လျိုချင်းရှန် စိုးရိမ်သွား၏။
ဧရာမဂိုဏ်းက သူတို့နှင့် ကျိုးကြောင်းဆင်ခြင်နေမည်မဟုတ်ပေ။
ခရမ်းဓားကိုရှာတွေ့သည့်အခါ သေချာပေါက် ဂျန်ဖန်းကိုအလွတ်ပေးမည်မဟုတ်ပေ။
ထိုစဥ် သူတို့နောက်ရှိတံခါး ပွင့်လာခဲ့သည်။
ဂျန်ဖန်း တည်ငြိမ်သည့်အမူအရာဖြင့် လက်နှောက်ပစ်ထားကာ ပြောလိုက်သည်။
"စီနီယာအမ, ဒါအဆင်ပြေပါတယ်..."
"ငါစိတ်ကရှင်းလင်းနေတာပဲ ဘာကြောက်စရာရှိလို့လဲ..."
"အမရဲ့ဖုံးကွယ်မှုက ပိုပြီးမသင်္ကာဖြစ်စေလိမ့်မယ်..."
လျိုချင်းရှန် အံ့အားသင့်သွား၏။
တကယ်ပဲ အရာရာအဆင်ပြေသည်လား။
ဒါမှမဟုတ် ဂျန်ဖန်း ဓားကိုဖွက်ပြီးသွားပြီလား။
သူမ မသေချာစွာဖြင့် ပြောလိုက်သည်။
"ဂျူနီယာမောင်လေး, နင်သူတို့ကို ကြောက်ဖို့မလိုဘူး...."
ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး သူမကိုတားလိုက်၏။
ထို့နောက် ကုန်းယွမ်ဘ ဘက်လှည့်ကာ ပြောလိုက်သည်။
"မင်းတို့မဟာအကြီးအကဲသေဆုံးမှုနဲ့ပတ်သက်ပြီး ငါပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်..."
"ဒါပေမယ့် တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ရဲ့ခြံဝန်းကို ဒီလိုမျိုးရှာမယ်ဆိုရင် တိမ်စိမ်းဂိုဏ်းမျက်နှာ ဘယ်သွားထားမလဲ...."
ဂျင်ကျောင်းမင် ဒေါသထွက်လာပြီး ဝင်ပြောလိုက်သည်။
"စကားပြောရအောင် မင်းကိုယ်မင်းဘယ်သူထင်နေလဲ..."
"သွား ရှာကြ။ ခုခံရဲတဲ့သူရှိရင် သတ်ပစ်လိုက်..."
သူ့နောက်ရှိတပည့်တွေ ချက်ချင်းတုံ့ပြန်ပြီး ရှေ့ပြေးထွက်လာကြသည်။
ဂျန်ဖန်း တံခါးအလယ်မှာ အမူရာကင်းမဲ့စွာရပ်နေပြီး စိတ်ဝိညာဥ်စွမ်းအင်ထုတ်မထားသလို မည်သည့်ခုခံမှလည်း မလုပ်ပေ။
ဂျင်ကျောင်းမင်၏ နွားရိုင်းကဲ့သို့ခန္ဓာကိုယ်ကြီး သူ့ဆီပြေးဝင်လာတာကို ခွင့်ပြုထားလိုက်သည်။
ကုန်းယွမ်ဘ ချက်ချင်း အော်ပြောလိုက်၏။
"ရပ်စမ်း..."
သူက ရှာချင်ရုံသာဖြစ်ပြီး ဂျန်ဖန်းကို မထိခိုက်စေချင်ပေ။
ဂျန်ဖန်းသာ တိုင်ပုပိုင်ကို သတ်သည့် တကယ့်တရားခံဆိုတာ အတည်ပြုနိုင်လျှင် ဂျန်ဖန်း သေဖို့ထိုက်တန်၏။
လက်ထောက်ခန်းမသခင်နှစ်ယောက်လည်း ဘာမှပြောလို့ရမည်မဟုတ်ပေ။
သို့ပေမယ့် သက်သေမရှိပဲ ဂျန်ဖန်းကို သေသွားစေခဲ့လျှင် သူ့ကိုယ်ပိုင်ခေါင်း ပြတ်သွားမှာပဲဖြစ်သည်။
"မင်းဘယ်လိုဖြစ်ချင်လဲ...."
