ဤနေရာသည် ဗီလာငယ်လေး တစ်လုံး ဖြစ်သည်။ ရီချင်းလျန် က ဤမျှကြီးမာသည့် အိမ်ကြီးထဲတွင် တစ်ယောက်တည်း နေထိုင်ခြင်း ဖြစ်သည်။ သူမက အန်းလိမြို့ က မဟုတ်ချေ။
ချူဟောင်က “အင်္ကျီ ချွတ်လိုက်ပါ” ဟု ပြောလိုက်သည်။
ရီချင်းလျန် အလွန် ရှက်သွားသည်။ သူမက ပန်းရောင် နှုတ်ခမ်းလေးကို ကိုက်ထားပြီး သူ့ကို တစ်ဖက်သို့ လှည့်နေပေးဖို့ ပြောလိုက်သည်။
ခဏအကြာတွင် ရီချင်းလျန် ၏ အသံလေး ခပ်တိုးတိုး ထွက်ပေါ်လာပြီး
“ရပြီ” ဟု ပြောလိုက်သည်။
ချူဟောင် လှည့်ကြည့်လိုက်ရာ လည်ချောင်းပင် ခြောက်သွေ့သွားတော့သည်။ ရီချင်းလျန် က သူတို့ကို ကျောပေးထားပြီး သူမ၏ ချောမွတ်သည့် ကျောပြင်လေးက ပိုးသားလေးလို ဖြူဖွေးနုဖတ်နေသည်။ သူမက ရှက်လွန်းသဖြင့် သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာဖက်ကာ ကာကွယ်ထားလေသည်။
မုယွီဖေး က နှုတ်ခမ်းစူကာ
“ချင်းလျန် … နင့်ကျောကုန်းလေးက အရမ်း လှတာပဲ။ အာဟောင်… မင်း စိတ်မလှုပ်ရှားဘူးလား” ဟု မေးလိုက်သည်။
“အစ်မ ယွီဖေး …”
ရီချင်းလျန် က ခြေဆောင့်လိုက်သည်။ သူမ၏ မျက်နှာကို မမြင်ရသော်လည်း နာမည်ကြီး မင်းသမီးလေးရဲ့ မျက်နှာက နားရွက်ဖျားတွေ အထိ နီရဲနေပြီ ဆိုတာကိုတော့ ခန့်မှန်းလို့ ရလေသည်။
ချူဟောင် သတိပြန်ဝင်လာပြီး လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော်က အလုပ်လာအပ်တဲ့သူတွေကို ဖြေရှင်းပေးတဲ့နေရာမှာ ပညာရှင်ဆန်ပါတယ်။ ဒီဆရာကြီးကို မကောင်းတဲ့သူလို့ နည်းနည်းလေးတောင် မတွေးလိုက်မိစေနဲ့”
မုယွီဖေး က ပြုံးပြီး “တကယ်လား” ဟု မေးလိုက်သည်။
‘အင်းလေ … ငါက ရှိုးထုတ်နေတာ’
သူက အသက်ပြင်းပြင်းရှူကာ၊ တာအိုဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး ယင်ယန်ဓား ကို ထုတ်ယူလိုက်သည်။
ချူဟောင်၏ လေးနက်နေသည့် မျက်နှာထားကို မြင်လိုက်ရသည့်အခါ မုယွီဖေး လည်း ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ မီတာ အနည်းငယ်လောက် နောက်ဆုတ်သွားသည်။
