အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၈၂
ခွန်အား - ၉၂
အလျင် - ၈၀
စိတ်စွမ်းအင် - ၈၃.၅
ဘုံအရည်အသွေးမှတ်များ - ဝ
မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်
မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (အခြေခံအဆင့်)၊ ရေခဲမြေရိုင်းဝက်ဝံ (အခြေခံအဆင့်)၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် (အခြေခံအဆင့်)
ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ၊ သုမာရု ဟင်းလင်းပြင်
အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...
အမှတ် - ၄၀၁၁၈၉
...
"သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်... ဒါက ငါစုစည်းနိုင်ခဲ့တဲ့ ဟင်းလင်းပြင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ရဲ့ နာမည်လား"
လင်းယွမ်က တွေးတောနေဟန်ဖြင့် သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၏ မျိုးရိုးဗီဇမြေပုံပေါ်သို့ အာရုံစိုက်လိုက်သည်။
အမည် - သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်
အမျိုးအစား - အဆင့်မြင့် (သံကြိုးနှစ်ထပ်)
ဖော်ပြချက် - သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ အစိတ်အပိုင်းများမှ ပေါင်းစပ်ဖွဲ့စည်းထားသော မျိုးရိုးဗီဇမျိုးစေ့ ဖြစ်သည်။
ပင်ကိုယ်အစွမ်း - သုမာရု ဟင်းလင်းပြင် (အခြေခံအဆင့်ဖွဲ့စည်းခြင်း)
လင်းယွမ်က အနည်းငယ် ကြောင်အမ်းသွားခဲ့သည်၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၏ ဖော်ပြချက်က ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇမျိုးစေ့ထက် များစွာ ပို၍ အသေးစိတ်ကျနေလေသည်။
ပင်ကိုယ်အစွမ်း ဖော်ပြချက်ပင် ပါဝင်နေသေးတော့သည်။
ရေခဲမြေရိုင်းဝက်ဝံ၌ ပင်ကိုယ်အစွမ်း မရှိခဲ့သည်ကို သိထားရမည် ဖြစ်သည်။
ရေခဲမြေရိုင်းဝက်ဝံ၏ မျိုးရိုးဗီဇမျိုးစေ့က လင်းယွမ်ကို ပေးစွမ်းနိုင်သော အကြီးမားဆုံး အကျိုးကျေးဇူးမှာ ရေခဲဓာတ် အစွမ်းများ၏ စွမ်းအားကို သိသိသာသာ မြင့်တက်သွားစေခြင်းပင် ဖြစ်သည်။
သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၏ ပင်ကိုယ်အစွမ်းနောက်တွင် အခြေခံအဆင့်ဖွဲ့စည်းခြင်း ဆိုသည့် မှတ်ချက်တစ်ခု ရှိနေသည်ကို လင်းယွမ် သတိပြုမိသွားခဲ့သည်။
လင်းယွမ်က သေချာစွာ စစ်ဆေးကြည့်ပြီးနောက် တဖြည်းဖြည်းနှင့် နားလည်သဘောပေါက်သွားလေသည်။
"အခြေခံအဆင့်ဖွဲ့စည်းခြင်းဆိုတာက မျိုးရိုးဗီဇမြေပုံ အခြေခံအဆင့်မှာတင် ထွက်ပေါ်လာနိုင်တဲ့ ပင်ကိုယ်အစွမ်းကို ပြောတာပဲ"
