“ချင်းလျန်… နင် ရောက်လာပြီပဲ”
မုယွီဖေး က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ရီချင်းလျန် က ခေါင်းညိတ်ပြီးနောက် နူးညံ့စွာ ပြုံးကာ
“အစ်မ ယွီဖေး… မတွေ့ရတာ ကြာပြီနော်” ဟု ပြောလိုက်သည်။
ရီချင်းလျန် က အခန်းတွင်းသို့ ဝေ့ကြည့်လိုက်ရာ ချူဟောင်ကို တွေ့လိုက်ရသည်။ သူက သူမနဲ့ ရွယ်တူလောက် ဖြစ်ပြီး ရုပ်ရည်ကလည်း အတော်လေး ကြည့်ကောင်းလေသည်။ ချူဟောင်က သူမကို မှင်တက်နေသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရပြီး ထိုကဲ့သို့သော အကြည့်မျိုးကို သူမက အရမ်း ရိုးအီနေပြီဖြစ်သည်။
‘သခင်မလေး ရဲ့ သူငယ်ချင်းက တကယ်ပဲ နာမည်ကြီး မင်းသမီး ရီချင်းလျန် ဖြစ်နေတာလား’
ချူဟောင်က အနုပညာရှင်တွေရဲ့ ပရိသတ် တစ်ယောက် မဟုတ်ချေ။ ရိုးရိုးသားသား ပြောရမည်ဆိုပါက သူ့မှာ အားပေးဖို့အတွက် အချိန်နှင့် ပိုက်ဆံမရှိခြင်းကြောင့်ဖြစ်သည်။ သူ၏ အတန်းဖော် တော်တော်များများက ရီချင်းလျန် ကို အရမ်းအားပေးကြခြင်းကြောင့်သာ သူ သိနေခြင်းဖြစ်သည်။
ရီချင်းလျန်အကြောင်း ပြောရမည်ဆိုပါက သူမက အလှအပသာမက ဉာဏ်ပညာပါ ပြည့်စုံသူတစ်ဦးဖြစ်သည်။ သူမက ငယ်ငယ်လေးကတည်းက ကလေးသရုပ်ဆောင် ဖြစ်ခဲ့ပြီး နာမည်ကြီး ရုပ်ရှင်ကားများတွင် မရေမတွက်နိုင်အောင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
“မင်္ဂလာပါ …”
ယီချင်းလျန်သည် ချူဟောင်က သူမကို စိုက်ကြည့်နေသည်ကို အနှောင့်အယှက် မဖြစ်သည့်အပြင် အလွန်ပင် ယဉ်ကျေးပျူငှာသဖြင့် ဘေးလူကို စိတ်သက်သာရာရစေသည်။
ချူဟောင်က သူမ၏ နူးညံ့လှသော လက်ကလေးကို ဆုပ်ကိုင်နှုတ်ဆက်လိုက်ပြီး “မင်္ဂလာပါခင်ဗျ” ဟု ပြန်နှုတ်ဆက်လိုက်သည်။
ရီချင်းလျန် ၏ အသားအရေက အရမ်းကို ဖွေးအုနေပြီး နူးညံ့သည့် ကျောက်စိမ်းလေး တစ်ခုကဲ့သို့ပင်။ သူမက အသားအရေ ထိန်းသိမ်းရေး ကြော်ငြာတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးပြီး အလွန်တင့်တယ်လှပပေသည်။ ထို့နောက် သူတို့ သုံးဦး ထိုင်လိုက်ကြသည်။
မုယွီဖေး က မိတ်ဆက်ပေးလိုက်သည်။
“အာဟောင် က ငါ့သူငယ်ချင်းပါ။ ပြီးခဲ့တဲ့ အခေါက်က သူ ငါတို့ မိသားစုကို ကယ်ခဲ့တာလေ။ ချင်းလျန်… နင့်ရဲ့ ပြဿနာကို သူ့ကို ပြလိုက်ပါလား”
ရီချင်းလျန် က မုယွီဖေး ကို သေချာပေါက် ယုံကြည်ပုံရပြီး ခေါင်းညိတ်ကာ မေးလိုက်သည်။
“အေး … ဒီမှာ ပြရမှာလား”
“ဟုတ်တယ်”
