“ဒါ မဖြစ်နိုင်ဘူး၊ သောက်ကျိုးနည်း စွမ်းအင်တွေ၊ ဘယ်လို မိစ္ဆာစွမ်းအင်တွေလဲ” ဟော်ကျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ပထမဆုံးအကြိမ်အဖြစ် မယုံကြည်နိုင်မှုများ ထွက်ပေါ်လာ၏။
သူသည် အဆင့် ၃၉ ဘုရင်အဆင့် အထွတ်အထိပ်တွင် ရောက်နေချေပြီ၊ မသေမျိုးမီးလျှံဝိညာဉ်၏ အသွင်ပြောင်းလဲမှုကို ဖြတ်သန်းပြီးနောက် သူ၏စွမ်းအင်အနှစ်သာရက အဆင့်ကြီးတစ်ခုကို ခုန်ပျံကျော်လွှားနိုင်ခဲ့သည်။
အဘယ်ကြောင့် ထိပ်တိုက်အားပြိုင်မှုတွင် အသာစီးမရခဲ့ရသနည်း။
ဤပြင်းထန်လွန်းသော ထိတ်တိုက်တွေ့ဆုံမှုကြောင့် လင်းထျန်းလုံ၏ပုံရိပ်က အတော်ဝေးဝေး လွင့်စဉ်သွားပြီးနောက် တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ အနည်းငယ်လှုပ်ခတ်သွားပြီး ထိုကဲ့သို့ ပုံမှန်မဟုတ်သော စွမ်းအင်အသုံးချမှုကြောင့် စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ကုန်ခမ်းသွားသော်လည်း သူ၏နှလုံးသားထဲတွင်မူ ဝမ်းသာရွှင်မြူးမှုများနှင့် ရှင်းလင်းပြတ်သားမှုတို့သာ ပြည့်နှက်နေတော့သည်။
တိုက်ပွဲအတွင်းတွင် အလျင်စလို စမ်းသပ်လိုက်သော ဤစွမ်းအားက မျှော်လင့်ထားသည်ထက် များစွာသာလွန်သော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ဤသည်က အောင်မြင်သော ခုခံကာကွယ်မှုတစ်ခုသာမကဘဲ သူ၏ယူဆချက်ကိုပါ သက်သေပြလိုက်နိုင်ခြင်းဖြစ်သည်။
စနစ်၏ အလားအလာသည် အပေါ်ယံမြင်တွေ့နေရသည်ထက် များစွာနက်ရှိုင်းပြီး သေချာတူးဖော်နိုင်ပါက အဆင့်ကန့်သတ်ချက်များကို အလွယ်တကူ ကျော်လွှားနိုင်သော စွမ်းအားများကိုပါ ထုတ်ဖော်အသုံးချနိုင်မည်ဖြစ်သည်။
“မင်းရဲ့ စွမ်းအားတွေက အပေါ်ယံပဲရှိသေးတယ်” လင်းထျန်းလုံက သူ၏လက်သည်းကို ခါရမ်းလိုက်ရာ ရေခဲသလင်းကြယ်ရောင်များက ဖြည်းညင်းစွာ မှေးမှိန်သွား၏။
သူ၏လေသံတွင် ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်မှုနှင့် နှိမ့်ချမှုများ ပါဝင်နေသည်။
အသစ်ပွင့်လာသော ‘လက္ခဏာရပ်ပေါင်းစပ်ခြင်း’ စနစ်ကို သေချာနားလည်ပြီး အသုံးချနိုင်ရန် သူ့အတွက် အချိန်…... တန်ဖိုးရှိလှသော အချိန်အနည်းငယ် လိုအပ်နေသည်။
ဤသည်က လက်ရှိအကျပ်အတည်းကို ချိုးဖျက်ရန် သို့မဟုတ် အောင်ပွဲခံရန်အတွက် သော့ချက်ဖြစ်လာနိုင်ပေသည်။