"ဒါ့အပြင် သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်က သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံ အမျိုးအစားထဲမှာ ပါဝင်နေတာပဲ... ဒီ သံကြိုးနှစ်ထပ် မျိုးရိုးဗီဇနဲ့ သံကြိုးတစ်ထပ် မျိုးရိုးဗီဇက ဘာကွာလို့လဲ"
လင်းယွမ်က မျက်မှောင်ကြုတ်သွားခဲ့ကာ ထိုအရာများကြားရှိ ကွာခြားချက်များကို သိပ်ပြီး နားမလည်နိုင်ဖြစ်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် မျိုးရိုးဗီဇမျိုးစေ့၏ အစွမ်းထက်မြက်မှုကို သူ ရှင်းလင်းပြတ်သားစွာ ခံစားနေရသည်မှာတော့ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ယနေ့ခေတ်တွင် သူက ဟင်းလင်းပြင်အမျိုးအစား အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ကြောင်း အပြင်လူများကို တိုက်ရိုက်ပင် ရဲရဲတင်းတင်း ပြောပြနိုင်နေပြီ ဖြစ်သည်။
စနစ်၏ ပစ္စည်းသိုလှောင်ခန်းကို အသုံးပြု၍ ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
"ဝှစ်"
လင်းယွမ်၏ ကိုယ်နေဟန်ထားက ရုတ်တရက် ရွေ့လျားသွားပြီး ပေတစ်ထောင်ကျော်အကွာ၌ သူ၏ပုံရိပ်က ပြန်လည် ထွက်ပေါ်လာခဲ့ကာ အကြိမ်အနည်းငယ် နေရာရွှေ့ပြောင်းပြီးနောက် ထိုက်ယန်တောင် ဈေးဝယ်စင်တာရှိ ခေါင်းဆောင်စံအိမ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ခေါင်းဆောင်စံအိမ်အပြင်ဘက်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက တံခါးဝ၌ ရပ်နေပြီး အိမ်ထဲသို့ အကြိမ်ကြိမ် လှမ်းကြည့်နေသော်လည်း လင်းယွမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် သူမ၏မျက်နှာပေါ်၌ စိတ်ပျက်အားငယ်သည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
"ပြန်မရောက်သေးဘူးလား... ဟင်း"
ကျွမ်းရှုယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အိမ်ပြန်ရန် ပြင်လိုက်လေသည်။
ရုတ်တရက် သူမ၏ ခါးနှင့် ဝမ်းဗိုက်တို့ တင်းကျပ်သွားသဖြင့် သူမ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဘယ်သူလဲ"
သူမ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ မျက်စိရှေ့တွင် ရုတ်တရက် မှုန်ဝါးသွားပြီး သတိပြန်ဝင်လာချိန်၌မူ စိမ်းသက်နေသော ဟင်းလင်းပြင်နယ်မြေ တစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အံ့ဩဖွယ် တွေ့လိုက်ရသည်။
ထိုဟင်းလင်းပြင်က မီးခိုးရောင်သန်းနေကာ ပတ်ဝန်းကျင်၌ မည်သည့်ပစ္စည်းမျှ ရှိမနေခဲ့ပေ။
ဗလာကျင်းနေသော ဟင်းလင်းပြင်ထဲတွင် အရှေ့အနောက်၊ တောင်မြောက်ကိုပင် ခွဲခြား၍မရနိုင်အောင် ဖြစ်နေလေသည်။
ကျွမ်းရှုယွမ်၏ နှလုံးသားက အတားအဆီးမဲ့စွာ ခုန်ပေါက်နေခဲ့ပြီး ဤမျှရုတ်တရက်ဆန်လှသော အပြောင်းအလဲကို ရင်ဆိုင်ရချိန်တွင် မည်သို့လုပ်ရမည်ကို မသိဘဲ ကမောက်ကမ ဖြစ်သွားတော့သည်။