ကုန်းယွမ်ဘ နှာမှုတ်လိုက်၏။
တိုင်းဟူရေကန်မှပြန်ရောက်ပြီးနောက် သူ ဂျန်ဖန်း၏စကားတွေကို ဂရုတစိုက် စဥ်းစားနေခဲ့သည်။
တစ်ခုခုမှားနေပေမယ့် မှားနေသည့်အရာကို ထောက်မပြနိုင်ခဲ့ပေ။
မျက်နှာဖုံးနှင့်လူငယ်တစ်ယောက် တစ်ခါက ခရမ်းဓားကိုသုံးခဲ့သည်ဟုတော့ ကြားဖူး၏။
ထိုလူနှင့် အရမ်းအားကောင်းသည့်ဂျန်ဖန်းနှင့်ဆက်စပ်ကြည့်ဖို့က မခက်ပေ။
ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင်ပဲ...
ကျောက်စိမ်းအဆောင်အသက်သွင်းချိန်က ဂျန်ဖန်း အနီးနားမှာရှိနေခဲ့သည်။
ထိုအချက်ကြောင့် သူက ဂျန်ဖန်းရင်ပြင်မှာမရှိတော့ဘူးဆိုတာ ကြားသည့်အခါ ဤကဲ့သို့အင်အားအလုံးအရင်းဖြင့် ရောက်လာတာဖြစ်သည်။
အဘယ်ကြာင့်ဆိုသော် သူက ဂျန်ဖန်းကို သံသယရှိပြီးနေပြီဖြစ်သည်။
အကယ်၍ ဂျန်ဖန်းလုပ်တာသာ မှန်နေခဲ့လျှင် အကောင်းဆုံးပဲဖြစ်သည်။
ပထမတစ်ချက် လက်စားချေနိုင်ပြီး ဒုတိယအချက် လက်ထောက်ခန်းမသခင်နှစ်ယောက်လည်း ဘာမှပြောလို့ရမည်မဟုတ်ပေ။
တတိယအနေဖြင့် အနာဂတ်စိုးရိမ်မှုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထိုအရာက ငှက်သုံးကောင်ကို ခဲတစ်လုံးတည်းနှင့် ပစ်လိုက်သလိုပင်ဖြစ်သည်။
"အရမ်းရိုးရှင်းပါတယ်။ မင်းတို့ ငါတို့နေရာကိုရှာချင်ရင် လက်ခံနိုင်လောက်မဲ့ အကြောင်းပြချက်ပေးရမယ်..."
ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။
ဂျင်ကျောင်းမင် ခြံဝန်းထဲမှာစိုက်ထားသည့် ကောင်းကင်ပုဆိန်ကိုမြင်သည့်အခါ ဒေါသတွေမြင့်တက်လာပြီး အေးစက်စွာပြောလိုက်သည်။
"ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးရအောင် မင်းမှာ ဘာရှိလို့လဲ...."
"ဆရာ, သူပြောတာနားမထောင်နဲ့။ ဒီကောင် လူသတ်သမားပဲနေမှာ..."
ဂျန်ဖန်းကို ခဏကြာစိုက်ကြည့်ပြီးနောက် ကုန်းယွမ်ဘ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ, တိမ်စိမ်းဂိုဏ်းကိုတောင်းပန်တဲ့အနေနဲ့ ငါ မင်းကို သလင်းကျောက်တုံးအချို့ပေးမယ်...."
ဂျန်ဖန်း အေးအးဆေးဆေးပဲ တစ်သိန်းတန် သလင်းကျောက်တုံကင်တစ်ခုထုတ်ပြီး သူတို့ရှေ့၌ ဝှေ့ယမ်းပြလိုက်သည်။
"ငါ့မှာ သလင်းကျောက်တုံးရှားမနေဘူး။ ပြီးတော့ မင်းတို့ဧရာမဂိုဏ်း၏လျို့ဝှက်ဆေးလုံးတွေလည်းပေးစရာမလိုဘူး။ ငါ မင်းတို့ရဲ့ကျင့်စဥ်တွေကိုလည်း စိတ်မဝင်စားဘူး..."
ကုန်းယွမ်ဘ အနည်းငယ်အံကြိတ်လိုက်၏။
ဒီဟာလည်းမလိုချင်၊ ဟိုဟာလည်းမလိုချင်နှင့်။
ထိုကောင်က သူ့လေဟာနယ်ကြာပန်းကိုလိုချင်နေသည်လား။
ထိုအရာက မဖြစ်နိုင်ပေ။
ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပသွား၏။
"မင်းမှာ ဘာမှရှားပါးမနေဘူးဆိုမှတော့ ဂူအိမ်တော်တစ်ခုကို စူးစမ်းတဲ့အခွင့်အရေးဆိုရင်ကော...."
