"တိတ်ကြ..."
လင်းယုဟန် လည်ချောင်းရှင်းပြီး သူမ၏အမူအရာကင်းမဲ့သည့်အကြည့်က ရှိနေသည့်လူအုပ်အပေါ် ဖြတ်ဝှေ့သွားခဲ့သည်။
သူမအကြည့် ဂျန်ဖန်းအပေါ်ရောက်သည့်အခါ ခဏရပ်ပြီး အနည်းငယ်ပြုံးပြလိုက်သည်။
ထို့နောက် အမူအရာကင်းမဲ့စွာဖြင့် လူအုပ်ကို ဆက်လက်ကြည့်ရှူလိုက်သည်။
နေရာ တိတ်ဆိတ်သွားသည့်အခါ ပြောလိုက်သည်။
"ငါ တပည့်တွေရွေးချယ်ဖို့ အရင်းအမြစ်တွေယူလာတယ်.."
"အရင်ဆုံး အချက်သုံးချက်ကို သတိပေးပါရစေ..."
"ပထမတစ်ခု, အရင်းအမြစ်အချို့က အရမ်းရှားတယ်...."
"ရှေ့ကလူတွေလှဲသွားရင် နောက်လူတွေအတွက် ကျန်တော့မှာမဟုတ်ဘူး...."
"ဒုတိယ, အရင်းအမြစ်တိုင်းမှာ သူ့တန်ရာတန်ကြေး အကျိုးပြုမှတ်တွေရှိတယ်..."
"အကျိုးပြုမှတ်ကလွဲပြီး အခြားဘာပစ္စည်းမှလက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် အပိုအလုပ်တွေမလုပ်ကြနဲ့..."
"တတိယအနေနဲ့ ရွေးချယ်မှုက အဆင့် အစဥ်အတိုင်းသွားရမယ်။ ယှဥ်ပြိုင်မှုတွေ ခွင့်ပြုမထားဘူး..."
ထိုအရာကိုကြားသည့်အခါ အဆင့်နိမ့်သည့်တပည့်တွေ သဘာဝအတိုင်း စိုးရိမ်သွားကြသည်။
သူတို့၏အဆင့်နိမ့်လေလေ ထိပ်တန်းအဆင့်အရင်းအမြစ်တွေ လှဲလှယ်ဖို့ နည်းသွားလေလေဖြစ်သည်။
ဂျင်ကျောင်းမင် အပြင်းအထန်မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
"ယီလန်ရှင်း၊ ချူရှင်းမန် နဲ့ ချင်းချိုုင်းဟီတို့က ဒီမှာမရှိဘူးလေ..."
"ငါတို့အားလုံးက သူတို့ရွေးပြီးအောင်စောင့်ရမှာလား...."
လင်းယုဟန် ဤအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။
အဆုံးမှာတော့ စာရင်းကြေညာချိန်၌ လူတိုင်း နေရာမှာ ရှိမနေနိုင်ပေ။
သို့ပေမယ့် ယနေ့၌ ထိပ်ဆုံး ၁၀ ယောက်ထဲရှိ သုံးယောက်တောင် ရှိမနေပေ။
သူမက ပြန်ပြောလိုက်သည်။
"ဒါ မလိုအပ်ပါဘူး...."
"သူ့နောက်က အဆင့်တွေ ကြိုက်နှစ်သက်တာကို ရွေးချယ်နိုင်တယ်..."
"ဒါပေမယ့် အဲ့သုံးယောက် ကြိုက်တဲ့အရင်းအမြစ်တွေကိုကာကွယ်ဖို့..."
"မင်းက ခုချိန်မှာ ရှားပါးအရင်းအမြစ်အချို့ရွေးချယ်နိုင်ပေမယ့် နောက်ပိုင်း သူတို့ကိုမေးပြီးလို့ မလိုချင်ဘူးဆိုမှ မင်းအပိုင်ဖြစ်မှာ..."
"ဒါက နည်းနည်းပြဿနာများနိုင်ပေမယ့် အဆင့်ထိပ်ဆုံးကလူတွေရဲ့ အခွင့်အရေးပဲလေ...
