အဆင့် ၁ ဂျန်ဖန်း
ဤအခိုက်အတန့်၌, ဟွာရှန်းချန် လုံးဝကိုအံ့အားသင့်သွား၏။
သူက အားနည်းစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"အခြားဂိုဏ်းတွေမှာ ချူရှင်းမန််ဆိုတဲ့နာမည်နဲ့တစ်စုံတစ်ယောက်မရှိဘူးဆိုရင်..."
"ဒါဆို သူမက ငါတို့မြင့်မြတ်ဂိုဏ်းရဲ့ တပည့်အသစ်ပဲဖြစ်မယ်...."
"သူမကျင့်ကြံရေးက... ချင်းချိုင်းဟီထက်တောင်နိမ့်သေးတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ပဲရှိတာ..."
လူအုပ် လုံးဝကိုတိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း အနည်းငယ်ထုံကျဥ်သလိုခံစားလိုက်ရ၏။
ယနေ့၏အဆင့်စာရင်းက လူတိုင်းကို ပြောစရာစကားကိုကင်းမဲ့သွားစေခဲ့သည်။
လျိုတုန်းချန်း ဆက်လက်ကြေညာလိုက်၏။
"အဆင့် ၃, ယီလန်ရှင်း၊ ကောင်းကင်အဆင့်တာဝန်တစ်ခုနဲ့ မြေကမ္ဘာအဆင့် တာဝန် ၇ခု၊ စုစုပေါင်း အကျိုးပြုမှတ် ၅၄၀..."
လူအတော်များများ သူတို့နဖူးကို ပွတ်သပ်လိုက်သည်။
"နောက်ဆုံးတော့ ဂုဏ်သတင်းအချို့ရှိတဲ့ တစ်ယောက်ပေါ်လာပြီ...."
"ယီလန်ရှင်းက စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ သူမက တပည့်ကြီးတစ်ယောက်မဟုတ်ပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ မှာရှိသေးတယ်..."
"ဒါပေမယ့်... သူမလိုလူတစ်ယောက်က ဘယ်လိုလုပ် အဆင့် ၃ ရသွားရတာလဲ...."
လျိုချင်းရှန်လည်း နားမလည်နိုင်ဖြစ်နေခဲ့သည်။
သူမက မေးလိုက်သည်။
"ဖန်း, အဲ့ဒီအမျိုးသမီးသုံးယောက်က ဘယ်လိုဇာတ်လမ်းတွေရှိတာလဲ..."
"သူတို့ခွန်အားနဲ့ ဘယ်လိုလုပ် ကောင်းကင်အဆင့် တာဝန်ပြီးမြောက်နိုင်မှာလဲ...."
ဂျန်ဖန်း မလုံမလဲဖြင့် ပြန်ဖြေလိုက်သည်။
"ဒါ...ဒါက တစ်ယောက်ယောက် သူတို့ကို ကူညီပေးလို့နေမှာပေါ့...."
ဂျင်ကျောင်းမင်၊ လန်ဖေးယန်နှင့် တပည့်အုပ်စုတွေ သူတို့ဒေါသတွေကို မျိုသိပ်ထားကြရ၏။
"လုပ်ပါ, ဆက်ဖတ်ပါ။ စာရင်းထဲမှာ နောက်ထပ် သာမန်တပည့်ရှိအုန်းမလားကြည့်ကြတာပေါ့...."
"အရင်ဆုံးပြီးအောင်ဖတ်ပြီးမှ ငါတို့ သေချာပြန်တွက်ကြည့်ရမယ်..."
မည်သူမှ ထိုအမျိုးသမီးသုံးယောက်ကို လက်သင့်မခံကြပေ။
ဒါမှမဟုတ် သူတို့ ကောင်းကင်အဆင့်တာဝန်ပြီးမြောက်ခဲ့တာ ဘယ်သူမှမယုံကြပေ။
လန်ဖေးယန်အမူအရာ မဲမှောင်နေ၏။
"ဒီအတိုင်းဆို ရှချောင်ကောတစ်ယောက်ပဲ သူမနေရာ စိတ်ချရတော့မယ်ထင်တယ်..."
