အဘိုးယွမ်u ပြုံးလျက် လျှောက်လာကာ “ဆရာကြီး” ဟု ခေါ်လိုက်သည်။
ချူဟောင်က အဘိုးယွမ် ကို ကြည့်ပြီး
“အဘိုးကြီး၊ ခင်ဗျား တော်တော် ချမ်းသာတာပဲ၊ ကျုပ် သတိတောင် မထားမိဘူး” ဟု ပြောလိုက်သည်။
အဘိုးယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြန်ပြောလိုက်သည်။
“ဆရာကြီးက နောက်နေပြန်ပါပြီ။ အဲဒါ ပိုက်ဆံ မဆိုသလောက်လေးပါ”
ယခုကဲ့သို့ ပိုက်ဆံများကို အသုံးပြုရခြင်း၏ အကြောင်းရင်းက ချူဟောင်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်သည့်အတွက်ဖြစ်သည်။ ထို့အပြင် ထိုပစ္စည်းများသည် ဤမျှတန်ဖိုးရှိမည်ဟု သူယုံကြည်ထားလေသည်။
ချမ်းသာသည့် စီးပွားရေးသမား အများအပြားလည်း လျှောက်လာပြီး ယဉ်ကျေးစွာ နှုတ်ဆက်ကာ ချူဟောင်ကို စပ်စုချင်စိတ်ဖြင့် အကဲခတ်နေကြသည်။
အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက်က လျှောက်လာပြီး ပြုံးလျက်မေးလိုက်၏။
“ဆရာလေး … ဆရာလေးဆီမှာ တခြား မှော်လက်နက် တွေများ ရှိသေးလား။ ကျွန်တော် နည်းနည်းလောက် ဝယ်ချင်လို့ပါ”
ချူဟောင်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ
“မရှိဘူး” ဟု ပြန်ဖြေလိုက်သည်။
‘ဒီဆရာကြီးဆီမှာ အခု ယွမ် သန်း ၁၆၀ တောင် ရှိနေပြီလေ ခင်ဗျားရဲ့ အကြွေစေ့လေးတွေကို ဂရုစိုက်နေမယ် ထင်နေလား’
စီးပွားရေးသမားက နေရခက်သွားပြီး အနည်းငယ် စိတ်တိုသွားကာ ‘သူက ဘာကို လာကြီးကျယ်ပြနေတာလဲ။ သူကိုယ်သူ တော်တော်ဟုတ်နေတယ်လို့ ထင်နေတာလား’ ဟု တွေးလိုက်မိသည်။
ထိုအချိန်တွင် ဆရာကြီး လုံယွမ် က လျှောက်လာပြီး မေးလိုက်သည်။
“ဆရာကြီး … ခေါင်းတလားတွေ ရှိသေးလား”
စီးပွားရေးသမားက လန့်သွားသည်။ ဒီ လူအိုကြီးလုံယွမ် က ချူဟောင်ကို 'ဆရာကြီး' လို့ ခေါ်လိုက်တာလား … သူ အကြားအာရုံ မှားနေတာများလား …
ချူဟောင်က သူ့ကို မျက်လုံးမှေးကြည့်ပြီး မေးလိုက်သည်။
“ခင်ဗျားအတွက် ဝယ်ချင်လို့လား”
အဲဒါက တော်တော်လေး အဆင်ပြေမနေချေ … မသေသေးတဲ့သူ တစ်ယောက်က သူ့အတွက် ခေါင်းတလား ဝယ်ချင်နေသည်လော။ သို့သော် လုံယွမ် က အနည်းငယ် ရှက်ဟန်ပြကာ ခေါင်းညိတ်ပြလိုက်သည်။
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ
“ရှိတယ်၊ ဒါပေမဲ့ ခဏစောင့်ဦး။ တစ်နေ့နေ့ ငါ စိတ်ကြည်နေတဲ့ အချိန်ကျရင် ပိုက်ဆံယူပြီး ငါ့ကို လာရှာလှည့်”
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
စီးပွားရေးသမားလည်း အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ သူတစ်ယောက်တည်းကသာ ငြင်းပယ်ခံရသူ မဟုတ်ဘူးပေ။ ဆရာကြီး လုံယွမ် လို လူမျိုးပင်လျှင် ငြင်းပယ်ခံရသေးသည် မဟုတ်လား … ။
လုံယွမ် တစ်ယောက် ကူကယ်ရာမဲ့သွားသည်။ သူ့ရဲ့ လူမှုရေး အဆင့်အတန်းက အရမ်း မြင့်မားပြီး သူ့ကို ထိုကဲ့သို့ ပြန်ပြောရဲသူ အင်မတန်နည်းပါးလှသည်။
သို့သော် သူက "အခု ပေးစမ်း၊ ငါ မင်းကို ပိုက်ဆံနဲ့ ပေါက်လိုက်မယ်" ဟု မပြောရဲချေ။
အဘိုးယွမ် က ထပ်ပြောလိုက်သည်။
“ဆရာကြီး၊ ကျွန်တော်က ဆရာကြီးကို အမြွှာတာဝါ အဆောက်အဦးဆီ လာလည်ဖို့ ဖိတ်ချင်ပါတယ်။ အချိန် အကြာကြီး မယူပါဘူး”
ချူဟောင် တစ်ချက်စဉ်းစားလိုက်သည်။ တစ်ဖက်လူက ခေါင်းတလားအတွက် အင်မတန်မြင့်မားသည့်စျေးကို ပေးထားလေသည်။ ထို့ကြောင့် မသွားပါက လုံးဝ မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မည်ဖြစ်သည်။
ဒါပေမဲ့ သူက မုယွီဖေး ကို ညစာကျွေးမယ်လို့ ကတိပေးထားပြီးသားဖြစ်နေ၏။ နှစ်ယောက်တည်း ညစာစားရမည်ဆိုသည့် အတွေးက သူ့ကို အင်မတန် စိတ်လှုပ်ရှားစေသည်။
‘ဒီအဘိုးကြီးနဲ့ လိုက်သွားလို့ ဘာထူးမှာလဲ …’
“အင်း နောက်နေ့မှပေါ့။ ဒီနေ့ ကျွန်တော် အလုပ်လေး ရှိလို့” ဟု ချူဟောင်က ပြောလိုက်သည်။
အဘိုးယွမ်လည်း စိတ်ပျက်သွားသည်။ သူက သူ့ရဲ့ လိပ်စာကတ်ပြားကို ပေးပြီး
“အချိန်ရရင် သေချာပေါက် လာခဲ့ပါ။ ဒါက ကျွန်တော့် လိပ်စာကတ်ပြားပါ” ဟု ပြောလိုက်သည်။
လိပ်စာကတ်ပြားကို သိမ်းလိုက်ရင်း ချူဟောင်က
“အိုကေ၊ ငါ အိမ်ပြန်တော့မယ်။ အားလုံးပဲ၊ လိုက်ပို့စရာ မလိုပါဘူး” ဟု ပြောလိုက်သည်။
သူက ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။ ချမ်းသာသော စီးပွားရေးသမားများရှိသည့် ဒီလိုပွဲမျိုးကို သူ တကယ် မကြိုက်ပေ။ အရင်တုန်းက သူတို့ အကုန်လုံး သူ့ကို အထင်သေးခဲ့ကြသည် မဟုတ်လား။
သူ ထွက်သွားပြီးနောက်တွင် အနီရောင် မာဆာရာတီ တစ်စီး သူ့ရှေ့မှာ လာရပ်သည်။ မုယွီဖေး က ပြုံးပြီး ပြောလာသည်။
“အာဟောင် … ကားပေါ်တက်”
