လီဖန်ထျန်း စကားပြောပြီးသည်နှင့် ထိုနေရာရှိ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ မှ အကြီးအကဲများသည် ဝူဟောက် ကို မျှော်လင့်ချက် အပြည့်ပါသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့သာ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ မတက်လှမ်းနိုင်ပါက အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် က သူတို့၏ လမ်းဆုံး ဖြစ်သွားမည်သာ ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ဝူဟောက် ၏ မျက်နှာအမူအရာသည် အလွန်တည်ကြည် လေးနက်သွား၏။ တကယ်တမ်းတွင် သူ သည် အထက်ကမ္ဘာ သို့ အလည်အပတ် လာရောက်စဉ်ကတည်းက ဤအချက်ကို သတိထားမိခဲ့ပြီး သဲလွန်စ အချို့ကိုပင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုအချိန်က ဖဲချပ်အားလုံးကို လှန်ချရမည့် အချိန် မဟုတ်သေးချေ။
"အခုက အချိန်အခါ မသင့်သေးဘူး... အချိန်တန်ရင် မင်းတို့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို တက်လှမ်းနိုင်လိမ့်မယ်... ငါ မင်းတို့ကို ပြောနိုင်တာကတော့ အဲဒီအချိန်က မကြာခင် ရောက်လာတော့မယ် ဆိုတာပဲ..."
ဝူဟောက် က တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် အခု ကံကြမ္မာရွေးချယ်ခံရသူ က ပေါ်လာပြီ ဆိုတော့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို တက်လှမ်းတာက သိပ်တော့ ထူးဆန်းပုံ မရတော့ဘူး... ပြီးတော့ အခု လက်ရှိ အရှိန်အဟုန်အရ ဆိုရင် အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လီဖန်ထျန်း နှင့် အခြားသူများမှာ စိတ်ပျက်သွားသည့် အမူအရာများ ဖြစ်သွားကြသော်လည်း များများစားစား မပြောခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ အခြေအနေများက ယခင်ကထက် ပိုကောင်းနေပြီ ဖြစ်ပြီး အနည်းဆုံးတော့ မျှော်လင့်စရာ တစ်ခု ရှိနေသေးသည်။
"ကောင်းပြီ... အချိန်လင့်နေပြီ... ငါ သွားနားတော့မယ်... မင်းတို့ ငါ့အတွက် နေရာလေး ဘာလေး စီစဉ်ပေးထားတယ် မလား... ငါ့ကို အဲဒီနေရာ ခေါ်သွားပေး..."
ဝူဟောက် သည် မတ်တတ်ထရပ်ကာ သမ်းဝေ၍ ပြောလိုက်၏။ ထိုမြင်ကွင်းကြောင့် လီဖန်ထျန်း သည် တုံ့ဆိုင်းခြင်း မရှိဘဲ အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့် အကြီးအကဲ တစ်ဦးကို ဝူဟောက် အား အောက်ထပ်သို့ ခေါ်သွားရန် ညွှန်ကြားလိုက်သည်။
ဝူဟောက် ထွက်သွားပြီးနောက် အကြီးအကဲချုပ် လုကျိုယွမ် သည် လီဖန်ထျန်း ထံသို့ ချဉ်းကပ်သွားပြီး တည်ကြည် လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။
"သခင်ကြီး... ဒီလူက ဘယ်သူလဲ..."
"သူလား... သူက သူတော်စင် ရဲ့ ဘိုးဘေးကြီး လေ..."
လီဖန်ထျန်း ၏ စကားကို ကြားသောအခါ အကြီးအကဲချုပ် လုကျိုယွမ် မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း အလျင်အမြန် လက်ခံလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ၏ သူတော်စင် သည် ဤမျှ အောင်မြင်နေသည် ဖြစ်ရာ သူတို့တွင် အလွန်စွမ်းအားကြီးမားသော ဘိုးဘေးကြီး တစ်ဦး ရှိနေခြင်းက ယုတ္တိရှိပေသည်။
"ကောင်းပြီ... စီနီယာ ဝူက ငါတို့ရဲ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ မှာ နေထိုင်နေစဉ်အတွင်း စီနီယာ ဝူ ကို ကောင်းကောင်းမွန်မွန် ဧည့်ခံဖို့ သေချာ ဂရုစိုက်ရမယ်... အကယ်၍ စီနီယာ ဝူ က မိန်းမ လိုချင်တယ် ဆိုရင် ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ က အလှဆုံး မိန်းမတွေကို သူ့ဆီ ပို့ပေးလိုက်... နားလည်လား..."
