"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်မဟုတ်ဘူးလား..."
လင်းယုဟန်လည်း အချိန်ထင်ယောင်ထင်မှားဖြစ်မှုကို ခံစားလိုက်ရသည်။
အရင်က လျိုချင်းရှန်ကဲ့သို့ပင်။
သူမ ဂျန်ဖန်းနှင့်ခွဲခွာခဲ့တာ တကယ် နေ့ဝက်ပဲ ရှိသေးသည်လား။
ဂျန်ဖန်းပြောလိုက်သည်။
"လွန်ခဲ့တဲ့နေ့ဝက်က ကျွန်တော်တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်မှာပါ။ ဒါပမယ့် အခုက အဆင့်ချိုးဖြတ်ပြီးပြီလေ..."
ထိုအရာက ဘယ်လို အဖြေကြီးနည်း။
အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် လူတစ်ယောက်ကအမြုတေဖွဲ့ဖို့ ယွမ်စွမ်းအင်ဆေးလုံးကိုသာ မှီခိုနိုင်၏။
ထိုသို့ဆိုလျှင်တောင် အလွန်ကံကောင်းမှရတာဖြစ်သည်။
သို့ပေမယ့် ဘယ်သူက အမြုတေဖွဲ့ခြင်းအဆင့် ၂ ကို တိုက်ရိုက်ချိုးဖျက်ဖူးလို့နည်း။
မြင်ဖူးတာကိုမပြောလိုသေးပေ။ ဤကဲ့သို့ကိစ္စမျိုး အရင်ကတစ်ခါမှ ကြားကိုမကြားဖူးပေ။
သူမ ဂျန်ဖန်းလက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး မယုံနိုင်စွာဖြင့် စမ်းသပ်ကြည့်လိုက်သည်။
သို့ပေမယ့် သန်မာသည့်စိတ်ဝိညာဥ်စွမ်းအားက အမှန်တကယ် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ပင်။
"နင် တကယ် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ချိုးဖျက်သွားပြီပဲ...."
လင်းယုဟန် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
သူမ ဂျန်ဖန်းအဆင့်ကို အရင်ကမမြင်ဖူးခဲ့လျှင်...
တစ်စုံတစ်ယောက် နေ့ဝက်တည်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မှ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ခုန်တက်သွားတာ ဘယ််သောအခါမှ ယုံမည်မဟုတ်ပေ။
ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။
"ကံကောင်းသွားရုံပါ...."
"စကားတွေအများကြီးမပြောတော့ဘူး။ စီနီယာလင်းတာဝန်ကို မနှောင့်နှေးစေချင်ဘူး..."
သူက လင်းယုဟန်လက်ထဲအထုပ်တစ်ထုပ်ထည့်ပေးလိုက်သည်။
"ပစ္စည်းသေးသေးလေးတစ်ခုပါ။ ကျေးဇူးပြုပြီးလက်ခံပေးပါ စီနီယာလင်း..."
လင်းယုဟန် ဂျန်ဖန်းကို ဆက်ပြီး မေးချင်သေး၏။
သို့ပေမယ့် လျိုတုန်းချန်နောက်ကနေစိတ်မရှည်စွာဖြင့် တိုက်တွန်းနေသောကြောင့် သူမမြင်းပေါ်တက်ပြီး အလေးအနက်ပြောဖို့သာ တတ်နိုင်၏။
"မင်းကိုတွေ့တဲ့အချိန်တိုင်း မင်းက တကယ် ငါ့ကို အံ့အားသင့်စေတာပဲ...."
"နောက်တစ်ကြိမ်ငါတို့တွေ့ရင် မင်းဘယ်လိုအံ့အားသင့်စရာတွေယူလာမလဲ ငါသိချင်မိတယ်..."
ထို့နောက် မြင်းကိုမောင်းထွက်သွားခဲ့သည်။
နေဝင်မြို့မှထွက်သွားချိန်...
သူမ ရင်ထဲလေးလံနေပြီး အကြိမ်ကြိမ်သက်ပြင်းချနေခဲ့သည်။
ဂျန်ဖန်းက အရမ်းထူးချွန်းလွန်းသည်ဖြစ်၍ သူ့အောင်မြင်မှုက ကြီးမားလာအုန်းမှာပင်။
ထိုအခါ ခန်းမမှ လူများစွာ သူ့အားတပည့်အဖြစ်ခေါ်ယူဖို့ စောင့်ကြည့်နေကြမည်ဖြစ်သည်။
ဂျန်ဖန်းကို သူမတပည့်အဖြစ်ခေါ်ယူဖို့ လွယ်တော့မည်မဟုတ်ပေ။
"တာဝန်ခံလင်း, မင်းက တကယ် ဂျန်ဖန်းအပေါ် ရက်ရောတာပဲ..."
