လော်ယွီရှို့တစ်ယောက် သူ၏ ချွေးမအသစ်အကြောင်းကို စဉ်းစားမိပြီးနောက် ပို၍ပင် မကျေမနပ် ဖြစ်လာခဲ့သည်။
“သူမ တစ်ယောက်တည်းကပဲ ပြဿနာတွေ မပြီးနိုင်မစီး ရှာနေတာ”
“မရီးအသစ်ကိုပဲ အပြစ်တင်လို့ မရဘူး.. ဒီကိစ္စအတွက် အစ်ကိုကြီးကို အပြစ်တင်ရမှာ”
စုဝေ့ချင်း သူ၏ လေသံကို ပြန်လည် ပြောင်းလဲလိုက်သည်၏။
“သူ သေသေချာချာ ပြောဆိုရှင်းလင်းထားခဲ့ရင် အခုလို ရှက်စရာကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး”
လော်ယွီရှို့: “မင်းက ဘယ်သူ့ဘက်ကလဲ”
စုဝေ့ချင်း အလေးအနက် ပြောလိုက်သည်။
“... အမေ ကျွန်တော်ကို အခုထိ မပြောရသေးဘူး.. ခုနက ဘာလုပ်နေတာလဲ”
အမေဖြစ်သူ ပုံစံကို ကြည့်ရသည်မှာ အလွန် ဒေါသထွက်နေပုံရသည်။
သူ့အနေဖြင့် ယနေ့တွင် အလုပ်ကို ကောင်းစွာ မလုပ်ခဲ့သောကြောင့် သူ၏ တူလေးများကိုပင် အနိုင်ကျင့်သကဲ့သို့ ဖြစ်နေလေ၏။
“ဒါနဲ့ ကျွန်တော် တရားဝင်ကြေညာစရာ တစ်ခု ရှိတယ်”
စုဝေ့ချင်းသည် သူ၏ အင်္ကျီကော်လံကို သပ်ရပ်အောင် ပြင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အမေ၊ ကျွန်တော် ဆေးဝါးစက်ရုံရဲ့ ဝင်ခွင့် စာမေးပွဲကို သေသေချာချာ လေ့လာပြီးဖြေဆိုဖို့ စီစဉ်ထားတယ်”
လော်ယွီရှို့တစ်ယောက် သူမ၏ နားတို့က ပျက်ယွင်းနေပြီဟု ခံစားရလိုက်ရလေ၏။
သိုးမဟုတ်ပါက အဘယ်ကြောင့် အာရုံချောက်ခြားစရာစကားများကို ကြားနိုင်မည်နည်း။
“အမေ ကြားလိုက်တာ မှန်ပါတယ်၊ ကျွန်တော် ဆေးဝါးစက်ရုံ စာမေးပွဲ ဖြေဖို့ စီစဉ်ထားတယ်”
သူ၏ မိခင်ဖြစ်သူက မယုံကြည်နိုင်ဖြစ်နေသည်ကို မြင်လျှင် စုဝေ့ချင်းက ထပ်မံ ကြေညာလိုက်သည်။
လော်ယွီရှို့တစ်ယောက် နောက်ဆုံးတွင်တော့ သူမက အာရုံချောက်ခြားနေခြင်း မဟုတ်ကြောင်းကို သဘောပေါက်သွားခဲ့လေသည်။
သို့သော် စုဝေ့ချင်းက ဖျားနာနေပြန်ပြီလားဟု သံသယဝင်လာရပြန်ကာ သူ၏ နဖူးကို စမ်းကြည့်ရန်အတွက် အလျှင်အမြန် လက်လှမ်းလိုက်ပြန်သည်။
သူ၏ နဖူးကို စမ်းကြည့်ပြီးနောက်တွင်ပင် သူမက ရှုပ်ထွေးနေဆဲ ဖြစ်လေသည်။
“အဖျားလည်း မရှိပါဘူး...”
