ဂျန်ဖန်း မေးလိုက်သည်။
"ဒါ ထူးဆန်းလို့လား...."
"ငါက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေပြီလေ။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်တာ ဘာမှားနေလို့လဲ..."
လျိုချင်းရှန် တစ်ခဏ အေးခဲသွား၏။
"ဘာမှမမှားပါဘူး။ ဒါက နည်း... နည်းနည်း..."
သူမ ယာယီ ပြောစရာစကားကင်းမဲ့သွား၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ရောက်၍ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ချိုးဖျက်တာ သာမန်ကိစ္စဖြစ်၏။
သို့ပေမယ့် သူမ ထူးဆန်းနေတာကို ပြောမပြနိုင်ဖြစ်နေ၏။
ဂျန်ဖန်း သူ့အခန်းတံခါးပိတ်သွားမှသာ...
ရုတ်တရက် ပြဿနာကိုနားလည်သွားခဲ့သည်။
"ဒါပေမယ့် ဒါက လအနည်းငယ်ပဲရှိသေးတာလေ..."
"သူက အမြုတေဖွဲ့တော့မယ်တဲ့လား...."
သူမ အသေအချာမှတ်မိနေသေး၏။
အထီးကျန်လှေမြို့ မြို့သခင်အိမ်တော် စိတ်ဝိညာဥ်ရေကန်၌ သူမ ဂျန်ဖန်းနှင့် ပထမဆုံးစတွေ့ချိန်...
ထိုအချိန်က ဂျန်ဖန်းကျင့်ကြံရေးနယ်ပယ်က ဘယ်အဆင့်နည်း။
ချီကျင့်ကြံခြင်းအဆင့် ၇ သာရှိသေး၏။
ထိုချိန်မှ ခုချိန်ထိ နှစ်ဝက်သာကြာသေးပြီး ယခု သူက အမြုတေဖွဲ့တော့မည်တဲ့လား။
လျိုချင်းရှန် နှစ်မရေမတွက်နိုင်အောင်ကျင့်ကြံခဲ့ပြီး ဂျန်ဖန်း၏လမ်းစဥ်းချိုးဖျက်ခြင်းအမှုန့်အကူအညီဖြင့်သာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ခဲ့၏။
မဟုတ်လျှင် သူမ ခုချိန်ထိ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မှာ ပိတ်မိနေအုန်းမှာဖြစ်သည်။
ဂျန်ဖန်းကတော့ ၆ လတည်းနှင့် သူမနှစ်များစွာလျောက်ခဲ့သည့်လမ်းကို ဖြတ်ကျော်သွားခဲ့သည်။
အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ဆိုလျှင်တောင် ဤကျင့်ကြံရေးအရှိန်က မယုံနိုင်လောက်အောင် မြန်လွန်းနေ၏။
အခန်းထဲပြန်ရောက်သည့်အခါ...
ဂျန်ဖန်း ပတ်ဝန်းကျင်ရှိပြန့်ကျဲနေသည့်ပစ္စည်းတွေကြောင့် စိတ်အနှောက်အယှက်မဖြစ်ပေ။
သူက နေရာလွတ်တစ်ခု၌ ရိုးရှင်းစွာခြေချိတ်ထိုင်ပြီး ချင်ရူးဆေးလုံးကို စတင်သန့်စင်လိုက်၏။
နှစ်ရာရီလောက်ကြာပြီးနောက်....
သူ့နဖူး၌ချွေးစိုဆွဲနေကာ လက်ဝါးထဲ၌ တောက်ပပြီး ထူးဆန်းသည့်အငွေ့အသက်တွေပေးစွမ်းနေသည့် ကြည်လင်သည့်ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။
ဤအရာက အဆင့် ၄ ဆေးလုံးဖြစ်သည့် ချင်ရူးဆေးလုံးပင်။
ထိုအရာကိုသောက်သုံးပြီးနောက် လူတစ်ယောက်ဟာ သေချာပေါက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ချိုးဖျက်ဖို့ အခွင့်အရေးရှိ၏။
မျှော်လင့်ချက်အပြည့်ဖြင့် သူက ချက်ချင်းပဲ သောက်လိုက်သည်။
ဆေးအာနိသင် စတင်ပြသလာသည်နှင့်...
