“ဆယ်နှစ်”
သူမအတွက် နောက်ထပ် တစ်နှစ်လောက် အသက်ရှင်ခွင့်ရရင်တောင် အရမ်းကို ဝမ်းသာနေမိမှာဖြစ်သည်။
မုယွီဖေး က ကြားဖြတ်ဝင်ပြောလိုက်၏။
“နင် တစ်ယောက်ယောက်ကို တကယ် ချစ်မိသွားဖို့ လိုတယ်။ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ”
“ဘာလို့ တီဗီ ဇာတ်လမ်းတွဲတွေထဲကလို ဖြစ်နေရတာလဲ”
ရီချင်းလျန် က ခါးသက်စွာ ပြုံးရင်း ပြောလိုက်သည်။
ချူဟောင်က နည်းလမ်း ရှာနေရင်း စနစ်ကို မေးလိုက်သည်။
‘စနစ် … ဘယ်လိုလုပ်ရမလဲ’
[စနစ် - သူမကို အနိုင်ယူလိုက်ပါ]
‘လခွမ်းလား … ဘာ သောက်ကျိုးနည်း စကားလဲဟ’
‘အဲဒါ နဝမနတ်သမီး လေ … ငါက သူ့ကို ဘယ်လိုလုပ် အနိုင်ယူရမှာလဲ။ ပြီးတော့ သူမရဲ့ နဝမနတ်သမီး ကိုယ်ပွားကိုပါ လုယူရဦးမှာလား’
သို့သော် သူက လေလုံးထွားပြီးသား ဖြစ်နေတာကြောင့် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပေ။
ရီချင်းလျန် လျှောက်လာပြီး သူမရဲ့ ခေါင်းလေးကို ငုံ့ကာ တိုးညှင်းစွာ မေးလာသည်။
“ချူဟောင် … နင် ငါ့ရဲ့ ချစ်သူ လုပ်ပေးလို့ ရမလား”
ချူဟောင် အူကြောင်ကြား ဖြစ်သွားပြီး
“ဝှက်သယ်ဟဲလ် … နင် ဘာပြောလိုက်တာလဲ” ဟု ပြန်မေးလိုက်သည်။
“ငါ … ငါ နင်နဲ့ ရည်းစား ဖြစ်ချင်လို့ပါ”
ရီချင်းလျန် က မျက်နှာလေးမှာ ပန်းသီးလေးတစ်လုံးကို နီရဲနေတော့သည်။
‘သောက်ကျိုးနည်း’
‘ငါ ဆုတောင်းထားတဲ့ အတိုင်းပဲ …’
‘နေပါဦး၊ နာမည်ကြီး မင်းသမီး တစ်ယောက်က ဘယ်လိုလုပ် ဒီလို အတွေးမျိုး ရှိနေရတာလဲ’
ချူဟောင် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။
“နင် အခု လုပ်နေတာက စစ်မှန်တဲ့ အချစ် လုံးဝ မဟုတ်ဘူးလေ”
ရီချင်းလျန် က ခေါင်းမော့လာပြီး သူမရဲ့ မျက်လုံးဝိုင်းကြီးတွေက တောက်ပနေသည်။
“ငါ စမ်းကြည့်ချင်လို့ပါ”
ချူဟောင် ဝမ်းသာအားရဖြင့် ပြောလိုက်တော့သည်။
“အိုကေလေ … အရင်ဆုံး နမ်းကြည့်ရအောင်”
ရီချင်းလျန် က လန့်သွားတဲ့ ယုန်လေး တစ်ကောင်လို နောက်ကို အမြန်ဆုတ်သွားပြီး သတိထားကာ
“လူဆိုးကြီး၊ နင် ဘာလုပ်ချင်တာလဲ” ဟု မေးလိုက်သည်။
ချူဟောင်: “…”
‘ချစ်သူ’
‘ရည်းစား’
‘နင်က ငါ့ကို လာကစားနေတာလား’
ချူဟောင်က အလွန် စိတ်ပျက်သွားသည့် ပုံစံဖြစ်သွားချိန်တွင် မုယွီဖေး က တခစ်ခစ် ရယ်မောလိုက်ပြီး
