တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်စုကို တရားဟောကြားနေသော မသေမျိုးကြီးသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာတွင် တည်ကြည်လေးနက်မှုများ ဖုံးလွှမ်းသွားပြီး တရားဟောပြောမှုကိုလည်း ရပ်တန့်လိုက်တော့သည်။
ဝတ်ရုံဖြူဝတ် အဘိုးအိုအချို့ ဟင်းလင်းပြင်ကို ခွဲထွက်ကာ ကျူလုံလှေကြီးရှေ့သို့ ရောက်ရှိလာကြတော့မှသာ လူတိုင်းမှာ သက်ပြင်းချနိုင်ကြတော့သည်။
ထိုသူများသည် ဝတ်ရုံဖြူအရာရှိများထဲမှ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြပြီး အဆင့် ၄ မသေမျိုး နှစ်ဦးနှင့် အဆင့် ၅ မသေမျိုး တစ်ဦးတို့ ပါဝင်သည်။
ဤသို့ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသော မသေမျိုးလှေ၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေ၊ ထိုကျွမ်းကျင်သူသုံးဦးရှေ့တွင်တော့ ရမ်းကား၍ ရနိုင်မည်မဟုတ်ပေ။
ထိုအဆင့် ၅ မသေမျိုး ဝတ်ရုံဖြူအရာရှိသည် ရှေ့မှ ကျူလုံလှေကို ကြည့်ရင်း တစ်စုံတစ်ခုကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် အသေအချာ ပြန်လည်စဉ်းစားကြည့်ပြီးနောက် မျက်နှာတွင် ချက်ချင်းပင် အံ့သြတုန်လှုပ်မှုများ ထင်ဟပ်သွားကာ အလျင်အမြန် လက်အုပ်ချီ နှုတ်ဆက်လိုက်တော့သည်။
"ဒါက ကျွယ်မင်နတ်နန်း က မိတ်ဆွေများ ကိုယ်တိုင် ကြွရောက်လာတာလားခင်ဗျာ"
ကျွယ်မင်နတ်နန်း
လူအများအပြားမှာ ဝေခွဲမရဖြစ်ကာ ကြောင်အမ်းသွားကြသည်။
ကျွေ့ယွမ်ကြယ်ရှိ ကျင့်ကြံသူ အတော်များများမှာ ထိုနေရာမှ တစ်ခါမျှ မထွက်ခွာဖူးကြသဖြင့် သတင်းအချက်အလက် ရရှိမှုမှာ အလွန်ပင် ကျဉ်းမြောင်းလှသည်။
ပြင်ပလောက၏ အခြေအနေ အတော်များများကို သူတို့ ဘာမှမသိကြချေ။
"မှန်ပါတယ်... ငါတို့ရဲ့ အမာခံတပည့်က တာ့ရှန့်နိုင်ငံရဲ့ တတိယမြောက် ဘိုးဘေးကြီး နဲ့ တွေ့ချင်လို့ပါ"
ကျိကန်းသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ အဆင့် ၆ မသေမျိုး အရှိန်အဝါမှာ ခဏမျှ ထွက်ပေါ်လာပြီး ပြန်လည်ငုပ်လျှိုးသွားသည်။
အဆင့် ၆ မသေမျိုး
၎င်းမှာ အသက်စွမ်းအားပြင်းထန်စွာ ရှိနေသေးသည့် အချိန်ပင်
အဆင့် ၅ ဝတ်ရုံဖြူအရာရှိသည် ရင်ထဲမှ အံ့သြမှုကို ဖိနှိပ်လိုက်ပြီး အလွန်ပင် ရိုသေကိုင်းညွတ်စွာဖြင့် ဆိုသည်။
"အားလုံးပဲ... ကြွပါခင်ဗျာ"
ကျူလုံလှေသည် ဝတ်ရုံဖြူအရာရှိ သုံးဦး၏ လမ်းပြမှုဖြင့် တာ့ရှန့်နိုင်ငံ၏ အဓိက အကျဆုံးသော အချက်အချာနေရာသို့ ပျံသန်းသွားတော့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်တက်နေကြရသည်။
ထိုအထဲမှ ဝတ်ရုံဖြူအရာရှိ တစ်ဦးသည် အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်ရာ ဖန့်ချန်၏ မျက်နှာတစ်ခြမ်းကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
မကြာသေးမီက လမ်းမပေါ်တွင် ထိုလူကို သူ မြင်ဖူးသလိုရှိသည်။