ရာခိုင်နှုန်းပြည့် သရဲမြင်အဆောင် ကို ထုတ်ယူလိုက်ပြီး ချူဟောင်က မန္တာန်ကို ရွတ်ဆိုလိုက်သည်။
“တာအိုနတ်ဘုရားသုံးပါး၊ ကြီးမြတ်လှစွာသော နတ်မင်းကြီး၊ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါး အကုန်လုံး… ဒီတာအိုဆရာကြီး ရောက်လာပြီ၊ မင်းရဲ့ မျက်နှာအစစ်ကို အမြန် ပြစမ်း …”
ရာခိုင်နှုန်းပြည့် သရဲမြင်အဆောင် ၏ စွမ်းအားက အံ့မခန်းပင်။ အင်မတန်စူးရှသည့် အလင်းရောင် တစ်ခု လင်းလက်သွားပြီး ရီချင်းလျန် ၏ ကျောပြင်ပေါ်ရှိ ကျောက်စိမ်းကညာ ပုံရိပ် က ပိုမိုရှင်းလင်းလာကာ၊ ပြိုင်ဘက်ကင်း အလှတရားကို ပိုင်ဆိုင်ထားသည့် မျက်နှာတစ်ခု ပေါ်လာတော့သည်။
မုယွီဖေး အံ့သြတကြီး အော်ဟစ်လိုက်သည်။
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
“ဂျီး … ဂျီး”
အခန်းထဲက မီးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး၊ တိုက်ခန်း တစ်ခုလုံး အမှောင်ထုထဲ ကျရောက်သွားတော့သည်။ ထို့နောက် အလွန် အစွမ်းထက်သည့် ယင်စွမ်းအင် တစ်ခုက သူတို့ကို လွှမ်းခြုံလာတော့သည်။
ထို ယင်လေအေးက သူတို့ရဲ့ ဦးရေပြားတွေကို ထုံကျင်သွားစေသည်။ ချူဟောင်က အလွန် သတိထားနေပြီး မုယွီဖေး ကို သူ့အနောက်ကိုပို့ကာ ကာကွယ်ပေးထားလိုက်သည်။
[စနစ် သတိပေးချက် - ပိုင်ရှင်သည် SSS အဆင့် လျှို့ဝှက် မစ်ရှင် ကို အစပြုလိုက်ပါပြီ]
[စနစ် သတိပေးချက် - အလွန် အစွမ်းထက်သော စွမ်းအင် ရှိတည်မှုကို ထောက်လှမ်းမိပါသည်။ ပစ်မှတ်သည် ပိုင်ရှင် ကိုင်တွယ်နိုင်သော အရာ မဟုတ်ပါ။ စနစ် အကြံပြုချက် : အမြန်ဆုံး ထွက်ပြေးပါ၊ ပိုဝေးလေ ပိုကောင်းလေ ပါပဲ]
ချူဟောင် မှင်တက်သွားပြီး အော်ဟစ်လိုက်သည်။
“သောက်ကျိုးနည်း … စနစ်… ထွက်ခဲ့စမ်း”
[စနစ် - မြန်မြန် ပြေး၊ နောက်လှည့်မကြည့်နဲ့]
ချူဟောင်: “ငါ လခွမ်း၊ စနစ် @#$!!”