ချူဟောင်က စိတ်ထဲကနေ ‘နာမည်ကြီး မင်းသမီး တစ်ယောက်နဲ့ အတူတူ ညစာစားရတယ် ဆိုတော့ ကျောင်းပြန်ရောက်ရင် ကြွားစရာတွေ အများကြီး ရပြီဟ’ ဟု တွေးလိုက်မိတယ်။
ထိုအချိန်မှာပဲ ရီချင်းလျန် က မတ်တပ်ရပ်ပြီး သူမရဲ့ အင်္ကျီကို စတင် ချွတ်တော့သည်။
‘ဟေ့ … ဟေ့ … ဘာတွေ လုပ်နေတာလဲ … ငါက အဲဒီလောက် လွယ်တဲ့ ယောကျ်ား မဟုတ်ဘူးနော်’
သူမက တကယ်ကြီး အင်္ကျီကို ပင့်တင်လိုက်သည်။
သူမ၏ သေးသွယ်တဲ့ ခါးလေးက တောက်ပပြီး လှပတဲ့ ကျောက်စိမ်းလေးလိုပင်။ အဆီပို တစ်စက်လေးတောင် မရှိဘဲ အဆုံးစွန်ထိ ပြီးပြည့်စုံနေလေသည်။
‘ဒါ … ဟ … သူက တကယ် ဘာလုပ်ချင်နေတာလဲ’
ချူဟောင်၏ သွေးများ ဆူပွက်လာသည်။ သို့သော် သူက
“နေဦး … ကျွန်တော်က သောက်ရမ်း ချောတယ် ဆိုပေမဲ့ ခင်ဗျားက ဒီလိုကြီး လုပ်ရင် ကျွန်တော်ကျန်တာတွေ အာမမခံနိုင်ဘူးနော်။ ကျွန်တော်တို့ နည်းနည်းလောက် သိုသိုသိပ်သိပ် လုပ်ပြီး သီးသန့် နေရာလေး တစ်ခုလောက် ရှာကြရအောင်”
ရီချင်းလျန် က သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ဒီကို ဘယ်သူမှ ဝင်မလာပါဘူး”
‘နာမည်ကြီး မင်းသမီးရယ် … ငါတို့ တွေးနေတာတွေက လွဲနေပြီ မဟုတ်လား’
‘ငါကများ အရမ်း ဖြူစင်နေလို့လား’
‘ဒါပေမဲ့ … တွေ့တွေ့ချင်း အင်္ကျီကို ပင့်တင်ပြရလောက်အောင် လိုလို့လား။ ဒီကနေ ထွက်သွားရင် လူတွေကို ငါ ဘယ်လို မျက်နှာပြရတော့မလဲ’
ထိုအချိန်တွင် မုယွီဖေး က တခစ်ခစ် ရယ်မောလိုက်ရာ သူတို့ နှစ်ယောက်လုံး သူမကို လှည့်ကြည့်လိုက်ကြသည်။
မုယွီဖေး က လျှာလေးထုတ်ပြကာ ချစ်စဖွယ်ပြောလိုက်သည်။
“ချင်းလျန်၊ ငါ တောင်းပန်ပါတယ်။ နင့်ရဲ့ အခြေအနေ အတိအကျကို သူ့ကို မပြောပြရသေးဘူး”
ရီချင်းလျန် ၏ မျက်နှာလေး ချက်ချင်း နီရဲသွားတော့သည်။ သူမက အသက် ၁၈ နှစ်ပဲ ရှိသေးသော်လည်း ငတုံးတော့ မဟုတ်ချေ။
မုယွီဖေး က ချူဟောင်ကို အခြေအနေ အကုန် ပြောပြပြီးပြီဟု သူမ ထင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အခန်းတွင်းသို့ ဝင်လာသည်နှင့် အင်္ကျီကို ပင့်တင်ပြဖို့ လုပ်လိုက်ခြင်းဖြစ်၏။
‘ဒါကြောင့်မို့လို့ ဒီကောင်လေးက အဲဒီလောက် အံ့သြနေတဲ့ မျက်နှာထား ဖြစ်နေတာကိုး … သူက ငါ့ကိုများ အဲဒီလို မိန်းမမျိုးလို့ ထင်သွားပြီလား’
‘ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်လဲ’
ချူဟောင်က အလျင်အမြန်ပင် မေးလိုက်သည်။