သူ့ဒန်ထျန်ထဲရှိ စိတ်ဝိညာဥ်ရေကန်က အလျှင်အမြန်ပဲ ကျုံ့ဝင်လာခဲ့သည်။
မူလက တစ်ဧကလောက်ရှိသည့် စိတ်ဝိညာဥ်ရေကန်က မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ ဧကဝက်လောက်ထိ ကျုံ့သွားခဲ့သည်။
ထို့ပြင် ၎င်းက ဆက်လက်ကျုံ့ဝင်နေခဲ့သည်။
ခဏကြာတော့ လက်ဆေးဇလုံအရွယ်အစားလောက်သာ ကျန်တော့၏။
နောက်တစ်ခဏကြာ ယခုချိန်မှာတော့ လက်သီးဆုပ်အရွယ်သာကျန်တော့၏။
ကန်ထဲရှိ စိတ်ဝိညာဥ်စွမ်းအားတွေ အဆက်မပြတ်ဖိသိပ်ခံနေရပြီး မယုံနိုင်လောက်အောင် သိပ်သည်းလာခဲ့သည်။
စိတ်ဝိညာဥ်ရေကန် ကြက်ဥအရွယ်အစားလောက်ထိသိပ်သည်းလာသည့်အခါ နောက်ထပ် မဖိသိပ်နိုင်တော့ပေ။
၎င်းထဲရှိ စိတ်ဝိညာဥ်စွမ်းအားတွေလည်း ဖိသိပ်မှုကြောင့် ပြည့်ကျပ်နေပြီး နောက်ထပ်ဖိအားကို မခံနိုင်တော့ပေ။
ယွမ်စွမ်းအင်ဆေးလုံးသောက်သုံးသည့်လူအများစုက ဤအဆင့်မှာ ကျဆုံးကျတာဖြစ်သည်။
သို့ပေမယ့် ချင်ရူးဆေးလုံးက အလွန်များပြားသည့်ဆေးစွမ်းအားကို ပိုင်ဆိုင်ထား၏။
ဖိသိပ်မှုနှေးလာသည့်အချိန်၌ ဆေးလုံး၏လွမ်းမိုးမှုအောက်မှာပဲ စိတ်ဝိညာဥ်ရေကန်က ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။
ဖောက်!
လုံးဝဖိသိပ်ခံလိုက်ရပြီး စိတ်ဝိညာဥ်ရေကန် လူသားမျက်လုံးအရွယ်ရှိ ရွှေရောင်အလုံးတစ်လုံးအဖြစ်ပြောင်းလဲသွားကာ ရွှေရောင်အလင်းတန်းတွေ ထုတ်လွတ်နေခဲ့သည်။
ဤအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်သာပိုင်ဆိုင်သည့် စွမ်းအင်အရင်းအမြစ်ပင်။
ရွှေအမြုတေ...
ဤအခိုက်အတန့်၌ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်သွားပြီဖြစ်သည်။
ရှုမိသားစု၌ ခိုကပ်နေခဲ့ရသည့် ကောင်လေးတစ်ယောက်မှ ယခု ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ တစ်ကိုယ်တော်ရပ်တည်နိုင်သည့် အမြုတေအဆင့် ပညာရှင်တစ်ယောက်ဖြစ်လာခဲ့သည်။
အဖေသာသိရင် သေချာပေါက်ဂုဏ်ယူနေမှာ...
စိတ်လှုပ်ရှားမှုကိုဖိနှိပ်ပြီး ဂျန်ဖန်း ကျင့်စဥ်နည်းလမ်းကိုအသက်သွင်းကာ ပတ်ပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူလိုက်၏။
အဘယ်ကြောင့်ဆိုသော် ချိုးဖျက်မှုက မပြီးစီးသေးသောကြောင့်ပင်။
ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းအဆင့် ၉၌ အချိန်အတော်ကြာနေခဲ့ပြီး အုတ်မြစ်အတော်ခိုင်မာနေတာကြောင့်ဖြစ်နိုင်၏။
ဆေးစွမ်းအင်တစ်ဝက်လောက်သုံးစွဲရုံဖြင့် သာသာယာယာပဲ အဆင့်ချိုးဖျက်နိုင်ခဲ့သည်။
ထို့ကြောင့် ကျန်ရှိသည့်ဆေးစွမ်းအင်တွေကို စိတ်ဝိညာဥ်စွမ်းအင်အဖြစ်ပြောင်းလဲပြီး ရွှေအမြုတေကို ဆက်လက်အားဖြည့်ပေးလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်....