သူမ၏ အနောက်ဘက်ရှိ လူက လက်တစ်ဖက်ဖြင့် သူမ၏ နူးညံ့ပျော့ပျောင်းသော ခါးလေးကို ဖက်တွယ်ထားပြီး အခြားလက်တစ်ဖက်ကမူ ခွဲထားသော သူမ၏ ရင်ဖုံးအင်္ကျီရှည်ထဲသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။
ကျွမ်းရှုယွမ်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ "မလုပ်ပါနဲ့"
သူမက ခေါင်းကိုမော့လိုက်ရာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော လည်တိုင်လေး ပေါ်လာပြီး အနောက်ဘက်သို့ လှည့်ကြည့်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ လက်နှစ်ဖက်ဖြင့် မိမိ၏ ရင်ဖုံးအင်္ကျီရှည်ကို ဖိထားကာ ထိုလက်ကြီးကို တားဆီးရန် ပြင်လိုက်သည်။
သို့သော် ထိုသို့ ခေါင်းမော့လိုက်ချိန်တွင် အနောက်ဘက်ရှိ လူက ရုတ်တရက် ခေါင်းငုံ့လာပြီး သူမ၏ ဖြူဖွေးနေသော လည်တိုင်လေးကို ပြင်းပြင်းထန်ထန် နမ်းရှုံ့တိုက်ခိုက်လိုက်တော့သည်။
ခဏအကြာတွင် ကျွမ်းရှုယွမ် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး လည်တိုင်တစ်လျှောက် ကြက်သီးမွေးညင်းများပင် ထလာခဲ့ရသည်။
ဤနေရာသည် သူမ၏ အထိခိုက်မခံဆုံး နေရာဖြစ်ကြောင်း မည်သူမျှ သိမထားပေ၊ သူမက မာနကြီးသော မိန်းမတစ်ယောက် ဖြစ်သဖြင့် မည်သူ့ကိုမျှ ဖွင့်ပြောပြခဲ့ဖူးခြင်း မရှိချေ။
သို့သော် ရောက်လာသူက သူမ၏ ခန္ဓာကိုယ်ကို အလွန် ရင်းနှီးကျွမ်းဝင်နေသည့်အလား မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ အားနည်းချက်ကို ထိန်းချုပ်သွားနိုင်ခဲ့သည်။
သူမ၏ အသက်ရှူနှုန်းများက ချက်ချင်း မြန်ဆန်လာကာ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ "လင်း... လင်းယွမ်... ရှင်လား"
သူမက ရောက်လာသူမှာ မည်သူဖြစ်ကြောင်းကို ခန့်မှန်းမိပြီး ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက သူမကို စွဲလမ်းစေခဲ့ဖူးသည်၊ အာဏာကို ချုပ်ကိုင်ထားနိုင်သော ထိုကဲ့သို့ ယောက်ျားမျိုးက သူမကို အရူးအမူးဖြစ်စေလောက်သည့် ဆွဲဆောင်မှုမျိုး ပိုင်ဆိုင်ထားလေသည်။
အနောက်ဘက်ရှိ လူ၏ မျက်နှာကို မမြင်ရလျှင်ပင် သူမ၏ ပင်ကိုယ်အသိစိတ်ကို အားကိုး၍ ရောက်လာသူကို ခန့်မှန်းနိုင်ခဲ့သည်။
စိတ်ဖတ်သည့် အစွမ်းနှင့် ပတ်သက်၍မူ သူမက အာရုံခံနိုင်စွမ်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် အနောက်ဘက်ရှိ လူ၏ စိတ်စွမ်းအင်က သူမထက် များစွာ သာလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။
"အော်... မင်း ခန့်မှန်းမိသွားတာလား"
လင်းယွမ်က သဲ့သဲ့မျှ ရယ်မောလိုက်သော်လည်း သူ၏ လက်လှုပ်ရှားမှုများကမူ ရပ်တန့်မသွားခဲ့ပေ။
ကျွမ်းရှုယွမ်၏ အသက်ရှူနှုန်းများက ပြင်းထန်လာပြီး စိတ်လှုပ်ရှားကာ ရင်ခုန်လာမိသည်။
