အခန်း ၂၅၃ - စွန့်စားကြည့်မလား…
"ကျွန်တော်တို့ စစ်ကူကို စောင့်နေလို့ မရတော့ဘူး... သူတို့ နိုးလာတော့မယ်..."
လီယီတောင်း စကားကြောင့် အဘိုးအို ခေတ္တမျှ တုံ့ဆိုင်းသွားပြီး မျက်နှာက လေးနက်တည်ကြည်သွားသည်။
လီယီတောင်း ပြောသည်မှာ မှန်ပေသည်။ စစ်ကူကို စောင့်နေပါက ပြိုင်ဘက်များ နိုးထလာပေလိမ့်မည်။
အဘိုးအို သက်ပြင်းတစ်ချက် ချပြီး အခြေအနေကို အကဲခတ် ကြည့်နေလိုက်သည်။ "အခု လုပ်လိုက်ရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်..."
အဘိုးအိုက အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း အနီးအနားရှိ လူတိုင်း ကြားနိုင်ပေသည်။
ကျန်ရှိနေသည့် ယွင်မြို့မှ လူများထဲမှ တစ်ဦးက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"အကြီးအကဲဖူ... ကျွန်တော်တို့ အရင် ဆင်းသွားလိုက်မယ်… သူတို့ အိပ်မောကျနေတုန်းဆိုတော့ ကျွန်တော်တို့ရဲ့ ပိုးကောင်တွေကို သုံးပြီး သူတို့ကို ဖြေရှင်းလိုက်မယ်... ပြီးရင် ကျွန်တော်တို့ရဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးပြီး ဒီပိုးကောင်တွေကို အတင်းပြန်အိပ်ခိုင်းလိုက်မယ်... အဲဒီကျမှ အဘိုးတို့ကို အကူအညီ တောင်းရတော့မယ်…"
လျှို့ဝှက်နည်းစနစ်။
လီယီတောင်း သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
သူ၏ မျက်နှာက ခံစားချက် ကင်းမဲ့နေ၏။
သူ လျှို့ဝှက်နည်းစနစ်ကို သုံးသင့်သလား။
တကယ်တမ်းတွင် ၎င်းမှာ အဓိပ္ပာယ်မဲ့လှပေသည်။
ဤလူများ၏ အဆုံးသတ်ကို သူ မြင်ပြီးဖြစ်သည် မဟုတ်ပါလား။
သူတို့၏ လျှို့ဝှက်နည်းစနစ်ကို သုံးလိုက်လျှင်ပင် သူတို့ သေဆုံးသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကပ်ဘေးကလည်း ဆက်လက် တည်ရှိနေဦးမည်ပင်။
တစ်နည်းအားဖြင့် သူတို့၏ လျှို့ဝှက်နည်းစနစ်မှာ လုံးဝ အသုံးမဝင်ပေ။
"သွားစရာ မလိုပါဘူး... ခင်ဗျားတို့ရဲ့ နည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
လီယီတောင်း အသံက တည်တည်ငြိမ်ငြိမ်။
ဤတစ်ကြိမ်တွင်တော့ သူ အကြောင်းပြချက်များ၊ ရှင်းပြချက်များ မပေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို ထပ်မံ ဖွင့်ချပါက သူ၏ သက်တမ်း နောက်တစ်စိတ်တစ်ပိုင်း ထပ်မံ နုတ်ယူခံရမည်လား မသိသောကြောင့်ပင်။
သူ၏ သက်တမ်းက နှစ်တစ်သောင်းပင် မပြည့်တော့ပေ။
"ဟူး... ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
ယွင်မြို့မှ လူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေလျက်။
လီယီတောင်း ပြောသမျှ အမှန်သာဆိုလျှင် မကြာမီ ရောက်လာမည့် ကပ်ဘေးက သူတို့ ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ပေ။
ကပ်ဘေးက ရောက်လာတော့မည် ဖြစ်ပြီး ယွင်မြို့မှ လူများအတွက်တော့ ထွက်ပြေးရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဤပိုးကောင်များက ယွင်မြို့မှ ပိုးကောင်များကို အထူး ပစ်မှတ်ထားပြီး ၎င်းတို့ကို စားသုံးကာ သူတို့၏ စွမ်းအင်များကို မြှင့်တင်ကြပေလိမ့်မည်။
ဤသို့သော အခြေအနေမျိုးတွင် သူတို့ လွတ်မြောက်နိုင်မည့် နည်းလမ်း မရှိပေ။ ကမ္ဘာမြေ၏ အဆုံးသတ်ထိတိုင်အောင် ပြေးလျှင်တောင်မှ ပိုးကောင်များနှင့် အဆက်အသွယ် မဖြတ်သရွေ့ ထိုအကောင်များက နောက်မှ လိုက်လာကြမည်ပင်။
သို့သော် ပိုးကောင်တိုင်းက သူတို့၏ ကိုယ်ပိုင် သားသမီးများကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
ဤသို့သော အခြေအနေတွင် သူတို့ကို မည်သို့ စွန့်ပစ်နိုင်မည်နည်း။ ၎င်းမှာ လက်တွေ့လည်း မကျသလို ဖြစ်လည်း မဖြစ်နိုင်ပေ။