နောက်ဆုံးကျန်ရှိသည့် ဆေးစွမ်းအင်ကို စုပ်ယူပြီးစီးသွားခဲ့သည်။
ထိုအခါ ရွှေအမြုတေအသာအယာတုန်ယင်လာပြီး တဝီဝီမြည်သံတစ်ခုနှင့် နောက်ထပ်အလွှာတစ်ခုပြန့်ကားလာခဲ့သည်။
သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ရောက်ရှိသွားပြီဖြစ်သည်။
လူအများစုအတွက် အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ မှ အဆင့် ၂ ရောက်ဖို့ အနည်းဆုံး ၆ လလောက်လိုအပ်၏။
သို့ပေမယ့် ချင်ရူးဆေးလုံးက သူ့အား အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့ရုံသာမက ၆ လစာ ကျင့်ကြံချိန်ကိုလည်း သက်သာစေခဲ့သည်။
၇ရောင်ခြယ်ဆန်းကြယ်ရေခဲနှင့် လေဟာနယ်ကြာပန်းရဖို့ သူကြိုးပမ်းခဲ့တာတွေက တန်သွားပြီဖြစ်သည်။
ဂျန်ဖန်း ကျန်ရှိနေသေးသည့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနှင့် လုံးလုံးလျားလျားကုန်သွားသည့် လေဟာနယ်ကြာပန်းကိုကြည့်ပြီး နှေမြေတသဖြစ်နေခဲ့သည်။
လေဟာနယ်ကြာပန်းပွင့်ဖတ်တစ်ဖတ်သာရှိ၍ သူက ချင်ရူးဆေးလုံးတစ်လုံးသာ သန့်စင်နိုင်ခဲ့သည်။
ပန်းတစ်ပွင့်လုံးသာရခဲ့လျှင် အနည်းဆုံး ဆေးဆယ်လုံးလောက် သန့်စင်နိုင်မည်ဖြစ်သည်။
၎င်းတို့အား ရှုရို့ရန်နှင့် ချန်းစီလင်တို့ကိုပေးနိုင်သလို ရောင်းချလျှင်လည်း အကျိုးများမည်ဖြစ်သည်။
ဂျန်ဖန်း ကျန်ရှိသည့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို သိမ်းလိုက်သည်။
ထို့နောက် ကောင်းကင်မိုးကြိုးကျောက်တုံးကိုထုတ်ယူပြီး ၎င်းမျက်နှာပြင်ပေါ်ရှိတဖျတ်ဖျတ်လက်နေသည့် မိုးကြိုးလျှပ်စီးတွေကို စိုက်ကြည့်နေခဲ့သည်။
အကြည့်တွေထက်ရှလာပြီး ချက်ချင်းပဲ ထိုမိုးကြိုးစွမ်းအားတွေကို ခန္ဓာကိုယ်ထဲစုပ်ယူလိုက်၏။
တစ်ခဏအတွင်းမှာပဲ မိုးကြိုးစွမ်းအင်အားလုံး သူ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး ရုပ်ခန္ဓာနှင့်ပေါင်းစပ်လိုက်သည်။
သို့ပေမယ့် လုံလောက်ဖို့ အဝေးကြီးလိုသေး၏။
သူက အာရုံစိုက်ထားပြီး လေဟာနယ်နံရံမှာရစ်ဝဲနေသည့် အတိဒုက္ခမိုးကြိုးတစ်မျှင်ကို စုပ်ယူလိုက်၏။
အတိဒုက္ခမိုးကြိုးက မျက်နှာပြင်ပေါ်ရှိမိုးကြိုးလျှပ်စီးတွေ ယှဥ်နိုင်သည့်အရာမဟုတ်ပေ။
၎င်းဝင်ရောက်သွားသည်နှင့် သူ၏အတွင်းအင်္ဂါတွေကို ပြင်းထန်သည့်နာကျင်မှုနှင့် ထုချေလိုက်ရာ ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။
စဥ်းစားစရာမလိုပေ။ ဤအတိဒုက္ခမိုးကြိုးက လွမ်းမိုးနိုင်စွမ်းရှိလွန်းပြီး သူ၏အတွင်းအင်္ဂါတွေကို အကြီးအကျယ်ဖျက်ဆီးပစ်လိုက်တာပဲဖြစ်သည်။
အလျှင်အမြန်ပဲ ပြန်လည်ရှင်သန်ခြင်းဆေးလုံးသောက်ပြီး အတိဒုက္ခမိုးကြိုးကို လက်မောင်းရှိသွေးကြောထဲသို့ လမ်းညွှန်ပေးလိုက်သည်။
အတွင်းဒဏ်ရာတွေကုသပြီးသည့်အခါ...