လီဖန်ထျန်း က အကြီးအကဲချုပ် လုကျိုယွမ် ကို ကြည့်၍ ထပ်မံ ညွှန်ကြားလိုက်၏။
ထိုစကားကို ကြားသောအခါ အကြီးအကဲချုပ် လုကျိုယွမ် မှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။
“အကယ်၍ တစ်ဖက်လူက သဘောမတူရင် ဘယ်လိုလုပ်မလဲ”
"သဘောမတူဘူး ဟုတ်လား... စီနီယာ ဝူ က ဒီလောက် စွမ်းအားကြီးပြီး ရုပ်ချောတာပဲ... စီနီယာ ဝူ ရဲ့ သတိထားမိခြင်းကို ခံရတာက သူတို့ရဲ့ ကံကောင်းမှုပဲ..."
လီဖန်ထျန်း သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ လေသံတွင် ယုံကြည်မှု အပြည့် ရှိနေ၏။
တစ်ချိန်တည်းမှာပင် ဝူဟောက် သည် အကြီးအကဲ ၏ အဖော်ပြုမှုဖြင့် စံအိမ် တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။
"အကယ်၍ စီနီယာ ဝူ ဘာလိုအပ်တာ ရှိရှိ ကျွန်တော့်ကို အသိပေးပါ..."
"အင်း..."
အကြီးအကဲ ထွက်သွားပြီးနောက် ဝူဟောက် ၏ မျက်နှာထားသည် တည်ကြည် လေးနက်သွား၏။ သူ၏ စူးစမ်းလေ့လာမှုအတွင်း အထက်ကမ္ဘာ သို့ ရောက်ရှိလာသူများက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ အဘယ်ကြောင့် မတက်လှမ်းနိုင်ရသနည်း ဆိုသည်ကို သူ အနည်းငယ် သဘောပေါက်ခဲ့သည်။
"ကြည့်ရတာ အထက်ကမ္ဘာ ကလည်း ရွှမ်ထျန်းကမ္ဘာ လိုပဲ စည်းတံဆိပ်ခတ်ခံထားရတယ် ထင်တယ်... ယီဖန် နဲ့ တခြားသူတွေက အဲဒီ စည်းတံဆိပ်ကို ဘယ်လို ဖောက်ထွက်မလဲ ဆိုတာ သိချင်မိတယ်...”
ဝူဟောက် က သူ့ဟာသူ တိတ်တဆိတ် တွေးလိုက်မိသည်။
"ကျစ်... အထက်ကမ္ဘာ ရဲ့ စည်းတံဆိပ် ကို ချိုးဖျက်ဖို့ အဆင့်ကိုး နတ်ဘုရား ဧကရာဇ် မှော်လက်နက် ကို ငါ ခေါ်ထုတ်လိုက်လို့ ရပေမယ့် အဲလိုလုပ်လိုက်ရင် ဝူယီဖန် နဲ့ တခြားသူတွေအတွက် လေ့ကျင့်ရေးတွေ ဆုံးရှုံးသွားလိမ့်မယ်..."
ထို့အပြင် ဝူဟောက် အနေဖြင့် သူ သည် အထက်ကမ္ဘာကို ဖောက်ထွက်လိုက်ခြင်းကြောင့် ထိခိုက်မှု ရှိမည်လား ဆိုသည်ကို မသိချေ။ စည်းတံဆိပ်သည် သက်ရောက်မှုအများအပြားကို ဖြစ်ပေါ်စေနိုင်သောကြောင့် သူသည် ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။
"ဟင်... ဘာဖြစ်သွားတာလဲ... အကြီးအကဲ ချန်း သေသွားပြီလား..."
တစ်ချိန်တည်းမှာပင် သွေးဧကရာဇ် တည်ဆောက်ထားသော သွေးနယ်ပယ် အတွင်း၌ သွေးဧကရာဇ် သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်လုံးများ ပွင့်လာကာ ကြမ်းတမ်းခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ၏ ရှေ့တွင် ရှိနေသော ရွှယ်ယွမ် မှာလည်း အတော်လေး အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ အဖေ... အကြီးအကဲ ချန်း က အဖေ့ရဲ့ အကူအညီနဲ့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို တက်လှမ်းသွားပြီ မဟုတ်ဘူးလား... အထက်ကမ္ဘာ တစ်ခုလုံးမှာ အကြီးအကဲ ချန်း ကို နာကျင်အောင် လုပ်နိုင်တဲ့သူ သိပ်များများစားစား မရှိပါဘူး..."
"အဲလိုတော့လည်း မဟုတ်ဘူး... မဟာမြင့်မြတ်နယ်မြေငါးခု က သခင်ကြီး တွေသာ ပူးပေါင်းလိုက်ရင် အကြီးအကဲ ချန်း ကို သတ်နိုင်သေးတယ်..."