လျိုတုန်းချန် ရယ်လိုက်၏။
"ယွမ်စွမ်းအင်ဆေးလုံးပေးတဲ့အပြင် ခုလည်း နောက်တစ်လုံးရှာပေးအုန်းမယ်တဲ့..."
"မင်း ဒီလောက်ရက်ရောထားပေမယ့် ကျေးဇူးတင်စကားအချို့နဲ့ လက်ဆောင်သေးသေးလေးပဲ ပြန်ရလိုက်တယ်...."
သူ့စကားတွေ၌ မထိုက်တန်ဘူးဟူသည့် ခံစားချက်တွေ သယ်ဆောင်ထားခဲ့သည်။
လင်ယုဟန် သူမ ဂျန်ဖန်းကိုတပည့်အဖြစ်ခေါ်ယူချင်သည့်အကြောင်း လောလောဆယ်တော့ ပြောလို့မဖြစ်သေးပေ။
ဂျန်ဖန်းဘက်ကနေသာ ပြောပေးနိုင်၏။
"ကောင်လေးက အရမ်းယဥ်ကျေးပါတယ်...."
"သူပေးတာဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲစေတနာပါ..."
"တန်ဖိုးကြီးတာမကြီးတာက အရေးမကြီးပါဘူး..."
"စောနက သူနင့်ကိုလည်း လက်ဆောင်ပေးချင်ခဲ့ပေမယ့် နင်က ငြင်းခဲ့တယ်လေ။ သူ့မာနကို အတော်လေးထိခိုက်သွားလောက်တယ်..."
ဟမ့်...
လျိုတုန်းချန် နှာမှုတ်ပြီး အထင်မြင်သေးမှုကို ပြသလိုက်သည်။
"ငါက မိုင်းပေါင်းမရေမတွက်နိုင်အောင် ခရီးနှင်ရအုန်းမှာ။ ကိုယ်ပေါ်ကပစ္စည်းတွေတောင် ဝန်ထုပ်ဝန်ပိုလိုခံစားနေရတာ...."
"တပည့်လေးတစ်ယောက်ပေးတဲ့ တန်ဖိုးမရှိတဲ့ပစ္စည်းကို ဘာလို့ယူရမှာလဲ...."
နင်..
လင်းယုဟန် အနည်းငယ် ဒေါသထွက်သွား၏။
အဆုံးမှာတော့ ဂျန်ဖန်း၌ ရည်ရွယ်ချက်ကောင်းရှိ၏။
အခုလိုနှိမ့်ချပြောတာ တကယ်ကို မသင့်တော်ပေ။
"ဟုတ်ပါပြီ, ဟုတ်ပါပြီ တာဝန်ခံလျို, နင်က အရမ်းချမ်းသာပါတယ်..."
"နင် တန်ဖိုးမထားပေမယ့် ငါတော့ တန်ဖိုးထားတယ်...."
သူမ နောက်ထပ်စကားမပြောချင်တော့ပေ။
ဂျန်ဖန်းပေးလိုက်သည့်အထုပ်ကိုမကြည့်တော့ လေးလေးပင်ပင်ရှိလှ၏။
အထဲ၌ ဘာရှိလဲဆိုတာ သူမသိချင်သွားပြီး အထုပ်ကိုဖြည်ကြည့်လိုက်သည်။
လျိုတုန်းချန် ကြည့်ရမှာတောင် ပျင်းလွန်းနေခဲ့သည်။
ထိုအရာက တပည့်လေးတွေ အဖိုးတန်ဟုယူဆထားသည့်တစ်စုံတစ်ခုဆိုတာ သူခန့်မှန်းနိုင်၏။
သို့ပေမယ့် သူတို့လို ကျွမ်းကျင်သူတွေအတွက်တော့ တန်ဖိုးမရှိသည့်အမိုက်သာသာ သာဖြစ်သည်။
"ဟမ်, ဘာကြီးလဲဟ..."