"သူမခွန်အားက အဲ့ဒီလူထူးဆန်းတွေထက် အပြတ်အသတ်သာတယ်လေ..."
ဟွာရှန်ချန် ခါးသီးသည့်အပြုံးတစ်ခု အားတင်းပြုံးလိုက်၏။
"လွန်ခဲ့တဲ့လမှာ ရှချောင်ကောက ကောင်းကင်အဆင့်တာဝန် ၁ခု၊ မြေကမ္ဘာအဆင့်တာဝန် ၇ခုနဲ့ သိမ်မွေ့အဆင့်တာဝန် ၁ခု ပြီးမြောက်ခဲ့တာ..."
"ဘယ်သူက သူမနေရာကို လှုပ်ခတ်နိုင်မှာလဲ..."
သို့ပေမယ့်...
သူပြောပြီးပြီးချင်းမှာပဲ လျိုတုန်းချန် သူမနာမည်ကို ကြေညာလိုက်သည်။
"အဆင့် ၂, ရှချောင်ကော၊ ကောင်းကင်အဆင့်တာဝန် ၁ခု၊ မြောကမ္ဘာအဆင့်တာဝန် ၂ခု၊ အဆင့် ၁ တာဝန် ၂ခု၊ စုစုပေါင်း အကျိုးပြုမှတ် ၈၀၀..."
ကွင်ပြင်က နောက်တစ်ကြိမ် သုဿန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။
ကြောက်ခမန်းလိလိ တာဝန်ပြီးမြောက်မှုအရေအတွက်နှင့် သူမက ဒုတိယနေရာပဲရခဲ့သည်။
အကျိုးပြုမှတ် ၈၀၀...
ထိုအရာက အဆင့် ၃ထက် ၂၀၀ ကျော်ပိုများနေခဲ့သည်။
သို့ပေမယ့် အဆင့် ၂ သာ ရ၏။
ဤအရာက ချက်ချင်းပဲ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။
"ရှချောင်ကောက ဂိုဏ်း ၉ ဂိုဏ်းရဲ့ ပါရမီအရှိိဆုံးလူပဲ။ အကျိုးပြုမှတ် ၈၀၀ နဲ့ကို သူမက အဆင့် ၂ ပဲ ရတယ်လို့ ပြောနေတာလား..."
"ဟ..ဟ...ဟ.. ဒီအဆင့်စာရင်းက အစစ်အမှန်ကောဟုတ်ရဲ့လား။ ဟာသတစ်ခုလိုပဲ...."
"တကယ်ကို ရယ်စရာကောင်းတယ်.. လုံးဝကို လက်ခံနိုင်စရာမရှိဘူး..."
တပည့်တွေ ဒေါသတကြီးပေါက်ကွဲထွက်လာကြသည်။
ယဲ့ချန်ယွမ်နှင့် တာဝန်ခံ ၂ယောက်ရှိနေတာတောင် မကျေနပ်မှုတွေကို နောက်ထပ်မထိန်းနိုင်ကြတော့ပေ။
သူတို့က တိုက်ရိုက်ပဲ အဆင့်စာရင်းကို အပြစ်ရှာလာကြသည်။
လျိုတုန်းချန်အမူအရာ တောင့်တင်းသွား၏။
အဆင့်စာရင်းကြေညာမှုက လူထုကို ဤလောက်ထိဖြစ်သွားစေမည်ဟု သူမမျှော်လင့်ထားပေ။
မဆုံးဖြတ်နိုင်တော့၍ ယဲ့ချန်းယွမ်ဘက်လှည့်ကာ အကူအညီတောင်းလိုက်၏။
"လက်ထောက်ခန်းမသခင်ယဲ့, ငါ ဆက်ဖတ်သင့်လာား..."
ယဲ့ချန်းယွမ် အသာအယာ နှာမှုတ်လိုက်၏။
"ဖတ်..."
"ခန်းမသခင်ကိုယ်တိုင်း စာရင်းကို လုပ်ခဲ့တာ။ ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ...."
"သံသယတိုင်းကို မျက်နှာချင်းဆိုင်ဖြေရှင်းရမယ်...."
