ဤအခိုက်အတန့်မှာ သီရှီထျန်သည် လှိုဏ်ဂူထဲမှာ လဲလျောင်းနေရင်း ထျန်းအင်ပါယာရတနာသေတ္တာ၏ ပဟေဠိကို ဖြေရှင်းရန် အပြည့်အဝ စိတ်နှစ်ထားသည်။ သူဗိုက်ဆာလာသည့်အခါ သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားသော ကင်းခြေများအစိတ်အပိုင်းများကို စားသုံးလိမ့်မည်။ ဤအတောအတွင်း သူ၏ စိတ်ထဲမှာ ပဟေဠိအပိုင်းအစများ၏ ရုပ်ပုံများဖြင့်သာ ပြည့်နှက်နေသည်။
သူက ပဟေဠိအပိုင်းအစတစ်ခုကို ရွှေ့ပြီးသွားတိုင်း နောက်ထပ် မရွှေ့မီ လေးနက်စွာ တွက်ချက်လိမ့်မည်။ ပဟေဠိအပိုင်းအစများကို တွဲဆက်ခြင်းက သူ၏ စွမ်းအားကို ကုန်ဆုံးစေပြီး ဦးနှောက်ကို ပင်ပန်းစေသည်။
အကယ်၍ သူသာ ဓာတ်ပုံမှတ်ဉာဏ်ဖြင့် မွေးဖွားလာပြီး ဉာဏ်ကောင်းသော ပါရမီရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ထိုမျှခက်ခဲသော တွက်ချက်မှုများကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
‘ နောက်ထပ် ရက်အနည်းငယ် ကြာပြီးရင် ရတနာသေတ္တာရဲ့ ပဟေဠိအပိုင်းအစအားလုံးကို ပြီးပြည့်စုံအောင် ငါဆက်နိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် ဒီထူးခြားဆန်းကြယ်တဲ့ ထျန်းအင်ပါယာရတနာသေတ္တာရဲ့ လျှို့ဝှက်ချက်ကို ငါရှာဖွေနိုင်လိမ့်မယ်… ဒါပေမဲ့ ပဟေဠိပေါ်က ရုပ်ပုံကလည်း ထူးဆန်းတယ်… အဲ့ဒါက ဘယ်လိုနတ်သားရဲပါလိမ့်… အဲ့ဒါကို ငါပိုပြီးကြည့်လေလေ ကျားတစ်ကောင်နဲ့ ပိုပြီးတူလာလေပါလား ”
သီရှီထျန်သည် သူ၏ ကျားလက်သည်းဖြင့် ပဟေဠိအပိုင်းအစများကို ဂရုတစိုက် ရွှေ့နေသည်။ သူက ရတနာသေတ္တာပေါ်မှ ရုပ်ပုံကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ရုပ်ပုံက ငါးပုံပုံ လေးပုံခန့် ပြီးမြောက်သွားပြီ ဖြစ်၏။ ယင်းက ဤလများတွင် သူ၏ မရပ်မနား ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်သည်။
ငါးပုံပုံ လေးပုံခန့် ပြီးမြောက်သွားသော ပဟေဠိရုပ်ပုံကို ကြည့်လိုက်သည့်အခါ ယင်းက ထူးခြားဆန်းကြယ်သော ဒဏ္ဍာရီလာ သားရဲတစ်ကောင်၏ ရုပ်ပုံဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
ပြီးပြည့်စုံသွားသော အစိတ်အပိုင်းများက အရောင်တလက်လက် တောက်ပနေသည်။ ယင်းက သားရဲ၏ ရုပ်ပုံကို ပိုပြီးထင်ရှားစေပြီး အသက်ဝင်စေသည်။ ရုပ်ပုံကို ကြည့်ရသည်မှာ ၎င်းက နတ်သားရဲတစ်ကောင် ဖြစ်နိုင်လောက်၏။ ထို့ပြင် အံ့ဖွယ်ကောင်းစွာ ၎င်း၏ ခန္ဓာကိုယ်က ကျားတစ်ကောင်နှင့် ဆင်တူနေသည်။
ဤသည်မှာ ပဟေဠိရုပ်ပုံက ကျားတစ်ကောင် ဖြစ်သည့်အလားပင်။
၎င်းက ကျားမဟုတ်လျှင်ပင် ကျားနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု သီရှီထျန် သေချာသည်။ ပဟေဠိရုပ်ပုံကို သူပိုပြီးစိုက်ကြည့်လေ ထိုခံစားချက်က ပိုပြီးသိသာလာလေ ဖြစ်သည်။
