သူ၏ အင်အားများ ကုန်ခမ်းသွားပြီး အင်အားအသစ်များ ပြန်မစုရသေးသည့် အချိန်တိုလေးတွင် လင်းထျန်းလုံက ဤခဏတာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်လေတော့သည်။
“ထွက်သွားစမ်း”
ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံ...။
အနီးကပ်ထွက်ပေါ်လာသော အသံလှိုင်းများက ဘုရင်အဆင့်အာဏာစက်၊ ဝိညာဉ်ရိုက်ခတ်မှုတို့နှင့် ရောနှောကာ ရုပ်ပိုင်းဆိုင်ရာ အင်အားတစ်ခုပမာ ဟော်ကျန်းဆီသို့ တိုး၀င်သွားတော့သည်။
ဟော်ကျန်းသည် သူ၏ဦးနှောက်များ အူထွက်သွားသလို ခံစားလိုက်ရပြီး အသိစိတ်များ ခဏတာဝေဝါးသွားကာ လှုပ်ရှားမှုများက အလိုအလျောက် ရပ်တန့်သွားတော့သည်။
အခုပဲ။
လင်းထျန်းလုံက သူ၏လက်သည်းများကို အထက်သို့ အားကုန်တွန်းတင်လိုက်ပြီး ဧရာမမီးလျှံပုဆိန်ကြီးကို ဖယ်ရှားလိုက်သည်။
အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို ထပ်မံအသုံးပြုလိုက်ရာ သူ၏ပုံရိပ်က လျှပ်စီးပမာ တိုက်ပွဲဧရိယာမှ ချက်ချင်း ရုန်းထွက်သွားနိုင်ပြီး ဟော်ကျန်းနှင့် အကွာအဝေးတစ်ခု ဖန်တီးလိုက်တော့သည်။
သူတို့နှစ်ဦးသည် လေထဲတွင် တစ်ဖန် မျက်နှာချင်းဆိုင်လိုက်ကြပြန်သည်။ တစ်ဦးက မိစ္ဆာနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား မီးလျှံများ ဝန်းရံနေပြီး နောက်တစ်ဦးကမူ ရေခဲစစ်နတ်ဘုရားတစ်ပါးကဲ့သို့ ငွေရောင်အလင်းတန်းများ ဖုံးလွှမ်းနေ၏။
အသက်ရှူကြိမ်အနည်းငယ်ကြာ အပြန်အလှန် တိုက်ခိုက်မှုအတွင်း အန္တရာယ်များက အလွန်တရာ ကြီးမားခဲ့သည်။
လင်းထျန်းလုံသည် အနည်းငယ် ဖရိုဖရဲဖြစ်နေပုံရသော်လည်း ဒဏ်ရာမရခဲ့သည့်အပြင် ပြိုင်ဘက်၏ အစစ်အမှန်စွမ်းရည်အချို့ကိုပင် စမ်းသပ်သိရှိခဲ့ရပြီဖြစ်သည်။
ဟော်ကျန်း၏ မျက်နှာက လုံးဝ မည်းမှောင်သွား၏။ အဆင့်ဆယ်ဆင့်တိတိ တိုးတက်လာသည့်တိုင် ဤနှင်းဝံပုလွေဘုရင်ကို ချက်ချင်းသတ်ပစ်ရန် ဤမျှခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပြိုင်ဘက်၏ တိုက်ပွဲဗီဇများ၊ စွမ်းရည်အသုံးချမှုနှင့် အချိန်ကိုက်လုပ်ဆောင်နိုင်စွမ်းများအားလုံးက ကြောက်မက်ဖွယ်ကောင်းလှသည်။
“မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။” ဟော်ကျန်း၏ ဒေါသများက ပိုမိုပူပြင်းစွာ လောင်ကျွမ်းလာပြီး သူ၏ပတ်လည်ရှိ မီးတောက်များက ထပ်မံ၍ လိမ့်တက်လာကာ ပိုမိုကြမ်းတမ်းသော တိုက်ခိုက်မှုတစ်ခုကို စတင်ရန် ပြင်ဆင်နေတော့သည်။
