Ocean live stream ၏ ပိုင်ရှင်သည် အခြား ပလက်ဖောင်း တစ်ခုသို့သွား၍ အကောင့်ဖွင့်ကာ လက်ဆောင်များကို ယွမ် ၅၀,၀၀၀ ဖိုး ဝယ်ယူခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် ပလက်ဖောင်းပေါ်ရှိ သူ၏ ကိုယ်ပိုင် ထိပ်တန်း Streamerက သူ့ကို Live လွှင့်ခန်းထဲမှ ကန်ထုတ်ခြင်း ခံလိုက်ရသည်။
ဤသတင်း ပျံ့နှံ့သွားသောအခါ လူများသည် စပ်စုချင်စိတ်ဖြင့် ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်ရှုရန် အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ယနေ့ခေတ် stream လောကတွင် ကုမ္ပဏီတစ်ခု၏ CEO နှင့် ထိပ်တန်း streamer တစ်ဦးသည် အခြားကုမ္ပဏီတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးနိုင်ပါသလား။
Live လွှင့်ခန်းအတွင်း ကြည့်ရှုသူအရေအတွက်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
CEO လု သည်ချက်ချင်းပင် ပထမနေရာကို ရယူနိုင်ခဲ့ပြီး စစ်မှန်သောအကောင်းဆုံး လက်ဆောင်ပေးသူ ဖြစ်လာခဲ့သည်။ တစ်ဖက်တွင်မူ လုပေါင် သည် အ မုန့် အား ဝင်ငွေပိုရစေရန် ကူညီပေးသည့်အနေဖြင့် ကျောက်ပြားကို ဆေးကြောသန့်စင်ပေးနေသည်။
“ပရိတ်သက်တို့ရေ... ကျေးဇူးပြုပြီး Follow ခလုတ်လေးကို နှိပ်ပေးကြပါဦးနော်။ကျွန်တော့်မှာ ထူးထူးခြားခြား ကျွမ်းကျင်မှုတွေလည်း မရှိဘူး တရုတ်ရိုးရာ လေမှုတ်တူရိယာတွေလည်း ယူမလာခဲ့ပါဘူး။ ဒါကြောင့် လူတိုင်းအတွက် အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့ ကျောက်ပြားပေါ်က ငါးကင်ကို ပြင်ဆင်ပေးပါ့မယ်။
ကျောက်ပြားပေါ်တွင် ငါးကင်ခြင်း။
၎င်းမှာ လူပေါင် ငယ်စဉ်က မကြာခဏ လုပ်စားလေ့ရှိသော ငါးကင်ဖြစ်သည်။ သင့်တော်သော ကျောက်ပြားတစ်ခုကို ရှာဖွေကာ အောက်မှ မီးမွှေးပြီး ၎င်းပေါ်တွင် ငါးကိုတင်ကာ ငရုတ်သီးနှင့် ဆားအနည်းငယ် ဖြူးလိုက်ရုံပင်။၎င်းသည် ကလေးဘဝ၏ အနှစ်သက်ဆုံးရသာတစ်ခုဖြစ်သည်။
“အာ... အာ...”