ထိုစဉ်က ဤလူသည် ထိုနေရာမှ ကျင့်ကြံသူအသေးအဖွဲလေး တစ်ဦးနှင့် ပြဿနာ အနည်းငယ် တက်ခဲ့သေးသည် မဟုတ်ပါလား။
မြို့တော်အတွင်းရှိ ကျင့်ကြံသူများနှင့် အရပ်သားများအားလုံး ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။
ဖန့်ရှောက်ထျန်းနှင့် ဖန့်ရှောက်ပန်း မောင်နှမနှစ်ဦးမှာလည်း ယခုအချိန်တွင် လမ်းမပေါ်၌ ရပ်နေရင်း ကောင်းကင်သို့ မော့ကြည့်နေကြသည်။
"အစ်ကို... ဒီလှေကြီးက တော်တော်ကြီးတာပဲနော်"
ဖန့်ရှောက်ပန်းက အားကျမဆုံး ရေရွတ်လိုက်သည်။
"ဒါ အတော်လေး အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာတာ ဖြစ်ရမယ်။ ဒီဝတ်ရုံဖြူ အရာရှိမင်းတွေတောင် ဒီလောက် ဂရုတစိုက်နဲ့ ကြိုဆိုနေရတာဆိုတော့ နောက်ခံက သေချာပေါက် မသေးဘူး"
ဖန့်ရှောက်ထျန်းက လေးနက်စွာ ပြောလိုက်သည်။
ထိုစဉ်မှာပင် မသေမျိုးလှေပေါ်မှ ခေါင်းတစ်လုံး ပြူထွက်လာပြီး သူ့ကို ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
ဖန့်ရှောက်ထျန်းမှာ ကြောင်အမ်းသွားပြီး သူ သတိပြန်ဝင်လာချိန်တွင် လှေကြီးမှာ သူ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ဒါ... အစ်ကိုကြီးလား "
ဖန့်ရှောက်ထျန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။
ထို့နောက် ဖန့်ချန်၏ စောစောက စွမ်းဆောင်ချက်များကို ပြန်လည်စဉ်းစားမိမှ တဖြည်းဖြည်း နားလည်သွားတော့သည်။
သူ့အစ်ကိုကြီးက တကယ့်ကို ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ
တာ့ရှန့်နိုင်ငံရဲ့ ဝတ်ရုံဖြူအရာရှိမင်းတွေတောင် ရိုရိုသေသေ ဆက်ဆံရတဲ့ ပုဂ္ဂိုလ်ကြီး
"ရှောက်ပန်း... မင်း ဗိုက်ဆာပြီလား၊ ငါတို့ ရန်ချွန်းခေါက်ဆွဲ သွားစားကြမလား"
"ကောင်းတာပေါ့၊ ကောင်းတာပေါ့"
ရွှေရောင်ဝင်းပနေသော ခမ်းနားထည်ဝါသည့် နန်းတော်မဟာအတွင်း၌ ဖန့်ချန်တို့အား ကြာရှည်စွာ စောင့်ဆိုင်းမခိုင်းဘဲ အဘိုးအိုတစ်ဦးသည် လူအုပ်ကြီးကို ခေါ်ဆောင်ကာ နန်းတော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာသည်။
ထိုအဘိုးအိုမှာ အဆင့် ၆ မသေမျိုး တစ်ဦးဖြစ်ပြီး သူ၏ ဘေးပတ်လည်နှင့် နောက်ကွယ်တွင် ရှိနေသူများမှာ အဆင့် ၅၊ အဆင့် ၄ မသေမျိုးများ ဖြစ်ကြသည်။
မသေမျိုးအရှင် အဆင့်မှလွဲ၍ ကျန်သူများမှာ ဤနန်းတော်အတွင်းသို့ ဝင်ရောက်ခွင့် မရှိပုံရသည်။
အဘိုးအို၏ အကြည့်မှာ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့အပေါ် ကျရောက်သွားပြီးနောက် အနည်းငယ် ခက်ခဲနေဟန် ပေါ်လာသည်။
ကျိကန်းက အခြေအနေကို ရိပ်မိသဖြင့် ပြုံးလျက် ရှေ့သို့ တက်လိုက်သည်။
"ကျွယ်မင်နန်းတော်က ကျိကန်းပါ၊ မိတ်ဆွေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
"တာ့ရှန့်နိုင်ငံက စိန့်နင် ပါ၊ မိတ်ဆွေ ကျိကန်းကို တွေ့ရတာ ဝမ်းသာပါတယ်"
အဘိုးအိုက အလျင်အမြန် ပြန်လည် အလေးပြုလိုက်သည်။