“အာဟောင်၊ အရမ်း မလောပါနဲ့ … မင်း အဲဒီလို လုပ်ရင် ကောင်မလေး တစ်ယောက်ရဲ့ စိတ်ကို ရမှာ မဟုတ်ဘူး”
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ အရာအားလုံးကို နားလည်သဘောပေါက်နေသည့် ပညာရှင်ကြီး တစ်ပါး၏ ဟန်ပန်ဖြင့် ပြန်ပြောလိုက်သည်။
“ဒီတာအိုဆရာကြီးက နင့်ကို ကူညီမယ်လို့ ပြောထားပြီးမှတော့ သေချာပေါက် ကူညီမှာပါ။ နတ်သမီး ဖြစ်နေရင်ရော ဘာဖြစ်လဲ … သူမဆီကနေ နင့်ကို သေချာပေါက် ငါ ပြန်လုယူလာခဲ့မယ်”
ထိုသကောင့်သားက လေးနက်သည့်ပုံစံ ဖမ်းနေသော်လည်း သူ့ရဲ့ တလက်လက်တောက်ပနေသည့် မျက်လုံးများက သူ့ရဲ့ကောက်ကျစ်မှုကို ဖော်ပြနေ၏။
ရီချင်းလျန် မျက်နှာလေး ရဲသွားပြီး တခစ်ခစ် ရယ်မောကာ ပြောလိုက်သည်။
“နင်သာ ငါ့ကို မကူညီဘူးဆိုရင်၊ ငါ သရဲဖြစ်သွားရင်တောင် နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ချူဟောင် လျှောက်သွားပြီး မေးလိုက်သည်။
“ကျွတ် ကျွတ်… နင် တကယ်ကြီး အရင် မနမ်းတော့ဘူးလား”
“သွားစမ်းပါ”
ဗီလာကနေ ထွက်လာပြီးနောက် ချူဟောင် မျက်မှောင်ကြုတ်သွားသည်။
မုယွီဖေး က “အာဟောင်၊ ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
ချူဟောင် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျွတ် ကျွတ် … နာမည်ကြီး မင်းသမီး ဆိုတာ တကယ့်ကို နာမည်ကြီး မင်းသမီးပဲ။ သက်တော်စောင့်တွေ အများကြီးပဲ”
မုယွီဖေး က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး
“ဒီနားမှာ ဘယ်သူမှ မရှိပါဘူး”
ချူဟောင် ဘာမှ ထပ်မပြောတော့ဘဲ ပြုံးကာ ကားပေါ် တက်သွားပြီး ထွက်လာခဲ့တော့သည်။
သူတို့ နှစ်ယောက် ထွက်သွားပြီးနောက် အနီးအနားက သစ်ပင်အရိပ်လေးထဲကနေ သဘောကောင်းပုံရသည့် အဘိုးအို တစ်ယောက် ထွက်လာပြီး သူ့နောက်တွင် လူအတော်များများ ပါလာ၏။
မုယွီဖေး သာ ထိုနေရာတွင် ရှိနေသေးပါက သူမ သေချာပေါက် လန့်သွားပေလိမ့်မည်၊ လူတစ်ဒါဇင်ကျော်လောက် ရုတ်တရက်ကြီး ပေါ်လာခြင်းကြောင့်ပင်။
အသက် ၄၀ အရွယ် လူလတ်ပိုင်း အမျိုးသား တစ်ယောက်က မေးလိုက်သည်။
“ဆရာ … ဘယ်လို ထင်လဲ”
သဘောကောင်းပုံရသည့် အဘိုးအိုက အတော်လေး စိတ်ဝင်စားသွားပြီး ပြန်ပြောလိုက်သည်။
“သူ ငါတို့ကို သတိထားမိသွားတယ်”
“ဟင် …” လူလတ်ပိုင်း အမျိုးသား အံ့သြသွားသည်။