ချူဟောင် ကားပေါ် တက်လိုက်သည်။ ဇိမ်ခံကားတွေက တကယ် သက်တောင့်သက်သာ ရှိလှသည်။ သူ ယာဉ်မောင်းလိုင်စင်ဖြေပြီး တစ်နေ့ကျရင် တစ်စီးလောက် ဝယ်သင့်သည်ဟု တွေးလိုက်မိသည်။
ထို့နောက် သူက “ငါတို့ ဘယ်သွားမလို့လဲ” ဟု မေးလိုက်သည်။
“မင်းကို သွားစားမလို့လေ”
‘သောက်ကျိုးနည်း …’
‘ဒီလောက်တောင် ရင်ခုန်ဖို့ ကောင်းနေဖို့ လိုလို့လား … အစ်မက ကျွန်တော့်ကို စားချင်တာလား’
ချူဟောင်က အနည်းငယ် ရှက်သွားပြီး ပြောလိုက်သည်။
“အစ်မ ယွီဖေး၊ ကျွန်တော်က အစ်မဆို ယင်မတောင် မသန်းဖူးသေးဘူးနော်။ နည်းနည်းလောက် ညင်ညင်သာသာ လုပ်ပေးလို့ ရမလား”
မုယွီဖေး က သူ့ကို မျက်စောင်းထိုးကာ ရဲတွတ်နေသည့်မျက်နှာဖြင့် မေးလိုက်သည်။
“မင်း ဘာတွေ တွက်နေတာလဲ … မင်းက ပိုက်ဆံတွေ အများကြီး ရထားတာ၊ အစ်မကို ထမင်းတစ်နပ် မကျွေးချင်ဘူးလား”
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ သူဌေးကြီး တစ်ယောက်ရဲ့ အရှိန်အဝါ အပြည့်ဖြင့်
“ပြဿနာ မရှိဘူး၊ အစ်မ စားချင်တာ အကုန်စား” ဟု ပြောလိုက်သည်။
ထိုအချိန်မှာပဲ သူ့ဖုန်း မြည်လာသည်။ မုယွီရွှန် ဆီက ဖုန်းဖြစ်၏။
မုယွီရွှန် က အနည်းငယ် ဒေါသထွက်နေသည့် လေသံဖြင့် မေးလာသည်။
“ချူဟောင်၊ နင် ဘယ်ရောက်သွားတာလဲ”
မုယွီရွှန် က ချူဟောင်ကို မျက်ခြည်ပြတ်သွားသည့်အတွက် လိုက်ရှာနေခြင်းဖြစ်သည်။ ထို့အပြင် သူမအစ်မလည်း ပျောက်သွားသည် မဟုတ်လား။ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သူမ ခန့်မှန်းမိလေသည်။
ချူဟောင် မကျေမနပ် ဖြစ်သွားပြီး ေ
“ကျောင်းရဲ့ အလှပဂေးကြီး … နင်က ငါ့ကို ဘာလို့ လိုက်စစ်ဆေးနေတာလဲ။ ငါ အိမ်ပြန်ပြီး အိပ်လို့ မရဘူးလား”
ဖုန်းတစ်ဖက်စွန်းက မုယွီရွှန် ၏ ရှူးရှူးရှားရှားဖြစ်နေသည့် လေသံက အနည်းငယ်ဖျော့တော့သွားကာ
“အိုကေလေ” ဟု ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ မုယွီဖေး ၏ ဖုန်းမြည်လာ၏။ မုယွီရွှန် ဆီက ဆိုတာ သိသာလွန်းလှသည်။
မုယွီရွှန်: “အစ်မ … အစ်မ ဘယ်မှာလဲ”
မုယွီဖေး: “ကုမ္ပဏီမှာ ကိစ္စလေး ပေါ်လာလို့၊ အစ်မ ပြန်သွားပြီ”
မုယွီရွှန်: “ဒါပေမဲ့ … ချူဟောင် အစ်မ ကားပေါ် တက်သွားတာကို ညီမလေး မြင်လိုက်တယ်”