လင်းယွမ်က ပြုံးရယ်လျက် မေးလိုက်သည်။ "ခေါင်းဆောင်စံအိမ် အပြင်ဘက်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"
ကျွမ်းရှုယွမ်၏ မျက်နှာက နီရဲနေပြီး တစ်ဆို့နေသော အသံဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်... ကျွန်မမှာ အရေးကြီး ကိစ္စတစ်ခု... သတင်း... သတင်းပို့စရာ ရှိလို့ပါ"
"ဘာကိစ္စလဲ"
"ရှင်... ရှင် နည်းနည်း ဖြည်းဖြည်းလုပ်ပါ... ကျွန်... ကျွန်မကို အသက်ရှူခွင့်လေး ပေးပါဦး"
"မြန်မြန်ပြော"
ကျွမ်းရှုယွမ်တစ်ယောက် နှလုံးသားကြီး အပြင်သို့ ခုန်ထွက်လာတော့မည့်အလား ခံစားနေရသည်၊ ဤစိမ်းသက်နေသော ပတ်ဝန်းကျင်၌ လင်းယွမ်၏ ဤကဲ့သို့သော ထိုးစစ်ဆင်မှုမျိုးက သူမကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။
"စစ်... စစ်ဆေးရေးဌာနက မကြာသေးခင်က အပြင်ကနေ ရောက်လာတဲ့... ရောက်လာတဲ့ သူလျှို တော်တော်များများကို ရှာတွေ့ထားတယ်"
"ကျွန်... ကျွန်မတို့ တချို့ကို ဖမ်း... ဖမ်းမိထားတယ်... စစ်ဆေးပြီးတဲ့နောက်မှာ... သူတို့အားလုံးကို ကွမ်ဖူက... အ... စေ... စေလွှတ်လိုက်တာဆိုတာ သိ... လိုက်ရတယ်"
လင်းယွမ်၏ မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လွင်လာပြီး မေးလိုက်သည်။ "ဂိုဏ်းကြီး သုံးဂိုဏ်းက လူတွေလား"
"မ... မဟုတ်ဘူး... အားလုံးတော့ မဟုတ်ဘူး... တပ်က လူတွေလည်း ပါသလို... တစ်ခါမှ မကြားဖူးတဲ့... အဖွဲ့အစည်းတွေက လူတွေလည်း ပါတယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။ "ဘာသဘောလဲ... တပ်ကပါ ငါတို့ကို လာထိချင်နေတာလား"
"အင်း..."
"ဟမ်"
"မ... မဟုတ်ဘူး"
"ဒါဆို ဘာလို့ အင်း လို့ ပြောတာလဲ"
"ရှင်... ရှင် အရမ်းဆိုးနေတာကိုး..."
လင်းယွမ်က ဆွံ့အသွားကာ မေးလိုက်သည်။ "သူတို့က ဘာဖြစ်ချင်တာလဲ"
ကျွမ်းရှုယွမ်က ပြင်းထန်စွာ အသက်ရှူလိုက်ပြီး လှည့်လာခဲ့သည်၊
"ဟူး... ကွမ်ဖူက လူတွေက ဒီတစ်ခေါက် ဂိုဏ်းကြီးသုံးဂိုဏ်းက ထိုက်ယန်တောင်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့အကြောင်း သိကြတယ်လေ... အစကတော့ အကုန်လုံးက ပွဲကြည့်နေခဲ့ကြတာ... ဒါပေမဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းက ဒီလောက် အထိနာသွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူးလေ"
"သူတို့က အခြေအနေကို စုံစမ်းဖို့ လူလွှတ်လိုက်တာပဲ... ကျွန်မတို့ ထိုက်ယန်တောင်က စက္ကူကျားများ ဖြစ်နေမလား... အခွင့်ကောင်းယူလို့ရမယ့် အခြေအနေများ ရှိနေမလားဆိုတာကို လာကြည့်ကြတာ"
"လူတော်တော်များများက မီးလောင်ရာ လေပင့်ချင်နေကြတဲ့ပုံပဲ"