အမုန့် သည် Live လွှင့်ခန်းကို လက်ညှိုးထိုးကာအာ... အာဟု အော်ဟစ်ရင်း Live အခန်းထဲရှိလက်ဆောင်များကိုကြည့်ကာအံ့အားသင့်နေလေသည်
“အာ... အား”
နှင်းလုံးလေးကလည်း အမုန့်၏ အော်ဟစ်သံကို လိုက်တုပနေသည်။
ဒါပေါင် နှင့် ဟေးမီး တို့သည် အားတက်သရော ခုန်ပေါက်ပြေးလွှားရင်း သစ်ကိုင်းများကို သွားရောက်ကောက်ယူပေးကြသည်။ လုပေါင်မှာမူ ကျောက်ပြားကို နေရာချပြီး အပူပေးရန်အတွက် မီးစတင်မွှေးနေပြီဖြစ်သည်။
ကျောက်ပြားကို သန့်ရှင်းနေအောင် တိုက်ချွတ်ထားသည်။အခြောက်ခံပြီးနောက် ပတ်စတာချီယိုဆီ ကိုကျောင်ပြားပေါ်သို့ လောင်းချလိုက်သည်။ ၎င်းဆီကို အမုန့်က ယူဆောင်လာပေးခြင်းဖြစ်သည်။’ရှဲရှဲ’မြည်သံနှင့်အတူ ဆီနံ့သည် လေထုထဲတွင်ပျံ့နှံ့လာ သည်။
ငါးကြင်းများကို ဗိုက်ဖောက်ပြီး အကြေးခွံခွာ၍ ဆေးကြောပြီးနောက် ကျောက်ပြားပေါ်တွင် တင်လိုက်သည်။ အောက်မှ ပြင်းထန်သော မီးတောက်များ လောင်မြိုက်နေပြီး အပေါ်တွင်မူ ငါးကြင်းများအကောင်လိုက်ရှိနေသည်။
“ပရိတ်သက်တို့ရေ. ကျေးဇူးပြုပြီး Follow လုပ်ပေးကြပါ ဦးလေးဖင်းကို ဒီထက် ပိုပြီး အားပေးကြပါဦး လက်ဆောင်လေးတွေ ရှိရင်လည်း အားပေးတဲ့အနေနဲ့ ပို့ပေးကြပါဦးနော်။
ရရှိလာသော အနံ့မှာ အလွန်ပင်မွှေးလှသည်။ လုပေါင်က ကင်မရာကို အနီးကပ် ဆွဲပြလိုက်သည်။ ဤ Live လွှင့်စက်ကိရိယာမှာ စူပါ Live Eye လောက် မကောင်းသည်မှာ အမှန်ပင်။ အကယ်၍ အနီးအနားတွင် အချက်ပြမျှော်စင် သာ မရှိပါက Live လွှင့်ရန်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။
လူပေါင်သည် Live stream မှ မှတ်ချက်များကို ကြည့်လိုက်ရာ ဆယ်မိနစ်ကျော်အတွင်းတွင် ကြည့်ရှုသူ ၆၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
“ဘာလို့ ချင်ချီလာတွေကို လိုချင်နေတာလဲ။ငါတို့ရဲ့CEO လု က ချင်ချီလာတွေ ဆက်ပို့နေမှာပဲ မဟုတ်လား။CEO လု ဒီမှာ ရှိနေလားဗျ။”
“ဟုတ်တယ် CEO လု က အချမ်းသာဆုံးပဲသူ ချင်ချီလာတွေ ဆက်ပို့နေမှာ သေချာတယ်။”
လုလင်းဟွာသည် ချက်ချင်းပင် နောက်ထပ် လက်ဆောင်ဆယ်ခုကို ဆက်တိုက် ပေးပို့လိုက်သည်။ သူ live အခန်းအတွင်း ရောက်ရှိနေသည်မှာ မိနစ် ၂၀ ပင် မပြည့်သေးသော်လည်း ယွမ် ၁၀၀,၀၀၀ အသုံးပြုပြီးပြီဖြစ်သည်။
Live လွှင့်ခန်းအတွင်း မိုက်လိုက်တာဟုအော်သံများ ပဲ့တင်ထပ်နေသည်။
“ရယ်ရလွန်းလို့ အူတတ်တော့မယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် ပလက်ဖောင်း က ပျက်နေလို့လား။ဘာလို့ သူများ ပလက်ဖောင်း မှာ ပိုက်ဆံအကုန်ခံပြီး တိုက်ရိုက်ထုတ်လွှင့် နေတာလဲ။ဟားဟားဟား”
“အို...ဘုရားရေ ကျွန်တော့်ကို Dragon Cat Live ကို Download ဆွဲခိုင်းနေတာပဲ။”
“ဟားဟားဟား...CEO လုကတော့ ရေလည်လန်းတယ်ဗျာ။”
“အို ဘုရားရေ...”
