အခန်း ၂၅၆ - တိုက်ပွဲအဆုံးသတ်နှင့် ရုတ်တရက် အပြောင်းအလဲ
ယန်ချင်းယွဲ့၏ ကူညီပံ့ပိုးမှုကြောင့် နှစ်ဖက်အကြား တိတ်ဆိတ်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာပုံရ၏။
အနက်ရောင် ပိုးကောင်လှိုင်းလုံးကြီးမှာ ထိုအခွင့်အရေးကို အရယူကာ မရေမတွက်နိုင်သော အနက်ရောင် ပိုးကောင်များကို တောအုပ်ထဲ ပြန်ဝင်အောင် အားကုန် ဖိတိုက်နေတော့သည်။
သို့ဖြစ်၍ အနက်ရောင် ပိုးကောင်များက လုံးဝ အသာစီး ရသွားလေပြီ။
သို့သော် ရုတ်တရက်ဆိုသလို အလယ်ဗဟိုရှိ အနီရောင် ပိုးကောင်များက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြ၏။
၎င်းမှာ ပတ်ပတ်လည်ရှိ အနက်ရောင် ပိုးကောင်များကို ပြန်လည် တိုက်ခိုက်ရန် အင်အား မစုတော့ခြင်း ဖြစ်ပေသည်။ ထိုအစား ၎င်းတို့သည် တစ်ကောင်နှင့် တစ်ကောင် ပြန်လည် ဝါးမြိုကုန်ကြလေတော့သည်။
ထိုသို့ ဝါးမြိုရုံသာမက ၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အစားမှာလည်း တဖြည်းဖြည်း ကြီးမားလာ၏။
မိနစ် ၂၀ မပြည့်မီ အချိန်အတွင်းမှာပင် တောခွေး အရွယ်အစားခန့်ရှိသော သတ္တဝါ ၁၀ ကောင် ပေါ်ထွက်လာသည်။
လက်သည်းခွံ အရွယ်အစားသာရှိသော ပိုးကောင်လေးများကြားတွင် ထိုသတ္တဝါများ၏ တည်ရှိမှုမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ထိုသတ္တဝါ ၁၀ ကောင်မှာ တွေဝေမနေဘဲ အဝေးတစ်နေရာသို့ ဦးတည်ကာ အရှိန်ဖြင့် ပြေးထွက်သွားကြသည်။
၎င်းမှာ အနက်ရောင် ပိုးကောင်အုပ်စုကြီးနှင့် ထိပ်တိုက် မတွေ့အောင် ရှောင်ကွင်းသွားခြင်း ဖြစ်ပေသည်။ ၎င်းတို့ ပြေးသွားသည့် လမ်းကြောင်းမှာ အံ့သြစရာ ကောင်းလောက်အောင်ပင် တောင်ထိပ်ဘက်သို့ ဖြစ်နေ၏။
တောင်ထိပ်ကို ဝိုင်းရံထားသည့် ပိုးကောင်များမှာ ခုခံမှု အားအနည်းဆုံးပင်။ ထို့ကြောင့် ပိုးကောင်ကြီးများအနေဖြင့် အလွယ်တကူ ထိုးဖောက်ဖြတ်ကျော်သွားနိုင်ပေသည်။
လီယီတောင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ သူ့လက်ထဲမှ အဆောင်လက်ဖွဲ့တို့ကလည်း အသင့်။
သို့သော် ထိုအချိန်မှာပင် အဘိုးအို အသံက သူ့နားထဲသို့ ရောက်ရှိလာသည်။
"မလောနဲ့ဦး... အဲဒီနေရာက အဲဒီကောင်တွေကို မျှားခေါ်ဖို့ တမင် ချန်ထားပေးတဲ့ နေရာပဲ...ငါတို့ သူတို့နဲ့ တွေ့ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလေ..."
အဘိုးအို စကား အဆုံးမှာပင် အတားအဆီးကို ဖောက်ထွက်လာသော ပိုးကောင်ကြီး ၁၀ ကောင် ရုတ်တရက် တုန့်ကနဲ ရပ်သွားပြီး ပေါက်ကွဲသွားလေသည်။
မူလက ပေါင်းစပ်ထားသော သတ္တဝါ ၁၀ ကောင်အနက် နောက်ဆုံးတွင် ၂ ကောင်သာ ကျန်ရှိတော့သည်။
သို့သော် ၎င်းတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရထားသဖြင့် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ထိုမြင်ကွင်းကို ကြည့်ပြီး လီယီတောင်း ခေတ္တမျှ ကြက်သေသေသွား၏။
ထိုစဉ်မှာပင် ယွင်မြို့တော်မှ လူ ၂၀ ကျော်မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် မလှမ်းမကမ်းတွင် ပေါ်လာကြသည်။ အစောပိုင်းက သူတို့ မြေကြီးထဲ ပုန်းအောင်းနေခြင်း ဖြစ်ပေသည်။ အဘိုးအို တွက်ဆထားသည့်အတိုင်း ကွက်တိ ဖြစ်လာ၍ လီယီတောင်း ပြုံးမိလေသည်။
ဒါပေမဲ့…
ဒါက အစပဲ ရှိသေးတယ်...။
လက်တွေ့မှာတော့...တိုက်ပွဲက ဒီလောက် မရိုးရှင်းဘူး…။
ယွင်မြို့တော်သား တစ်ဦးချင်းစီအတွက် သူတို့ မွေးမြူထားသော ပိုးကောင်များမှာ သူတို့၏ အသက်ဝိညာဉ်ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့ မွေးမြူထားသမျှ ပိုးကောင်များ ကုန်ဆုံးသွားသည့်အခါ သူတို့၏ အသက်မှာလည်း အလွန်ပင် အားနည်းသွားပေလိမ့်မည်။
ထိုစဉ် အဘိုးအိုက တောင်ကုန်းဘက်ဆီသို့ ခပ်ဖြေးဖြေး လျှောက်သွားလိုက်ပြီး နောက်သို့ လှည့်ကာ ပြောလိုက်၏။
"ချင်းယွဲ့...အချိန်တန်ရင် နင် လိုသလို လှုပ်ရှားနိုင်တယ်..."