မုယွီဖေး: “နင် အမြင်မှားတာ နေမှာပါ။ အစ်မ ထွက်လာတာ မိနစ်အနည်းငယ်လောက် စောတယ်၊ ကုမ္ပဏီကိုတောင် ရောက်တော့မယ်။ တခြား ကိစ္စ မရှိရင် ဖုန်းချလိုက်တော့မယ်”
‘သခင်မလေးက တကယ်ကို အံ့သြစရာ ကောင်းတာပဲ’
ချူဟောင် တံတွေးမျိုချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“အစ်မ ယွီဖေး၊ ငါတို့ ဘယ်မှာ သွားစားကြမလဲ … ငါတို့ နှစ်ယောက်တည်းလား”
“ရှီရှန်းကဲ စားသောက်ဆိုင် မှာလေ။ ငါတို့ နှစ်ယောက်တည်းဆိုရင် အရမ်း ပျင်းစရာ ကောင်းနေမှာမို့လို့ သူငယ်ချင်း တစ်ယောက်ကို ဖိတ်ထားတယ်”
မုယွီဖေး က ဖုန်းကို ကောက်ကိုင်ပြီး ဖုန်းဆက်ဖို့ ပြင်ရင်း ပြောလိုက်သည်။
ချူဟောင် အနည်းငယ် စိတ်ပျက်သွားသည်။
“ချင်းလျန်၊ နင် ဘယ်မှာလဲ … အင်း … ရှီရှန်းကဲ စားသောက်ဆိုင် ကို လာခဲ့လေ”
မုယွီဖေး က ဖုန်းချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“အာဟောင်၊ တကယ်တော့ အစ်မ မင်းကို အကူအညီ တောင်းချင်တာလေး ရှိလို့ပါ”
“ဘာများလဲ …”
ချူဟောင် မှုန်ကုပ်သွားလေသည်။
‘ဒါဆို အစ်မ ယွီဖေး က ငါ့ကို ထမင်းကျွေးတာက အကူအညီ တောင်းစရာ ရှိလို့ပေါ့လေ ...’
မုယွီဖေး က ဆက်ပြောလိုက်သည်။
“အစ်မ သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ အခုလေးတင် ဖုန်းဆက်လိုက်တဲ့ တစ်ယောက်လေ။ သူမက မသန့်ရှင်းတဲ့ အရာ တစ်ခုခုနဲ့ ပတ်သက်နေတယ်လို့ အစ်မ သံသယ ရှိလို့၊ မင်းကို ကူညီပြီး ကြည့်ပေးစေချင်တာ”
ချူဟောင် ဆက်ပြီး မှုန်ကုပ်နေကာ “အိုး …” ဟုသာ ရေရွတ်လိုက်သည်။
မုယွီဖေး က “ဘာလို့ မပျော်တာလဲ” ဟု မေးလိုက်သည်။
“မဟုတ်ပါဘူး”
‘အဲဒါ သိသာနေတာပဲ မဟုတ်လား’
သူတို့ အတူတူ ဒီညကို ဖြတ်သန်းရမယ်လို့ သူ ထင်ထားခဲ့သည်။ အခုတော့ တတိယ လူ ရောက်လာလေပြီ။
မုယွီဖေး က တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကောင်စုတ်လေး … မင်းသာ အစ်မကို ကူညီပေးရင်၊ အစ်မဆီမှာ မင်းအတွက် ဆုလာဘ် ရှိတယ်”
ချူဟောင် တက်ကြွသွားပြီး စိတ်အားထက်သန်စွာဖြင့် မေးလာ၏။
“ဘာဆုလာဘ်လဲ”
မုယွီဖေး က ခန့်မှန်းရခက်သည့် ပုံစံဖြင့် ပြောလာသည်။
“အချိန်ကျရင် မင်း သိလာမှာပါ”
ချူဟောင်က သူ့ရင်ထဲမှာ ယားကျိကျိ ဖြစ်သွားပြီး အတင်းမေးတော့သည်။
“ကျွန်တော် အခု သိချင်တယ်၊ မဟုတ်ရင် မကူညီဘူး”