‘SSS အဆင့် မစ်ရှင် ... ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ။ ရီချင်းလျန် ၏ အနောက်မှာ ရှိနေတဲ့ အရာက တကယ်တမ်းမှာ ဘာကြီးတုန်းဟ’
မီးတွေ ပြန်လာတဲ့အခါ ရီချင်းလျန် က သူတို့ကို ကျောပေးမထားတော့ဘဲ သူတို့နှင့် မျက်နှာချင်းဆိုင် ဖြစ်နေလေပြီ။
သူမ၏ မျက်နှာထားက တည်ငြိမ်နေပြီး အရယ်၊ အပြုံး တစ်ချက်လေးပင် မရှိချေ။ အဆိုပါ ပြိုင်ဘက်ကင်း မျက်နှာလေးရဲ့ အနောက်တွင် အသက်ရှူကျပ်လောက်အောင် ခံစားရစေသည့် တိတ်ဆိတ်မှု တစ်ခု ရှိနေသည်။
ချူဟောင်က မူလက ထွက်ပြေးဖို့ စဉ်းစားထားသော်လည်း ရုတ်တရက်အတွေး ပြောင်းသွားတော့သည်။ သူ့ခေါင်းတွေ ပူထူလာပြီး၊ နှာခေါင်းကနေ သွေးများ စီးကျလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ရီချင်းလျန် ၏ ခန္ဓာကိုယ် အပေါ်ပိုင်းက လုံးဝကို ဗလာကျင်းနေခြင်းကြောင့်ပင်။ သူ လေ့လာခဲ့ဖူးသည့် ကားပြာထဲများက မင်းသမီးများတောင် ရီချင်းလျန်လောက် ကျန်းမာသန်စွမ်းသည့်သူ မရှိဘူးဟု တွေးနေမိသည်။
ထို့နောက် ချူဟောင်က နှာခေါင်းသွေးတွေကို အမြန် သုတ်လိုက်သည်။ အခြေအနေအရ ထွက်ပြေး၍ မရနိုင်တော့ခြင်းကြောင့် ရင်ကိုကော့ကာ …
“မင်း ဘယ်သူလဲ” ဟု မေးလိုက်သည်။
ရီချင်းလျန် က အေးစက်စွာ ပြောလာသည်။
“ကင်းမဲ့ကညာ”
ချူဟောင်၏ ခေါင်းထဲ၌ ဆူညံသံများ ထွက်ပေါ်လာပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားမတတ် ခံစားလိုက်ရသည်။
‘ကင်းမဲ့ကညာ …’
‘အမြင့်ဆုံးသော ကင်းမဲ့ကညာ’
ဒဏ္ဍာရီတွေ အရဆိုပါက အမြင့်ဆုံးသော ကင်းမဲ့ကညာ ဆိုသည်မှာ နဝမနတ်သမီး၏ ကိုယ်ပွား တစ်ခုဖြစ်သည်။ သို့သော် အမှန်တရားကိုတော့ ဘယ်သူမှ မသိကြချေ။
ချူဟောင် တကယ် ငိုချင်သွားတော့သည်။ သူက ခက်ခဲတဲ့ ပြိုင်ဘက်နှင့် တိုးနေလေပြီ။
‘ကတောက်စ် … ငါ့မှာ ရှိုးထုတ်ရမှတ် တစ်သောင်းလောက် ရှိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ’
ချူဟောင်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“အတိတ်ဘဝက ဖုန်မှုန့်တွေလို ဖြစ်သွားပါပြီ၊ ဒီဘဝမှာ ဘာလို့ လာဒုက္ခပေးနေရတာလဲ”
ကင်းမဲ့ကညာ က ခေါင်းယမ်းပြီး …
“ဒါက ငါ့ဆန္ဒ မဟုတ်ပါဘူး။ ဒါက နဝမနတ်သမီး ရဲ့ အလိုဆန္ဒပါ။ ပြောင်းလဲလို့ မရဘူး” ဟု ပြောလိုက်သည်။
“နဝမနတ်သမီး”
ချူဟောင် အံ့သြတကြီး အော်လိုက်သည်။