“ ဒီရုပ်ပုံကို ပြီးပြည့်စုံအောင် ငါဆက်မယ် ”
သီရှီထျန်၏ နှလုံးသားထဲမှာ နားလည်ရခက်သော မျှော်လင့်မှု ထွက်ပေါ်လာသည်။
ပဟေဠိကစားနည်း၏ အခက်ခဲဆုံးအပိုင်းက အစတွင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပဟေဠိအပိုင်းအစအားလုံးက အစတွင် ပြောက်သောက်ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။ တူညီသော ပဟေဠိအပိုင်းအစများကို ရှာဖွေပြီး အတူတကွ တွဲဆက်ရန်က ခက်ခဲပေသည်။ ယင်းတို့ကို ထပ်ခါထပ်ခါ ယှဉ်တွဲပြီး ကြိုးစားရမည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ကို အလွန်ပင်ပန်းစေသည်။
သို့သော်လည်း ယခုအခြေအနေက ကွဲပြားခြားနားသွားသည်။ ပဟေဠိက နည်းနည်းချင်းစီ ပြည့်စုံလာသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ပဟေဠိအပိုင်းအစများ၏ အရေအတွက်က တဖြည်းဖြည်း နည်းပါးလာသည်။ သို့ဖြစ်၍ မှန်ကန်သော အပိုင်းအစများကို ရှာဖွေပြီး တွဲဆက်ရန် မခက်ခဲတော့ပေ။
ပဟေဠိသည် ငါးပုံပုံ တစ်ပုံ ကျန်နေသေးသော်လည်း နောက်ရက်အနည်းငယ်အတွင်းမှာ ယင်းကို ပြီးပြည့်စုံစွာ ဆက်နိုင်လိမ့်မည်ဟု စက်ကရာ ယုံကြည်မှုရှိသည်။
ပဟေဠိ ပြီးမြောက်တော့မည်ဖြစ်ကြောင်း ခံစားမိလာသည့်အခါ သူက ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားလာသည်။ သူက မရပ်မနား ကြိုးစားသည်။
သူက စိတ်လှုပ်ရှားစွာ ပဟေဠိဆက်နေစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် သုံးရက် ကုန်ဆုံးသွားသည်။
" ချက် "
ကြွပ်ဆပ်သော မြည်သံက ရတနာသေတ္ထာထံမှ ထွက်ပေါ်လာသည်။ ထျန်းအင်ပါယာရတနာသေတ္တာ၏ မျက်နှာပြင်ပေါ်မှ ပဟေဠိသည် နောက်ဆုံးမှာ ရောင်စုံအလင်းဖြင့် အပြည့်အဝ ထွန်းလင်းတောက်ပသွားသည်။ ရောင်စုံအလင်းနှင့်အတူ ပြီးပြည့်စုံသော ရုပ်ပုံတစ်ခုက သူ၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။ ၎င်းက တကယ်အသက်ရှိနေသည့်အလား အမှန်တကယ် ရုပ်လုံးကြွသည်။
“ ဟူး… နောက်ဆုံးတော့ ပြီးသွားပြီ ”
သီရှီထျန်က သက်ပြင်းရှည်ကြီးချလိုက်သည်။ ဤသည်မှာ သူ၏ ပခုံးပေါ်မှ ဝန်ထုပ်ကြီးက နောက်ဆုံးမှာ ပျောက်ကွယ်သွားသည့်အလားပင်။ သူ၏ ကျားမျက်လုံးထဲမှာ စူးရှတောက်ပသော အလင်း ထွက်ပေါ်လာသည်။ စိတ်လှုပ်ရှားမှုသည် သူ၏ မျက်လုံးထဲမှာ မဖုံးဖိနိုင်အောင် ထင်ရှားသည်။
တစ်လကျော်ကြာပြီးနောက် နောက်ဆုံးမှာ သူသည် အလွန်ခက်ခဲသော ဤပဟေဠိကို အောင်မြင်စွာ ဖြေရှင်းနိုင်သွားသည်။