“အစ်မ ယွီဖေး၊ ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ”
မုယွီဖေး မှာ ရယ်လွန်းသဖြင့် မျက်ရည်များပင် ကျလုမတတ် ဖြစ်နေ၏။ သူမ တမင် သက်သက် လုပ်ထားခြင်းမှာ သိသာလှပေသည်။
ရီချင်းလျန် က ခြေဆောင့်ကာ ပြောလိုက်သည်။
“အစ်မ ယွီဖေး … အစ်မ … အစ်မက ဘာလို့ ဒီလို လုပ်ရတာလဲ။ အရမ်း ရှက်စရာ ကောင်းတာပဲ”
ဒီ နာမည်ကြီး မင်းသမီးလေးက ဒေါသထွက်နေရင်တောင် အင်မတန်လှပနေတုန်းဖြစ်သည်။ သူမ၏ အသားအရေက နူးညံ့လွန်းသဖြင့် ထိကိုင်ချင်စရာ ကောင်းသော်လည်း လက်တွေ့မှာတော့ မထိရက်လောက်အောင် ဖြစ်နေ၏။
မုယွီဖေး က ခဏလောက် ရယ်မောပြီးနောက် ပြန်ပြောလိုက်သည်။
“အိုကေ … အိုကေ … နင်တို့ နှစ်ယောက်ကို ငါ မစတော့ပါဘူး။ အာဟောင် … ကိစ္စက ဒီလို”
“ချင်းလျန် ရဲ့ ကျောကုန်းမှာ အရမ်း ထူးဆန်းတဲ့ အကွက်တစ်ခု ပေါ်နေလို့ … အဲဒါ ဘာဖြစ်နေတာလဲ ဆိုတာကို မင်းကို ကြည့်ခိုင်းချင်ရုံ သက်သက်ပါ”
‘ဒီသခင်မလေး က တော်တော်လေး ကောက်ကျစ်တာပဲ … ဒါပေမဲ့ ငါ သဘောကျတယ်’
ချူဟောင်က ချွေးအေးတွေကို သုတ်လိုက်ပြီး
“အစ်မ ကျွန်တော့်ကို သွေးပျက်လုမတတ်ဖြစ်အောင် လုပ်လိုက်တာပဲ။ တွေ့တွေ့ချင်း အင်္ကျီကို ပင့်တင်လိုက်တော့ ကျွန်တော် ထင်တာကဗျာ … ဟိုဒင်း ဟိုဟာ လုပ်ချင်တယ် လို့လေ”
ရီချင်းလျန် ၏ မျက်နှာလေး နီရဲသွားပုံကို ကြည့်ရသည်မှာ သူမ၏ ဖြူဖွေးသည့် အရေပြားလေးကနေ သွေးများ စိမ်းထွက်လာတော့မတတ်ပင်။ သူမ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက် အနေခက်တာမျိုး တစ်ခါမှ မကြုံဖူးချေ။
“အင်္ကျီပင့်လိုက်။ ကျွန်တော် ကြည့်ပေးမယ်”
ချူဟောင်က လေးနက်စွာဖြင့် ပြောလိုက်သည်။
ရီချင်းလျန် ၏ မျက်နှာလေးက နီရဲနေပြီး အသားအရေက နှင်းလို ဖြူဖွေးနေကာ၊ ပထမဆုံး အကြိမ် အနေဖြင့် လုံးဝကို အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။
သူမက မျက်လုံးတွေကို မှိတ်ပြီး အင်္ကျီကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်သည်။ တကယ်ပင် …
သူမ၏ ကျောပြင်တွင် မှေးမှိန်နေသည့် အကွက်တစ်ခု ရှိနေ၏။
အဲဒီအကွက်က အရမ်းလည်း မကြီးသလို အရမ်းလည်း မသေးချေ။ သူမရဲ့ ကျောက်စိမ်းလို လှပသည့် ကျောပြင်၏ သုံးပုံတစ်ပုံလောက်ကို နေယူထားပြီး လှပသော အရာတစ်ခု ဖျက်ဆီးခံလိုက်ရသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
