အထဲ၌ရှိနေသည့်အရာက အခြားမဟုတ်ပေ။
၎င်းက လက်ဝါးအရွယ်လောက်ရှိပြီး ကြည်လင်နေသည့်ပွင့်ဖတ်တစ်ခုပင်။
လင်းယုဟန် အံ့အားသင့်သွား၏။
"မင်းက လေဟာနယ်ကြာပန်းကို ဘာအတွက်လိုတာလဲ...."
"ဒီပစ္စည်းက ဆေးဖော်စပ်ဖို့ အများဆုံးအသုံးပြုတာ...."
ဂျန်ဖန်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျွန်တော ဒါလိုချင်တယ်...."
ကံကောင်းစွာဖြင့် အစောပိုင်းက သူ ယွမ်စွမ်းအင်ဆေးလုံးတွေကို မယူခဲ့ပေ။
အကျိုးပြုမှတ် ၈၀၀နှင့် ယွမ်စွမ်းအင်ဆေးလုံး ၂ လုံးသာဝယ်နိုင်၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ချိုးဖျက်ဖို့ ရာခိုင်းနှုန်းဘယ်လောက်ရှိသနည်း။
၆၀ ရာခိုင်နှုန်း....
သို့ပေမယ့် လေဟာနယ်ကြာပန်း ၇ရောင်ခြယ်အံ့ဖွယ်ရေခဲတို့နှင့်ဖော်စပ်ထားသည့် ချင်းရူးဆေးလုံးက တစ်ရာရာခိုင်နှုန်း အာမခံချက်ရှိ၏။
ထို့ပြင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို တစ်ခါတည်းချိုးဖျက်ဖို့လည်း အခွင့်အရေးရှိ၏။
ဘယ်တစ်ခုရွေးရမလဲဆိုတာ အသိသာကြီးပင်။
လင်းဟုဟန် အပြင်းအထန်မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
"လေဟာနယ်ကြာပန်းက ဒီကမ္ဘာကြီးမှာရှာတွေ့ဖို့ခက်တယ်။ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် ဒီပွင့်ချပ်တစ်ခုပဲရှိတာ..."
"အကျိုးပြုမှတ် ၆၀၀ လောက်လိုအပ်လိမ့်မယ်...."
"မင်းသာ ဒါကိုလှဲလိုက်ရင် ယွမ်စွမ်းအင်ဆေးလုံးလှဲဖို့ အခွင့်အရေးမရှိတော့ဘူး...."
သူမက အမှန်တကယ် ဂျန်ဖန်းအတွက် စိုးရိမ်နေခဲ့သည်။
ဂျန်ဖန်းပြောသည့်နည်းလမ်းအတွက်တော့ သူ့မှာသာ အမှန်တကယ်နည်းလမ်းရှိလျှင် ဘာကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၉မှာ ပိတ်မိနေမည်နည်း။
၆၀၀?...
ထိုအရာက တကယ်ကို ဈေးမပေါပေ။
သို့ပေမယ့် ဤအရာက ဂျန်ဖန်းခုချိန်မှာ ရနိုင်သည့် တစ်ခုတည်းသော လေဟာနယ်ကြာပန်း ပွင့်ချပ်ဖြစ်၏။
ကုန်းယွမ်ဘလက်ထဲရှိ ကြာပန်းကို သူတွေးတောင်တွေးလို့ရမည်မဟုတ်ပေ။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လက်ထောက်ခန်းမသခင် ၂ ယောက်ရှိနေလျှင်တောင် ကုန်းယွမ်ဘ ပေးမည်မဟုတ်ပေ။
"ကျွန်တော် ဒါနဲ့လှဲမယ်...."
ဂျန်ဖန်း ပြတ်သားစွာပြောလိုက်သည်။
လင်းယုဟန် လေးပင်စွာသက်ပြင်းချလိုက်သည်။
"မင်း ဘာလို့ ငါ့အကြံကို နားမထောင်တာလဲ..."