လုပေါင်သည် သူ၏ ပရိသတ်များနှင့် စကားပြောနေစဉ်အတွင်း တောအုပ်ထဲမှ ကြီးမားပြီး မည်းမှောင်နေသော အရာတစ်ခု ထွက်ပေါ်လာကာ လုပေါင်နှင့် မလှမ်းမကမ်းနေရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
“ဝက်ဝံ...ဝက်ဝံ။”
ခွေးနှစ်ကောင်က အသည်းအသန် ဟောင်ကြတော့သည်။အ မုန့်ပင်ကလည်း အမြန်အော်ဟစ်ကာ လုပေါင်၏ အနောက်သို့ သွား၍ပုန်းနေလိုက်တော့သည်။
လုပေါင် လှည့်ကြည့်လိုက်သောအခါ ဝက်ဝံနက်အမကြီးသည် သူတို့ကို အကွာအဝေးတစ်ခုမှ စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဒီဝက်ဝံနက်လေးက ငါ့ငါးလေးတွေကို ဘာလို့ မျက်စိကျနေရတာလဲ။”
လုပေါင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ သူ၏ ငါးကြီးကို စားပြီးပြီဖြစ်သော်လည်း ငါးလေးတွေကိုပါစားရန်ကြံစည်နေသေးသည်။
ဒါပေါင်နှင့် ဟေးမီးတို့သည် လုပေါင်ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေကြပြီး ဝက်ဝံအမကြီးကလည်းခြိမ်းခြောက်သံများကို ထုတ်လွှတ်နေသည်။
‘မြန်မြန် လုပ်ပါ သခင်လေး အချက်ပြပါဦး။ငါတို့က ထွက်ပြေးရမလား။ထွက်ပြေးရမလား။ဒါမှမဟုတ် ထွက်ပြေးရမလား။’
“အဆင်ပြေတယ် ဘာမှမဖြစ်ဘူး။”
လုပေါင်ကအမုန့်၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။”
“မင်းတို့နှစ်ကောင်လည်းဟောင်မနေနဲ့တော့။”
“အို...”
အမုန့်မှာ ကြောက်နေဆဲဖြစ်သည်။ ဝက်ဝံနက်က ဤနေရာတစ်ဝိုက်တွင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါပေါင်က အမြီးကိုယမ်းကာ လုပေါင်နားသို့ပြေးလညသည်။ ဟေးမီးက ဝက်ဝံနက်ကို တစ်ချက်လှည့်ကြည့်ပြီး ရှက်ကိုးရှက်ကန်းဖြင့် အမြီးကိုယမ်းပြကာ နောက်သို့ ပြန်ပြေးသွားသည်။
“ပရိတ်သက်တို့ရေ... တောင်ပေါ်မှာ သတ္တဝါတွေနဲ့ ထူးဆန်းတာတွေ အများကြီးရှိတတ်ပါတယ်။ ဝက်ဝံလေးတစ်ကောင်နဲ့ ဆုံတာက ပုံမှန်ပါပဲ။ငါတို့တွေ ဒီထက်ကြီးတဲ့ မုန်တိုင်းတွေကိုတောင် ကြံဖူးကြတာပဲ မဟုတ်လား။ဟင်... CEO လု ခင်ဗျားက သူဌေးကြီးဖြစ်ပြီးတော့ ဘာလို့ ချင်ချီလာအစား ဒုံးပျံတွေပိုနေရတာလဲ။”
လုပေါင်က ၎င်းကို အလေးမထားပေ။ ဝက်ဝံနက်သည် ရန်လိုသည့် လက္ခဏာမပြသကဲ့သို့ ခွေးနှစ်ကောင်ကလည်း ၎င်းတို့ကို အာရုံခံနိုင်ကြသည်။
Dragon Cat Live ပေါ်ရှိ အ မုန့်၏ Live လွှင့်ခန်းသည် ကြည့်ရှုသူ တစ်သန်းကို ချက်ချင်း ကျော်လွန်သွားခဲ့သည်။