လင်းယုဟန်၏ အံ့အားသင့်သည့်အသံထွက်ပေါ်လာခဲ့သည်။
သလင်းကျောက်လိုကြည်လင်သည့် စိတ်ဝိညာဥ်အသားအပြည့်နှင့်အထုပ်ကိုစိုက်ကြည့်ပြီး သူမ အတော်လေးစိတ်ရှုပ်ထွေးနေခဲ့သည်။
အပိုင်းနည်းနည်းယူကြည့်လိုက်သည်။
ထိုအရာက နတ်ဆိုးသားရဲ၏စိတ်ဝိညာဥ်အသားဖြစ်နေပြီး ကျပန်းအမှိုက်အချို့မဟုတ်တာ အတည်ပြုပြီးသည့်အခါ...
ဂရုတစိုက်ပဲ ပါးစပ်ထဲထည့်ပြီး အရသာခံကြည့်လိုက်၏။
ရုတ်တရက်....
သန့်စင်သည့်စိတ်ဝိညာဥ်စွမ်းအားတွေ သူမ၏အမြုတေထဲစီးဝင်လာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးရတနာတွေ နှစ်ပေါင်းများစွာသုံးစွဲတာတောင် မတိုးတက်သည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၇ အတားအဆီးက ပြေလျော့လာခဲ့သည်။
"အာ... ဒါက.... ဘယ်လိုစိတ်ဝိညာဥ်အသားမျိုးလဲ...."
"ငါ့လို နောင်းပိုင်းသိုင်းပညာရှင်တစ်ယောက်အတွက်တောင် အကျိုးရှိတယ်...."
သူမအဆင့်၌ သာမန်ကောင်းကင်နှင့်မြေကြီးရတနာတွေက အာနိသင်ရှိမည်မဟုတ်ပေ။
အဆင့်ချိုးဖျက်ဖို့က ကြီးမားသည့်အခွင့်အလမ်း လိုအပ်တာပဲဖြစ်သည်။
သို့ပေမယ့် ဤအမည်မသိစိတ်ဝိညာဥ်အသားက နည်းနည်းလေးစားရုံဖြင့် ကြီးမားသည့်အာနိသင်ပြလာခဲ့သည်။
ဤတုန်လှုပ်မှုက သူမကို ထပ်ခါထပ်ခါ အာမေဠိတ်သံတွေ ဖြစ်ပေါ်နေစေခဲ့သည်။
"ဒီလောက််ထိ ချဲ့ကားဖို့လိုလို့လား..."
"မင်း သူ့ကို ချီးကျူးချင်ရင် ချီးကျူးလို့ရပါတယ်။ ဒီလောက်ကြီးထိတော့ မလိုပါဘူး...."
လင်းယုဟန် ဂျန်ဖန်းလက်ဆောင်ကို အတင်းကြီးတန်ဖိုးကြီးအောင်လုပ်နေသည်ဟု သူထင်လိုက်၏။
သို့ပေမယ့် ဤကဲ့သို့ချဲ့ကားပြောဆိုမှုက သူ့အတွက်တော့ ကလေးဆန်လွန်း၏။
လင်းယုဟန်ဆီမှ အချိန်အတော်ကြာသည်ထိ တုံ့ပြန်သံမရသည့်အခါ...
သူက လှည့်ကြည့်လိုက်ရာ လင်းယုဟန်အလျှင်အမြန် အထုပ်ကိုသိမ်းလိုက်ပြီး သူမြင်မှာကြောက်နေတာကို မြင်လိုက်ရ၏။
လျိုတုန်းချန် ဒေါသထွက်သွားပြီး ရယ်လိုက်၏။
"ငါက တပည့်လေးတစ်ယောက်ရဲ့ အမှိုက်ကို တပ်မက်မယ်တဲ့လား..."
သူမက သူလျိုတုန်းချန်ကို လျော့တွက်နေသည်လား။
သို့ပေမယ့်...
အိတ်ထဲရှိ စိတ်ဝိညာဥ်အသားထောင့်လေးကိုမြင်လိုက်သည့်အခါ သူ့မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
"နှစ်တစ်ထောင် စိတ်ဝိညာဥ်အသား? ဒါ နှစ်တစ်ထောင်စိတ်ဝိညာဥ်အသားပဲ...."