သွေးဧကရာဇ် က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်၏။ ဤအချက်ကို သူ သဘာဝကျကျ သိပေသည်။ မဟာမြင့်မြတ်နယ်မြေငါးခု ၏ ခေါင်းလောင်းငါးလုံးသည် အလွန်စွမ်းအားကြီးမားလှသဖြင့် သူကိုယ်တိုင် နတ်ဘုရား တစ်ပါး ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သော်လည်း မဟာမြင့်မြတ်နယ်မြေငါးခု မှ သခင်ကြီး များနှင့် ထိုခေါင်းလောင်းငါးလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ပြေးခဲ့ရဖူးသည်။
(T/N- နတ်ဘုရားအဆင့်တွေကိုသေချာမသိသေးပါ)
သို့သော်လည်း သွေးဧကရာဇ် သည် သိပ်မကြာမီ ထိုအရာများကို ဂရုစိုက်တော့မည် မဟုတ်ချေ။ မဟာမြင့်မြတ်နယ်မြေငါးခု မှ သခင်ကြီး များ ပူးပေါင်းလျှင်တောင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ နတ်ဘုရား တစ်ပါး၏ စွမ်းအားသည် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားထက် များစွာ သာလွန်ပေသည်။ ဝူဟောက် ကို ဖယ်လိုက်လျှင် သွေးဧကရာဇ် အနေဖြင့် သူသာ အလိုရှိပါက မရေမတွက်နိုင်သော အင်မော်တယ် မဟာဧကရာဇ် များကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဟု ဆိုနိုင်၏။
"ငါ မထွက်ခွာခင် မင်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို တက်လှမ်းနိုင်ဖို့ ငါ ကူညီပေးမယ်... မင်း လုပ်ရမှာက ဒီကမ္ဘာကို ငါတို့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ နယ်ပယ် အဖြစ် ပြောင်းလဲဖို့ပဲ..."
"မင်းကလွဲရင် ဘယ်သူမှ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး..."
သွေးဧကရာဇ် သည် ရွှယ်ယွမ် နှင့် အခြားသူများကို ကြည့်၍ ပြောလိုက်၏။
သို့သော် ရွှယ်ယွမ် မှာ အနည်းငယ် သိချင်သွားပြီး ချီတုံချတုံ ဖြစ်နေသော်လည်း မနေနိုင်ဘဲ မေးလိုက်သည်။
"အဖေ... ကျွန်တော် သိချင်လို့ပါ... အထက်ကမ္ဘာ ကနေ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ဘာလို့ တက်လှမ်းလို့ မရတာလဲ..."
အကြီးအကဲ နှင့် အခြားသူများ၏ မျက်နှာများတွင်လည်း သိချင်စိတ် ပြင်းပြနေသည့် အမူအရာများ ပေါ်လွင်နေ၏။ သွေးဧကရာဇ် သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသော်လည်း သူသည် အထက်ကမ္ဘာ မှ ထွက်ခွာ၍ နတ်ဘုရား နယ်ပယ် သို့ သွားတော့မည် ဖြစ်ရာ သူတို့ကို ပြောပြလိုက်ခြင်းသည် ပြသနာမရှိဟု တွေးကာ အလျင်အမြန် ရှင်းပြလိုက်သည်။
"သွေးဝိညာဉ်ဂိုဏ်း ကို ငါ တည်ထောင်ခဲ့တယ် ဆိုတာ မင်းတို့ သိတယ် မလား..."
"ဒါပေမဲ့ နတ်ဘုရား နယ်ပယ်ကသာ ငါတို့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ဌာနချုပ်ပဲ... သူ့ရဲ့ လမ်းညွှန်မှုနဲ့ သူ့ရဲ့ ကျေးဇူးတော် ကြောင့်သာ ဒီနေ့ ငါ ဒီလိုနေရာကို ရောက်လာတာ..."
နောက်ဆုံးတွင် သွေးဧကရာဇ် ၏ မျက်နှာထားသည် ရူးသွပ်ေသာ အရိပ်အမြွက်များ ဖြစ်ပေါ်လာပြီး ထိုရူးသွပ်မှုအတွင်း၌ ရိုသေကိုင်းရှိုင်းမှု အရိပ်အယောင်တစ်ခု ပါဝင်နေ၏။
"သူက နတ်ဘုရား နယ်ပယ် မှာတောင် အထွတ်အထိပ်ပဲ... သာမန် သာမန်လူ ဘဝကနေ ငါ့ကို တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာ သူ ရွေးချယ်ခဲ့လို့ပဲ... ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပြီး အခု ငါ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးခဲ့တာ..."