Dragon Cat Live တွင် ကြည့်ရှုသူ တစ်သန်းပြည့်အောင် လုပ်နိုင်သူမှာ အနည်းငယ်သာ ရှိသည်။ ယခုအခါ အမုန့်သည် ၎င်းကို အောင်မြင်ခဲ့ပြီး သူရရှိသော လက်ဆောင်များ၏ တန်ဖိုးမှာလည်း ယွမ် ၂၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။
“ဒါကို ဝက်ဝံလေးလို့ ခေါ်တာလား။”
“ဒါက ဝက်ဝံနက်ကြီးပါ။အရွယ်ရောက်ပြီးသား ဝက်ဝံနက်ကြီး။တိရစ္ဆာန်ရုံက ဝက်ဝံတွေက ရုပ်ဆိုးတယ် မဟုတ်လား။ဒီဝက်ဝံက ကြည့်လို့ကောင်းပြီး ဝက်ဝံရုပ်လေးကျနေတာပဲ။”
“ဟိုမှာ ဟိုမှာ သူ လာနေပြီ။”
“အဲဒီအကောင်ကြီးကို ဝက်ဝံလေးလို့ ခေါ်တာလား။”
“ကြည့်စမ်း CEO လု ခင်ဗျားဘာလို့ ဒုန်းပျံ တွေ ပို့နေတာလဲ။မြန်မြန် ချင်ချီလာတွေပဲ ပို့စမ်းပါ။”
“ဝိုးးး ဝက်ဝံလေးတွေပါလား နှစ်ကောင်တောင်လား။”
“ဒီ Streamer က ရုရှားကနေ လွှင့်နေတာတော့မဟုတ်ဘူးမလား။”
ဝက်ဝံနက်ကြီးသည် လုပေါင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ ဝက်ဝံပေါက်လေး နှစ်ကောင်လည်း တောအုပ်ထဲမှ ထွက်လာကာ သူတို့မိခင်၏ အနောက်မှ တွန့်ဆုတ် တွန့်ဆုတ် လုပ်၍ လိုက်လာကြသည်။
“အာ... အာ”
အမုန့်က လူပေါင်ကို အနောက်သို့ ဆွဲလိုက်ပြီး ပြန်ဆုတ်ရင်အချက်ပြနေသည်။
“စိတ်အေးအေးထားပါ ပြဿနာမရှိပါဘူး။”
လုပေါင်ကမတ်တတ်ရပ်ကာ ဝက်ဝံနက်ကြီးဆီသို့ တည့်တည့်လျှောက်သွားပြီး ၎င်းကို အကြိမ်အနည်းငယ် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ငုံ့ကာ ဝက်ဝံပေါက်လေးတစ်ကောင်ကို ပွေ့ချီလိုက်ပြီး
“တွေ့လား ဒီကောင်လေးက ကြောင်လေးတစ်ကောင်လိုပဲ လူယဉ်ပါတယ်။”
“…
ဆွံ့အနသူ မုန့်၏ မျက်နှာအမူအရာမှာ အံ့အားသင့်သွားသည်။
ဝက်ဝံမကြီးက သူ၏ ဦးခေါင်းကြီးဖြင့် လုပေါင်လက်ကိုကို ရင်းနှင်းနေသည့်အလား တိုးဝှေ့နေသည်။
“အီး... အီး~”
ဝက်ဝံပေါက်လေးတစ်ကောင်မှာ ငါးကင်နားသို့ ရောက်လာပြီး နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ငါးနားသို့ ကပ်ရန် ကြိုးစား သော်လည်း မီးတောက်များကို ကြောက်သဖြင့် အော်ဟစ်နေသည်။
‘ဟိုဝက်ဝံပေါက်စ သရဲလိုလိုဘာလိုလို အမဲရောင်နဲ့ကောင် ထထွက်သွားစမ်း’
ဟေးမီးသည်အတော်စိတ်တိုနေပြီဖြစ်သည်။
‘သူက ငါးကြီးကို စားခဲ့ပြီးပြီလေ။အခု ငါးလေးတွေကိုပါ ထပ်စားဖို့ ကြိုးစားနေတာလား။’
သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် ဝက်ဝံပေါက်လေးကို မြေကြီးပေါ်သို့ တွန်းလှဲလိုက်သည်။သူ၏ လက်ဖဝါးဖြင့် ရိုက်ရန်လည်း မမေ့ခဲ့ပေ။
“အီး... ဝူး... ဝူး~”
ဝက်ဝံပေါက်လေးသည်ဝမ်းနည်းစွာ အော်ဟစ်ရင်း မတ်တတ်ရပ်ကာ သူ၏ မိခင်အနောက်သို့ ငိုမဲ့မဲ့ဖြင့် ပြန်ပြေးသွားသည်။