သို့သော်လည်း ဤအချိန်လေးမှာပင်...။
ဝုန်း...။
ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလွန်းသော အသက်စွမ်းအင်များက ဝံပုလွေအသိုက်၏ အလယ်မှ ပေါက်ကွဲထွက်လာတော့သည်။
ရေတွက်မရနိုင်သော အခက်အခဲများကို ဖြတ်သန်းကာ ကြီးမားလွန်းသော စွမ်းအင်များကို စုဆောင်းထားသည့် တိုတမ်မိခင်သစ်ပင်၏ ပင်စည်ပေါ်ရှိ အက်ကွဲကြောင်းများအားလုံး လုံးဝပျောက်ကွယ်သွားလေပြီ။
၎င်း၏အခေါက်များက ကျောက်စိမ်းပမာ ချောမွေ့နွေးထွေးလာပြီး အကိုင်းအခက်များနှင့် အရွက်များ ဖြန့်ကြက်လိုက်ချိန်တွင် စိမ်းလန်းသော မိုးကောင်းကင်ကြီးတစ်ခုကို ဖွင့်လှစ်လိုက်သည့်အလားပင်။
မိခင်သစ်ပင်၏ အရွယ်အစားထက်ပင် ပိုမိုကြီးမားသော၊ ကြယ်ရောင်များ ရောယှက်နေသည့် သန့်စင်သော မြစိမ်းရောင် အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွက်သွားလေတော့သည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်သည် အသက်စွမ်းအင်အမြုတေ (ရွှေရောင် အဆင့်မြင့်) နှင့် အမွေဆက်ခံခြင်းသစ်ကိုင်း (ရွှေရောင် အဆင့်မြင့်) တို့ကို အောင်မြင်စွာ ပေါင်းစပ်လိုက်ပြီး ၎င်း၏နောက်ဆုံးအသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်၏ အဆင့်သည် အဆင့် ၃၅ (ပထမ ဘုရင်အဆင့် အလယ်အလတ်) သို့ တက်လှမ်းသွားပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် အသက်စွမ်းအင်စမ်းချောင်း (ရွှေရောင် အလယ်အလတ်) ၏ အကျိုးသက်ရောက်မှုများ ကြီးမားစွာ တိုးတက်လာပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိညာဉ်စုစည်းမှုအလင်းဝန်း (ခရမ်းရောင် အဆင့်မြင့်) ၏ အကျိုးသက်ရောက်မှုသည် ၅၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ ဝံပုလွေအသိုက်အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ရုတ်တရက် မြင့်တက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိညာဉ်သစ်ပင်အစောင့်အရှောက် (ရွှေရောင် အလယ်အလတ်) ၏ အကျိုးသက်ရောက်မှုများ မြင့်တက်လာပြီး အကာအကွယ်၏ခံစစ်စွမ်းအားနှင့် ပြန်လည်ကုစားနိုင်စွမ်း အလွန်တရာမြင့်မားလာပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ကြယ်ကြွေခြင်း (ရွှေရောင် အဆင့်မြင့်) နိုးထလာပါသည်။