“ဒီ မိစ္ဆာလေး က သာမန် မဟုတ်ဘူး။ သူ့နောက်ခံကို စုံစမ်းကြည့်လိုက်။ တစ်ခုခု ထူးခြားတာ ရှိရင် ငါ့ကို ချက်ချင်း သတင်းပို့”
“ဟုတ်ကဲ့ပါ”
…
ပြိုင်ကားပေါ်တွင်တော့ ချူဟောင်က မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။
“အစ်မ ယွီဖေး၊ အစ်မ ပြောတဲ့ ဆုလာဘ်က ဘယ်မှာလဲ”
မုယွီဖေး က သူ့ကို နူးညံ့ပြီး လှပသည့် မျက်စောင်းလေး တစ်ချက် ထိုးလိုက်၏။ အထူးသဖြင့် ဖန်သားလေးလို ကြည်လင်နေသော သူမရဲ့ နှုတ်ခမ်းနီနီလေးတွေက အရမ်းကို ဆွဲဆောင်မှု ရှိနေလေသည်။ သူမက
“မင်းမှာ ရည်းစား ရှိနေပြီလေ။ အဲဒီလို မလုပ်နဲ့တော့၊ မဟုတ်ရင် နောက်ကျ ချင်းလျန် ကို ငါ တိုင်ပြောလိုက်မှာနော်” ဟု ပြောလိုက်သည်။
ချူဟောင် စိတ်ပူသွားပြီး
“အစ်မက ကတိမတည်ဘူးပဲ” ဟု ပြောလိုက်သည်။
“ငါ ဂရုမစိုက်ဘူးလေ”
ချူဟောင်က လူယုတ်မာဆန်ဆန် ရယ်မောလိုက်ပြီး မျက်လုံးတွေ အရောင်လက်လာကာ ပြောလိုက်သည်။
“အစ်မ ကျွန်တော့်ကို မနမ်းရင်၊ ကျွန်တော်က အစ်မကို နမ်းမှာနော်”
ချူဟောင်၏ ခုန်အုပ်တော့မည့် ပုံစံကို မြင်လိုက်ရချိန်တွင် သူမ ပြာယာခတ်သွားပြီး
“လျှောက်မလုပ်နဲ့နော်၊ ဒါက အမြန်လမ်းမကြီး ပေါ်မှာ”
ချူဟောင်က ချက်ချင်း ငြင်းလိုက်ကာ
“မရဘူး၊ ဒီနေ့ အကြွေးရှင်းရမယ်”
မုယွီဖေး ဘာပြောရမလဲ မသိတော့ဘဲ နောက်ဆုံးတော့ လက်ခံဟန်ပြကာ ပြန်ပြောလိုက်သည်။
“အိုကေ၊ အိုကေ၊ အိုကေ၊ ကားလေး အရင် ရပ်ပါရစေဦး၊ ဟုတ်ပြီလား”
ကားရပ်ပြီးတဲ့နောက် ချူဟောင် အရမ်းကို စိတ်မရှည်သည့်ပုံစံပေါက်နေ၏။
မုယွီဖေး က ပီကေ တစ်ခု ထုတ်ပြီး
“မင်း ဒါလေး ဝါးလိုက်ဦး၊ အနံ့အသက် မကောင်းမှာ စိုးလို့”
‘မိန်းမတွေက တကယ်ကို ပြဿနာ များတာပဲ’
သူက ပီကေကို ပါးစပ်ထဲ ပစ်ထည့်ပြီး အမြန် ဝါးလိုက်တော့သည်။
ချူဟောင်က စိတ်လှုပ်ရှားစွာဖြင့် … “ရပြီ”
မုယွီဖေး က အားနည်းသည့် လေသံဖြင့် ပြောလာ၏။
“အာဟောင်၊ ငါတို့ ဒီကိစ္စကို မေ့လိုက်ရင် မကောင်းဘူးလား”
‘သောက်ကျိုးနည်း … ငါ ပီကေတောင် ဝါးပြီးပြီကို၊ အခုမှ လာပြောနေတယ်’
ချူဟောင်: “ဘာလို့လဲ”
မုယွီဖေး က တုံ့ဆိုင်းစွာဖြင့်
“မင်း… မင်းက အရမ်း ငယ်လွန်းသေးတယ်” ဟု ပြောလိုက်သည်။
ချူဟောင်က စိတ်မရှည်တော့ဘဲ
“အစ်မ မလာရင်၊ ကျွန်တော် လာမှာနော်”