"နောက်ဆုံးတော့ နောက်တစ်ကြိမ်စာရင်းကြေညာတဲ့အချိန် လူတိုင်းရှိနေပါမယ်လို့ ဘယ်သူအာမခံနိုင်လို့လဲ...."
"မင်းကိုယ်တိုင်လည်း အဆင့် ၁ ရပြီး ပြန်လာတဲ့အခါ ကောင်းတဲ့အရင်းအမြစ်အားလုံး ပါသွားပြီဆိုရင် ဘယ်လိုနေမလဲ..."
"ဒါဆို ဘယ်သူက ကြိုးစားပမ်းစား အားထုတ်တော့မှာလဲ..."
ဘာ?...
သူတို့ တစ်စုံတစ်ခုကိုကြိုက်လျှင်တောင် အရင်ဆုံး ထိုအမျိုးသမီးသုံးယောက် ရွေးပြီးအောင်စောင့်ရအုန်းမည်။
ထိုသာမန်အမျိုးသမီးတပည့်သုံးယောက်၏ ဖိနှိပ်ခံရမှုက ဒေါသထွက်စရာကောင်းတာကို မပြောလိုသေးပေ။
သူတို့ရွေးတာကိုစောင့်ဖို့ကို ရက်ပေါင်းများစွာကြာနိုင်၏။
လိုချင်တာကိုတွေ့ပေမယ့် ချက်ချင်းမယူနိုင်ပေ။
ထိုအရာကို ဘယ်သူက သည်းခံနိုင်မည်နည်း။
"ဒါ တရားလွန်လွန်းတယ်..."
ဂျင်ကျောင်းမင် အပြင်းအထန် နှာမှုတ်လိုက်၏။
လင်းယုဟန် သူ့ကို အေးစက်စွာကြည့်လိုက်သည်။
"မင်းမှာ ဒါနဲ့ပတ်သက်ပြီ ပြဿနာရှိလို့လား..."
ဂျင်ကျောင်းမင် ဒေါသတကြီး ပြောလိုက်သည်။
"ငါ တာဝန်ခံလင်းရဲ့အမြင်ကို အပြည့်အဝထောက်ခံပါတယ်..."
"အဆင့်မြင့်တဲ့လူတွေ ကြိုက်တဲ့အရာကို တကယ်ပဲ ကာကွယ်ပေးထားသင့်တယ်...."
"ကျွန်တော့်ပြဿနာက အဲ့အမျိုးသမီးသုံးယောက်ရဲ့ အကျိုးပြုမှတ်တွေကို ပြန်တွက်ပေးဖို့ပဲ..."
ထိုစကားသံထွက်ပေါ်လာသည်နှင့်....
များစွာသော မကျေမနပ်ဖြစ်နေသည့်တပည့်တွေလည်း စတင်သဘောတူလာကြ၏။
"ဟုတ်တယ်, ဂျန်ဖန်း ကောင်းကင်အဆင့်တာဝန်ပြီးမြောက်ခဲ့တာကို ငါလက်ခံနိုင်တယ်...."
"ဒါပေမယ့် သူတို့ကကော...."
"ဂိုဏ်းတွေ တိတ်တဆိတ်ပျိုးထောင်ပေးထားတဲ တပည့်တွေမဟုတ်ရင် အောင်မြင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး...."
ဤအချက်ကို...
လျိုချင်းရှန်တောင် သံသယဖြစ်မိ၏။
ကောင်းကင်အဆင့်တာဝန်က ဘယ်လောက်ခက်ခဲလဲဆိုတာ သူမမသိပေ။ သို့ပေမယ့် မြေကမ္ဘာအဆင့်တာဝန်နှင့်တောင် သူမအသက်ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့သည်။
ထို အခြေခံတည်ဆောက်ခြင်းအဆင့် ၅ အဆင့် ၆ သာရှိသည့်လူတွေက...