ဤအသွင်ပြောင်းလဲမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုက ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ကြီးမားကျယ်ပြန့်လွန်းသော အသက်စွမ်းအင်များနှင့် ကြယ်ရောင်များက နွေးထွေးသော ဒီရေလှိုင်းတစ်ခုပမာ ဝံပုလွေအသိုက်တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွား၏။
နှင်းဝံပုလွေအားလုံး၏ ဒဏ်ရာများသည် ဤစွမ်းအင်များ၏ အားဖြည့်မှုအောက်တွင် မျက်စိဖြင့်မြင်နိုင်လောက်သော အရှိန်ဖြင့် ပြန်လည်သက်သာလာကြသည်။ သူ
တို့၏ ကုန်ခမ်းသွားသော ခွန်အားများကလည်း လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာပြီး သူတို့၏အငွေ့အသက်များကပင် မသိမသာ တိုးတက်လာတော့သည်။
ဝံပုလွေအုပ်စုကြီး၏ ဘုရင်အနေဖြင့် လင်းထျန်းလုံသည် အပြင်းထန်ဆုံးသော အကျိုးသက်ရောက်မှုကို ခံစားလိုက်ရ၏။ သန့်စင်ပြီး ကြီးမားလွန်းသော စွမ်းအင်တစ်ခုက မိခင်သစ်ပင်ရှိရာအရပ်မှ စီးဆင်းလာပြီး သူ၏ခြေလက်များနှင့် အရိုးများထဲသို့ ပေါင်းစပ်သွားသည်။
သူ၏လက်သည်းများပေါ်ရှိ မီးလောင်ဒဏ်ရာအနည်းငယ်ကို ချက်ချင်း ကုသပေးလိုက်ပြီး ကုန်ခမ်းသွားသော စွမ်းအင်အားလုံးကို ပြန်လည်ဖြည့်တင်းပေးရုံသာမက အဆင့် ၃၂ ၏ အဟန့်အတားကိုပါ အပြင်းအထန် လျော့ကျသွားစေရာ သူ၏အငွေ့အသက်များ ထပ်မံမြင့်တက်လာပြီး အဆင့် ၃၃ သို့ တက်လှမ်းရန် ဆံခြည်တစ်မျှင်စာမျှသာ လိုတော့သည်။
တစ်ချိန်တည်းမှာပင် ပင်ကိုစွမ်းရည်အသစ် ကြယ်ကြွေခြင်းက အသက်ဝင်လာတော့သည်။
ညကောင်းကင်ယံတွင် ငွေရောင်ဖဲကြိုးများ စုစည်းထားသည့်ပမာ ရေတွက်မရနိုင်သော ကြယ်ရောင်များက နှင်းဝံပုလွေတိုင်းကို တိကျစွာ လွှမ်းခြုံသွား၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တောက်ပသော ငွေရောင်အလင်းတန်းများက နှင်းဝံပုလွေအားလုံး၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားတော့သည်။
သူတို့၏ ခွန်အား၊ အမြန်နှုန်း၊ အကာအကွယ်နှင့် စွမ်းအင်များအားလုံး ကြီးမားစွာ မြင့်တက်သွားချေပြီ။ ဤအချိန်တွင် ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ စွမ်းအားများကို သူတို့ အသုံးချနိုင်သွားသည့်အလားပင်။
“ကောင်းတယ်”
”အားဝူးးး”
လင်းထျန်းလုံသည် သူ၏ခန္ဓာကိုယ်တွင်းရှိ လိမ့်တက်လာနေသော စွမ်းအားများနှင့် ကိုယ်ပတ်လည်ရှိကြယ်ရောင်များကို ခံစားလိုက်ရပြီး မအောင့်နိုင်ဘဲ ဝမ်းသာအားရ ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေတော့သည်။
သူ၏အကြည့်များက လျှပ်စီးပမာ လင်းလက်တောက်ပနေပြီး ဟော်ကျန်းကို ပြန်လည်ကြည့်ရှုလိုက်ချိန်တွင် အကြွင်းမဲ့ယုံကြည်ချက်များဖြင့် ပြည့်နှက်နေတော့သည်။ “ကဲ... ဒုတိယအချီစပြီ”