အကူအညီမဲ့စွာဖြင့် ဂျန်ဖန်းစာရင်ကိုယူပြီး အမှတ် ၆၀၀ နှုတ်လိုက်ဖို့တာ တတ်နိုင်၏။
"မင်းမှာ အကျိုးပြုမှတ် ၂၂၅ မှတ်ပဲ ကျန်တော့တယ်...."
ဂျန်ဖန်း အရေးတကြီးအလိုအပ်ဆုံးပစ္စည်းရပြီဖြစ်၍ အတော်လေး ကျေနပ်နေခဲ့သည်။
ကျန်အရင်းအမြစ်တွေကို ပတ်ကြည့်ပြီး သူက မေးလိုက်သည်။
"စီနီယာလင်း, ကျွန်တော်ကြားတာတော့ ဒီတစ်ချိန် ခန်းမရဲ့ဆုလာဒ်တွေထဲမှာ သိုလှောင်ရေးရတနာပါတယ်ဆို..."
"အဲ့တာအမှန်ပဲလား...."
ဂျန်ဖန်း၏ သူမအကြံဉာဏ်ကိုငြင်းဆိုမှုက သူမကိုစိတ်ပျက်သွားစေပြီး အသာအယာနှာမှုတ်လိုက်သည်။
"ရှိတယ်..."
"ဒါပေမယ့် နင့်ရဲ့အမှတ်တွေကို အဆင်ခြင်မဲ့လျှောက်သုံးပြီးတာတောင် အဲ့ပစ္စည်းကိုလှဲချင်သေးတာလား..."
"အဲ့တာကိုလှဲဖို့ အကျိုးပြုမှတ် တစ်သောင်းလိုတယ်...."
ဘယ်လောက်?...
တစ်သောင်း....
ဂျန်ဖန်း အနည်းငယ် မှိန်မောသွား၏။
သူက တစ်လကြိုးစားအလုပ်လုပ်ခဲ့ပြီး ပထမရခဲ့ပေမယ့် အကျိုးပြုမှတ် ၈၀၀ ကျော်လေးသာရခဲ့၏။
ဤနှုန်းတိုင်းဆိုလျှင် တစ်နှစ်လောက်ရုန်းကန်ပြီးလျှင်တောင် လောက်မည်မဟုတ်ပေ။
"မင်းဘာလို့ ဒီလောက်အံ့အားသင့်နေတာလဲ..."
လင်းယုဟန် အပြစ်တင်လိုက်သည်။
"ဂိုဏ်း ၉ ဂိုဏ်းတစ်ခုလုံးမှာ သိုလှောင်ရေးရတနာ ၃ ခုပဲရှိတာ.."
"တစ်ခုက ငါ့လက်ထဲက ကျောက်စိမ်းလက်ကောက်ပဲ။ အများသိသိုလှောင်ရေးရတနာဖြစ်ပြီး ခန်းမရဲ့အရေးကိစ္စတွေလုပ်ဆောင်တဲ့အခါမှာပဲ တောင်းဆိုလို့ရတယ်..."
"တစ်ခုကတော့ ခန်းမသခင်ရဲ့ သိုလှောင်လက်စွပ်ပဲ...."
"နောက်တစ်ခုကတော့ ခန်းမရတနာတိုက်ထဲက သိုလှောင်ရေးလည်ဆွဲပဲ..."
"အဲ့ဒီသိုလှောင်လည်ဆွဲကို ခန်းမကလူတွေတောင် လှဲလှယ်လို့မရဘူး..."
"ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေ အကျိုးပြုမှတ်နဲ့လှဲနိုင်အောင် ခွင့်ပြုပေးတာက ခန်းမကမရေမတွက်နိုင်တဲ့လူတွေကို မနာလိုဖြစ်စေပြီးနေပြီ..."
"သူတို့အားလုံးက အပြင်ထွက်ပြီး ကိုယ်တိုင်တောင် အကျိုးပြုမှတ်တွေရှာချင်နေကြတာ..."
"အကျိုးပြုမှတ်တစ်သောင်းက တကယ်ပဲ မင်းတို့ကို အလကားပေးလိုက်သလိုပဲ...."
ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်။
သိုလှောင်ရေးရတနာ၏တန်ဖိုးကို မျှော်လင့်ထားသော်လည်း....
ယခုကြည့်ရတာ သူ လျော့တွက်ထားမိပုံပင်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်မှလွဲ၍ တစ်ယောက်မှမပိုင်ဆိုင်ကြပေ။
အမှန်တော့ အကျိုးပြုမှတ်တစ်သောင်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်မ တပည့်တွေကို သားရဲလှိုင်းကိုတိုက်ခိုက်ရာ၌ စိတ်ခွန်အားတိုးအောင် မဟာအကျိုးကျေးဇူးကြီးပေးလိုက်တာဖြစ်သည်။
အကျိုးပြုမှတ်တစ်သောင်းက သိုလှောင်ရတနာတစ်ခု၏တန်ဖိုးနှင့်ယှဥ်နိုင်ဖို့ အဝေးကြီးလိုသေး၏။
"ဟုတ်ပါပြီ, ကျွန်တော်က မေးရုံမေးတာပါ..."
ဂျန်ဖန်း ကို့ရို့ကားယားဖြင့် ပြောလိုက်သည်။
သူ အရမ်းကြီးစိတ်ပျက်မသွားပေ။
သိုလှောင်ရေးရတနာက အလွယ်တကူရမှာမဟုတ်ဘူးဟု ယူဆထားပြီးသားဖြစ်သည်။
ယခု... ထိုအကြောင်းတွေးနေတာ ရပ်ရတော့မည်ဖြစ်သည်။
ထိုပစ္စည်းက ယခုချိန်မှာ သူတပ်မက်သင့်သည့်ပစ္စည်းမဟုတ်ပေ။
ကျန်အမှတ် ၂၀၀ ကျော်နှင့် သူဘာလှဲလို့ရမည်နည်း။
ရုတ်တရက်...
အတော်လေးရင်းနှီးသည့်ရတနာတစ်ခု ဂျန်ဖန်းအမြင်အာရုံထဲပေါ်လာ၏။
ထိုအရာက ကြောင်တစ်ကောင်၏မျက်လုံးအရွယ်အစားလောက်ရှိသည့် အလုံးတစ်လုံးဖြစ်ပြီး မျက်နှာပြင်၌ မီးလောင်ရာတွေနှင့် ချိုင်ကွက်တွေရှိနေခဲ့သည်။
ပြတ်တောင်းပြတ်တောင်းလျှပ်စီးကြောင်းတွေလည်း ရံဖန်ရံခါထွက်ပေါ်နေခဲ့သည်။
ဤအရာက ဂျင်ယွင်လဲ့ဝမ်းဗိုက်ထဲမှာ ထုတ်ယူခဲ့သည့် ကောင်းကင်မိုးကြိုးကျောက်တုံးမဟုတ်လား။
အနက်ရောင်မှန်နတ်ဆိုးစိတ်ဝိညာဥ်ပြောတာအရ...
ကောင်းကင်၏ဒေါသကိုလှုံ့ဆော်နိုင်သည့် ရှားပါးရတနာအချို့သာ မိုးကြိုးထောင်ပေါင်းများစွာအပစ်ခံရပြီး တဖြည်းဖြည်း ကောင်းကင်မိုးကြိုးကျောက်တုံးအဖြစ်သိပ်သည်းသွားမည်ဖြစ်သည်။
သူ့ရှေ့ရှိ ကောင်းကင်မိုးကြိုးကျောက်တုံးက ချိုင့်ကွက်တွေရှိနေပြီးမိုးကြိုးစွမ်းအားနည်းနေတာအပြင် ကောင်းကင်မိုးကြိုးကျောက်တုံးနှင့် အတော်လေးဆင်တူ၏။
"ဒါ ကောင်းကင်မိုးကြိုးကျောက်တုံးလား..."
ဂျန်ဖန်း အံ့အားသင့်စွာ မေးလိုက်သည်။
လင်းယုဟန် ဂျန်ဖန်းကို အံ့အားသင့်စွာကြည့်ပြီး ပြောလိုက်သည်။
"မင်းက တစ်ခုခုတော့တစ်ခုခုပဲ..."