လုပေါင်မှာ စကားပင် မပြောနိုင်တော့ပေ။
‘ဒီခွေးက ဒီလောက်အထိတောင် မောက်မာရဲတင်းနေပြီလား။’
Live လွှင့်ခန်းအတွင်းရှိ လူတိုင်းမှာ မှင်တက်သွားကြသည်။ထိုခွေးမှာ အလွန်ရဲတင်းလွန်းလှသည်။ဝက်ဝံမကြီး၏ မျက်စိရှေ့တင် ဝက်ဝံပေါက်လေးကို ဆော်ထည့်လိုက်ခြင်းဖြစ်သည်။
ဟေးမီမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လွန်ကဲနေပြီဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝက်ဝံမကြီးနှင့် ဝက်ဝံပေါက်အပါဝင် ဟေးမီနှင့် ဒါပေါင်တို့သည် ငါးကင်များအနားတွင် ဝိုင်းဖွဲ့ကာ ကြည့်နေကြသည်။ လုပေါင်က ငါးများကို ခွဲဝေပေးလိုက်ရာ တစ်ကောင်စီ ရရှိကြပြီး သူနှင့် အမုန့်အတွက် တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
အ မုန့်သည် မှိုစွပ်ပြုတ် တစ်ဝက်ခန့်ကို ကုန်အောင်သောက်လိုက်ပြီး ကျန်ရှိသည်များကို ဝက်ဝံပေါက်လေး နှစ်ကောင်က လုယက်သောက်ကြသည်။
“ငါ ပြန်ရတော့မယ်။”
လုပေါင်က မတ်တတ်ရပ်ပြီး သူ၏ နာရီကို ကြည့်လိုက်သည်။အချိန် နာရီဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။ အဘိုးအိုနှစ်ယောက်မှာ သူတို့၏ ငါးစွပ်ပြုတ်ကိုစားရန်အတွက် စောင့်နေကြဆဲ ဖြစ်လိမ့်မည်။
“အာ... အာ။”
အမုန့်က မတ်တတ်ရပ်ကာ Live လွှင့်နေသည်ကို လက်ညှိုးထိုးပြပြီးနောက် လက်ဟန်ခြေဟန်များဖြင့် ပြောဆိုဆက်သွယ်လာသည်။
“ဒီပိုက်ဆံတွေ အားလုံးက ဦးလေးအတွက်ပဲ။ ဦးလေး ဖင်းအန်... ကြိုးစားပြီး ထိပ်တန်း streamer တစ်ယောက်ဖြစ်အောင် လုပ်ပါ။ဒါမှ နောင်ကျရင် ကျွန်တော်တို့ ရွာနဲ့ မြို့က ဒေသထွက်ကုန်တွေကို ရောင်းပေးနိုင်မှာ။”
အမုန့်က ရရှိထားသော လက်ဆောင်ငွေများ အားလုံးကို သူ့အား ပေးလိုသည်ကို မြင်သောအခါ လုပေါင်က ပြုံးပြီး ငြင်းဆိုခဲ့လိုက်သည်။
ဤလက်ဆောင်များသည် နဂိုကတည်းက အမုန့်အတွက်သာ ဖြစ်သည်။အမုန့်သည် လက်မောင်းများကို ယမ်းကာ ငြင်းဆိုသည့်ဖြအမူအရာပြနေသည်။
“ကျွန်တော် တကယ် မလိုပါဘူး။ကျွန်တော်က တခြား ပလက်ဖောင်း တွေမှာ Stream တယ်။ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။”
“မင်းလည်း သွားတော့နောက်ခါကျရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် ဂရုစိုက်ပါ။
သူက ဝက်ဝံနက်အမကြီးကို တစ်ခါထပ်ပြီး ပွတ်သပ်ပေးလိုက်သည်။ ဤတောင်မှာ အမှန်တကယ်ပင် ထူးဆန်းလှပြီး တောရိုင်းတိရစ္ဆာန်မျိုးစုံနှင့် ပြည့်နှက်နေသည်
အကယ်၍ အနီရောင်ကျား တစ်ကောင် ပေါ်လာလျှင်ပင် သူ အံ့သြမည်မဟုတ်တော့ပေ။
***