ဂျန်ဖန်း နောက်ထပ်အတိဒုက္ခမိုးကြိုးတစ်မျှင် ကိုယ်ထဲသို့ဆွဲယူလိုက်၏။
နောက်တစ်ကြိမ် သူ၏အတွင်းအင်္ဂါတွေ လုံးဝပျက်စီးသွားခဲ့သည်။
နာကျင်မှုကြောင့် ဂျန်ဖန်း အံတင်းတင်းကြိတ်ထားရ၏။
"ဒီလက်ဝါးနည်းစနစ်က တကယ်ပဲ ဘယ်သူမဆိုကျင့်နိုင်တာလား..."
ဂျန်ဖန်း ဖြူဖြော့သည့်မျက်နှာဖြင့် ရေရွတ်လိုက်သည်။
သာမန်လူတစ်ယောက်ဆိုလျှင် ပထမဆုံးအတိဒုက္ခမိုးကြိုးတစ်မျှင်စုပ်ယူချိန်၌ပင် အတွင်းဒဏ်ရာအပြင်းအထန်ရသွားပြီး အသက်မျော့မျော့ပဲကျန်တော့မည်ဖြစ်သည်။
ဂျန်ဖန်းသာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးနှင့် အသက်ကို အချိန်မှီထပ်ခါထပ်ခါကယ်တင်နိုင်ခဲ့သည်။
ထို့ပြင်, ဤခက်ခဲကြမ်းတမ်းသည့်ဖြစ်စဥ်က အနည်းဆုံး ၉ ကြိမ်လုပ်ဖို့လိုအပ်၏။
ဂျန်ဖန်းအပြင် မည်သူ့၌ ဤလောက်များသည့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးရှိမည်နည်း။
သူတို့၌ ရှိခဲ့လျှင်တောင် နည်းစနစ်တစ်ခုလေ့ကျင့်ဖို့အတွက်နှင့် ဘယ်သူက ဖြုန်းတီးချင်မည်နည်း။
အတိဒုက္ခမိုးကြိုးကိုးမျှင်ကို အောင်မြင်စွာသန့်စင်ပြီးချိန်၌...
သူ့လက်မောင်းတစ်လျှောက်ရှိ ချွေးပေါက်တွေမှ မိုးကြိုးလျှပ်စီးတွေ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခဲ့သည်။
သူက ချက်ချင်းပဲ စစ်မှန်မိုးကြိုးအရိပ်သုံးခု ကျင့်စဥ်ကိုသုံးပြီး စတင်ကျင့်ကြံလိုက်၏။
ခဏကြာပြီးနောက်....
လက်ဝါးချက်ထုတ်ဖော်လိုက်ရာ မိုးကြိုးစွမ်းအားတွေသိပ်သည်းနေသည့် လက်ဝါးရာတစ်ခု အားပြင်းပြင်းနှင့်ပြေးထွက်သွားခဲ့သည်။
ဘုန်း..
အဆောက်အဦးနံရံကို ထိမှန်သွားပြီး လောင်ကျွမ်းနေသည့်လက်ဝါးရာအပေါက်တစ်ခု ဖြစ်သွား၏။
ထို့ပြင် လက်ဝါးရာကရပ်တန့်မသွားပဲ ရှေ့ဆက်ထွက်သွားကာ ခြံဝန်းနံရံကိုထိမှန်သွားခဲ့သည်။
ဘုန်း...