နောက်ခံကောင်းရှိ၍ လျိုတုန်းချန် နောက်ထပ်တွေဝေမနေတော့ပေ။
"အဆင့် ၁...."
လူအုပ် ချက်ချင်းပဲ တိတ်ဆိတ်သွား၏။
တစ်ယောက်ချင်းဆီက အံ့ကြိတ်ထားပြီး ရှချောင်ကောနှင့် ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင်တွေကို ကျော််တက်သွားသည့်လူကို မြင်ရဖို့ စိတ်အားထက်သန်နေခဲ့သည်။
"ဂျန်ဖန်း...."
နာမည်ထွက်ပေါ်လာသည်နှင့်....
ရင်ပြင်၌ တုန်လှုပ်မှုလှိုင်းတွေ ပေါက်ကွဲထွက်လာခဲ့သည်။
"ဘယ်သူ? ဂျန်ဖန်း?...."
"တိမ်စိမ်းဂိုဏ်း ဂျန်ဖန်းလား...."
"အဲ့ဒီ စိတ်ဝိညာဥ်အမြစ်မရှိတဲ့ဂျန်ဖန်းလေ..."
"သူက အဆင့် ၁..."
"ဟ..ဟ... တကယ့်ကို ဟာသပဲ..."
"သူက အဆင့် ၁ နဲ့ တန်တယ်ပေါ့..."
....
ဒေါသတကြီးနှင့် လှောင်ပြောင်သည့်အကြည့်တွေက ဂျန်ဖန်းအပေါ်ကျရောက်လာခဲ့သည်။
ဟုတ်ပါသည်။ သူတို့က ဂျန်ဖန်လှည့်စားသည်ဟု သဘာဝအတိုင်း ယူဆထားကြ၏။
လန်ဖေးယန် ပါးစပ်ဟလိုက်ပေမယ့် ဘာမှတော့မပြောပေ။
သူက ဂျန်ဖန်းကို ယုံချင်၏။ သို့ပေမယ့်... ဤကဲ့သို့ အဆင့်... သူလည်း လက်မခံနိုင်ပေ။
လျိုချင်းရှန် တစ်ခဏအေးခဲသွား၏။
"ဖန်း, ဒီဂျန်ဖန်းက... နင်လား..."
အရင်းနှီးဆုံးလူအချို့တောင် မယုံနိုင်ဖြစ်နေကြ၏။
ဂျင်ကျောင်းမင် ဒေါသတကြီးရယ်လိုက်၏။
"ဂျန်ဖန်းက အဆင့်၁..."
"အဲ့တာဆို ငါက ဒီနေရာမှာ အကြီးဆုံးဟာသကြီးလို့ ဆိုလိုမနေဘူးလား...."
"ဒီနေ့အခြေအနေကို သေချာမရှင်းပြနိုင်ရင်, ငါ ဂျင်ကျောင်းမင် နေဝင်မြို့ကနေ အပြီးတိုင် ထွက်သွားရလိမ့်မယ်..."
"သားရဲလှိုင်းကို မေ့လိုက်တော့..."
"အရာအားလုံး အပျက်ဆီးခံလိုက်မယ်..."
တပည့်များစွာလည်း ကြီးစွာသောဝမ်းနည်းမှုနှင့် ဒေါသတွေကို ချပြလာကြသည်။
သူတို့က အသက်ကိုစွန့်စားပြီး ချွေးတွေသွေးတွေရင်းနှီးခဲ့ရ၏။
သို့ပေမယ့် အဆုံးမှာတော့ သူတို့၏အားထုတ်မှုတွေက လက်တစ်ဆုတ်စာသောအဆက်အသွယ်၏လွမ်းမိုးမှုကိုခံခဲ့ရသည်။
ဤကဲ့သို့ မမျှတမှုအောက်မှာ မည်သူက ဆက်လက်တိုက်ခိုက်ချင်မည်နည်း။
လျိုတုန်းချန်နှလုံးသား တုန်ယင်သွားပြီး သတ္တိမွေးကာ ပြောလိုက်သည်။
"ကောင်းကင်အဆင့်တာဝန် ၂ခု၊ ဒုတိယအဆင့်တာဝန် ၁ခုနဲ့ တတိယအဆင့်တာဝန် ၁ခု...."