ဂူအိမ်တော်တစ်ခုကို စူးစမ်းမယ်?...
ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။
ဂျင်ကျောင်းမင်မျက်နှာလည်း ပြောင်းလဲသွားသည်။
"ဆရာ, ဒါဘယ်လိုဖြစ်နိုင်မှာလဲ...."
"ဒါက ကျွန်တော်တို့ဧရာမဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေလေ...."
"ဂိုဏ်းရဲ့အထွတ်အမြတ်လျို့ဝှက်ကျင့်စဥ်ဖြစ်တဲ့ သံမဏိသွေးစစ်မှန်ကျမ်းကိုတောင် အဲ့မှာပဲရှာတွေ့ခဲ့တာ..."
ဘာ?...
ဂျန်ဖန်နှလုံးသား အပြင်းအထန်ခုန်ပေါက်သွား၏။
သူ့အောင်မြင်မှုတွေ၌ သံမဏိသွေးစစ်မှန်ကျမ်းက သိသိသာသာ ပါဝင်နေခဲ့သည်။
အနည်းဆုံး သူ့အောင်မြင်မှုတွေ၏ ၃၀ ရာခိုင်နှုန်းလောက်က ထိုကျင့်စဥ်ကြောင့်ဖြစ်၏။
ယခု သံမဏိသွေးစစ်မှန်ကျမ်းက ဧရာမဂိုဏ်း၏အမွေအနှစ်မဟုတ်ဘူးဆိုတာ သူသိလိုက်သည်။
ထိုအရာက ဂူအိမ်တော်တစ်ခုထဲမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်သည်။
ကုန်းယွမ်ဘ ဂျင်ကျောင်းမင်ကို တစ်ချက်ကြည့်လိုက်သည်။
"ဘယ်အချိန်က မင်းမှာ ငါ့ဆုံးဖြတ်ချက်တွေကို ဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိသွားတာလဲ...."
ထို့နောက် ဂျန်ဖန်းကိုပြန်ကြည့်ကာ ပြောလိုက်သည်။
"မင်းကြားတဲ့အတိုင်းပဲ...."
"အဲ့ဒီဂူအိမ်တော်က ငါတို့ဧရာမဂိုဏ်းအတွက် မူလနေရာတစ်ခုလို့ပြောလို့ရတယ်...."
"လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ငါတို့ဂိုဏ်းဘိုးဘေးက အဲ့ဒီနေရာကိုရှာတွေ့ခဲ့တယ်။ ပြီးတော့ အဲ့ကရတဲ့ အမျိုးမျိုးသောခန္ဓာသန့်စင်နည်းစနစ်တွေလေ့လာပြီး ဧရာမဂိုဏ်းကိုတည်ထောင်ခဲ့တာ..."
"အဲ့ဒီလျို့ဝှက်နယ်မြေက ဘယ်တုန်းကမှ အပြင်ကို မပေါက်ကြားခဲ့ဘူး..."
"မင်းနဲ့ လျိုချင်းရှန်က ပထမဆုံးပဲ။ ဒါက တိမ်စိမ်းဂိုဏ်းကိုတောင်းပန်ဖို့ လုံလောက်မယ်မလား..."
ဂျန်ဖန်း အလွန်သွေးဆောင်ခံလိုက်ရ၏။
ဤအရာက ဂိုဏ်းတစ်ခုအခွင့်အရေးတွေ၏ မူလဇစ်မြစ်ဖြစ်၏။
ထိုနေရာ၌ ရတနာတွေဘယ်လောက်တောင် ထွက်ပေါ်ခဲ့မလဲဆိုတာ စိတ်ကူးကြည့်ရုံနှင့်သိနိုင်၏။
သို့ပေမယ့် သူက တည်ငြိမ်နေခဲ့သည်။
"လျို့ဝှက်နယ်မြေကို မင်းတို့တွေ့ခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေခဲ့ပြီး။ မြေအောက် ၁၀ ပေမှာရှိတဲ့ ပစ္စည်းတွေတောင် ခုလောက်ဆို တူးပြီးလောက်ရောပေါ့..."