ပဟေဠိကို ဖြေရှင်းပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးပေါ့ပါးလန်းဆန်းလာကြောင်း စက်ကရာ ခံစားမိသွားသည်။
သို့သော်လည်း သူက အပြည့်အဝ စိတ်မအေးနိုင်သေးပေ။ သူက အာရုံစူးစိုက်လိုက်ပြီး ထျန်းအင်ပါယာရတနာသေတ္တာကို ကြည့်လိုက်သည်။ ပြီးပြည့်စုံသော ပဟေဠိရုပ်ပုံက မည်သည့်အရာဖြစ်ကြောင်း သူမြင်ချင်သည်။
၎င်းကို သူကြည့်လိုက်သည့်အခါ ရုတ်တရက် နှလုံးခုန်မြန်သွားသည်။
“ ဒီဟာက… ကျားခန္ဓာကိုယ်နဲ့ လူဦးခေါင်းကိုးခုပဲ… မဟုတ်မှ ဒီဟာက ဒဏ္ဍာရီလာ ကိုင်မင်သားရဲလား ”
အံ့ဩသော အသံက သီရှီထျန်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ရတနာသေတ္တာပေါ်မှ ပဟေဠိရုပ်ပုံက ဖော်မပြနိုင်အောင် ရှင်းလင်းထင်ရှားသွားသည်။ သူ၏ မျက်စိအရှေ့၌ ထွက်ပေါ်လာသည်မှာ ထူးဆန်းသော ဧရာမကျားတစ်ကောင် ဖြစ်၏။ ထူးဆန်းသည်ဟု ဆိုရခြင်းမှာ ၎င်းဆီမှာ လူဦးခေါင်းကိုးခု ရှိနေသောကြောင့်ပင်။ လူဦးခေါင်းကိုးခုနှင့် ကျားခန္ဓာကိုယ်က လိုက်လျောမညီထွေဟန် ထင်ရ၏။ သို့သော်လည်း ထိုနှစ်ခုကို အတူတကွ ပေါင်းစပ်လိုက်သည့်အခါ ဖော်မပြနိုင်အောင် လိုက်ဖက်ညီသွား၏။
သူ၏ စိတ်ထဲမှာ အတိတ်ဘဝတွင် သူဖတ်ခဲ့ဖူးသော ကိုင်မင်သားရဲအကြောင်း ပြန်ပေါ်လာသည်။
“ ဂန္တဝင်တောင်တန်းများနှင့် ပင်လယ်များ ”ဟူသော စာအုပ်ထဲတွင် ဖော်ပြထားသည်မှာ ခွန်းလွန်၏ တောင်ပိုင်းချောက်နက်သည် မီတာသုံးရာနက်သည်။ ကိုင်မင်သားရဲသည် ကျားခန္ဓာကိုယ်နှင့် ဦးခေါင်းကိုးခုရှိသည်။ ဦးခေါင်းကိုးခုစလုံးက လူသားမျက်နှာများ ဖြစ်ကြသည်။ ကိုင်မင်သားရဲသည် ခွန်းလွန်၏ အရှေ့အရပ်၌ မတ်တတ်ရပ်နေပြီး စောင့်ကြပ်ပေးနေသည်။ ခွန်းလွန်၏ အနောက်မြောက်ဘက်တွင် ပင်လယ်ရှိသည်။
“ ဂန္တဝင်တောင်တန်းများနှင့် ပင်လယ်များ ” စာအုပ်ထဲတွင် ဖော်ပြထားသော ကိုင်မင်သားရဲ၏ အသွင်သဏ္ဍာန်သည် သူ့အရှေ့မှ ထျန်းအင်ပါယာရတနာသေတ္တာပေါ်မှ ရုပ်ပုံနှင့် တစ်ထပ်တည်း တူညီသည်။
ကိုင်မင်သားရဲသည် သီရှီထျန်၏ ယခင်ဘဝမှ ဒဏ္ဍာရီလာသားရဲတစ်ကောင် ဖြစ်သည်။ ၎င်းကို ဤနေရာမှာ မြင်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ထို့ပြင် ၎င်း၏ ရုပ်ပုံကို ထျန်းအင်ပါယာရတနာသေတ္တာ၏ ပဟေဠိပေါ်မှာ ရေးဆွဲထားသည်။ ၎င်းကို သူမြင်လိုက်သည့်အခိုက် ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သို့သော် နောက်အခိုက်အတန့်မှာ စက်ကရာက ချက်ချင်း သတိပြန်ဝင်လာပြီး ရတနာသေတ္တာကို ကြည့်လိုက်သည်။ သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး ရတနာသေတ္တာကို ဖမ်းဆုပ်လိုက်ကာ ဖွင့်လှစ်လိုက်သည်။ ထို့နောက် ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။