လင်းယွမ်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ "ဟက်ဟက်... အကုန်လုံးက ငါတို့ ထိုက်ယန်တောင် တိုက်ပွဲကြီးကို ကြုံတွေ့ခဲ့ရလို့ အခု အားနည်းနေတဲ့ အချိန်လို့ ထင်နေကြတာ မဟုတ်လား"
"သူတို့ကိုသာ လာခိုင်းလိုက်စမ်းပါ... ငါ့ရဲ့ ထိုက်ယန်တောင်ကို ဘယ်သူတွေကများ လောဘကြီးရဲသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
သူ၏ ဤမျှလောက် လွှမ်းမိုးနိုင်စွမ်းရှိသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ကျွမ်းရှုယွမ်၏ စိတ်အစဉ်များ လွင့်မျောသွားရကာ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ရီလာတော့သည်။
အချိန်အတော်ကြာပြီးနောက် ကျွမ်းရှုယွမ်က သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "လင်းယွမ်... ဒါက ဘယ်နေရာလဲ"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းရဲ့ အခေါ်အဝေါ်ကို သတိထားပါ"
ကျွမ်းရှုယွမ်က ဆွဲဆောင်မှုအပြည့်ဖြင့် ဟန်ဆောင်ဒေါသထွက်ပြလိုက်သည်။ "ကိစ္စပြီးတာနဲ့ လူကိုတောင် မမှတ်မိချင်တော့ဘူးလား"
လင်းယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "သူတို့က ငါတို့ဆီကို သူလျှိုတွေ လွှတ်နေတာဆိုတော့... ထိုက်ယန်တောင်စစ်ဆေးရေးဌာနဘက်ကလည်း ကွမ်ဖူရဲ့ သတင်းအချက်အလက်တွေကို ရဖို့ နည်းလမ်းရှာရလိမ့်မယ်"
ကျွမ်းရှုယွမ်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။ "ကျွန်မ ဝူယင်ကို သူလျှိုသင်တန်းပေးဖို့ လူတွေ စီစဉ်ခိုင်းထားပြီးပါပြီ... ပထမအသုတ်က အသင့်ဖြစ်နေပြီမို့ မနက်ဖြန် သန်ဘက်ခါလောက်ဆိုရင် ကွမ်ဖူကို ထွက်သွားလို့ ရနေပါပြီ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ဟမ့်ခနဲ အသံပြုလိုက်ပြီး သူမ၏ခါးကို တစ်ချက် ဆွဲညှစ်လိုက်သည်။
ကျွမ်းရှုယွမ်မှာ ချက်ချင်းပင် တုန်လှုပ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။
သူမက အမြဲတမ်း အထက်စီးမှနေတတ်သော နတ်ဘုရားမတစ်ပါး ဖြစ်နေခဲ့ရာ ဤကဲ့သို့ ကစားခံရလိမ့်မည်ဟု မည်သို့ ထင်ထားမိမည်နည်း။
ပါးပြင်များက နီမြန်းနေပြီး ရှက်ရွံ့ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း ရင်တွင်း၌မူ မည်သို့ဖြစ်သည်မသိ ထူးဆန်းသော ကြည်နူးမှုတစ်ခုကို ခံစားနေရလေသည်။
လင်းယွမ်က သူမ၏ အတွေးများကို အရေးမစိုက်ဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ဒီကိစ္စကို စစ်ဆေးရေးဌာနက သေချာပေါက် ဆက်လက် လုပ်ဆောင်ရမယ်... ကွမ်ဖူဘက်က သတင်းအချက်အလက်တွေ... မြေပုံတွေနဲ့ အဖွဲ့အစည်းတွေအကြောင်း ငါ အမြန်ဆုံး လိုချင်တယ်"
"ဒါ့အပြင် ကွမ်ဖူဘက်က အစွမ်းထက်တဲ့သူတွေ... ဂိုဏ်းကြီး သုံးဂိုဏ်းကပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် ငါ သက်ဆိုင်တဲ့ အချက်အလက်တွေကို လိုအပ်တယ်"