ဘယ်လိုလုပ် ကောင်းကင်အဆင့်တာဝန်ကို ပြီးမြောက်နိုင်မည်နည်း။
မူလ၌ လူတွေက ထိုအမျိုးသမီးသုံးယောက်ကို အာရုံမစိုက်ချင်ကြပေ။
အများဆုံးမှ သူတို့က လူအချို့၏နေရာတွေကို ယူသွားရုံသာဖြစ်သည်။
သို့ပေမယ့် ယခုတော့ အရင်းအမြစ်နှင့်ပတ်သက်ပြီး လူတိုင်းအတွက်ပြဿနာဖြစ်လာရာ သဘာဝအတိုင်း မကျေနပ်မှုတွေဖြစ်လာကြတော့သည်။
ဂျန်ဖန်း ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။
ဤကိစ္စက တကယ်ကို အဆုံးမရှိတော့ပေ။
သူက လင်ယုဟန်ကိုအရိုအသေပေးပြီး ပြောလိုက်သည်။
"စီနီယာလင်း..."
"အဲ့အမျိုးသမီးသုံးယောက် သူတို့အကျိုးပြုမှတ်တွေ ဘယ်လိုရလာလဲဆိုတာ ကျွန်တော်သိပါတယ်...."
အမှန်တော့ လင်းလုဟန်လည်း သူတို့၏အကျိုးပြုမှတ်တွေနှင့်ပတ်သက်ပြီး သံသယအချို့ရှိ၏။
ထိုသုံးယောက်က ဘယ်လိုလုပ် ကောင်းကင်အဆင့်တာဝန်ကို ပြီးမြောက်ခဲ့သနည်း။
ဂျန်ဖန်း ဝန်ခံလိုက်သည်။
"အမှန်တော့ ကျွန်တော်ပြီးမြောက်ခဲ့တဲ့ မိုင်တစ်ထောင်သိမ်းငှက်ပို့တဲ့တာဝန်က အဖွဲ့ဝင် ၄ ယောက်လိုတာ..."
"ကျွန်တော်သူတို့ကို အဖွဲ့ဝင်အဖြစ်ရွေးလိုက်တော့ သဘာဝအတိုင်း သူတို့လည်း အကျိုးပြုမှတ်တွေရသွားတာ.."
နေရာ ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။
ရှေ့တန်းမှာအသက်ရင်းနေသည့် သိုင်းပညာရှင်များစွာ သွေးအန်ချင်သွားကြ၏။
"သေစမ်း, ငါမှာတော့အလုပ်ကြိုးစားလိုက်ရတာ ဂျန်ဖန်းခြေထောက်တွယ်တက်တဲ့ အဲ့အမျိုးသမီးသုံးယောက်လောက်တောင် မကောင်းဘူးပဲ..."
"ဂျူနီယာမောင်လေးဂျန်, နင်နောက်ထပ် အမျိုးသမီးပါတနာတွေ လိုအပ်သေးလား။ ငါပါမယ်လေ...."
"နင်က တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ ဒါပေမယ့် ဂျန်ဖန်းသာစိတ်မရှိရင် ငါလည်း အရှက်မရှိပြုမူမိမှာပဲ..."
"ဘယ်သူက မနာလိုမဖြစ်ပဲ နေမှာလဲ...."
"သူနဲ့အဖွဲ့ဖွဲ့ရုံနဲ့ သူတို့က ထိပ်ဆုံး အဆင့် ၃၊ ၄၊ ၅ တွေရသွားပြီ..."
လူအုပ် နောက်တစ်ကြိမ် စိတ်လှုပ်ရှားစွာဖြင့် ပြောလာကြသည်။
သို့ပေမယ့် မေးခွန်းထုတ်သည့်အသံတွေတော့ ဒီရေကျသကဲ့သို့ အဝေးကိုလွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
လင်းယုဟန် ဂျန်ဖန်းကို အထက်အောက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းကတကယ်ရက်ရောတာပဲ။ အဲ့တာက ကောင်းကင်အဆင့်တာဝန်လေ..."
"ဒီလိုပဲ သာမန်ကာဆန်ကာခေါ်သွားတယ်ပေါ့..."
"မင်း အကျိုးအမြတ်တစ်ခုခုမရလိုက်ဘူးလား...."