“မောက်မာလိုက်တဲ့ သားရဲကောင်၊ မင်းကို ပြာကျသွားတဲ့အထိ လောင်ကျွမ်းပစ်မယ်” ထင်သည့်အတိုင်းပင် ဟော်ကျန်းသည် လုံးဝ ဒေါသထွက်သွားပြီး သူ၏ဆင်ခြင်တုံတရားများကို ပြင်းထန်သော ဒေါသမီးတောက်များက ဝါးမြိုသွားခဲ့လေသည်။
သူက ဟိန်းဟောက်လိုက်ရာ ပတ်လည်ရှိ အနီရင့်ရောင်မီးတောက်များက မီးတောင်ပေါက်ကွဲသည့်အလား ထိုးတက်သွား၏။
ထို့နောက် သူသည် လင်းထျန်းလုံထံသို့ အရူးအမူး ထပ်မံပြေးဝင်သွားပြီး သူ၏ထိုးစစ်များက ယခင်ကထက် ပိုမိုကြမ်းတမ်းရက်စက်လာသော်လည်း အရင်ကဲ့သို့ အကြွင်းမဲ့ယုံကြည်ချက်နှင့် စည်းစနစ်ကျမှုတို့ မရှိတော့ဘဲ စိတ်မရှည်မှုနှင့် ကစဉ့်ကလျားဖြစ်မှုတို့ကသာ အစားထိုး ၀င်ရောက်လာတော့သည်။
တစ်ချိန်တည်းမှာပင် လင်းထျန်းလုံသည် ဟော်ကျန်းကိုရင်ဆိုင်ရန် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း၏ သိမ်မွေ့မှုနှင့် ငွေပြာဘုရင်မျက်ဝန်း၏ ထိုးထွင်းသိမြင်နိုင်စွမ်းတို့ကို အသုံးချနေလေသည်။
တိုက်ပွဲအတွင်း သူ၏အသိစိတ်အများစုကို အဆုံးအစမဲ့သော အခွင့်အလမ်းများဖြင့် ပြည့်နှက်နေသည့် အသစ်ဖွင့်လှစ်ထားသော လက္ခဏာရပ်သိုလှောင်ရုံထဲသို့ ပြန်လည်နှစ်မြှုပ်လိုက်လေသည်။
အပြင်ဘက်မှ အရူးအမူး တိုက်ခိုက်မှုများကိုတော့ သူ၏ ထူးကဲသောတိုက်ပွဲဗီဇနှင့် အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်စွမ်းတို့ဖြင့် ယာယီ ဖြည့်စွက်ထိန်းချုပ်ထားလိုက်သည်။
လက္ခဏာရပ်ပေါင်းစပ်ခြင်း။ အစစ်အမှန် ရတနာသိုက်ကြီးပင်။
သူ၏စိတ်အာရုံက ဘုရင်အဆင့် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး ရှုပ်ထွေးနက်နဲသော ဖွဲ့စည်းပုံများပါရှိသည့် ပေါင်းစပ်ရေးဖော်မြူလာနှစ်ခုအပေါ် ကျရောက်သွားပြီး အသေးစိတ်အချက်အလက်တိုင်းကို သေချာ လေ့လာစိစစ်လိုက်သည်။
[စနစ်အသိပေးချက်]။ ။ရေခဲကောင်းကင်မြှုပ်နှံခြင်း (ရွှေရောင် အဆင့်မြင့်)
အမျိုးအစား - နယ်နိမိတ်ပုံစံ ပင်ကိုစွမ်းရည်လက္ခဏာရပ်
ဖော်ပြချက် - အစွန်းရောက်ရေခဲနိယာမများကို သက်ဝင်စေပြီး အကြွင်းမဲ့သုညဒီဂရီရှိသော အေးခဲနေသည့် သင်္ချိုင်းမြေတစ်ခုကို ဖန်တီးနိုင်သည်။
နယ်ပယ်အတွင်းရှိ ရန်သူ့စွမ်းအင်များသည် အစွန်းရောက်အအေးဓာတ်၏ တိုက်စားမှုကို အဆက်မပြတ်ခံစားရမည်ဖြစ်ပြီး သူတို့၏အမြန်နှုန်းနှင့် စွမ်းအင်လှည့်ပတ်မှုနှုန်းက ကြီးကြီးမားမား လျော့ကျသွားမည်ဖြစ်ကာ ‘နက်ရှိုင်းစွာ အေးခဲခြင်း’ အခြေအနေသို့ ကျရောက်သွားနိုင်ခြေရှိသည်။