မုယွီဖေး က “အိုကေ၊ အိုကေ၊ မင်းကို မနိုင်ပါဘူး။ မျက်လုံးလေး မှိတ်ထားပေးပါလား”
‘နမ်းရတာလေး တစ်ခုကို၊ အရမ်းတွေ အလုပ်ရှုပ်နေတာပဲ’
ချူဟောင် မျက်လုံးကို မှိတ်လိုက်ပြီး အနည်းငယ် ပြန်ဖွင့်ကြည့်လိုက်ရာ မုယွီဖေး ၏ မျက်နှာလေးက သူ့ဆီ ဖြည်းဖြည်းချင်း တိုးလာပြီး ထိလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချူဟောင်၏ နှလုံးတွေ တဒိုင်းဒိုင်း ခုန်လာတော့သည်။
‘ငါ့ရဲ့ ပထမဆုံး အနမ်းက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီလား … ဟဲဟဲ’
ရုတ်တရက် …
“ဒေါက်၊ ဒေါက်၊ ဒေါက်”
သူတို့ နှစ်ယောက်လုံး လန့်သွားကြသည်။ မုယွီဖေး က လန့်သွားသည့် ယုန်လေး တစ်ကောင်လို အမြန် နောက်ဆုတ်သွားတော့သည်။
ထိုအရာက အမြန်လမ်းမကြီးက ယာဉ်ထိန်းရဲ ဖြစ်နေပြီး သူက
“ကျေးဇူးပြုပြီး မှတ်ပုံတင် ပြပါ”
ချူဟောင် ထဆဲချင်သွားသည်။ သူက မကျေမနပ်ဖြင့် သူ့မှတ်ပုံတင်ကို ထုတ်ပေးလိုက်လေသည်။ ယာဉ်ထိန်းရဲက တစ်ချက် ကြည့်ပြီး ပြန်ပေးကာ
“ဒါက အမြန်လမ်းမကြီးပါ။ ကားကို ဖြစ်သလို ရပ်မထားပါနဲ့”
“ဟုတ်ကဲ့၊ ကျွန်မတို့ အခု သွားပါတော့မယ်”
မုယွီဖေး က ပြုံးပြီး ပြောလိုက်သည်။
ချူဟောင်က သူ့ကို မျက်လုံးမှေးကြည့်လိုက်သည်။
‘ဒီကောင်က တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ’
အမြန်လမ်းမကြီးကနေ ထွက်လာပြီးနောက် …
ချူဟောင်က “ငါတို့ ဆက်လုပ်ကြမလား”
မုယွီဖေး ၏ မျက်နှာ ရဲသွားပြီး ခေါင်းယမ်းကာ
“မလိုတော့ပါဘူး။ နောက်တစ်ခါမှပေါ့၊ အစ်မ ဒီနေ့ နည်းနည်း ပင်ပန်းနေပြီ”
ချူဟောင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ထို ယာဉ်ထိန်းရဲကို စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
သူ့တိုက်ခန်းငယ်လေးကို ပြန်ရောက်ပြီးနောက် ကျရှုံးခန်းကို ပြန်တွေးကာ စိတ်ဓာတ်ကျနေတော့၏။
ထိုအချိန်မှာပဲ သူ့ဖုန်းက WeChat အသံ မြည်လာသဖြင့် ကောက်ကိုင်ကြည့်လိုက်ရာ သူစိမ်း တစ်ယောက်ဆီမှ ဖြစ်လေသည်။ ထိုသူက အမျိုးသမီး တစ်ယောက်ဖြစ်ပြီး၊ ID က ဟိုင်ရှင်း ဟု Screen တွင် ဖော်ပြထားသည်။
ချူ ရှိုးထုတ်ဘုရင်: “ဘယ်သူလဲ”
တစ်ဖက်လူက အပြုံး အီမိုဂျီ (Emoji) တစ်ခု ပို့လိုက်ပြီး
“ရီချင်းလျန်”
‘သောက်ကျိုးနည်း၊ နာမည်ကြီး မင်းသမီး က ငါ့ကို WeChat မှာ Add လာတာလား’