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
လင်းယုဟန် အလျှင်အမြန်ပဲ အထုပ်ကိုသေချာစည်းနှောင်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"နင် အမြင်မှားတားပါ..."
"ဒါက တန်ဖိုးမရှိတဲ့ လက်ဆောင်လေးတစ်ခုပါ...."
တစ်ခဏသံသယဝင်ပြီးနောက် လင်းယုဟန်လည်း ဤစိတ်ဝိညာဥ်အသား၏ထူးခြားမှုကို နားလည်လိုက်သည်။
ထို့ကြောင့် အလျှင်အမြန်သိမ်းပြီး လျိုတုန်းချန် မမြင်အောင် ကာကွယ်လိုက်တာဖြစ်သည်။
မမျှော်လင့်စွာပဲ သူက ရှာတွေ့သွားဆဲဖြစ်ပြီး အတည်တောင်ပြုနိုင်လိုက်၏။
"ငါ မြင်တာမမှားဘူး..."
လျိုတုန်းချန်အမူအရာ တုန်လှုပ်နေခဲ့သည်။
"ငါငယ်ငယ်တုန်းက နှစ်၂၀၀ စိတ်ဝိညာဥ်အသား တစ်ခါရဖူးတယ်...."
"အဲ့တာက ရှားပါးစိတ်ဝိညာဥ်လိပ်ရဲ့အသားဖြစ်ပြီး ငါ့ကို အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ကနေ အဆင့် ၄ ကို ချိုးဖျက်နိုင်စေခဲ့တယ်...."
"နင့်အထုပ်ထဲကအရာကို ငါမမှားနိုင်ဘူး..."
"ဒါက အနည်းဆုံး နှစ်တစ်ထောင် စိတ်ဝိညာဥ်အသားပဲ...."
သူက မယုံနိုင်စွာဖြင့် ခေါင်းခါယမ်းနေခဲ့သည်။
"အဲ့ဒီကလေး တကယ်ပဲ မင်းကို နှစ်တစ်ထောင်စိတ်ဝိညာဥ်အသားတစ်ထုပ်လုံးပေးလိုက်တယ်..."
"ဒီပမာဏက သူ့ကို အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ထိ ရောက်ဖို့လုံလောက်တယ်လေ...."
ထိုအခါမှသာ သူနားလည်လိုက်၏။
ဂျန်ဖန်းလက်ဆောင်က ဝန်ထုပ်ဝန်ပိုးမဟုတ်မလို အမှိုက်လည်းမဟုတ်ပေ။
ထိုအရာက ကြီးမားသည့်အခွင့်အလမ်းပင်။
အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တွေ အိမ်မက်မက်နေရသည့် အခွင့်အလမ်းပင်။
သူ့အမူအရာ မဲမှောင်သွား၏။
ဂျန်ဖန်း သူ့ကိုလည်း လက်ဆောင်ပေးချင်ခဲ့၏။
သူ...သူကတော့ ငြင်းဆန်ခဲ့၏။
ထိုအရာကိုတွေးပြီး သူ့မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်။
အံတင်းတင်းကြိတ်ပြီး မျက်နှာနီရဲစွာဖြင့် ပြောလိုက်သည်။
"တာဝန်ခံလင်း, ငါနဲ့ခဏပြန်လိုက်ခဲ့နိုင်မလား..."
ဂျန်ဖန်း သူ့ကိုလက်ဆောင်ပေးချင်တာ လင်းယုဟန်ကို လေးစားသောကြောင့်ပင်။
ဂျန်ဖန်းဆီ တစ်ယောက်တည်းချည်းကပ်သွားလျှင် ဘာမှရမည်မဟုတ်ပေ။
"မဖြစ်နိုင်တာ..."
လင်းယုဟန် မတွေးပဲ တိုက်ရိုက်ပဲ ငြင်းဆန်လိုက်၏။
ဂျန်ဖန်းက စေတနာဖြင်လက်ဆောင်ပေးပေမယ့် သူကတော့ အထင်မြင်သေးခဲ့သည်။
ယခု ပစ္စည်းတန်ဖိုးသိမှ ပြန်တောင်းဆိုချင်နေခဲ့သည်။
ထို့ပြင် သူမကိုပါ အတူခေါ်သွားချင်နေ၏။
လင်းယုဟန် ဤကဲ့သို့ အရှက်မရှိမှုမျိုးကို သည်းမခံနိုင်ပေ။
လျိုတုန်းချန် နောင်တရနေပြီး သူ့ပေါင်သူရိုက်လိုက်သည်။
"စောနက ငါတကယ်ပဲ မောက်မာသွားပါတယ်..."