မဟာမိတ်များ၏ ရေခဲအမျိုးအစား စွမ်းအင်များသည်တော့ ဘက်စုံစွမ်းအားမြှင့်တင်မှုကို ရရှိမည်ဖြစ်သည်။
ပေါင်းစပ်ရေးဖော်မြူလာ - ထာဝရရေခဲ (ရွှေရောင်) + ရေခဲဝိညာဉ်နှလုံးသား (ရွှေရောင်) + အစွန်းရောက်ယင်အမြုတေ (ရွှေရောင်)
(လက်ရှိအခြေအနေ - ထာဝရရေခဲ (ရွှေရောင်) ရှိသည်။ ရေခဲဝိညာဉ်နှလုံးသား (ရွှေရောင်)၊ အစွန်းရောက်ယင်အမြုတေ (ရွှေရောင်) တို့ လိုအပ်နေသည်။)
[စနစ်အသိပေးချက်]။ ။ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ (ရွှေရောင် အဆင့်မြင့်)
အမျိုးအစား - အသွင်ပြောင်း/စွမ်းအားမြှင့်ပုံစံ ပင်ကိုယ်စွမ်းရည်လက္ခဏာရပ်။
ဖော်ပြချက် - သွေးကြော၏ အနက်ရှိုင်းဆုံးနေရာရှိ ရှေးအကျဆုံးသော တိုက်ပွဲဗီဇများကို အသက်ဝင်စေပြီး ရှေးဟောင်းကန္တာရ တိုက်ပွဲဝံပုလွေ ဓမ္မရုပ်သွင်ကို ယာယီဖော်ဆောင်နိုင်သည်။
အစွမ်းသတ္တိအားလုံးကို ကြီးမားစွာ တိုးတက်စေပြီး ခန္ဓာကိုယ် အရွယ်အစားကို အဆမတန် ကြီးထွားလာစေကာ တိုက်ကွက်များတွင် ‘ချပ်ဝတ်ဖောက်ထွင်းခြင်း’၊ ‘ဆုတ်ဖြဲခြင်း’ နှင့် ‘ဟန့်တားခြင်း’ အကျိုးသက်ရောက်မှုများ ပါဝင်လာမည်ဖြစ်ပြီး ရှင်သန်နိုင်စွမ်းနှင့် ပြန်လည်ကုစားနိုင်စွမ်းလည်း အလွန်တရာ မြင့်တက်လာမည်ဖြစ်သည်။
ပေါင်းစပ်ရေးဖော်မြူလာ - တိုက်ပွဲရူးသွပ်ဝိညာဉ် (ရွှေရောင်) + ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် (ရွှေရောင်) + ထာဝရတိုက်ပွဲဝင်ဆန္ဒ (ရွှေရောင်) + ရွှေရောင်အဆင့် သွေးမျိုးဆက် လက္ခဏာရပ်တစ်ခု (မည်သည့် သွေးမျိုးဆက်မဆိုရရှိ)
လက်ရှိအခြေအနေ - ကျောက်သားချပ်ဝတ် (ရွှေရောင်) အား သွေးမျိုးဆက် လက္ခဏာရပ်အဖြစ် အသုံးပြုနိုင်သည်။ တိုက်ပွဲရူးသွပ်ဝိညာဉ် (ရွှေရောင်)၊ ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် (ရွှေရောင်)၊ ထာဝရတိုက်ပွဲဝင်ဆန္ဒ (ရွှေရောင်) တို့ လိုအပ်နေသည်။)
“သတ်မှတ်ထားတဲ့ ရှားပါးရွှေရောင် ပင်ကိုစွမ်းအင်လက္ခဏာရပ်တွေက ဘုရင်အဆင့် အဆင့်မြင့် စွမ်းရည်ကို ရနိုင်မယ့် သော့ချက်တွေပဲ။ လိုချင်တိုင်း အလွယ်တကူ မရနိုင်တဲ့ အရာတွေ” လင်းထျန်းလုံသည် ဗဟိုနိယာမများကို ချက်ချင်းနားလည်သွား၏။