ထို စိန့်နင်မှာ ဖန့်ချန် ယနေ့တွေ့ဆုံရန် ရည်ရွယ်ထားသည့် ပစ်မှတ်ပုဂ္ဂိုလ်ဖြစ်ပြီး နဂါးသည်းခြေ မှာ သူ၏ ကိုယ်ပေါ်တွင် ရှိနေသည်။
တစ်ချိန်တည်းမှာပင် သူသည် တာ့ရှန့်နိုင်ငံ၏ တတိယမြောက် ဘိုးဘေးကြီးဖြစ်ကာ အဆင့် ၆ မသေမျိုး သုံးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။
"ဒါကတော့ ငါတို့ ကျွယ်မင်နန်းတော်ရဲ့ ဖန့်အမာခံ ပါ၊ ဒါကတော့ ဟုန်အမာခံ ပါ"
ကျိကန်းက ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို စိန့်နင်အား မိတ်ဆက်ပေးလိုက်သည်။
စိန့်နင်နှင့်တကွ ရောက်ရှိနေသော မသေမျိုးအရှင်များမှာ ချက်ချင်းပင် ရိုသေလေးစားသော အမူအရာများဖြင့် ရှေ့သို့တိုးကာ နှုတ်ဆက်ကြတော့သည်။
သူတို့အားလုံးမှာ လောကအတွေ့အကြုံရှိသူများဖြစ်သဖြင့် ကျွယ်မင်နန်းတော်ဆိုသည်မှာ မည်မျှအထိ ကြီးမားလှသော အဖွဲ့အစည်းကြီးဖြစ်ကြောင်း သိကြသည်။
အထူးသဖြင့် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်များ ရှိသည်ကိုလည်း သူတို့ ကောင်းကောင်းသိထားကြသည်။
ရှေးဟောင်းမသေမျိုး တစ်ပိုင်းအဆင့်ရှိသူများတောင် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များကို လျှော့မတွက်ရဲကြချေ။
ထိုအထဲတွင် ရှေးဟောင်းမသေမျိုးများကိုပင် သတ်ဖြတ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများ ပါဝင်နေသည်။
ကျွေ့ယွမ်ကြယ်ကဲ့သို့ အင်အားစုမျိုးမှာ ကျွယ်မင်နန်းတော် အတွက်ဆိုလျှင် နှုတ်ထွက်စကားတစ်ခွန်းဖြင့်ပင် အမှုန့်ခြေပစ်နိုင်သဖြင့် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
စိန့်နင်၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေပြီး သူက အစပျိုးကာ မေးလိုက်သည်။
"အမာခံတပည့်ကြီး နှစ်ဦးက ဒီနေ့ ဒီကို ဘာကိစ္စများ ရှိလို့ ကြွရောက်လာတာလဲဆိုတာ သိပါရစေ"
ထိုစဉ်မှာပင် အဆင့် ၅ ဝတ်ရုံဖြူအရာရှိသည် သတင်းစကား တစ်ခုခု ရရှိလိုက်ပုံရပြီး မျက်နှာမှာ ချက်ချင်းပင် ပျက်သွားကာ စိန့်နင်အား စိတ်ချင်းဆက်၍ အလျင်အမြန် အစီရင်ခံလိုက်သည်။
စိန့်နင်မှာ ထိုစကားကြောင့် အသက်ရှူမှားသွားပြီး တိုးတိုးလေး မေးလိုက်သည်။
"မြို့တော်ထဲမှာ တစ်စုံတစ်ယောက်က အရှင်တို့ကို စော်ကားမိတာလားခင်ဗျာ ကျေးဇူးပြုပြီး စိတ်ချပါ... အခုပဲ အဲဒီလူကို ဖမ်းဆီးခေါ်ဆောင်လာပြီး အရိုးကို အမှုန့်ဖြစ်အောင် ဆုံးမပေးပါ့မယ် "
ကျိကန်းတို့မှာ အနည်းငယ် အံ့သြသွားကြသည်။
သူတို့သည် ထိုစဉ်က ဖန့်ချန်အပေါ် အာရုံမစိုက်ထားသဖြင့် ဖန့်ချန် ဘာဖြစ်ခဲ့သည်ကို သူတို့ မသိကြချေ။
"အဲဒီကိစ္စ မဟုတ်ပါဘူး"
ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်သည်
"အဲဒီကိစ္စက အထင်လွဲတာပါ။ ကျနော် ဒီမှာ မျိုးဆက်သစ် ကလေးနှစ်ယောက်နဲ့ အမှတ်မထင် ဆုံလို့ သူတို့ကို မြင်ရတာ သဘောကျတာနဲ့ အကူအညီလေး နည်းနည်း ပေးခဲ့တာပါ"
"ဪ... ဒီလိုကိုး..."