သရဲများသည့်ရှိသည့် နေရာတိုင်းတွင် နတ်ဘုရားများလည်း ရှိကြ၏။
ငရဲပြည် က ယမမင်း ဆယ့်နှစ်ပါး ဆိုသည်မှာ သရဲနတ်ဘုရားတွေ ဖြစ်ပြီး၊ ငရဲပြည်ကို အုပ်စိုးကာ လောကသုံးပါးရှိ သေဆုံးသွားသည့် ဝိညာဉ်တွေကို အုပ်ချုပ်ကြခြင်းဖြစ်သည်။
ဒါ့အပြင် နဝမနတ်သမီး ဆိုသည်က လောကသုံးပါးကို ကျော်လွန်ပြီး ဓာတ်ကြီးငါးပါး၏ အပြင်ဘက်တွင် ရှိနေသူဖြစ်သည်။ သူမကို အမျိုးသမီး သူတော်စင် ဟူ၍ပင် ခေါ်၍ရသည် မဟုတ်လား … ။
ထိုကဲ့သို့သော တည်ရှိမှုမျိုးက ချူဟောင်၏ နှလုံးသားကို တဒိုင်းဒိုင်းခုန်စေသည်။ သူမက နတ်ဘုရားတစ်ပါး ဖြစ်၏။
ကင်းမဲ့ကညာ က တည်ငြိမ်စွာဖြင့် ပြောလာပြန်သည်။
“ကံကြမ္မာကို ပြောင်းလဲလို့ မရပါဘူး။ မင်း သူ့ကို ကယ်ချင်တယ်ဆိုရင် နဝမနတ်သမီး ရဲ့ နည်းလမ်းကို ချိုးဖျက်ရမယ်။ ချိုးဖျက်နိုင်မယ်ဆိုရင်လည်းသူ့ကို အချိန်အနည်းငယ်လောက်ပဲ ပိုနေခွင့် ပေးနိုင်မှာပါ … နောက်ဆုံးတော့ ဒီမိန်းကလေးက သူ့ရဲ့ ကံကြမ္မာကို လက်ခံရမှာပါပဲ”
မြင်ကွင်းကြောင့် သွေးဆူနေသည့် ချူဟောင်က လည်ချောင်းတွေ ခြောက်သွေ့လာပြီး အမြန် မေးလိုက်သည်။
“အဲဒါကို ဘယ်လို ချိုးဖျက်ရမလဲ”
“ကောင်းကင်ဘုံရဲ့ တရားက ခံစားချက် ကင်းမဲ့တယ်။ အမြင့်ဆုံးသော သူက သံယောဇဉ် ကင်းမဲ့တယ်။ နှစ်ခုလုံးက ခံစားချက် အားလုံးကို စွန့်လွှတ်ထားတာ။ တစ်ခုက ဗလာနတ္ထိ ဖြစ်ပြီး နောက်တစ်ခုက အရာအားလုံးပဲ”
“မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုတော့ ရှိပါတယ် … နဝမနတ်သမီး ရဲ့ နည်းလမ်းကို ချိုးဖျက်ဖို့ဆိုရင် ကောင်းကင်ဘုံရဲ့ တရားက ခံစားချက် ကင်းမဲ့ပေမဲ့ လူသားတွေရဲ့ စစ်မှန်တဲ့ အချစ်ကတော့ မကင်းမဲ့ပါဘူး”
“သူမသာ တစ်ယောက်ယောက်ကို တကယ် ချစ်မိသွားပြီး သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ရင် သူမရဲ့ ကံကြမ္မာကို ၁၀ နှစ်လောက် နောက်ဆုတ်ပေးနိုင်ပါတယ်။ ၁၀ နှစ် ကြာပြီးရင်တော့ သူမက နဝမနတ်သမီး ရဲ့ အလိုဆန္ဒကို ခံယူရမှာပါပဲ” ဟု ရှင်းပြလိုက်သည်။
ချူဟောင်က မေးလိုက်ပြန်သည်။
“နဝမနတ်သမီး ရဲ့ အလိုဆန္ဒကို ခံယူရမယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ … သူမ သေရမှာလား”
အမြင့်ဆုံးသော ကင်းမဲ့ကညာ က ခေါင်းညိတ်ပြပြီး