လက်ဝါးရာ၏အကြွင်းအကျန်စွမ်းအားက ခြံဝန်းနံရံကို ပြိုကျသွားစေဆဲဖြစ်ပြီး ဖုန့်မှုန့်တွေ ထောင်းထောင်းထသွား၏။
ထိတ်လန့်သွားသည့် လျိုချင်းရှန် အလျှင်အမြန်ပြေးဝင်လာပြီး စိုးရိမ်စွာမေးလိုက်သည်။
"ဖန်း, နင်အဆင်ပြေရဲ့လား..."
ဂျန်ဖန်း သူ့စွမ်းအင်တွေပြန်ရုတ်သိမ်းပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ငါက နည်းစနစ်တစ်ခုကျင့်ကြံနေတာ။ စီနီယအမကိုနှောက်ယှက်မိသွားရင် တောင်းပန်ပါတယ်...."
နည်းစနစ်တစ်ခု ကျင့်ကြံနေတာ?...
လျိုချင်းရှန် နံရံပေါ်ရှိ လောင်ကျွမ်းနေသည့်လက်ဝါးရာအပေါက်ကိုမြင်သည့်အခါ မနေနိုင်ပဲ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
ဤအရာက သေချာပေါက် မိုးကြိုးတိုက်ခိုက်မှု၏ အမှတ်အသားဖြစ်၏။
သို့ပေမယ့် မိုးကြိုးနည်းစနစ်တွေက စစ်မှန်မိုးကြိုးဂိုဏ်းမှာပဲရှိတာမဟုတ်လား။
သူမ နောက်ထပ်မေးတော့မည့်အချိန်မှာပဲ အသံတစ်ခု ခြံဝန်းအပြင်မှ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက လင်းယုဟန်၏ အံ့အားသင့်နေသည့်အသံပင်။
"ဂျန်ဖန်း, ဒီလောက်ပွက်လောက်ရိုက်သွားရအောင် နင်ဘာတွေလုပ်နေတာလဲ..."
လင်းဟုဟန်နှင့် လျိုတုန်းချန် ခြံဝန်းတံခါး၌ ရပ်နေကြ၏။
သူတို့က ပျက်စီးနေသည့်ခြံဝန်းနံရံကိုကြည့်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
လျိုတုန်းချန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"တာဝန်ခံလင်း, ငါတို့မှာ အချိန်သိပ်မရှိဘူး။ ဒါကို မင်းက ဂျန်ဖန်းဆီတကူးတကလာခဲ့သေးတယ်..."
နေဝင်မြို့ရှိတာဝန်က ပြီးသွားပြီဖြစ်သည်။
နောက်တစ်ဆင့်က ဂိုဏ်း ၉ ဂိုဏ်းနယ်မြေသို့ အလျှင်အမြန်သွားပြီး ပြန့်ကျဲနေသည့်တပည့်တွေ၏ဆုလာဒ်စာရင်းကို ကြေညာရမည်ဖြစ်သည်။
အချိန်က အကန့်အသတ်ရှိ၍ အတော်လေးအလျှင်လိုနေခဲ့သည်။
သို့ပေမယ့် လင်းယုဟန်က အတင်းရပ်ပြီး ဂျန်ဖန်းနှင့်တွေ့ဖို့လိုသည်ဟု ပြောခဲ့သည်။
"ခဏပဲကြာမှာပါ..."
လင်းယုဟိုင်ပြန်ပြောလိုက်သည်။
မကြာမီ....
ဂျန်ဖန်း စကားသံတွေကြားပြီး အထုပ်တစ်ထုပ်နှင့် ထွက်လာခဲ့သည်။
လျိုတုန်းချန်လည်းလာတာမြင်သည့်အခါ သူက ခဏတွေဝေသွားပြီး ပြောလိုက်သည်။
"တာဝန်ခံလျိုလည်း လာမယ်ထင်မထားဘူး..."
"ကျေးဇူးပြုပြီးခဏစောင့်ပါ။ ကျွန်တော့် စီနီယာအတွက်လည်း လက်ဆောင်ပြင်ဆင်လိုက်အုန်းမယ်..."