သို့သော်လည်း ဘုရင်အဆင့် ပေါင်းစပ်ရေးက လက်ရှိအချိန်တွင် လက်လှမ်းမမီနိုင်သေးဟုတွေးကာ အနည်းငယ် နှမြောတသဖြစ်သွားချိန်မှာပင် သူ၏အကြည့်များက ပေါင်းစပ်ရေးပြကွက်ပေါ်ရှိ အနည်းငယ်ရိုးရှင်းသည့် အခြားနေရာနှစ်ခုပေါ်သို့ ထက်မြက်စွာ ကျရောက်သွားတော့သည်။
ဤနှစ်ခုက တိုက်ပွဲဝင်စွမ်းအားကို ချက်ချင်းမြှင့်တင်ပေးနိုင်မည်လော ဆိုသည်ကို သူသိချင်မိသွားသည်။
[စနစ်အသိပေးချက်]။ ။အဖြူရောင်အဆင့် လက္ခဏာရပ်ပေါင်းစပ်ခြင်း - စိမ်းပြာရောင်အဆင့် လက္ခဏာရပ် ဆယ်ခုကို အသုံးပြု၍ ကျပန်းအဖြူရောင်အဆင့် လက္ခဏာရပ်တစ်ခုအဖြစ် ပေါင်းစပ်နိုင်ပါသည်။
[စနစ်အသိပေးချက်]။ ။ပါရမီရှင်အဆင့် လက္ခဏာရပ်ပေါင်းစပ်ခြင်း - အဖြူရောင်အဆင့် လက္ခဏာရပ်ဆယ်ခုကို အသုံးပြု၍ ကျပန်း ပါရမီရှင်အဆင့် (ရွှေရောင်) လက္ခဏာရပ်တစ်ခုအဖြစ် ပေါင်းစပ်နိုင်ပါသည်။
“ဒီလိုကိုး၊ ဒါက ဒီအဆင့်နိမ့်လက္ခဏာရပ်တွေကို အသုံးချရမယ့် အမှန်ကန်ဆုံးနည်းလမ်းပဲ” လင်းထျန်းလုံ၏ နှလုံးသားထဲတွက် ကမ္ဘာသစ်တစ်ခုဆီသို့ သွားရာ တံခါးတစ်ချပ်ပွင့်သွားသည့်အလား ရုတ်တရက် လင်းလက်သွားတော့သည်။
ယခင်က ဤလက္ခဏာရပ်များကို အာဟာရအဖြစ် ဝါးမြိုခြင်းက အကျိုးသက်ရောက်မှုနည်းလွန်းပြီး အလွန် နှမြောစရာကောင်းလှသည်။
ယခုမူ အသုံးမကျသည့်အရာများကို ရတနာအဖြစ် ပြောင်းလဲနိုင်ပြီး အဆင့်မြင့်လက္ခဏာရပ်များရရှိရန် ကံစမ်းနိုင်ပြီဖြစ်သည်။ ရွှေရောင်အဆင့်လက္ခဏာရပ်တစ်ခု ထပ်တိုးလာရုံမျှဖြင့် မထင်မှတ်ထားသော အကျိုးသက်ရောက်မှုများကိုပါ ယူဆောင်လာနိုင်သည်လေ။
မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူက ချက်ချင်းစတင်လုပ်ဆောင်လိုက်၏။ သူ၏အတွေးများက အတိကျဆုံး စက်ယန္တရားတစ်ခုပမာ လက္ခဏာရပ်သိုလှောင်ရုံထဲတွင် လျင်မြန်စွာ လည်ပတ်နေတော့သည်။
စိမ်းပြာရောင်အဆင့် လက္ခဏာရပ် ၁၄၆ ခုလုံး အလင်းများ တဖျတ်ဖျတ်လက်သွားပြီး ကျပန်း အဖြူရောင်အဆင့် လက္ခဏာရပ် ၁၄ ခုအဖြစ် ပေါင်းစပ်သွားသည်။
မူလကရှိပြီးသား အဖြူရောင်အဆင့် လက္ခဏာရပ် ၁၉၈ ခု ထဲကို အသစ်ပေါင်းစပ်ရရှိထားသော ၁၄ ခုပါ ပေါင်းလိုက်ရာ အဖြူရောင်အဆင့် လက္ခဏာရပ် ၂၁၂ ခု ရရှိသွားပြီး၊ ပေါင်းစပ်ရေးထဲသို့ ထပ်မံထည့်သွင်းလိုက်ရာ မျက်စိကျိန်းမတတ် တောက်ပလှသော ခရမ်းရောင်အလင်းတန်း ၂၁ ခုအဖြစ် ပြောင်းလဲသွားတော့သည်။
စနစ်အသိပေးချက်များက သူ၏အသိစိတ်ထဲတွင် ဆက်တိုက်ဆိုသလို ဖြတ်ပြေးသွား၏။