"ပြီးတော့... ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ ဝှက်ဖဲတွေကိုပါ စုံစမ်းနိုင်ရင် အကောင်းဆုံးပဲ... တပ်မှာ ဘယ်လို အစွမ်းပိုင်ရှင်နည်းပညာ အထောက်အကူတွေ ရှိသလဲဆိုတာကိုလည်း သတိထားစောင့်ကြည့်ရမယ်"
ကျွမ်းရှုယွမ်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "လင်းယွမ်... အဲ... ကိုလင်းယွမ်... ရှင် ဒါက ဘယ်နေရာလဲဆိုတာ မပြောရသေးဘူးနော်"
သူမ၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များ ပါဝင်နေသော်လည်း နောက်ဆုံးတွင်မူ လင်းယွမ်၏ နာမည်ကို တိုက်ရိုက်ခေါ်ဝေါ်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။
နှုတ်ဖျားသို့ ရောက်လာသော စကားလုံးက ကို ဟူသည့် လေးစားဖွယ် အခေါ်အဝေါ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
လင်းယွမ်က ကျွမ်းရှုယွမ်၏ စိတ်နေသဘောထားကို သဘာဝကျစွာပင် သိရှိထားသည်၊ သူမက အစွမ်းထက်သူများကို ကြည်ညိုလေးစားတတ်သည့် စရိုက်လက္ခဏာမျိုး ရှိပြီး အာဏာကို ပြင်းပြစွာ တပ်မက်သူ ဖြစ်သည်။
ထို့အပြင် သူမက လူတို့၏ စိတ်ကို နားလည်ပြီး လှည့်ကွက်များကိုပါ အသုံးပြုတတ်သေးသည်။
သူ၏ သည်းခံနိုင်စွမ်းကို အမြဲတမ်း စမ်းသပ်နေတတ်ပြီး သူ့အား တန်းတူရည်တူ စကားပြောဆိုနိုင်ရန် အချည်းနှီး ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်သာ ဤတစ်ကြိမ် အခေါ်အဝေါ် ပြောင်းလဲသွားခြင်း ဖြစ်လေသည်။
နှမြောစရာကောင်းသည်မှာ လင်းယွမ်က သူမ ဆန္ဒပြည့်ဝသွားစေရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ဤမိန်းမကို အလိုလိုက်ထား၍ မရပေ။
သူမရှေ့တွင် လုံးဝ ကြီးစိုးနိုင်စွမ်းနှင့် နက်နဲမှုကို ထိန်းသိမ်းထားနိုင်မှသာ သူမက သင့်အပေါ် ကြောက်ရွံ့လေးစားကာ ဒူးထောက် အညံ့ခံလာပေလိမ့်မည်။
လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ငါက ဟင်းလင်းပြင်အမျိုးအစား အစွမ်းပိုင်ရှင်ဆိုတာကို မင်း မသိဘူးလား"
"ဒီနေရာက ငါ ဖန်တီးထားတဲ့ ဟင်းလင်းပြင်ပဲ"
ကျွမ်းရှုယွမ်၏ လှပသော မျက်ဝန်းအစုံက ချက်ချင်းပင် အံ့သြချီးကျူးသွားသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
"ဘာ... ရှင်... ရှင် ဖန်တီးထားတဲ့ ဟင်းလင်းပြင် ဟုတ်လား"
သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရင်တွင်း၌ တုန်လှုပ်သွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီ ဟင်းလင်းပြင်က ဘယ်လောက်တောင် ကြီးတာလဲ... လူနေလို့ရလား"
"တကယ်လို့ လူနေလို့ရတယ်ဆိုရင်... ဒီထဲမှာပဲ အမြဲတမ်း ပုန်းနေလို့ရပြီပေါ့... အပြင်ဘက်က မုန်တိုင်းတွေ၊ ရေကြီးရေလျှံမှုတွေကို ဂရုစိုက်စရာ မလိုတော့ဘူး မဟုတ်လား"