"ဘယ်လိုအခွင့်အရေးအသစ်များ ကျန်အုန်းမှာမိုလို့လဲ...."
ကုန်းယွမ်ဘပြောလိုက်သည်။
"ဒါက ပြောရခက်တယ်...."
"ငါတို့ဂိုဏ်းရဲ့ သံမဏိသွေးစစ်မှန်ကျမ်းတောင် လွန်ခဲ့တဲ့ ၁၀ စုနှစ်အကြာကမှ ရှာတွေ့ခဲ့တာ...."
"မင်းကံသာ အလုံအလောက်ကောင်းရင် ငါ လေဟာနယ်ကြာပန်းကိုတောင် ရောင်းဝယ်ဖို့ ဆန္ဒရှိရင်ရှိမှာ...."
ဂျန်ဖန်း တွေးဆသည့်အမူအရာပြသလိုက်၏။
အမှန်တော့ သူက တကယ်ပဲ သွားကြည့်ချင်နေခဲ့သည်။
သံမဏိသွေးစစ်မှန်ကျမ်းထားခဲ့သည့်လူက ပိုအံ့အားသင့်စရာကောင်းသည့်ပစ္စည်းတွေတောင် ချန်ထားခဲ့နိုင်၏။
ဤအရာက အလကားရသည့်အခွင့်အရေးဖြစ်တာကြောင့် ဘာကြောင့် မကြိုးစားကြည့်ရမည်နည်း။
"အဲ့နေရာက ဘယ်မှာလဲ။ ငါတို့တာဝန်တွေကို ကြန့်ကြာစေမှာလား...."
ဂျန်ဖန်း မေးလိုက်သည်။
ကုန်းယွမ်ဘ ပြောလိုက်သည်။
"ဒါက မြောက်ပိုင်းနယ်မြေမှာ။ ရှေ့တန်းနဲ့သိမ်မဝေးဘူး....."
"မင်းရှေ့တန်းကတာဝန်ယူတာနဲ့ လမ်းမှာ ဝင်ကြည့်လို့ရတယ်...."
ဂျန်ဖန်း နောက်ထပ်တွေဝေမနေတော့ပေ။
"ကောင်းပြီလေ..."
"ငါသဘောတူတယ်...."
"မင်း အခုရှာလို့ရပြီ...."
သူ့၌ ချီလင်းလေးရှိ၏။
ချီလင်းလေး၏ ကောင်းကင်နှင့်မြေကြီးရတနာတွေအာရုံခံနိုင်စွမ်းနှင့် ဧရာမဂိုဏ်းရှာမတွေ့သည့်အရာတွေ ချီလင်းလေးဆီမှ လွတ်မြောက်မည်မဟုတ်ပေ။
တစ်စုံတစ်ခုသာ အမှန်တကယ်တွေ့ခဲ့လျှင် ဧရာမဂိုဏ်း နောင်တရသွားမည်ပဲဖြစ်သည်။
ကုန်းယွမ်ဘ မျက်လုံးတွေ တောက်ပသွား၏။
"ရှာကြ..."
ဂျင်ကျောင်မင် ချက်ချင်းပဲ အဖွဲ့ကိုဦးဆောင်ပြီး ခြံဝန်းထဲဝင်ကာ နေရာတိုင်းကို ရှာတော့၏။
အတွင်းအပြင် ဓားဖွက်ထားနိုင်သည့်နေရာတိုင်း ရှာဖွေကြ၏။
"မဖြစ်နိုင်တာ..."
အံ့ဖွယ်မျက်နှာဖုံးနှင့်လူငယ်က ဂျန်ဖန်းဆိုတာ သူယုံကြည်၏။
ဘယ်လိုလုပ် ရှာမတွေ့ရသနည်း။
"ငါ့အတွက် မြေအောက်သုံးပေတူးစမ်း..."
မြေတူးဆွသံတွေနှင့်...
သူတို့က တကယ်ပဲ မြေကြီးတူးကာ ရှာဖွေနေကြ၏။
မျှော်လင့်ထားသည့်အတိုင်း ဘာမှမတွေ့ခဲ့ပေ။
သူတို့က နေ့တစ်ဝက်လောက် ခြံဝန်းကို မြေလှန်ရှာပြီးတာတောင် ဖွက်ထားသည့်ဓားတစ်ချောင်းမှ မတွေ့ပေ။
ဂျင်ကျောင်းမင် ဂျန်ဖန်းကိုစိုက်ကြည့်ပြီး မကျေမနပ်ဖြစ်နေခဲ့သည်။
"မင်း ဓားကို ဘယ်မှာဝှက်ထားတာလဲ...."