သူတို့၏ စိုးရိမ်ပူပန်နေသည့် မျက်နှာများကို ကြည့်ရင်း လီယီတောင်း သက်ပြင်းချမိ၏။ လတ်တလော အခြေအနေအတွက် ဖြေရှင်းနည်း မရှိပေ။
သူ သေမင်းဓားသွား နှင့် ဝိညာဉ်နှုတ်ယူခြင်း ကဲ့သို့သော စွမ်းရည်များကို အသုံးပြု၍ စုံစမ်းစစ်ဆေးရန် ကြိုးစားခဲ့သော်လည်း တစ်ခုမှ အလုပ်မလုပ်ပေ။
ယခုသာ သေမင်းဓားသွားကို အသုံးပြုနိုင်မည် ဆိုလျှင် ပြိုင်ဘက် အမြောက်အမြားကို အလျင်အမြန် ချေမှုန်းပစ်ရန် သူ ဝန်လေးမည် မဟုတ်ပေ။
သို့သော် သူ အသုံးပြု၍ မရသဖြင့် အတော်လေး အကြပ်ရိုက်နေလေသည်။
ထို့ကြောင့် ယခု သူတို့ ဘာလုပ်နိုင်မည်နည်း။
သို့မဟုတ် သူတို့အတွက် ရှေ့ဆက်ရမည့် လမ်းက ဘာဖြစ်မည်နည်း။
ဒီတိုင်း ဇွတ်တိုးဝင်သွားရမလား။
သို့သော် ထိုသို့ လုပ်ခြင်းဖြင့် ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်မည် မဟုတ်သည့် ဖြစ်နိုင်ခြေက အလွန် မြင့်မားနေသည်။
ဤသို့သော အခြေအနေမျိုးတွင် သူတို့ထဲမှ တစ်ကောင်တည်း လွတ်သွားလျှင်တောင် ပြန်လည် ပွားများလာနိုင်ခြေက အလွန် မြင့်မားနေပေသည်။
ပြန်လည် ပွားများရန် အချိန်အတော်ကြာ ယူရနိုင်သော်လည်း လုံလောက်သည့် အချိန်နှင့် အာဟာရ ရရှိပါက ယခင်အတိုင်း ပြန်လည် များပြားလာပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ပိုးကောင်များ မရှိပါက သူတို့ အခြား အစားအစာ ရင်းမြစ်များကို ရှာဖွေကြပေလိမ့်မည်။ ပိုးကောင်များက ထိပ်တန်း အစားအစာများကဲ့သို့ သူတို့၏ ကြီးထွားမှုကို အားပေးပေသည်။ အခြား အစားအစာ ရင်းမြစ်များနှင့် ဆိုလျှင် သိသာထင်ရှားသည့် တိုးတက်မှု ရရန် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ထို့ကြောင့် ပိုးကောင်များက သူတို့ အလိုအပ်ဆုံး အရာဖြစ်၍ ဤနေရာကို မျိုးပွားရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် ယွင်မြို့မှ လူများ ဤနေရာကို မကြာခဏ ဖြတ်သန်းသွားလာလေ့ ရှိသည် မဟုတ်ပါလား။
ထိုအချက်ကပင် သူတို့ထဲမှ တစ်ကောင်ကို လွှတ်ပေးလိုက်လျှင်တောင် သူတို့ ပြန်လည် ရှင်သန်လာနိုင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ထိုမျှမကသေး၊ လီယီတောင်း၏ စုံစမ်းစစ်ဆေးမှုအရ ဤသတ္တဝါများက ကြီးထွားနေပြီ ဖြစ်သည်။
သူတို့သာ လွတ်မြောက်သွားပါက တစ်ကောင်တည်း ဖြစ်နေလျှင်ပင် မျိုးပွားရန် လွယ်ကူပေလိမ့်မည်။
ထို့ကြောင့် လီယီတောင်းနှင့် သူ၏ အဖွဲ့မှာ ယခုအခါ အကျပ်အတည်း ဖြစ်နေလေပြီ။ သူတို့ တိုက်ခိုက်သင့်သလော။
သူတို့ ပြိုင်ဘက်များကို အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ ၎င်းက သူတို့ကို ပိုမို မဆင်မခြင် ဖြစ်လာစေနိုင်ပေသည်။
သို့သော် သူတို့ မတိုက်ခိုက်ဘဲ နေပါက ပြိုင်ဘက်များ တကယ် ပေါက်ကွဲထွက်လာသည့်အချိန်အထိ စောင့်နေရခြင်းက ထိန်းချုပ်၍မရနိုင်သော အခြေအနေ ဖြစ်သွားနိုင်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခု စတင် တိုက်ခိုက်ပါက အများအပြားကို ချေမှုန်းပစ်နိုင်သော်လည်း လွတ်မြောက်သွားသူများ ရှိလာနိုင်ခြေ ရှိပေသည်။
သို့သော် သူတို့ မတိုက်ခိုက်ပါက စစ်ကူကို စောင့်နေနိုင်ပေသည်။
ယွင်မြို့တွင် ဤကဲ့သို့သော အရာများနှင့် ပတ်သက်၍ ကောင်းမွန်သည့် ဖြေရှင်းနည်းများ ရှိပေသည်။ သို့သော် စစ်ကူ အချိန်မီ ရောက်၊ မရောက် ဆိုသည်က အရေးကြီး၏။ စစ်ကူ စောင့်နေချိန်တွင် တစ်ဖက်က အားကုန် လာရောက်တိုက်ခိုက်ရင် မခက်ပါလော။
ထို့ကြောင့် စွန့်စားရမည်လော၊ စောင့်ရမည်လော… သူတို့ ရွေးချယ်ရ ခက်နေလေသည်။