ဟော်ကျန်း၏မျက်နှာက အလွန်တရာ မှုန်ကုပ်သွား၏။ အောက်ဘက်ရှိ နှင်းဝံပုလွေဘုရင်၏ အငွေ့အသက်က အချိန်တိုလေးအတွင်းမှာပင် အရင်ကထက် များစွာတိုးတက်လာကာ ပို၍အန္တရာယ်ကြီးမားလာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
လင်းထျန်းလုံသည် ခန္ဓာကိုယ်တွင်းရှိ လိမ့်တက်နေသော စွမ်းအားများကို ခံစားရင်း ဒုတိယအချီတွင် ဟော်ကျန်းကို ရင်ဆိုင်ရန် ပြင်ဆင်နေချိန်မှာပင်။
ဝိညာဉ်မှ မြစ်ဖျားခံလာသော အထူးတုန်ခါမှုတစ်ခု၊ အသွင်ပြောင်းလဲမှု ပြီးမြောက်သွားသော မိခင်သစ်ပင်ထံမှ ကြီးမားလှသည့် စွမ်းအင်များ၊ စစ်မြေပြင်ရှိ သေဆုံးမှုအများအပြားမှ ထွက်ပေါ်လာသော အတွေ့အကြုံ ရေစီးကြောင်းကြီးများမှာ သူ၏အသိစိတ်ထဲသို့ စီးဝင်လာတော့သည်။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်နှင့် လက်အောက်ခံများသည် တိုက်ပွဲအတွေ့အကြုံများနှင့် စွမ်းအင်အများအပြားကို ရရှိထားကြောင်း တွေ့ရှိရပြီး လျှို့ဝှက်သတ်မှတ်ချက်များနှင့် ကိုက်ညီနေပါသည်။ စနစ်လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်နေပါသည်...
[စနစ်အသိပေးချက်]။ ။စွမ်းရည်လက္ခဏာရပ်သိုလှောင်ရုံ လုပ်ဆောင်ချက် ပွင့်သွားပါပြီ။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်သည်ရရှိထားသော စွမ်းရည်လက္ခဏာရပ်များကို သိုလှောင်ရုံထဲတွင် ယာယီသိမ်းဆည်းထားနိုင်ပြီး လက္ခဏာရပ်ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်များကို ပြုလုပ်နိုင်ပါပြီ။
အသစ်ထွက်ပေါ်လာသော စနစ်အသိပေးချက်များက ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးများ ကျဆင်းသွားသည့်အလား လင်းထျန်းလုံ၏ စိတ်ဓာတ်ကို နိုးကြားသွားစေတော့သည်။
သူသည် အရှေ့မှ အန္တရာယ်များသည့် ဟော်ကျန်းကိုပင် ခေတ္တလျစ်လျူရှုလိုက်ပြီး သူ၏အသိစိတ်တစ်စိတ်တစ်ပိုင်းကို စနစ်မျက်နှာပြင်ထဲသို့ နှစ်မြှုပ်လိုက်သည်။
မူလက ရှင်းလင်းနေသော စနစ်အကွက်များဘေးတွင် ကစဉ့်ကလျား အလင်းရောင်များ ထုတ်လွှတ်နေသော သိုလှောင်ရုံပုံစံ သင်္ကေတတစ်ခု ထပ်တိုးလာ၏။
သူ၏အသိစိတ်က ထိုအထဲသို့ ဝင်ရောက်သွားချိန်တွင် တောင်လိုပုံနေသော သိပ်သည်းလှသည့် စွမ်းရည်လက္ခဏာရပ် အချက်အလက်များကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