"စုစုပေါင်း အကျိုးပြုမှတ် ၈၂၅မှတ်..."
ဘာ?...
ကောင်းကင်အဆင့်တာဝန် ၂ခု...
လူအုပ်၏ ဒေါသတွေ ပိုလို့တောင် မြင့်တက်လာခဲ့သည်။
"ဒါ အဓိပ္ပာယ်မရှိဘူး..."
"ခုချိန်ထိ ကောင်းကင်အဆင့်တာဝန် ၅ခုပဲ ပြီးမြောက်သေးတာ..."
"ဂျန်ဖန်းက ၂ ခုပြီးထားတယ်လို့ သူက ပြောနေတာလား..."
"ဒါသာအမှန်ဆိုရင် ငါ့ခေါင်းကိုဖြတ်ပြီး သူ့ကို ဘောလုံးလိုကန်ခိုင်းလိုက်မယ်..."
.....
ဒေါသတွေက ရေဆူမှတ်ကိုရောက်ရှိလာခဲ့သည်။
ထိုအခါ ယဲ့ချန်းယွမ်၏ မွေးရာပါအာဏာရှိသည့်အသံ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
"ဘာတွေဆူနေကြတာလဲ..."
"ငါ ဂျန်ဖန်းကို ရှင်းပြခိုင်းလိုက်မယ်။ မင်းတို့တွေကျေနပ်စေရမယ်...."
သူ့စကားတွေက ပြတ်သားသော်လည်း စိတ်ထဲမှာတော့ လုံးဝသေချာမှုမရှိပေ။
ဂျန်ဖန်း လွန်ခဲ့သည့်လက ကောင်းကင်အဆင့်တာဝန် ၂ခု ပြီးမြောက်ခဲ့သည်။ ဤအရာက မဖြစ်နိုင်လုနီးပါးပင်။
ခန်းမသခင်က ဤလူငယ်လေးအတွက် စည်းမျဥ်းတွေ လျော့ပေးလိုက်သည်လား။
ဤကိစ္စကို ယနေ့ရှင်းလင်းအောင်မလုပ်လျှင်...
ပုန်ကန်မှုတွေဖြစ်လာနိုင်ပြီး အကျိုးဆက်က ကြီးမားလှ၏။
သူက ဂျန်ဖန်းကို တင်းမာစွာကြည့်လိုက်သည်။
"လူအုပ်က မင်းအဆင့်ကို အတော်လေး သံသယရှိနေကြတယ်..."
"မင်းမှာ ဘာပြောစရာရှိလဲ...."
ဂျန်ဖန်း သက်ပြင်းချလိုက်သည်။
ယခုအခြေအနေက သူရှင်းပြမှရတော့မည်ဖြစ်သည်။
တွေဝေမနေပဲ သုံးမီတာမြင့်သည့် စိတ်ဝိညာဥ်သားရဲပေါ်မှ ခုန်ဆင်းလာခဲ့သည်။
ထို့နောက် တည်ငြိမ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့က မေးခွန်းထုတ်မှတော့ ငါအခု ရှင်းပြမယ်..."
"ဟိုကောင်, မင်းခေါင်းကိုဘောလုံးအဖြစ်ပေးမယ်ဆိုတဲ့ကောင်... မင်းလည်ပင်းကိုပြင်ဆင်ထား...."
သူ့အသံက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်နေခဲ့သည်။
"ငါ ကောင်းကင်အဆင့်တာဝန် ၂ ခုပြီးမြောက်ခဲ့တယ်..."
"တစ်ခုက ရမ္မက်ဂိုဏ်းအနောက်ဘက်စစ်မြေပြင်မှာလိုအပ်တဲ့ မိုင်တစ်ထောင်သိမ်းငှက်တွေကို သွားပို့ရတာ..."
"အဲ့မစ်ရှင်ရဲ့အဆင့်က ဘာဖြစ်မလဲ။ ပြောကြည့်လေ..."