သူမက အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။
လျိုချင်းရှန် ချက်ချင်းပဲ ဂျန်ဖန်းလက်မောင်းကို လိမ်ဆွဲလိုက်သည်။
"နင်... နင် အချိန်ကောင်းတွေရှိခဲ့တယ်၊ ဟုတ်တယ်မလား...."
"စီနီယာအမတစ်ယောက်နဲ့ ဂျူနီယာညီမနှစ်ယောက် သူတို့က နင့်ကို သက်တောင့်သက်သာရှိအောင်ပြုစုပေးလိုက်တယ်မလား..."
သူမက ချူရှင်းမန်နှင့် ချင်းချိုင်းဟီတို့အကြောင်းတော့ မသိပေ။
သို့ပေမယ့် ယီလန်ရှင်းအတော်လှတာတော့ မြင်ဖူး၏။
ဂျန်ဖန်းအသက်ရှူသွင်းလိုက်၏။
ပိုရှင်းပြလေ ပိုပြဿနာများတော့မည်ဆိုတာ သူသိ၏။ ထို့ကြောင့် အလျှင်အမြန်ပြောလိုက်သည်။
"တာဝန်ခံလင်း, ကျွန်တော် အခု အရင်းအမြစ်လှဲလို့ရပြီလား...."
လင်းယုဟန် ပါးစပ်ကာပြီး အနည်းငယ်ရယ်ကာ ကွပ်ကဲရေးဠာနထဲဝင်ရောက်သွားခဲ့သည်။
"လာခဲ့...."
"ပစ္စည်းရွေးဖို့ တစ်ယောက်ချင်းဝင်ခဲ့ကြ..."
ထိုအရာနှင့်ပတ်သက်ပြီး မည်သူမှမကန့်ကွက်ကြပေ။
သူတို့ရွေးချယ်ထားသည့် ပစ္စည်းကောင်းတွေ အခြားသူတွေမြင်မှာ မည်သူမှ မလိုချင်ကြပေ။
ကွပ်ကဲရေးဠာနထဲ၌....
လင်းယုဟိုင်း ကာကွယ်ရေးအစီအရင်တစ်ခုခင်းကျင်းလိုက်ပြီး အပြင်မှအာရုံခံမှုတွေကို ပိတ်ဆို့လိုက်၏။
ထို့နောက် ကျောက်စိမ်းလက်ကောက်ဝတ်ဆင်ထားသည့်လက်ကို မြောက်ပြီး ညင်သာစွာဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သည့်လေဟာနယ်စွမ်းအားတစ်ခု လက်ကောက်မှထွက်ပေါ်လာခဲ့သည်။
ထို့နောက်...
မှော်ဆန်သကဲ့သို့ ပစ္စည်းသေတ္တာကြီးတွေ သူမရှေ့၌ ပျံ့ကျဲထွက်ပေါ်လာခဲ့သည်။
"ဒါတွေက ရှားပါးအရင်းအမြစ်တွေပဲ..."
"လက်ကောက်ထဲမှာတော့ ဆေးလုံးတွေ၊ အဆောင်တွေ၊ မှော်လက်နက်တွေ အများကြီးရှိသေးတယ်။ များလွန်းတော့ ငါ တစ်ခါတည်း အကုန်ထုတ်မပြနိုင်ဘူး..."
"ဒါကြောင့် မင်းဒီစာရင်းကိုကြည့်လိုက်။ တကယ်လို့ ရှားပါးပစ္စည်းမဟုတ်တာတွေလိုချင်ရင် ငါထုတ်ပေးမယ်..."
သူမက ဂျန်ဖန်းကို စာရင်းတစ်ခု ကမ်းပေးလိုက်၏။
စာရင်းထိပ်ဆုံး၌ အဆင့် ၃ ဆေးလုံးဖြစ်သည့် ယွမ်စွမ်းအင်ဆေးလုံးရှိနေခဲ့သည်။
၎င်းကို လှဲလှယ်ဖို့ အကျိုးပြုမှတ် ၃၀၀ လိုအပ်၏။
တန်ဖိုးမြင့်နေရသည့်အကြောင်းအရင်းက...