ဤသည်တို့ကား အရင်က ဝိညာဉ်နယ်မြေစူးစမ်းရှာဖွေမှုများ၊ နေ့စဉ်အမဲလိုက်မှုများနှင့် မကြာသေးမီက ကာကွယ်ရေးတိုက်ပွဲအတွင်း သူ၏ဝံပုလွေအုပ်စုကြီးက ရန်သူများကို သတ်ဖြတ်ပြီးနောက် စနစ်က အလိုအလျောက် စုပ်ယူထားသော်လည်း စီမံခန့်ခွဲရန်အချိန်မရခဲ့သော စစ်ပွဲဆုလာဘ်များပင်ဖြစ်သည်။
ခွန်အားမြှင့်တင်ခြင်း (စိမ်းပြာရောင်) x ၈၉
အမြန်နှုန်းမြှင့်တင်ခြင်း (စိမ်းပြာရောင်) x ၇၂
ကိုယ်ခန္ဓာကြံ့ခိုင်မှုမြှင့်တင်ခြင်း (စိမ်းပြာရောင်) x ၁၀၅
မီးတောက်ခုခံမှု (စိမ်းပြာရောင်) x ၃၁
ရေခဲဒြပ်စင် (စိမ်းပြာရောင်) x ၄၈
ခွန်အားမြှင့်တင်ခြင်း (အဖြူရောင်) x ၆၇
အမြန်နှုန်းမြှင့်တင်ခြင်း (အဖြူရောင်) x ၅၄
ကိုယ်ခန္ဓာကြံ့ခိုင်မှုမြှင့်တင်ခြင်း (အဖြူရောင်) x ၇၇
လက်သည်းထိုးဖောက်နိုင်စွမ်း (အဖြူရောင်) x ၄၂
မာကျောသောအမွေးအမျှင် (အဖြူရောင်) x ၃၅
ထာဝရရေခဲ (ရွှေရောင်) x ၁
(ယင်းဖုန်း သတ်ဖြတ်ခဲ့သော ရေခဲကျားသစ်သားရဲထံမှ)
တိုက်ပွဲရူးသွပ်ဝိညာဉ် (ရွှေရောင်) x ၁ (ပါရမီရှင်အဆင့် မိစ္ဆာသားရဲတစ်ကောင်ထံမှ)
ကျောက်သားချပ်ဝတ် (ရွှေရောင်) x ၁ (သံမဏိဒိုင်းကာ ကင်းစခန်းမှ အဆင့်မြင့်စစ်သည်တစ်ဦးထံမှ)
စွမ်းအင်လွန်ကဲခြင်း (ရွှေရောင်) x ၁ (ဖျက်ဆီးခံလိုက်ရသော မီးပွားသုသေသနပညာရှင်အသင်း စက်ယန္တရားတစ်ခုထံမှ)
တိကျသောတည်ဆောက်မှု (ရွှေရောင်) x ၁ (ဖျက်ဆီးခံလိုက်ရသော မီးပွားသုသေသနပညာရှင်အသင်း စက်ယန္တရားတစ်ခုထံမှ)
လျင်မြန်စွာကုစားခြင်း (ရွှေရောင်) x ၁ (ပါရမီရှင်အဆင့် မိစ္ဆာသားရဲတစ်ကောင်ထံမှ)
…
အရေအတွက်နှင့် အမျိုးအစားပေါင်းစုံက လင်းထျန်းလုံ၏ တွေးထားသည်ထက် များစွာ သာလွန်နေခဲ့သည်။
အများစုမှာ အခြေခံ စိမ်းပြာရောင်နှင့် အဖြူရောင်အဆင့် စွမ်းရည်လက္ခဏာရပ်များသာဖြစ်ပြီး သူ့အတွက်နှင့် သူ၏စစ်သူကြီးသုံးဦးအတွက် သိပ်အသုံးမဝင်တော့ပေ။
အရင်ကဆိုလျှင် ၎င်းတို့ကို လက်ရှိ အဆင့်မြင့် စွမ်းရည်လက္ခဏာရပ်များကို အားဖြည့်ရန် အာဟာရဓာတ်များအဖြစ် တိုက်ရိုက် ဝါးမျိုပစ်လေ့ရှိပြီး ယင်းက နှေးကွေးပြီး အကျိုးသက်ရောက်မှုနည်းသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
သို့သော်လည်း သူက အကျင့်အတိုင်း ဤလက္ခဏာရပ်အားလုံးကို ဝါးမြိုရန် ပြင်ဆင်နေချိန်မှာပင် လက္ခဏာရပ်သိုလှောင်ရုံပြကွက်က မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများဖြင့် ရုတ်တရက် တဖျတ်ဖျတ် လင်းလက်လာတော့သည်။
***