို အလိုလိုနေရင်း အရသာမရှိသလို ခံစားရတော့မည် ဖြစ်သည်။ အကြံဆိုးဖြင့် အတွေးထဲနစ်နေရင် ပြုံးမိသည်။
***