ချူဟောင် အမြန် စာပြန်ရိုက်လိုက်ပြီး
“မအိပ်သေးဘူးလား။ သန်းခေါင်တောင် ကျော်နေပြီ”
ဟိုင်ရှင်း: “ငါ … ငါ အိပ်မပျော်လို့”
ချူ ရှိုးထုတ်ဘုရင်: “ငါလည်း အိပ်မပျော်ဘူး၊ ဟူး …”
ဟိုင်ရှင်း: “ဘာလို့ အိပ်မပျော်တာလဲ”
ချူ ရှိုးထုတ်ဘုရင်: “လမိုက်ညမှာ လေပြင်းတွေ တိုက်နေတော့ ငါက အထီးကျန်ပြီး ဂနာမငြိမ် ဖြစ်နေတာ … ငါ့ရင်ထဲမှာ လှုပ်ရှားနေလို့”
ဟိုင်ရှင်း က အထင်သေးတဲ့ အီမိုဂျီ တစ်ခု ပို့လိုက်ပြီး
“လူဆိုးကြီး”
သူတို့ နှစ်ယောက် ခဏ တိတ်ဆိတ်သွားကြသည်။ ချူဟောင်က ဒီလောက် အနေခက်နေ၍ မဖြစ်ကြောင်း နားလည်သဖြင့်
ချူ ရှိုးထုတ်ဘုရင်: “စိတ်မပူပါနဲ့၊ ငါ နည်းလမ်း ရှာပေးပါ့မယ်”
ဟိုင်ရှင်း: “ကျေးဇူးတင်ပါတယ်”
ဟိုင်ရှင်း: “ငါ… ငါ ရည်းစား ထားချင်တယ်”
ချူ ရှိုးထုတ်ဘုရင်: “ဟ … နင် အတည် ပြောနေတာတော့ မဟုတ်ပါဘူးနော်”
ဟိုင်ရှင်း: “ငါ့မှာ ၂ နှစ်ပဲ အချိန်ရတော့တာ။ ငါ စမ်းကြည့်ချင်တယ်၊ နောင်တ မရချင်ဘူး”
ချူဟောင် စာရိုက်ပြီး ပို့လိုက်သည်။ “ဒါက ချစ်ကြောင်း ဖွင့်ပြောနေတလား”
ဟိုင်ရှင်း: “လူဆိုးကြီး၊ မိန်းကလေး တစ်ယောက်က ဘယ်လိုလုပ် အရင်ဖွင့်ပြောမှာလဲ။ ငါ နင့်ကို စကားမပြောတော့ဘူး”
ချူ ရှိုးထုတ်ဘုရင်: “မလုပ်ပါနဲ့! ငါက ဖွင့်ပြောလို့ ရတယ်လေ … မဟုတ်ဘူးလား”
ဟိုင်ရှင်း က ဝင့်ကြွားတဲ့ အီမိုဂျီ တစ်ခု ပို့လိုက်ပြီး
“နင် ဘယ်လို ဖွင့်ပြောချင်လို့လဲ”
ချူ ရှိုးထုတ်ဘုရင်: “လမ်းမပေါ်မှာ နင့်ကို ဖွင့်ပြောလို့ရမလား”
ဟိုင်ရှင်း က လှောင်ပြုံးပြနေသည့် အီမိုဂျီ တစ်ခု ပို့လိုက်ပြီး
“နင် အရိုက်ခံရပြီး မသေချင်ဘူးဆိုရင် လုပ်လို့ ရပါတယ်”
‘ချွေးစေးတွေတောင် ထွက်တယ် … သူမက နာမည်ကြီး မင်းသမီးလေ။ သူ့မှာက ပရိသတ် သန်းနဲ့ချီ ရှိတာဆိုတော့ ငါ တကယ်ကြီး အရိုက်ခံရပြီး သေသွားနိုင်တယ်’
ချူ ရှိုးထုတ်ဘုရင် က အနေခက်သည့် အီမိုဂျီ တစ်ခုပို့လိုက်ကာ
“ထားလိုက်ပါတော့၊ ငါ အရိုက်ခံရပြီး မသေချင်သေးဘူး”
ဟိုင်ရှင်း: “ဟီးဟီး… နင် အေးဆေး စဉ်းစားလို့ ရပါတယ်။ ဪ ဒါနဲ့ … မနက်ဖြန် အားလား။ ငါတို့ ဈေးဝယ်ထွက်ကြမလား”
နာမည်ကြီး မင်းသမီး တစ်ယောက်က သူ့ကို အရင် စပြီး ဒိတ်လုပ်ဖို့ ခေါ်နေသည်ကို သူ ဘယ်လိုလုပ် ငြင်းနိုင်မည်နည်း
***