မုယွီဖေး ၏ မျက်နှာလေး ရဲတက်သွားသည်။ သူမက တကယ်ကို လှပလွန်း၏။ သူမ၏ အလှတရားက တိုင်းပြည်တစ်ခုကို ပျက်စီးစေနိုင်လောက်သည့် အလှတရားမျိုးဖြစ်သည်။
“မင်းသာ ကူညီပေးရင် အစ်မ မင်းကို နမ်းမယ်”
ချူဟောင်၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။
“အစ်မ ပြောတာနော် … မှတ်ထား”
“အင်း”
ရှီရှန်းကဲ စားသောက်ဆိုင် … အန်းလိမြို့ ၏ အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်သည်။ လူချမ်းသာ တစ်ယောက် အပြင်ထွက်စားပါက ဘယ်လိုအဆင့်အတန်းရှိသည့် အရာမျိုးကို သုံးဆောင်သလဲဆိုတာကို ချူဟောင် နောက်ဆုံးတော့ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီဖြစ်သည်။
မုယွီဖေး က ပြောလိုက်သည်။
“အာဟောင်၊ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုမယ်နော် … ဒီက အစားအသောက်တွေက အရမ်း ဈေးကြီးတယ်”
ချူဟောင်က သူ့ပိုက်ဆံအိတ်ကို ပုတ်ကာ
“ကျွန်တော့်မှာ ယွမ် သန်း ၁၀၀ ရှိတယ်” ဟု ပြောလိုက်သည်။
“ဟီးဟီး … အိုကေလေ”
သိပ်မကြာခင်မှာပဲ မုယွီဖေး ၏ သူငယ်ချင်း ရောက်လာသည်။ သူမတွင် ကျက်သရေရှိသည့် ခန္ဓာကိုယ် အချိုးအစားရှိပြီး မုယွီဖေးနှင့် ယှဉ်နိုင်၏။ သူမက နှာခေါင်းစည်း တပ်ထားသော်လည်း သူမရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက သူမရဲ့ အလှတရားကို လှစ်ဟပြသနေလေသည်။
အမျိုးသမီးက သူမရဲ့ နှာခေါင်းစည်းကို ချွတ်လိုက်သည့်အခါ ကျက်သရေရှိကာ လှပသော မျက်နှာလေး တစ်ခု ပေါ်လာတော့သည်။
ထို့အပြင် သူမရဲ့ ချောမွတ်ပြီး လုံးဝန်းတဲ့ ပခုံးတွေက သူမရဲ့ ကောက်ကြောင်းပေါ်သည့် ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေပြီး၊ သူမရဲ့ လက်မောင်းတွေက နုနယ်တဲ့ ကြာရိုးလေးတွေလို ဖြစ်နေကာ သူမရဲ့ ခါးလေးက ရေမြွေ တစ်ကောင်လို သေးသွယ်နေ၏။
အံ့သြစရာ အကောင်းဆုံးကတော့ သူမရဲ့ ရှည်လျားသည့် ခြေတံ နှစ်ဖက်ပင်။ အလင်းပြန်လောက်အောင် ဖြူဖွေးနေပြီး မျက်စိကျိန်းမတတ် လှပလွန်းခြင်းကြောင့် မြင်ရသူတိုင်းကို အာခြောက်သွားစေနိုင်သည်။
ဖြူဖွေးတယ်။
လုံးဝကို ဖြူဖွေးနေတာပဲ။ သူမက မြို့တွေ၊ နိုင်ငံတွေကို မှောက်လှန်ပစ်နိုင်လောက်တဲ့ အလှပဂေးကြီး တစ်ယောက် … ။
***