"ဒီပစ္စည်းကိုတောင်သိတယ်...."
"ဒါပေမယ့် ဒါက ကောင်းကင်မိုးကြိုးကျောက်တုံးမဟုတ်ဘူး..."
"ငါတို့ခန်းမသခင် ဆယ်စုနှစ်တစ်ခုစာရင်းပြီးဖန်းတီးထားတဲ့ ကောင်းကင်မိုးကြိုးကျောက်တုံးနှင့်တူတဲ့ အရာတစ်ခုပဲ..."
"ကံမကောင်းစွာပဲ, အစစ်အမှန်ကောင်းကင်မိုးကြိုးကျောက်တုံးတစ်ခုမွေးဖွားလာဖို့က မလွယ်ဘူး...."
"ရှားပါးရတနာတစ်ခုမဟုတ်ရင် မိုးကြိုးထောင်ပေါင်းများစွာကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."
"ဒီနှစ်တွေတစ်လျှောက် ခန်းမသခင်က မရေမတွက်နိုင်တဲ့ပစ္စည်းကောင်းတွေကို ဖျက်ဆီးပြီးပြီ...."
နောက်ဆုံးစာကြောင်း၌ သူမအသံနှိမ့်သွားပြီး အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။
ဂျန်ဖန်းနှလုံးသား အပြင်းအထန်ခုန်ပေါက်လာ၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင် ကောင်းကင်မိုးကြိုးကျောက်တုံးဖန်တီးဖို့ ၁၀စုနှစ်တစ်ခုလောက် သုံးခဲ့၏။
သူက ချက်ချင်းပဲ လက်ထဲရှိကောင်းကင်မိုးကြိုးကျောက်တုံးက အလွန်အမင်းပူလောင်လာသည်ဟု ခံစားလာရသည်။
သူက အမှန်တကယ်ပဲ ခန်းမသခင်တောင်လိုချင်သည့်ရတနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။
တည်ငြိမ်အောင်လုပ်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဒါပေမယ့် ကောင်းကင်မိုးကြိုးကျောက်တုံးက မိုးကြိုးစွမ်းအားအနည်းငယ်ပါတဲ့ သာမန်ကျောက်တုံးလေးပဲလေ...."
"စစ်မှန်မိုးကြိုးဂိုဏ်းကလူတွေအတွက်ပဲ အသုံးဝင်တာမဟုတ်ဘူးလား..."
လင်းယုဟိုင် ဂျန်ဖန်း သူမဆီကစုံစမ်းနေတာကို နားမလည်ပဲ...
ကျောင်းသားတစ်ယောက်ကိုသင်ပေးသလိုမျိုး ပြုံးပြီး ပြောလိုက်သည်။
"မင်းက ကောင်းကင်မိုးကြိုးကျောက်တုံးရဲ့ တစ်ဖက်ကိုပဲသိတာကိုး...."
"သူ့ရဲ့မိုးကြိုးစွမ်းအားကိုကျင့်ကြံဖို့သုံးတာက အပေါ်ယံအသုံးဝင်မှုပဲ..."
"တကယ့်အစစ်အမှန်အသုံးဝင်မှုက ကောင်းကင်အတိဒုက္ခကို ခုခံဖို့ပဲ..."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ကနေ သန္ဓေသားအဆင့်ကို ချိုးဖျက်မယ်ဆိုရင် ကောင်းကင်အတိဒုတိက္ခကို ဖြစ်စေလိမ့်မယ်...."
"အဲ့ဒီစွမ်းအားက တကယ်ကို ကမ္ဘာတုန်လှုပ်လောက်တဲ့စွမ်းအားပဲ...."
"သမိုင်းတစ်လျှောက် ကောင်းကင်အတိဒုက္ခကနေ အသက်ရှင်နိုင်တဲ့လူဆိုလို့ တစ်ရာမှာ တစ်ယောက်ထက်နည်းတယ်...."