“သူမ အသက် ၂၀ ရောက်ရင် သေချာပေါက် သေရမှာပါ။ စစ်မှန်တဲ့ အချစ်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းကို ချိုးဖျက်နိုင်ရင်တော့ သူမ အသက် ၃၀ အထိ နေရလိမ့်မယ်”
“ဂျီး … ဂျီး … ဖလပ်”
အခန်းက ထပ်ပြီး မှောင်သွားပြန်သည်။ မီးတွေ ပြန်ပွင့်လာချိန်တွင် ရီချင်းလျန် က ကြောင်အမ်းအမ်း ဖြစ်နေပြီး သူမရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းက ချူဟောင်ဘက်ကို မျက်နှာမူထားလျက်သား ဖြစ်နေ၏။
သူတို့ မျက်လုံးချင်း ဆုံသွားကြပြီး ချူဟောင် မျက်နှာ ရဲသွားသည်။
“အား …”
ရီချင်းလျန် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“လူယုတ်မာ”
‘အဲ … အဲဒီ ဆဲဆိုမှုက အရမ်း ပေါ့လွန်းတယ် မဟုတ်လား’
“တဏှာရူး …”
‘အို … အဲဒါမျိုးကိုတော့ ငါ မကြိုက်ဘူး။ ငါက ဘယ်လိုလုပ် တဏှာရူး ဖြစ်သွားတာလဲ’
“…………”
ရီချင်းလျန် က မုယွီဖေး ၏ ရင်ခွင်ကို မျက်နှာအပ်ကာ ရှိုက်ငိုနေပြီး အရမ်းကို ဝမ်းနည်းကြေကွဲနေပုံ ရသည်။
ချူဟောင်က ချောင်းဟန့်ကာ
“အိုကေ၊ အလုပ်အကြောင်း ပြောကြရအောင်” ဟု ပြောလိုက်သည်။
ရီချင်းလျန် ၏ မျက်လုံးတွေ နီရဲနေပြီး သူမက နှုတ်ခမ်းစူကာ မေးလိုက်သည်။
“ချူဟောင်၊ နင် ဘယ်လောက်တောင် မြင်လိုက်ရလဲ”
ချူဟောင်က ခေါင်းကုတ်လိုက်ပြီး … မုယွီဖေး က သူ့ကိုယ်စား ဝင်ဖြေလိုက်သည်။
“အကုန်လုံးပဲ”
“အဟင့် ဟင့် … ငါ ဆက်မအသက်ရှင်ချင်တော့ဘူး”
ရီချင်းလျန် က ပိုပြီး ဝမ်းနည်းစွာ ငိုတော့သည်။
အဖြစ်အပျက် အကုန်လုံးကို ကြားပြီးသည့် အချိန်မှာတော့ ရီချင်းလျန် လုံးဝ မှင်တက်သွားပြီး သူမရဲ့ စိတ်တွေ လုံးဝ ရှုပ်ထွေးသွားတော့သည်။
“အသက် ၂၀”
မုယွီဖေး ၏ နှလုံးသား နာကျင်သွား၏။ သူမက ဒီကောင်မလေးကို တကယ် သဘောကျခြင်းဖြစ်သည်။ သို့သော် ကံကြမ္မာက ရက်စက်လွန်းလှသည်။ သူမက အသက် ၂၀ အထိပဲ နေရမယ်တဲ့လား။
ချူဟောင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အဲဒီလိုပဲ။ မင်း အသက်ရှင်ဖို့ ၂ နှစ်ပဲ ကျန်တော့တယ်”
ရီချင်းလျန် ၏ နုနယ်သည့် ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။
“တကယ်တော့ ငါ့မှာ အသက်ရှင်ဖို့ ၂ နှစ်ပဲ ကျန်တော့တယ် ဆိုတာကို ငါ သိပါတယ်”
ချူဟောင်နဲ့ မုယွီဖေး တို့ လန့်သွားကြသည်။ သူမက တကယ်ကြီး သိနေခြင်းဖြစ်သည်။
ရီချင်းလျန် ၏ မျက်လုံးများက နီရဲနေပြီး သနားစရာ ကောင်းလွန်းနေသည်။ သူမက …