လင်းယွမ်က ကြောင်အမ်းသွားခဲ့သည်၊ သူက ဤမေးခွန်းကို မတွေးမိခဲ့ပေ။
သို့သော် သူက ချက်ချင်းပင် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး... ဟင်းလင်းပြင်ကို ထိန်းသိမ်းဖို့ သန္ဓေပြောင်းစွမ်းအင် လိုအပ်တယ်"
လင်းယွမ်၏ လက်ရှိ ဤဟင်းလင်းပြင်က သွေးသလင်းကျောက်မှ ထုတ်ပေးသော စွမ်းအင်ကို မှီခိုနေရခြင်း ဖြစ်သည်။
ဟင်းလင်းပြင် ကြီးမားလေလေ ဟင်းလင်းပြင် လည်ပတ်မှုကို ထောက်ပံ့ပေးရန် စွမ်းအင် ပိုမို လိုအပ်လေလေ ဖြစ်သည်။
ပုံရိပ်ယောင်မြွေ သွေးသလင်းကျောက်၏ စွမ်းအင်က နှိုင်းယှဉ်ချက်အရ သန့်စင်သော အရည်အသွေးမြင့် စွမ်းအင်ဟု သတ်မှတ်၍ရပြီး ကုဗပေ တစ်သောင်းလေးထောင်ခန့်ရှိသော ဟင်းလင်းပြင်ကို ထိန်းသိမ်းရန်မှာ ပြဿနာ မရှိလှပေ။
တိတိကျကျ မည်မျှကြာအောင် ထိန်းသိမ်းထားနိုင်မည်ကိုတော့ လင်းယွမ် တွက်ချက်ကြည့်ရခြင်း မရှိသေးပေ။
စမ်းသပ်ရန် အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်နေသေးသည်။
"အပြင်ထွက်ကြစို့"
ကျွမ်းရှုယွမ်၏ မျက်လုံးများက လှုပ်ရှားသွားပြီး လင်းယွမ်အနီးသို့ ချဉ်းကပ်လာကာ သူ၏ လက်မောင်းကို ညင်သာစွာ ဆွဲကိုင်လိုက်ရင်း ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောလိုက်သည်။ "ရှင် တစ်ခါထွက်သွားရင် ရက်တော်တော်ကြာတာပဲ... ပြီးခဲ့တဲ့တစ်ခေါက် လင်းယွီကျွန်းကနေ ပြန်ရောက်လာတုန်းကလည်း ခြေမအား လက်မအား အလုပ်ရှုပ်နေတာ... ရှင် ကျွန်မကို မလွမ်းဘူးလား"
"ကျွန်မကို မလွမ်းရင်တောင်... သူတို့ကိုရော မလွမ်းဘူးလား"
သူမက ရင်ဘက်ကို ကော့လိုက်ကာ အဆင့်မြင့် ဆွဲဆောင်မှု အစွမ်းကို ထုတ်ဖော်ပြသလိုက်လေသည်။
လင်းယွမ်က မျက်ခုံးပင့်လိုက်မိပြီး ပြောလိုက်သည်။ "ဘာလဲ... မင်း မဝသေးဘူးလား"
ကျွမ်းရှုယွမ်၏ မျက်ဝန်းများထဲတွင် ရေကန်ငယ်တစ်ခုရှိနေသကဲ့သို့ လင်းယွမ်ကို နစ်မြုပ်သွားစေလိုဟန်ဖြင့် ပြောလိုက်သည်။ "ဟင့်အင်း... လိုသေးတယ်"
လင်းယွမ်က လုံးဝ အားနာမနေတော့ဘဲ လှည့်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်စံအိမ်၏ အိပ်ခန်းထဲတွင် ပုံရိပ်နှစ်ခု လေဟာပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ကျွမ်းရှုယွမ်က အမျိုးသမီး ဂါဝန်ရှည်တစ်ထည်ကို လဲလှယ်ဝတ်ဆင်ထားပြီး ခြေထောက်များက သိသိသာသာ ရပ်တည်ရန် ခက်ခဲနေကာ မျက်နှာကလည်း အနည်းငယ် ဖြူရော်နေလေသည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့် သနားကြင်နာမှုမျှ ပေါ်လွင်မနေခဲ့ပေ။
သူ့ကို ရန်စဝံ့သူများအပေါ် သူက ဘယ်သောအခါမျှ ညှာတာလေ့မရှိချေ။
"ဒီမှာ ခဏလောက် အနားယူနေလိုက်... ငါ အရင်သွားနှင့်ပြီ"