"ကျိုးရှုရီ... ကုသဖို့လိုအပ်တဲ့လူ တွေ့ရင် အမြန်ဆုံး ကုပေးလိုက်ပါ...အသက်ရှင်ဖို့ကို ဦးစားပေးနော်..."
အဘိုးအိုက ကျိုးရှုရီ နှင့် ယန်ချင်းယွဲ့ တို့ကို တာဝန်များ အသီးသီး ခွဲဝေပေးလိုက်သည်။ သူကိုယ်တိုင်လည်း အချိန်မရွေး လှုပ်ရှားရန် အသင့်ပြင်ဆင်ထား၏။
"ယီတောင်း… မင်းက ခဏနေဦး… ဒီသတ္တဝါတွေက နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တော့ အသိဉာဏ်တွေ တော်တော်လေး လျော့နည်းသွားပြီ...ပိုးဘုရင်မ မရှိရင်တော့ တိုက်ခိုက်ရတာ ပို အဆင်ပြေသွားမှာပါ... "
တက်ကြွနေသည့် လီယီတောင်းတစ်ယောက် ငြိမ်လိုက်ရလေသည်။
အနီရောင် နယ်မြေမှာလည်း အင်အားလျော့ပါးကာ တဖြည်းဖြည်း ကျုံ့ဝင်လာနေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။
အနက်ရောင် ပိုးကောင်တပ်ဖွဲ့ကြီးမှာလည်း နည်းဗျူဟာများကို စတင် အသုံးပြုလာပြီး အသက်ကို မလိုအပ်ဘဲ စတေးခြင်း မရှိတော့ပေ။
ဒဏ်ရာရသူ သို့မဟုတ် အားနည်းနေသည့် ပိုးကောင်များကို အနားယူရန် အနောက်ဘက်သို့ ဆွဲထုတ်ပြီး အင်အားသစ်များကို ရှေ့တန်းသို့ အစားထိုးလိုက်သည်။
ထို့ပြင် ယန်ချင်းယွဲ့ကလည်း မနားတမ်း တိုက်ခိုက်နေဆဲပင်။
သူမ ပစ်မှတ်များက ရန်သူများ စုဝေးနေသည့် နေရာများ ဖြစ်၏။
ယွင်မြို့တော်က လူတွေက သူမရဲ့ စွမ်းရည်ကို သတိထားမိသွားပုံရတယ်…။
ထို့ကြောင့် ယွင်မြို့တော်သားများက ရေများကို ရနိုင်သမျှ ရအောင် ယန်ချင်းယွဲ့ ရှိရာသို့ သွန်ချပေးတော့သည်။
ယန်ချင်းယွဲ့၏ တိုက်ခိုက်မှုများက တိုက်ပွဲ အဆုံးအဖြတ်အတွက် အရေးပါလွန်းပေသည်။
တိုက်ွဲက တဖြည်းဖြည်း အဆုံးသတ်သို့ ချဉ်းကပ်လာနေလေပြီ။
အဘိုးအို တားထားသဖြင့် လီယီတောင်းလည်း စိတ်လျှော့ထားလိုက်သည်။
အခြေအနေက ထင်ထားသလောက်လည်း မဆိုးပါဘူး…။
တကယ်လို့ ရန်သူက တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ငါတို့ကို တိုက်ခိုက်လာမယ်ဆိုရင်...ငါ့မှာ အဆောင်လက်ဖွဲ့တွေ အပြင် ဘာတွေကို သုံးနိုင်ဦးမလဲ… “
‘အင်း... သေမင်းဓားသွားများ အသက်ဝင်လာမလား မသိဘူး...‘
သို့သော်...အားလုံးက တိုက်ပွဲ ပြီးဆုံးတော့မည်ဟု ထင်နေချိန်၊ အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိတော့တယ်လို့ ယုံကြည်နေချိန်မှာပင်...ရုတ်တရက်ဆိုသလို မြေပြင်မှာ ဆက်တိုက် တုန်ခါလာတော့သည်။
တဆက်တည်းမှာပင် မြေအောက်ထဲမှ နှာမောင်းတံကြီးတစ်ခု ထိုးထွက်လာလေတော့သည်။ ထိုနှာမောင်းတံကြီးကို မြင်လိုက်ရသည့်အခါ အဘိုးအိုပင် ခဏမျှ တုံ့ဆိုင်းသွားသည်ကို လီယီတောင်း သိထားမိလေသည်။
ပွဲပြီးဖို့ လိုသေးတယ် ထင်တယ်ဟေး…။