ချူဟောင် ပိုကြည့်လေလေ ထိုအရာက လူမျက်နှာ တစ်ခုနှင့် ပိုတူလေဖြစ်သည်။ သူ အနည်းငယ် စိုးရိမ်လာပြီး စိတ်ထဲကနေ တစ္ဆေကျမ်း ကို ရှာကြည့်သော်လည်း ဆက်စပ်သည့် အကြောင်းအရာ တစ်ချက်မှမရှိပေ။
ချူဟောင် : “စနစ် … ထွက်ခဲ့ဟ။ တစ္ဆေကျမ်း ထဲမှာ မှတ်တမ်းမတင်ထားတဲ့ အရာတွေ ရှိသေးလား”
[စနစ် - တစ္ဆေကျမ်း က လွန်ခဲ့တဲ့ နှစ် တစ်ထောင် အတွင်းက သရဲတွေကိုပဲ မှတ်တမ်းတင်ထားတာပါ။ ပိုရှေးကျတဲ့ သရဲတွေ အတွက်ဆိုရင် ရှေးဟောင်း တစ္ဆေကျမ်း ကို လိုအပ်ပါတယ်]
“ဝယ်မယ်”
[ဒင်… ပိုင်ရှင်သည် ရှေးဟောင်း တစ္ဆေကျမ်း ကို ဝယ်ယူလိုက်ပါသည်။ ရှိုးထုတ်ရမှတ် ၂၀ မှတ် ပေးချေလိုက်ပါသည်]
သူ့ခေါင်းထဲတွင် သတင်းအချက်အလက် အမြောက်အများ ပေါ်လာတော့သည်။ ထို့နောက် သူ့စိတ်ထဲတွင် ခန့်မှန်းချက် တစ်ခုကို ခန့်မှန်းမိလိုက်သည်။
သူက မတ်တပ်ရပ်ပြီး ရီချင်းလျန် ၏ ဗလာကျင်းနေသည့် ကျောပြင်ပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်သည်။
ရီချင်းလျန် လန့်သွားပြီး “အာ …” ဟု အော်လိုက်သည်။
သူမက ချူဟောင်ဘက်ကို ရုတ်တရက် လှည့်လာပြီး
“ရှင် ဘာလုပ်တာလဲ” ဟု မေးလိုက်သည်။
ရီချင်းလျန် လှည့်လိုက်ချိန်တွင် ချူဟောင် နှာခေါင်းသွေးလျှံမတတ် ဖြစ်သွားသည်။ သူမက အင်္ကျီကို ပင့်တင်ထားသည့် အခြေအနေဖြစ်နေသည့်အတွက် … အဟမ်း … အရင်က ကျောပေးထားလို့ မမြင်ရသော်လည်း … အဟမ်း … ။
(မှတ်ချက် - ရာသီအကူးအပြောင်းကြောင့် စာရေးသူ ချွဲနည်းနည်းကပ်နေတယ်ဗျာ။ ဟီး ဟီး)
‘ဒါက အရမ်း ကြီးလွန်းတယ်’
အဟမ်း …
ရီချင်းလျန် က အဝတ်အစားကို အမြန် ပြန်ဆွဲချလိုက်ပြီး ချူဟောင်ကို မျက်စောင်းထိုးကာ သူမရဲ့ ပန်းဆီရောင် နှုတ်ခမ်းလေးကို ဖိကိုက်ထားလိုက်သည်။ သူမ၏ မျက်နှာထားက ချစ်စရာကောင်းသလို အေးစက်သည့် အငွေ့အသက်ကိုလည်း ခံစားရနေသည်။
ချူဟောင်က အလျင်အမြန်ပြောလိုက်သည်။
“အထင်မလွဲပါနဲ့။ ကျွန်တော်က အဲဒါကို အာရုံခံကြည့်ရုံ သက်သက်ပါ။ အခု ကြည့်ရသလောက်တော့ ကျွန်တော် ထင်တာ မှန်ပါတယ်။ ကျွန်တော် ခန့်မှန်းထားတဲ့ အတိုင်းပါပဲ”
ရီချင်းလျန် က သူ့ကို ဆက်ပြီး မျက်စောင်းထိုးနေတုန်းပင်။ ချူဟောင် ပြီးပြည့်စုံသည့် ရှင်းပြချက်တစ်ခုကို မပေးနိုင်ပါက လွယ်လွယ် အလွတ်မပေးဖို့ ဆုံးဖြတ်ထားပုံရသည်။
မုယွီဖေး က အနေခက်သော အခြေအနေကို ဖြေရှင်းပေးလိုက်ပြီး
“အာဟောင်၊ အဲဒါ ဘာလဲဆိုတာ မင်း သိလား” ဟု မေးလိုက်သည်။