"တာဝန်ခံလင်း, ကျေးဇူးပြုပြီး ငါနဲ့တစ်ခေါက်လောက်လိုက်ခဲ့ပေးပါ...."
လင်းယုဟန် မျက်လုံးလှန်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပဲ ငြင်းဆန်လိုက်သည်။
"နင်သွားချင်ရင် ကိုယ့်ဘာသာသွား။ ငါကို နာမည်ပျက်အောင်မလုပ်နဲ့...."
ထိုအရာက မဖြစ်နိုင်တော့ဘူးဆိုတာသိလိုက်သည့်အခါ လျိုတုန်းချန် မျက်လုံးတွေ လင်ယုဟန်အထုပ်ပေါ် စိုက်ကြည့်နေခဲ့သည်။
"ဒါဆို.. မင်း ငါ့ကို နည်းနည်းမျှပေးလို့ရမလား..."
"ငါတို့က နှစ်အတော်ကြာ အတူတူအလုပ်လုပ်ခဲ့ကြတာပဲ။ အနည်းဆုံး ရင်းနှီးမှုတော့ ရှိတယ်မလား..."
ထိုကောင် အရှက်မရှိ စိတ်ဝိညာဥ်အသားတောင်းခံနေတာမြင်တော့ လင်းယုဟန် ဒေါသကော ရယ်ချင်စိတ်ပါဖြစ်သွား၏။
အစောပိုင်းလက်ဆောင်ကို အထင်မြင်သေးနေသည့်တစ်ယောက်က သူကိုယ်တိုင်ပဲ မဟုတ်လား။
ဘာကြောင့် ခုမှ တောင်းဆိုနေရသနည်း။
သူမစိတ်ထဲမှာကျေနပ်နေခဲ့၏။ ဂျန်ဖန်းကိုလျော့တွက်တာ ခံရတာထိုက်တန်၏။
သို့ပေမယ့် လက်ချောင်းအရွယ်အပိုင်းလေးဖြတ်ပြီး ပေးလိုက်သည်။
"ဒါပဲရမယ်။ ယူချင်ယူ မယူချင်နေ..."
လျိုတုန်ချန် ထိုအရာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ရယ်ရမလို ငိုရမလိုဖြစ်နေခဲ့သည်။
အဆင့်ချိုးဖျက်မည့်အခွင့်အရေးက ဤကဲ့သို့ လက်လွတ်လိုက်ရပြီဖြစ်သည်။
ယခုချိန်၌ သူက တာဝန်ကိုသာအမြန်ပြီးအောင်လုပ်ချင်နေပြီး ဂျန်ဖန်းနှင့်ဆက်ဆံရေးပြန်တည်ဆောက်ရမည်ပင်။
ထိုအခါမှ စိတ်ဝိညာဥ်အသားရဖို့ မျှော်လင့်နိုင်မှာဖြစ်သည်။
ဂျန်ဖန်းဘက်၌...
လင်းယုဟန်တို့ထွက်သွားသည်နှင့်...
သူက အချိန်ဖြုန်းမနေပေ။
သူ့အခန်းသို့ပြန်လာပြီး မျက်စိတ်မှိတ် တရားထိုင်လိုက်သည်။
သူ့၌ အလွန်အရေးတကြီးလုပ်ရမည့် ကိစ္စတစ်ခုရှိသေး၏။
"နောက်ဆုံးတော့, ငါ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီ။ ခု ရှေးဟောင်းလေဟာနယ်သစ်ပင်ဆီသွားရမယ့်အချိန်ပဲ..."
ဂျန်ဖန်း ရေရွတ်လိုက်၏။
သူ့အသံ၌ စိတ်လှုပ်ရှားမှုတွေ အပြည့်ပင်။
အဘယ်ကြောင့်ဆိုသော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်သည့်အခါ သူက ကျင့်ကြံရေးနည်းလမ်းတစ်ခုကို ရနိုင်သောကြောင့်ပင်။
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ တစ်ခါမှမရှိဖူးသည့် ကျင့်စဥ်တစ်ခု...
ဝိညာဥ်တိုက်ခိုက်ရေးနည်းလမ်းပင်....