ဂျန်ဖန်း သူ့ကျောမှ လွမ်းဆွတ်ခြင်းဆီးနှင်းဓားကို ပစ်ပေးလိုက်၏။
"ငါ့မှာ ဒီဓားတစ်ချောင်းပဲရှိတယ်...."
"မင်း ငါ့ကိုအတင်းတရားခံဖြစ်စေချင်ရင်တော့ အဲ့တာကို ခရမ်းရောင်ခြယ်လိုက်..."
"မဟုတ်လည်း ငါ့အဝတ်တွေချွတ်ပြီး ရှာကြည့်ပါလား..."
"ငါ ခရမ်းဓားကိုခေါက်ပြီး အဝတ်ထဲသိမ်းထားချင်ထားမှာ...."
ဂျင်ကျောင်းမင် နှာမှုတ်လိုက်၏။
"ငါ မရှာဘူးလို့ မင်းထင်နေလား..."
သူ ရှေ့တိုးသွားစဥ်မှာပဲ...
"တော်လောက်ပြီ..."
ကုန်းယွမ်ဘ မျက်မှောင်ကြုတ်နေခဲ့သည်။
ဤအရာက ရုတ်တရက်ဝင်စစ်ဆေးခြင်းဖြစ်သည်။
ဂျန်ဖန်း ခရမ်းဓားကိုဝှက်ဖို့ အချိန်မရှိပေ။
ထို့ပြင် သူတို့က မြေအောက်သုံးပေထိတောင် တူးခဲ့၏။
ထိုဓားသာ အမှန်တယ်ရှိနေလျှင် ရှာတွေ့မည်ပဲဖြစ်သည်။
ကြည့်ရတာ သူတို့တကယ် လူမှားသွားပြီ ဖြစ်ရမည်ပင်။
"သွားစို့...."
ကုန်းယွမ်ဘ လှည့်ထွက်သွားခဲ့သည်။
ဂျန်ဖန်း သူ့ကိုတားလိုက်သည်။
"ဂိုဏ်းချုပ်ကုန်း ခင်ဗျားတစ်ခုခုများ မေ့နေသလား..."
ကုန်းယွမ်ဘမျက်နှာ မဲမှောင်သွား၏။
တွန့်ဆုတ်စွာဖြင့် သူက ကြေးတံဆိပ်ပြားတစ်ခုထုတ်ယူလိုက်သည်။
"ယူလိုက်...."
"ဒီတံဆိပ်နဲ့ မင်းဂူအိမ်တော်ကို အချိန်မရွေးဝင်နိုင်တယ်။ ဒါပေမယ့် တစ်ရက်ပဲနေလို့ရမယ်...."
ဂျန်ဖန်း အပြုံးတစ်ခုနှင့် ယူလိုက်၏။
"ဂိုဏ်းချုပ်ကုန်, ခရီးလမ်းဖြောင့်ဖြူးပါစေ..."
သူတို့ထွက်သွားတာကိုကြည့်ပြီး ဂျန်ဖန်း သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကံကောင်းစွာဖြင့် သူက အရာရာတိုင်းကို ကောင်းကင်မိုးကြိုးကျောက်တုံးထဲပြောင်းထည့်ထားခဲ့သည်။
မဟုတ်လျှင် အကျိုးဆက်ကို တွေးကြည့်လို့တောင်မရပေ။
"ဖန်း, နင် စောနက ငါ့ကို သေအောင်ခြောက်နေတာပဲ..."
လျိုချင်းရှန် သူမရင်ဘတ်ကို ပုတ်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
"နင်တော့သွားပြီလို့ ငါထင်နေတာ...."
ဂျန်ဖန်း အလျှင်အမြန်ပဲ တိတ်တိတ်နေဖို့ အချက်ပြလိုက်၏။
"ဒါကို နောက်တစ်ကြိမ် မပြောနဲ့တော့...."
"ကျွန်တော့်ကိုကာကွယ်ပေးထား။ ကျွန်တော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ဖို့လိုတယ်...."
လျိုချင်းရှန် အလိုအလျှောက် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ, နေပါအုန်း..."
"နင် အမြုတေဖွဲ့တော့မယ်လို့ ပြောလိုက်တာလား...."
***