ဒေါသထွက်နေသည့်လူအုပ် ရုတ်တရက် အေးခဲသွားခဲ့သည်။
သူတို့၏တောက်လောင်နေသည့်ဒေါသတွေ ချက်ချင်းပဲ တစ်ဝက်လောက် ငြိမ်းသက်သွားခဲ့သည်။
"မိုင်တစ်ထောင်သိမ်းငှက်ပို့ဆောင်ခြင်း... ဟုတ်တယ်, အဲတာက ကောင်းကင်အဆင့်တာဝန်ဆိုတာ အတိအကျပဲ...."
"ငါကြားတာတော့ အဲ့မစ်ရှင်လုပ်တဲ့အဖွဲ့ အမြုတေအဆင့် ၅ ငွေတောင်ပံမိုးကြိုးသိမ်းငှက်နဲ့တွေ့ခဲ့ပေမယ့် အောင်အောင်မြင်မြင်ပဲ ပို့ဆောင်နိုင်ခဲ့တယ်တဲ့...."
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်စောင့်ကြည့်ခံရတဲ့ကြားက ဒီလိုတာဝန်မျိုးပြီးမြောက်သေးတယ်။ တကယ်ကို အံ့ဖွယ်ပဲ...."
"ဒီတော့ အဲ့အဖွဲ့က ဂျန်ဖန်းတို့ကို..."
"ကြည့်ရတာ ငါတို့ အထင်လွဲမိပြီထင်တယ်...."
အမှန်တရားထွက်ပေါ်လာမှုနှင့် အစောပိုင်းဆူညံနေသည့်လူများစွာ တိတ်ဆိတ်သွားခဲ့သည်။
ဂျင်ကျောင်းမင်လည်း အံ့အားသင့်သွား၏။
ဂျန်ဖန်းတကယ်ပဲ ကောင်းကင်အဆင့်တာဝန် ၁ ခု ပြီးမြောက်ခဲ့သည်လား။
သို့ပေမယ့် သူက ခုချိန်ထိ လက်မခံနိုင်ဖြစ်နေသေး၏။
"ဒါပေမယ့် ဒါက တာဝန်တစ်ခုပဲရှိသေးတာလေ..."
"မင်း ကောင်းကင်အဆင့်တာဝန် ၂ ခုပြီးမြောက်ခဲ့တာ ငါမယုံဘူး...."
ဂျန်ဖန်း သူ့ကို အေးစက်စက်တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ဒုတိယတာဝန်က ဧရာမဂိုဏ်းရဲ့အကျဥ်းထောင်မှာဖမ်းထားတဲ့ ရွှေလက်သည်းသံမဏိဝံပုလွေကို စစ်မေးတာ...."
"ပြောစမ်းပါအုန်း..."
"အဲ့တာကကော ဘယ်အဆင့်လဲလို့...."
လူအုပ်ချက်ချင်းပဲ အာမေဠိတ်သံတွေ ပေါက်ကွဲထွက်လာခဲ့သည်။
"ဘာ? သူက ရွှေလက်သည်းသံမဏိဝံပုလွေစစ်မေးတဲ့တာဝန်ကို ပြီးမြောက်ခဲ့တယ်..."
"အဲ့မစ်ရှင်ကို လူအများကြီး ကျရှုံးခဲ့တာမဟုတ်ဘူးလား..."
"ဒါကြောင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အဲ့မစ်ရှင်ကို သိမ်မွေ့အဆင့်ကနေ ကောင်းကင်အဆင့်ထိတိုးမြှင့်လိုက်တာ။ ဒါပေမယ့် အောင်မြင်တဲ့သူ မရှိသေးဘူးပဲ..."
"အဆုံးမှာ သူတို့က တာဝန်ကိုစွန့်လွတ်ပြီး အကြီးအကဲတွေကို ကိုင်တွယ်ကိုင်းလိုက်တယ်...."
"ဒါပေမယ့်... ဂျန်ဖန်းက ပြီးမြောက်ခဲ့တယ်လား...."
"ဒါက ဂျန်ဖန်း တကယ် ကောင်းကင်အဆင့်တာဝန် ၂ ခုပြီးမြောက်ခဲ့တယ်လို့ ဆိုလိုနေတာမလား...."
"ဒါဆို, သူ့ရဲ့ပထမနေရာက တကယ်ကို... မငြင်းနိုင်တော့ဘူး...."
***