ဤအသစ်ရရှိလာသော ပါရမီရှင်အဆင့် လက္ခဏာရပ် ၂၁ ခုကို သူ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ အများစုမှာ ခွန်အားမြှင့်တင်ခြင်း၊ အမြန်နှုန်းမြှင့်တင်ခြင်း နှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုမြှင့်တင်ခြင်းကဲ့သို့သော အခြေခံ စွမ်းရည်လက္ခဏာရပ်များသာ ဖြစ်နေဆဲပင်။
တန်ဖိုးကြီးလှသော်လည်း သူ့အတွက်တော့ ကြီးမားသောတိုးတက်မှုမျိုး မပေးစွမ်းနိုင်တော့ပေ။
သို့သော်လည်း ထိုရွှေရောင်အလင်းတန်းများကြားတွင် လက္ခဏာရပ်တစ်ခု၏ အချက်အလက်က သူ၏အသိစိတ်ကို တုန်လှုပ်သွားစေခဲ့သည်။
[စနစ်အသိပေးချက်]။ ။တိုက်ပွဲရူးသွပ်ဝိညာဉ် (ရွှေရောင်)
ဤသည်က ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာကို ပေါင်းစပ်ရန် လိုအပ်သော အဓိကလက္ခဏာရပ်များထဲမှ တစ်ခုပင်။
“အရမ်းကောင်းတယ်” လင်းထျန်းလုံလို တည်ငြိမ်သူပင်လျှင် စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးကြောင့် မအောင့်အီးနိုင်တော့ပဲ ပျော်ရွှင်စွာ ရေရွတ်လိုက်မိတော့၏။
ဆိုလိုသည်မှာ ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာအတွက် လိုအပ်သော အစိတ်အပိုင်းလေးခုအနက် နှစ်ခုဖြစ်သော တိုက်ပွဲရူးသွပ်ဝိညာဉ်နှင့် သွေးမျိုးဆက်အခြေခံအဖြစ် ကျောက်သားချပ်ဝတ်တို့ကို သူ ပိုင်ဆိုင်သွားပြီဖြစ်သည်။
ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်နှင့် ထာဝရတိုက်ပွဲဝင်ဆန္ဒ နှစ်ခုတည်းသာ လိုအပ်တော့သည်။ ဘုရင်အဆင့် အထွတ်အထိပ်ဆီသို့ သွားမည့် ဤလမ်းကြောင်းကြီးက ယခုအခါ ရှင်းလင်းစွာ မြင်တွေ့နေရပြီဖြစ်သည်။
ထိုအချိန်မှာပင် အပြင်ဘက်ရှိ တိုက်ပွဲက သူ့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်လေသည်။
အချိန်အတော်ကြာ တိုက်ခိုက်နေသည့်တိုင် ပစ်မှတ်ကို မထိနိုင်သော ဟော်ကျန်းသည် စိတ်မရှည်ဖြစ်လာခဲ့၏။
သူသည် အဆင့် ၃၉ သို့ ရောက်ရှိသွားပြီးနောက်တွင်တောင် အဆင့် ၃၂ သာရှိသေးသော နှင်းဝံပုလွေဘုရင်ကို လျင်မြန်စွာ အနိုင်မယူနိုင်သေးခြင်းအား လုံးဝလက်မခံနိုင် ဖြစ်နေလေသည်။
ဤစိုးရိမ်ပူပန်မှုက သူ၏တိုက်ကွက်များထဲတွင် ထင်ဟပ်လာလေ၏။ စွမ်းအားပြင်းထန်နေဆဲဖြစ်သော်လည်း တိကျမှုနှင့် အပြောင်းအလဲများ ကင်းမဲ့လာပြီး ပိုမိုကြမ်းတမ်းရူးသွပ်လာတော့သည်။
***