ယွမ်းစွမ်းအင်ဆေးလုံးက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်သည့် ဆေးအနည်းငယ်ထဲမှ တစ်ခုဖြစ်နေသောကြောင့်ပင်။
ထို့ပြင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်ကိုယ်တိုင် ပြုလုပ်ထားတာဖြစ်၏။
ဂိုဏ်း ၉ ဂိုဏ်း ဂိုဏ်းချုပ်တွေ တစ်နှစ်ကို ၂ လုံးထက်ပိုမရပေ။
ဤအရာက ၎င်း၏ရှားပါးမှုကို ပြသနေတာပဲဖြစ်သည်။
လင်းယုဟိုင်မျက်လုံးတွေတောက်ပသွားပြီး ပြောလိုက်သည်။
"ယွမ်းစွမ်းအင်ဆေးလုံးကို ဦးစားပေးလှဲတာ အကောင်းဆုံးပဲ။ ဖြစ်နိုင်ရင် ၂ လုံးပေါ့..."
"ယွမ်စွမ်းအင်ဆေးတစ်လုံးတည်းဆိုရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချို့ဖျက်ဖို့ ၃၀ရာခိုင်နှုန်းပဲရှိတယ်..."
"ဆေးနှစ်လုံးမှ ၅၀ ရာခိုင်နှုန်းအခွင့်အရေးရှိမှာ...."
ဂျန်ဖန်းအာရုံက စာရင်းပေါ်မှာကော ယွမ်းစွမ်းအင်ဆေးလုံးပေါ်မှာကော မရှိပေ။
ထိုအစား ရှားပါးအရင်းအမြစ်သေတ္တာတွေပေါ်၌သာ စစ်ဆေးနေခဲ့သည်။
လင်းယုဟန် အလေးအနက်အကြံပေးလိုက်၏။
"ဂျန်ဖန်း, ငါပြောတာနားထောင်...."
"အဲ့ဒီရှားပါးအရင်းအမြစ်တွေကြောင့် အာရုံမပျံ့လွင့်စေနဲ့။ သိုင်းပညာရှင်တစ်ယောက်ရဲ့နယ်ပယ်ကမှ အရာရာတိုင်းရဲ့ အုတ်မြစ်ပဲ..."
"အထူးသဖြင့် မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ..."
"နယ်ပယ် ၂ခုက တစ်ဆင့်ပဲကွာတယ်ထင်ရပေမယ့် ကမ္ဘာကြီးတစ်ခုလောက်ခြားတယ်...."
"အမြုတေဖွဲ့ဖို့အခွင့်အရေးက မင်းအတွက် ဘယ်လိုအရင်းအမြစ်တိုင်းအတွက်မဆို ပိုအရေးကြီးတယ်...."
သူမ၏ပုံမှန်အေးစက်သည့်သဘာဝနှင့် အခြားလူကို ဤကဲ့သို့လမ်းညွှန်ပေးဖို့ စိတ်ရှုပ်ခံနေမည်မဟုတ်ပေ။
သို့ပေမယ့် ဂျန်ဖန်းကတော့ သူမတပည့်အဖြစ်ခေါ်ယူဖို့စဥ်းစားထားသည့်အတွက် အလေးအနက်အကြံဉာဏ်ပေးနေတာဖြစ်သည်။
ဂျန်ဖန်း အရိုအသေပေးပြီး ပြောလိုက်သည်။
"စီနီယာလင်း, ကျွန်တော် မင်းရဲ့ကြင်နာမှုကို လက်ခံပါတယ်...."
"ဒါပေမယ့် ကျွန်တော့်မှာ အဆင့်ချိုးဖျက်ဖို့ နည်းလမ်းရှိပြီးသားပါ..."
"အရာရာအဆင်သင့်ဖြစ်နေပြီး နောက်ဆုံးတစ်ဆင့်ပဲကျန်တော့တာ..."
ရုတ်တရက်...
သူ့မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး အနီရောင်သေတ္တာတစ်ခုကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"စီနီယာ, ဒီပစ္စည်းက ဘယ်လောက်လဲ...."
***