လျိုတုန်းချန် အထင်မြင်သေးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။
"မလိုဘူး။ မလိုဘူး။ တာဝန်ခံလင်းကို မင်းပြောချင်တာပဲ မြန်မြန်ပြော..."
"ငါတို့မှာ အချိန်သိပ်မရှိဘူး..."
သူက ရှင်းလင်းစွာပင် လင်းယုဟန်ကဲ့သို့ ဂျန်ဖန်းနှင့် နီးစပ်လိုသည့် ရည်ရွယ်ချက်မရှိပေ။
သူ့မျက်လုံးထဲ၌ ဂျန်ဖန်းက သဘောကျခံမှုရအောင်ကြိုးစားနေသည့် တပည့်လေးတစ်ယောက်သာဖြစ်သည်။
သာမန်တပည့်တစ်ယောက်က မည်သည့်တန်ဖိုးကြီးပစ္စည်းများ ပိုင်ဆိုင်နိုင်မည်နည်း။
အနည်းငယ်ခေါင်းညိတ်ပြီး ဂျန်ဖန်း လင်းယုဟန်နှင့် စကားစမြည်ပြောနေခဲ့သည်။
လင်ယုဟန် နောက်တစ်ကြိမ်သက်ပြင်းချလိုက်၏။
"အခွင့်အရေးရတဲ့အခါ မင်းအတွက် ယွမ်စွမ်းအင်ဆေးလုံးရှာထားလိုက်မယ်..."
"မင်းအဆင့်ချိုးဖျက်ဖို့ ငါ အကောင်းဆုံး လုပ်ပေးမှာပါ..."
ဂျန်ဖန်း ရယ်လိုက်ပြီး လက်ချင်းယှက်ကာ လေးလေးစားစား ပြောလိုက်သည်။
"စီနီယာ့စေတနာကို ကျေးဇူးတင်ပါတယ်..."
"ဒါပေမယ့် ကျွန်တော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ပြီးပါပြီ..."
လင်းယုဟန် တစ်ခဏ အေးခဲသွား၏။
ထို့နောက် အံ့အားသင့်သွားပြီးပြောလိုက်သည်။
"နင်က ယွမ်စွမ်းအင်ဆေးလုံး တစ်လုံးတည်းနဲ့ အဆင့်ချိုးဖျက်သွားတယ်...."
"နင့်ကံက ကောင်းလှချည်လား.."
"ငါ ယုံဖို့တောင်ခက်တယ်..."
သဘောတရားအရ ယွမ်းစွမ်းအင်ဆေးတစ်လုံးက အဆင့်ချိုးဖျက်ဖို့ ၃၀ ရာခိုင်နှုန်းသာရှိ၏။
သို့ပေမယ့် လူအများစုအတွက် အောင်မြင်ဖို့က အတော်လေးရှားပါး၏။
ဂျန်ဖန်းတကယ်ပဲ ဤကဲ့သို့မယုံနိုင်လောက်သည့်ကံကို ပိုင်ဆိုင်ထားခဲ့သည်။
သူမက စမ်းသပ်ချင်သည့်သဘောဖြင့် ဂျန်ဖန်းဆီ လက်ဝါးချက်တစ်ချက်ရိုက်လိုက်သည်။
"မင်းစွမ်းအား ငါ့ကိုပြစမ်း.."
သူမက ဂျန်ဖန်းတကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားပြီလားဆိုတာ စမ်းသပ်ချင်၏။
ဂျန်ဖန်း မချိပြုံးပြုံးလိုက်၏။ သူက ရွေးချယ်စရာမရှိပဲ သူမတိုက်ခိုက်မှုနှင့် တွေ့ဆုံလိုက်၏။
တာဝန်ခံလင်းလက်ဝါး နောက်ကိုလွင့်ထွက်သွားခဲ့သည်။
သူမမျက်နှာ၌ အံ့အားသင့်မှုတွေပြသနေပြီး သစ္ဆေသရဲတစ်ကောင်ကို မြင်နေရသကဲ့ပင်။
ထိုအရာက ဂျန်ဖန်းအမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားတာကြောင့်တင် မဟုတ်ပေ။
ထိုအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို တိုက်ရိုက်ရောက်ရှိသွားသောကြောင့်ဖြစ်သည်။
***