လင်းယွမ်က ဤစကားတစ်ခွန်းကိုသာ ချန်ထားခဲ့ပြီး သူ၏ပုံရိပ်က တစ်ချက် လက်ခနဲဖြစ်သွားကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ကျွမ်းရှုယွမ်က ချက်ချင်းပင် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ကုတင်ပေါ်သို့ ခွေခွေလေး ကျသွားတော့သည်။
သူမ၏ ဦးနှောက်က ထူပူနေပြီး ခွန်အားများ လွန်ကဲစွာ ကုန်ဆုံးသွားခဲ့ရသဖြင့် စိတ်ထဲတွင် တစ်စုံတစ်ရာကိုသာ ထပ်တလဲလဲ ရေရွတ်နေမိလေသည်။
"သူက ငါ့ကို ခဏလောက် အနားယူဖို့ ပြောသွားတယ်... သူ့ရင်ထဲမှာ ငါ ရှိနေတုန်းပဲ... ကျွမ်းရှုယွမ်... နင် ထိုက်ယန်တောင်ရဲ့ ပထမကတော် နေရာနဲ့ ပိုပြီး နီးစပ်သွားပြန်ပြီပဲ"
မကြာမီမှာပင် တိုးညင်းသော ဟောက်သံလေး ထွက်ပေါ်လာခဲ့ပြီး သူမက အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသဖြင့် အိပ်မောကျသွားတော့သည်။
အခြားသူများ ရိပ်မိသွားမည်ကို ရှောင်ရှားရန်အတွက် လင်းယွမ်က ခေါင်းဆောင်စံအိမ်မှ ထွက်ခွာရာတွင် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းကို တိုက်ရိုက် အသုံးပြုခဲ့သည်။
သူက ဟင်းလင်းပြင်လမ်းကြောင်းထဲမှ ပြန်လည် ထွက်ပေါ်လာချိန်တွင် အိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တံခါးထဲသို့ ဝင်ဝင်ချင်းမှာပင် ငွေခေါင်းလောင်းလေးများကဲ့သို့ ကြည်လင်သော ရယ်သံများကို ကြားလိုက်ရသည်။
ထိုအသံမှာ တုံယန်၏ ရယ်သံပင် ဖြစ်သည်။
လင်းယွမ်က အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ တုံယန်၊ ဆုန့်ဝမ်၊ ရန်မေ တို့အားလုံး ရှိနေကြပြီး အလယ်တွင် ဝိုင်းရံခံထားရသူမှာ စောစောစီးစီး ပြန်ရောက်နေသော တင်းယန်ပင် ဖြစ်သည်။
"ဘာတွေ ပြောနေကြတာလဲ... ဒီလောက်တောင် ပျော်နေကြတာ" လင်းယွမ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
အမျိုးသမီးများအားလုံးက ချက်ချင်း လှည့်ကြည့်လာကြပြီး လင်းယွမ်ကို မြင်သောအခါ အားလုံး၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်သွားခဲ့သည်။
"အစ်ကိုလင်း... ပြန်ရောက်လာပြီပဲ"
"မောင်လေး... ဘယ်တုန်းက ပြန်ရောက်တာလဲ"
"အစ်ကိုလင်းယွမ်... မြန်မြန်လာပါဦး... အစ်မတင်းယန် မျိုးရိုးဗီဇမျိုးစေ့ အဆင့်တက်သွားပြီ"
တုံယန်က အသွက်လက်ဆုံး ဖြစ်သဖြင့် ချက်ချင်းပင် လှမ်းအော်ပြောလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ ရုတ်တရက် ကြောင်အမ်းသွားခဲ့ပြီး တင်းယန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်လေသည်။
ထိုအခါမှ တင်းယန်၏ ကိုယ်ဟန်အမူအရာက တကယ်ကို ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေကြောင်း သတိပြုမိလိုက်တော့သည်။
ဆက်ရန်...
***