ချူဟောင်က
“အဲဒါက လူမျက်နှာ တစ်ခုနဲ့ တူတယ်လို့ အစ်မ မထင်ဘူးလား။ အခု လောလောဆယ် ဝါးနေသေးပေမဲ့၊ အကြမ်းဖျင်း ကောက်ကြောင်းကိုတော့ မြင်နေရပြီ” ဟု ပြောလိုက်သည်။
အမျိုးသမီး နှစ်ယောက်လုံး ကြက်သီးမွေးညင်းတွေ ထောင်ထလာတာကို ခံစားလိုက်ရသည်။
“လူမျက်နှာ တဲ့လား”
အထူးသဖြင့် ရီချင်းလျန် ပင်။ သူမက ငိုတော့မည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ ကိုယ့်ကျောကုန်းပေါ်တွင် လူမျက်နှာ တစ်ခု ထွက်ပေါ်လာမည့်အရေးကို မည်သူမှ လက်ခံနိုင်မည် မဟုတ်။
“အဲဒါကို ပြောရမယ်ဆိုရင် … ကျွန်တော်တို့ လောကမှာတော့ 'ကျောက်စိမ်းကညာ ပုံရိပ်' လို့ ခေါ်တယ်”
ကျောက်စိမ်းကညာ ပုံရိပ် …
၎င်း၏ မူလအစက အံ့မခန်းပင် …
“ရှေးဟောင်း တစ္ဆေကျမ်းထဲက မှတ်တမ်းအရဆိုရင် အဲဒါက လူတစ်ယောက်ရဲ့ အတိတ်ဘဝပဲ”
“အတိတ်ဘဝ …”
အမျိုးသမီး နှစ်ယောက်လုံး အရမ်း အံ့သြသွားကြသည်။
ချူဟောင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီလို ကျောက်စိမ်းကညာ ပုံရိပ် မျိုးက အရမ်း ရှားပါတယ်။ တစ်ခါ ကြီးထွားလာပြီ ဆိုတာနဲ့ လက်ရှိဘဝရဲ့ အသိစိတ်ကို စုပ်ယူပြီး အတိတ်ဘဝဆီကို ပြန်သွားလိမ့်မယ်”
ရီချင်းလျန် ၏ မျက်နှာ ဖြူဖျော့သွားပြီး သူမက မေးလာ၏။
“ကျွန်မ ကျောကုန်းမှာ ဘာလို့ ကျောက်စိမ်းကညာ ပုံရိပ် ပေါ်လာရတာလဲ”
“မကျေနပ်မှုတွေကနေ နာကြည်းချက်တွေ ဖြစ်လာတာပါ။ နာကြည်းချက်က အဆုံးစွန်ကို ရောက်သွားတဲ့အခါ၊ ဝင်စားပြီးတဲ့ နောက်မှာတောင် မပြီးဆုံးသေးတဲ့ ကိစ္စတွေကို အဆုံးသတ်ချင်နေတာ။ ပြီးတော့ နာကြည်းချက် စွမ်းအင်ကို အားကိုးပြီး လက်ရှိ ခန္ဓာကိုယ်ထဲမှာ ပြန်လည် မွေးဖွားလာတယ်လို့ ဆိုရမယ်”
‘အတိတ်ဘဝက မပြီးဆုံးသေးတဲ့ ကိစ္စတွေ …’
မုယွီဖေး လည်း စိတ်ပူလာပြီး မေးလိုက်သည်။
“အာဟောင် … ဖြေရှင်းဖို့ နည်းလမ်းလေး စဉ်းစားပေးပါဦး”
ချူဟောင်က သူ့ရင်ဘတ်ကို သူ ပုတ်ကာ
“ဒါက ကျောက်စိမ်းကညာ ပုံရိပ် လေး တစ်ခုပါ။ ဒီတာအိုဆရာကြီးက မိနစ်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာက မန္တာန်ရွတ်ဖို့ အဆင်မပြေဘူးလေ” ဟု ပြောလိုက်သည်။
ရီချင်းလျန် က အလျင်အမြန်ပင် ပြောလိုက်သည်။
“ကျွန်မရဲ့ အိမ်ကို သွားကြရအောင်။ အဲဒီမှာ အရမ်း တိတ်ဆိတ်တယ်”
“အိုကေ”
သူတို့ သုံးယောက် ထွက်လာခဲ့ကြပြီး ရီချင်းလျန် ၏ အိမ်သို့ ရောက်ရှိသွားကြသည်။
***