“ အမ်… ထူးဆန်းတယ်… ပဟေဠိကို ပြီးပြည့်စုံအောင် ငါဆက်ပြီးပြီပဲ… ယေဘုယျဆိုရရင် ပဟေဠိကို ငါဖြေရှင်းနိုင်တာကြောင့် ရတနာသေတ္တာကို ငါဖွင့်နိုင်ရမယ်… ဒါပေမဲ့ အခု ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိတာလဲ… ထူးဆန်းလိုက်တာ ”
စက်ကရာသည် စိတ်ထဲမှာ အံ့ဩသွားသည်။ ပဟေဠိကို သူဖြေရှင်းပြီးသော်လည်း မမျှော်လင့်ထားသော ထိုသို့အဖြစ်အပျက် ဖြစ်ပေါ်လာလိမ့်မည်ဟု တစ်ခါမှ သူမတွေးခဲ့ပေ။ သူက စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားသည်။ ရတနာသေတ္တာ၏ အပေါ်မှအောက်အထိ မည်သည့်အဟရာမှ မရှိပေ။
သေတ္တာက အံဝှက်မရှိဘဲ လုံးဝ ပြီးပြည့်စုံဟန် ရ၏။ ယင်းက ထူးဆန်းသည်။
“ မဖြစ်နိုင်တာ… ရတနာသေတ္တာပေါ်မှာ ပဟေဠိကို ထည့်သွင်းထားမှတော့ ပဟေဠိကို ဖြေရှင်းတာက ရတနာသေတ္တာကို ဖွင့်တဲ့ နည်းလမ်းဖြစ်ရမှာပေါ့… မဟုတ်ရင် ပဟေဠိကို ဘာဖြစ်လို့ ထည့်သွင်းထားမှာလဲ ”
သီရှီထျန်သည် တောက်ပသော မျက်လုံးတစ်စုံဖြင့် ရတနာသေတ္တာကို စိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ပြစ်ချက်တစ်ခုခု ရှိနေတာလား… ဘယ်နေရာမှာ လွဲနေတာလဲ ”
“ အို ဟုတ်သားပဲ ”
ရုတ်တရက် အတွေးတစ်ခုက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက လဲလျောင်းနေရာမှ ချက်ချင်း ရပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စူးရှတောက်ပသော အလင်း ထွက်ပေါ်လာသည်။
“ ငါဘာဖြစ်လို့ အဲ့ဒါကို မေ့နေရတာလဲ ”
သူက စကားပြောနေရင်း သူ၏ ကျားလက်သည်းကို ရတနာသေတ္တာ၏ ဘေးသို့ ရွှေ့လိုက်သည်။ သူ၏ ကျားလက်သည်းနောက်သို့ လိုက်ကြည့်လျှင် ရတနာသေတ္တာ၏ ဘေးမှာ သေးငယ်သော လေးထောင့်အပိုင်းအစတစ်ခုရှိနေကြောင်း မြင်ရလိမ့်မည်။ ယင်း၏ အရွယ်အစားနှင့် အရောင်အသွေးသည် တခြားပဟေဠိအပိုင်းအစများနှင့် တစ်ပုံစံတည်း တူညီသည်။ သို့သော် ထူးခြားချက်တစ်ခုမှာ ထိုအပိုင်းအစပေါ်တွင် မည်သည့်ရုပ်ပုံမှ မရှိပေ။ ယင်းက ဗလာဖြစ်သည်။
ပဟေဠိစဆက်ရန် ဤဗလာအပိုင်းအစကို အရင်ဦးဆုံး ဖယ်ရှားရလိမ့်မည်။ သို့မဟုတ်လျှင် ပဟေဠိအပိုင်းအစများကို ရွှေ့နိုင်လိမ့်မည် မဟုတ်ချေ။
သီရှီထျန်သည် ပဟေဠိစဆက်သည့်အခါတိုင်း ဤဗလာအပိုင်းအစကို ဖယ်ထုတ်ပြီး ဘေးမှာ ချထားလိမ့်မည်။ ဤတစ်ကြိမ်တွင် သူက အချိန်အများကြီး အသုံးပြု၍ ပဟေဠိဆက်ခဲ့သည်။ ယင်းက သူ့ကို တစ်လကျော် ကြာမြင့်စေသည်။ ပဟေဠိကို အောင်မြင်စွာ သူဆက်ပြီးနောက် သူ၏ စိတ်အာရုံက ရတနာသေတ္တာပေါ်မှ ကိုင်မင်သားရဲ၏ ဆွဲဆောင်ခံလိုက်ရလေသည်။
ထို့ကြောင့် သူက ဗလာအပိုင်းအစကို ပဟေဠိပေါ်မှာ ပြန်တပ်ရန် သတိမေ့သွားခဲ့သည်။