သွေးဧကရာဇ် ၏ စကားများမှတစ်ဆင့် သွေးဧကရာဇ် ၏ အတိတ်ကို ရွှယ်ယွမ် နှင့် အခြားသူများ သိရှိလိုက်ကြ၏။ သွေးဧကရာဇ် ၏ နာမည်ရင်းမှာ ကျန်းဝူရှန်း ဖြစ်သည်။ သူသည် မူလက ဝိညာဉ်အမြစ် မရှိသော သာမန်လူ တစ်ဦးသာ ဖြစ်၏။ အင်မော်တယ် တစ်ဦး ဖြစ်လာရန် နည်းလမ်း ရှာမတွေ့ပြီးနောက် သူ သည် လက်လျှော့၍ လိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ရာ ထိုနေရာတွင် သွေးဝိညာဉ်ဂိုဏ်း ၏ ရှေးဟောင်း ယဇ်ပလ္လင်ကို ရှာတွေ့ခဲ့သည်။
ယဇ်ပလ္လင်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျန်းဝူရှန်း သည် သွေးနတ်ဘုရား ထံမှ လမ်းညွှန်မှုနှင့် ကောင်းချီးများကို ရရှိခဲ့ပြီး ၎င်းက သူ့ကို အင်မော်တယ် ဖြစ်လာမည့် လမ်းစဉ်သို့ ဝင်ရောက်စေကာ သူ၏ လက်ရှိ အဆင့်အတန်းကို ရရှိစေပြီး သူ ယခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ရရှိစေခဲ့သည်။
အထက်ကမ္ဘာ မှ သက်ရှိများ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ တက်လှမ်းခြင်းမှ တားဆီးရန် အထက်ကမ္ဘာ ရှိ အင်မော်တယ် လမ်းစဉ်ကို ဖြတ်တောက်ရန် သူ၏ စွမ်းအားကို အသုံးပြုခဲ့သူမှာ သွေးနတ်ဘုရား ပင် ဖြစ်သည်။ သွေးဝိညာဉ်ဂိုဏ်း မှ သူများသာလျှင် တက်လှမ်းနိုင်မည် ဖြစ်၏။
ထိုအချိန်မှစ၍ ကျန်းဝူရှန်း သည် သွေးဧကရာဇ် ဆိုသည့် အမည်ဖြင့် အထက်ကမ္ဘာ တွင် လျင်မြန်စွာ ထင်ပေါ်ကျော်ကြားလာခဲ့သည်။ နှစ်တစ်သောင်း အတွင်းမှာပင် သူသည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ ကျင့်ကြံနိုင်ခဲ့ပြီး နတ်ဘုရား အဖြစ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ထိုအချိန်၌ မဟာမြင့်မြတ်နယ်မြေငါးခု မှ လူများက လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ အထက်ကမ္ဘာ မှ စွမ်းအားကြီးမားသော စစ်သည်တော်များကို ဦးဆောင်၍ သွေးဝိညာဉ်ဂိုဏ်း အပေါ် အလုံးစုံ တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ခဲ့ကြ၏။ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ခဲ့ပြီး အထက်ကမ္ဘာ မှ စွမ်းအားကြီးမားသော စစ်သည်တော် အများအပြား သေဆုံးခဲ့ရကာ အင်မော်တယ် အရှင်မြတ်နှင့် အင်မော်တယ် မဟာဧကရာဇ် များပင် ပါဝင်ခဲ့သည်။
ထိုတိုက်ပွဲအပြီးတွင် သွေးဝိညာဉ်ဂိုဏ်း မှာ ရှုံးနိမ့်၍ ပျောက်ကွယ်သွားခဲ့ပြီး အထက်ကမ္ဘာ တစ်ခုလုံး၏ မူလ ချီ မှာ ပြင်းပြင်းထန်ထန် ပျက်စီးသွားကာ ထိုတိုက်ပွဲအပြီး မကြာမီမှာပင် မဟာမြင့်မြတ်နယ်မြေငါးခု ၏ သခင်ကြီး များပင် ပျောက်ကွယ်သွားခဲ့ကြ၏။
"ဒါကြောင့် အထက်ကမ္ဘာ ကို ငါတို့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ နယ်ပယ် ဖြစ်လာအောင် မင်းတို့ ကြိုးစားရမယ်... နားလည်လား..."
သွေးဧကရာဇ် သည် ရွှယ်ယွမ် နှင့် အခြားသူများကို လေးနက်စွာ ကြည့်၍ ပြောလိုက်၏။ ရွှယ်ယွမ် နှင့် အခြားသူများ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး ခေါင်းညိတ် သဘောတူလိုက်ကြသည်။
"ဟုတ်ကဲ့ပါ အဖေ *
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
***