“မြို့တော်မှာ ငါ့မိသားစုက တစ်ယောက်ယောက်ကို ငါ့အတွက် ကြည့်ခိုင်းခဲ့တယ်။ အဲဒီတုန်းက ငါ အသက် ၁၇ နှစ်ပဲ ရှိသေးတယ် … အဲဒီ ဆရာကြီး ကလည်း နင့်လိုပဲ ပြောခဲ့တာ။ ဘယ်သူမှ ငါ့ကို မကယ်နိုင်ဘူးတဲ့”
“ချင်းလျန်လေးရယ် …”
မုယွီဖေး ၏ ပုလဲလုံးလေးတွေလို လှပသည့် မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။
ချူဟောင် အသက်ပြင်းပြင်းရှူကာ
“မင်း သိနေရဲ့သားနဲ့ ဘာလို့ ငါ့ကို လာရှာသေးတာလဲ” ဟု မေးလိုက်သည်။
“ငါ … ငါ စမ်းကြည့်ချင်လို့ပါ”
ရီချင်းလျန် က ခေါင်းငုံ့ပြီး ပြောလိုက်သည်။
“ငါ အသက်ရှင်ချင်တယ်။ အခွင့်အရေး နည်းနည်းလေးပဲ ရှိရင်တောင် ငါ စမ်းကြည့်ချင်တယ်”
ထိုအချိန်တုန်းက သူမ အသက် ၁၇ နှစ်သာ ရှိသေးပြီး ဘဝရဲ့ အလှပဆုံး အချိန်ကို ဖြတ်သန်းနေရချိန်ဖြစ်သည်။ အသက်ရှင်ဖို့ ၃ နှစ်ပဲ ကျန်တော့ခြင်းကို သိလိုက်ရချိန်တွင် ကမ္ဘာပျက်မတတ် ခံစားရတော့သည်။ တရုတ်ပြည်အနှံ့က ဆရာဝန်များ၊ တတ်ကျွမ်းသူများနှင့် ပြသခဲ့သော်လည်း လူတိုင်းက ဒါဟာ ကံကြမ္မာပဲ ဟူ၍သာ ပြောခဲ့ကြသည်။
သူမက သူမရဲ့ ကံကြမ္မာကို အသည်းအသန် ပြောင်းလဲချင်နေခဲ့၏။
ချူဟောင်၏ မျက်နှာက ခေတ္တခဏမျှ မဲမှောင်သွားပြီးနောက် သူက ဆိုဖာပေါ်ကနေ မတ်တပ်ရပ်ပြီး မာန်ပါပါပြောလိုက်သည်။
“နဝမနတ်သမီး လောက်ကများ … ဘာတွေ သောက်ရမ်း အထာကျနေလို့လဲ။ မင်းကို ငါ ကူညီမယ်”
စနစ်က ခုနလေးတင် သူ့ကို အသက်လု ထွက်ပြေးဖို့ ပြောခဲ့သည်ကို သူ လုံးဝ မေ့သွားပုံပင်။
ရီချင်းလျန် က ခေါင်းမော့လာပြီး မျက်ရည်တွေ ဝဲနေသည့် မျက်လုံးများဖြင့် မေးလာသည်။
“လူတိုင်းက ဒါဟာ ကံကြမ္မာပဲ လို့ ပြောကြတာ။ နင်က ငါ့ကို ဘယ်လို ကူညီမှာလဲ”
ချူဟောင်က “ငါက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်းကို ကူညီချင်ရုံ သက်သက်ပါ” ဟု ပြောလိုက်သည်။
ရီချင်းလျန် က ဖူးပွင့်ကာစ ပန်းလေးတစ်ပွင့်လို ရယ်မောလိုက်သည်။ ချူဟောင်က သူမကို နှစ်သိမ့်ပေးနေသည်ဟု ထင်ပြီး
“ချူဟောင်၊ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
ချူဟောင်က …
“တကယ်တော့ မင်းကို နောက်ထပ် ၁၀ နှစ်လောက် အသက်ရှင်ခွင့် ပေးနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်” ဟု ပြောလိုက်သည်။
ရီချင်းလျန် က အံ့သြတကြီးဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“တကယ်လား”
***