ယခင်က သူမကိုယ်တိုင်မြင်ဖူးသကဲ့သို့ လင်းယုဟိုင်မျက်နှာ၌ ကြောက်ရွံ့မှုအရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့သည်။
ဂျန်ဖန်း အတွင်းစိတ်ထဲထိ တုန်လှုပ်သွား၏။
မြင့်မြတ်အကြီးအကဲတွေအပါအဝင် ဂိုဏ်း ၉ ဂိုဏ်းတစ်ခုလုံးပေါင်းလျှင် အမြုတေဖွဲ့စည်းခြင်း အဆင့် ၉ သိုင်းပညာရှင် အယောက်တစ်ရာမရှိပေ။
ထိုအရာအရ ၎င်းတို့ထဲ၌ သန္ဓေသားအဆင့်တစ်ယောက်ပေါ်ထွက်လာဖို့ ခက်ခဲသည်ဟု ဆိုလိုနေသည်မဟုတ်လား။
ထို့ကြောင့် ဤကျောက်တုံးက သန္ဓေသားအဆင့်ချိုးဖျက်ဖို့ အခွင့်အရေးဟုတောင် ယူဆနိုင်၏။
ဤလောက်နှစ်တွေကြာတာတောင် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ခန်းမသခင်တစ်ယောက်ပဲ သန္ဓေသားအဆင့်ရှိတာ မအံ့သြတော့ပေ။
သူတောင် အတော်လေးကံကောင်းလို့ ချိုးဖျက်သွားနိုင်တာဖြစ်ရမည်ပင်။
လင်းယုဟန် ထပ်ပေါင်းပြောလိုက်၏။
"ငါတို့လူသားကလန်မှာသာ နောက်ထပ် သန္ဓေသားအဆင့်တစ်ယောက်ရှိရင် မြောက်ပိုင်းက နတ်ဆိုးမျိုးနွယ်ကို ကြောက်နေစရာမလိုတော့ဘူး..."
"ခန်းမသခင်က ဒီနှစ်တွေတစ်လျှောက် ငါတို့လူသားကလန်မှာ သန္ဓေသားအဆင့်ထွက်ပေါ်လာဖို့ပဲ ကြိုးစားနေခဲ့တာ..."
ဂျန်ဖန်း အလေးအနက်ခေါင်းညိတ်လိုက်၏။
သူက အနက်ရောင်မှန်နတ်ဆိုးစိတ်ဝိညာဥ်ကို တွေးမိလိုက်၏။
ထိုဖြစ်တည်မှုက သန္ဓေသားနောင်းပိုင်းအဆင့်ဖြစ်သောကြောင့် သဘာဝအတိုင်း ကောင်းကင်မိုးကြိုးကျောက်တုံး၏ အစစ်အမှန်အသုံးပြုမှုကို သိသင့်၏။
သို့ပေမယ့် ထိုကောင်က ဖုံးကွယ်ထားခဲ့သည်။
ရှင်းလင်းစွာပင်, ထိုကောင်၏စကားတွေကို အလုံးစုံယုံလို့မရပေ။
ဤသို့ဖြင့် ဂျန်ဖန်း၏ ကောင်းကင်မိုးကြိုးကျောက်တုံးအပေါ် စိတ်ဝင်စားမှုက သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်အတိဒုက္ခကိုရင်ဆိုင်ဖို့က သူ့အတွက် ဝေးလွန်းသေး၏။
အထဲရှိမိုးကြိုးစွမ်းအင်အသုံးပြုနိုင်မည့်နည်းလမ်းရှာတာကသာ ပိုလက်တွေ့ကျ၏။
"နောက်ပြီ..."
လင်းယုဟိုင် ထပ်ပေါင်းပြောလိုက်သည်။
"အဲ့တာအပြင်, ကောင်းကင်မိုးကြိုးကျောက်တုံးကလည်း သဘာဝသိုလှောင်ရတနာတွေထဲက တစ်ခုပဲ...."
ဘာ?...
ဂျန်ဖန်း မျက်ခွံ့တွေ အပြင်းအထန် ကျုံ့သွားခဲ့သည်။
***