စိန့်နင်သည် ရင်ထဲမှ သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး နဖူးပေါ်မှ ချွေးအေးများကို အလိုအလျောက် သုတ်လိုက်တော့သည်။
နန်းတော်အတွင်းရှိ ကျန်ရှိနေသောသူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားကြသည်။
သူတို့သည် ထိုတတိယမြောက် ဘိုးဘေးကြီး ဤမျှအထိ ထိတ်လန့်တုန်လှုပ်ပြီး ချွေးအေးများပင် ထွက်နေသည်ကို တစ်ခါမျှ မမြင်ဖူးကြချေ။
"စိန့်နင် စီနီယာ... ကျနော် ဒီနေ့..."
"မခေါ်ပါနဲ့... မခေါ်ပါနဲ့ခင်ဗျာ။ ဖန့်အမာခံရဲ့ ရှေ့မှာ ကျနော့်ကိုယ်ကျနော် စီနီယာလို့ မခေါ်ဝံ့ပါဘူး။ ဖန့်အမာခံကသာ ကျနော့်ကို အဖတ်လုပ်မယ်ဆိုရင် ရှောင်စိန့် (စိန့်လေး) လို့ပဲ ခေါ်ပါ၊ ဒါမှမဟုတ် ရှောင်နင် လို့ ခေါ်ရင်လည်း ရပါတယ်"
စိန့်နင်က လက်ကာ၍ ပျာပျာသလဲ ငြင်းဆိုတော့သည်။
ကျိကန်းနှင့် အကြီးအကဲချင်တို့မှာမူ ထိုကဲ့သို့သော မြင်ကွင်းများကို မြင်တွေ့နေကျ ဖြစ်ဟန်တူသဖြင့် ထူးထူးခြားခြား မဖြစ်ကြသလို၊ စိန့်နင်ကိုလည်း နှိမ်ကြည့်ခြင်း မရှိကြချေ။
"အင်း... ဒါဆိုရင် အဘိုးစိန့် လို့ပဲ ခေါ်မယ်လေ "
ဖန့်ချန်က ဆိုသည်။
"ရပါတယ်... ရပါတယ်"
စိန့်နင်မှာ အံ့သြဝမ်းသာသွားပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်တော့သည်။
"ဒီလိုပါ... ကျနော် သိရသလောက်ဆိုရင် အဘိုးစိန့်ရဲ့ လက်ထဲမှာ နဂါးသည်းခြေ တစ်ခု ရှိနေတယ် မဟုတ်လား ကျနော်က အဲဒါကို မသေမျိုးကျောက်တုံး ပေးပြီး ဝယ်ချင်လို့ပါ"
အကြီးအကဲချင်မှာ အနည်းငယ် အံ့သြသွားမိသည်။
သူ ဤပစ္စည်းကို မှတ်မိသည်။
ထိုစဉ်က ဖန့်အမာခံသည် ဂုဏ်ထူးဆောင် ထဲတွင် ထိုအကြောင်းကို စုံစမ်းခဲ့သေးသည်။
ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် နဂါးသည်းခြေ၏ တည်နေရာကို ရှာဖွေနိုင်ခဲ့သဖြင့် အမာခံတပည့်၏ စွမ်းဆောင်ရည်အပေါ် အလွန်ပင် ချီးကျူးမိသွားသည်။
"နဂါးသည်းခြေ "
စိန့်နင်သည် ခေတ္တမျှ ကြောင်သွားပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ သိုလှောင်အိတ် အတွင်း၌ အသည်းအသန် ရှာဖွေတော့သည်။
နောက်ဆုံး၌ မည်းနက်နေသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းသည် ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်း မဟုတ်ဘဲ တစ်ကိုယ်လုံးမှ စိတ်ကို ကြည်လင်လန်းဆန်းစေသော သင်းပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်နေသည်။