ယခု သူက ဗလာအပိုင်းအစကို ပြန်ကောက်ယူလိုက်ပြီး ရတနာသေတ္တာကို ကြည့်လိုက်သည်။ ရတနာသေတ္တာ၏ ထောင့်တစ်ခုမှာ အပိုင်းအစတစ်ခုက အမှန်တကယ် လွတ်နေကြောင်း သူမြင်တွေ့သွားသည်။
“ အခု ငါနားလည်ပြီ… ဒီဗဟာအပိုင်းအစကို ပြန်ထည့်မှ ပဟေဠိက လုံးဝ ပြီးပြည့်စုံသွားမှာ… အဲ့ဒီအခါမှပဲ ရတနာသေတ္တာကို ဖွင့်နိုင်လိမ့်မယ် ”
စက်ကရာသည် နောက်ထပ် စဉ်းစားမနေတော့ပေ။ သူက မျှော်လင့်သော အမူအရာဖြင့် ဗလာအပိုင်းအစကို ဂရုတစိုက် ကောက်ယူလိုက်ပြီး ယင်းကို လွတ်နေသော နေရာပေါ်မှာ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက ထိုအပိုင်းအစကို အားဖြင့် ဖိချလိုက်သည်။
“ ချက် ”
ကြွပ်ဆပ်သော မြည်သံနှင့်အတူ နောက်ဆုံးအပိုင်းအစက ရတနာသေတ္တာနှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။
“ ရွှတ် ”
ထိုအခိုက်အတန့်မှာ သူမမျှော်လင့်ထားသော အဖြစ်အပျက် ဖြစ်ပေါ်လာသည်။
ထျန်းအင်ပါယာရတနာသေတ္တာပေါ်မှ ပဟေဠိ ပြီးပြည့်စုံသွားသည့်အခိုက် ထူးဆန်းသော အပြောင်းအလဲကို သူမြင်တွေ့သွားသည်။ ရတနာသေတ္တာက သက်တံ့အလင်းရောင်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ အလင်းရောင်သည် အလွန်စူးရှပြီး ထွန်းလင်းတောက်ပသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သက်တံ့အလင်းက ရတနာသေတ္တာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့ပြင် သက်တံ့အလင်းက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သက်တံ့အလင်းသည် ထျန်းအင်ပါယာရတနာသေတ္တာကို ဗဟိုပြု၍ အလင်းတိုင်လုံးတစ်ခုပမာ အပေါ်သို့ မြှောက်တတ်သွားသည်။
သက်တံ့အလင်းနှင့်အတူ ကျယ်လောင်သော မြည်ဟိန်းသံ ထွက်ပေါ်လာသည်။
“ ဝုန်း ”
အလင်းတိုင်လုံးသည် လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှ ကျောက်တုံးနံရံ၏ တားဆီးခံလိုက်ရသည်။ သီရှီထျန်၏ လှိုဏ်ဂူသည် ဧရာမတောင်တစ်လုံး၏ အလယ်ထဲမှာ တည်ရှိသည်။ သို့သော်လည်း ထိုသက်တံ့အလင်းထဲမှာ အံ့ဖွယ်ကောင်းသောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။
ခုနစ်ရောင်ခြယ်အလင်းက ကျောက်တုံးနံရံကို ထိမှန်သွားသည့်အခါ တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ မြေကြီးသည်လည်း အပြင်းအထန် လှုပ်ခါသွားသည်။ ထိုအလင်းတိုင်လုံး၏ အရှေ့မှ အတားအဆီးအားလုံးက ဖုန်မှုန့်ဖြစ်သွားသည်။
နောက်အခိုက်အတန့်မှာ ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးသည် တောင်တစ်ခုလုံးကို ဖောက်ထွင်းသွား၍ မိုးကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။
***