"ဖန့်အမာခံ ပြောတာက ဒီပစ္စည်းလားခင်ဗျာ "
စိန့်နင်က တိုးတိုးလေး မေးလိုက်သည်။
"အတိအကျပါပဲ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
မှန်လေး ပြသခဲ့သော ပုံရိပ်နှင့် တစ်ပုံစံတည်း တူညီနေသဖြင့် ဤအရာမှာ နဂါးသည်းခြေ အစစ်အမှန်ပင် ဖြစ်သည်။
"ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေရဲ့ စွမ်းရည်က တကယ့်ကို နတ်ဘုရားတွေလိုပဲ။ ကျနော်ကိုယ်တိုင်တောင် ဒီပစ္စည်းက ဘာအတွက် သုံးရမှန်းမသိလို့ မေ့တောင်မေ့နေတာကို၊ သူက ကျနော့်လက်ထဲမှာ ရှိနေမှန်းကို သိနေတာပဲ..."
စိန့်နင်၏ စိတ်ထဲတွင် ရိုသောမှုများ ပြည့်နှက်သွားပြီး ထိုပစ္စည်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
"ဖန့်အမာခံ... ကျေးဇူးပြုပြီး လက်ခံပေးပါ။ ဒီပစ္စည်းက ကျနော့်လက်ထဲမှာဆိုရင် တစ်ပြားမှ တန်ဖိုးမရှိပါဘူး။ တကယ်လို့ ဖန့်အမာခံရဲ့ လက်ထဲမှာ အသုံးဝင်မယ်ဆိုရင် ဒါဟာ သူ့ရဲ့ မသေမျိုး ရေစက် ပါပဲ"
နဂါးသည်းခြေ တစ်ခုက မသေမျိုး ရေစက် ရတယ်ပေါ့လေ။
စိန့်နင်၏ နောက်ကွယ်ရှိ မသေမျိုးအရှင်များမှာ တစ်စုံတစ်ခုကို တွေးတောမိသွားကြသည်။
ဪ... ဖားရတာ (မြှောက်ပင့်ရတာ) ဒီလိုပါလား။
သူတို့ နားလည်သွားကြပြီ။
"အဘိုးစိန့်... စျေးနှုန်းတစ်ခုတော့ ပြောပါဦး"
ဖန့်ချန်သည် နဂါးသည်းခြေကို လက်ခံလိုက်ပြီးနောက် ပြုံး၍ ဆိုသည်။
စိန့်နင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သွားကိုတင်းတင်းစေ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျနော်လည်း အမှန်အတိုင်း ပြောရရင် ဒါက ဘာအတွက် သုံးရမှန်း မသိပါဘူး။ ဒါပေမဲ့ ဖန့်အမာခံ လိုအပ်တဲ့ ပစ္စည်းဆိုရင်တော့ သေချာပေါက် သာမန်ပစ္စည်း မဟုတ်နိုင်ဘူး။ ဒါကြောင့်... မသေမျိုးကျောက်တုံး တစ်ရာ ဆိုရင် ဘယ်လိုလဲခင်ဗျာ"
မသေမျိုးကျောက်တုံး တစ်ရာဆိုသည်မှာ စျေးနှုန်း မနည်းလှချေ။
လူအများက ဖန့်ချန် စိတ်ဆိုးလိမ့်မည်ဟု ထင်ထားကြကာ၊ ဘိုးဘေးကြီးက ဘာကြောင့် ရုတ်တရက်ကြီး စျေးပြောင်းလဲတောင်းဆိုရသနည်းဟုလည်း သံသယဝင်မိကြသည်။
သို့သော်လည်း သူတို့ မထင်မှတ်ထားဘဲ ဖန့်ချန်၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြသည်။
"ကောင်းပြီ... မသေမျိုးကျောက်တုံး တစ်ရာပဲ၊ အရောင်းအဝယ် တည့်ပြီ"
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းသွားကြတော့သည်။
***