တစ်ဖက်လူက အဘယ်ကြောင့် အဓိပ္ပာယ်မရှိသည့်စကားများကို စတင် ပြောဆိုနေပါသနည်း။
စုဝေ့ချင်းတစ်ယောက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး မျက်နှာကလည်း ထပ်မံ နီရဲလာခဲ့သည်။
သေချာပေ၏။
ဤတစ်ကြိမ်သည်က သူ စိုးရိမ်ရှက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ ဒေါသထွက်ခြင်းသာ ဖြစ်ပေ၏။
သူ အလွန် စိတ်ဓာတ်ကျလွန်းရသည်။ သူ အထက်တန်းကျောင်းပြီးနောက်တွင် ဆေးဝါးစက်ရုံ စာမေးပွဲကို မဖြေချင်ကြောင်း ငြင်းဆန်ခဲ့သည်။
သူက လူကြီးမိဘများ၏အရှိမ်အဝါကိုလည်း အားမကိုးချင်ခဲ့ပေ။
သို့သော်လည့် အဘယ်ကြောင့် ရဲမေလော်က သူ့အား အောင်မြင်မှု မရှိသူဟု အမြဲ ခံစားတွေးတောနေရပါသည်နည်း။
သူ့အနေဖြင့် သတင်းစာတိုက်များသို့ စာမူများစွာ ပေးပို့ခဲ့သည်။ လက်ခံသည်က နည်းပါးပြီး များစွာ ပြန်ပို့ခံရသော်လည်း စာမူများကိုသာ လက်ခံခဲ့ပါက ကြီးမားသည့် လစာကို ရရှိမည်ဖြစ်ပြီး ၎င်းသည်က သူ၏ စားစရိတ်အတွက် လုံလောက်သည်။
သို့သော်... ဤနေ့ခေတ် လူငယ်များအနေဖြင့် ချိန်းတွေ့လိုပါက တရားဝင် အလုပ်တစ်ခု မရှိလျှင် မဖြစ်နိုင်ကြောင်းကို သူ သိရှိပေသည်။
သူ၏ အိပ်မက်က အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ်ရန်ပင် ဖြစ်သော်လည်း၊ ချစ်သူတစ်ယောက်ကို ရရှိနိုင်ရန်အတွက် ဆေးဝါးကုမ္ပဏီတွင် အလုပ်ဝင်နိုင်ရန် ကြိုးစားရပေလိမ့်မည်။
“အမေ၊ ကျွန်တော် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ပါဘူး၊ ကျွန်တော် တကယ်ပဲ ဆေးဝါးစက်ရုံရဲ့ စာမေးပွဲကို ဖြေချင်တာ”
ပျော်ရွှင်မှုများက ရုတ်တရက် ရောက်ရှိလာခဲ့သည်!
လော်ယွီရှို့တစ်ယောက် နောက်ဆုံးတွင် သူ၏ သားငယ်က စနောက်နေခြင်း မဟုတ်ကြောင်းကို သဘောပေါက်သွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းသွားခဲ့လေ၏။
ဤအချိန်၌ သူမ၏ အကြီးဆုံးသားနှင့် ချွေးမတို့၏အကြောင်းတို့ကတော့ သူမ၏စိတ်ထဲတွင် မရှိနေခဲ့တော့ပါချေ။
သူမ၏ စိတ်ထဲတွင် သူ၏ သားငယ်လေးသာ ရှိတော့သည်!
“ကောင်းတယ်၊ ကောင်းတယ်၊ ငါ အခုချက်ချင်းပဲ လေ့လာသင့်တဲ့အချက်အလက်တွေ သွားရှာလိုက်မယ်.. မင်း အမြန် သွားပြီး စာရင်းပေးသွင်းလိုက်..
ပြီးရင် အိမ်ကိုပြန်လာပြီး သေသေချာ ပြန်လည်လေ့လာ၊ တစ်ခါတည်းနဲ့ အောင်မြင်အောင် ဖြေနိုင်အောင် ကြိုးစားရမယ်”
စုဝေ့ချင်း အလေးအနက် ခေါင်းညိတ်လိုက်သည်။
လော်ယွီရှို့က သူမ၏လက်ထဲမှ တံမြက်စည်းကို ပစ်ချကာ အပြင်သို့ အမြန်ထွက်သွားခဲ့သည်။
စုဝေ့ချင်းသာ သူ၏ စိတ်ကောက်နေသည့် တူနှစ်ဦးကို နှစ်သိမ့်ရန်သာ ကျန်ရစ်ခဲ့တော့သည်။
စုဝေ့ချင်းက အဘယ်ကြောင့် ရုတ်တရက် ဆေးဝါးစက်ရုံ စာမေးပွဲကို ဖြေဆိုရန် ဆုံးဖြတ်လိုက်သည်ကို လော်ယွီရှို့ မမေးခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ သူမ၏ သားငယ်သည်က စကားတို့ကို ထိန်းချုပ်နိုင်သူ မဟုတ်သည့်အတွက် မကြာမီပင် သူမကို ပြောပြလာမည်မှာ သေချာသည်။
တစ်ဖက်တွင်တော့ လီရှန်းမှာ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့်ရ ချောမောခန့်ညားသည့် လူငယ်လေး စုဝေ့ချင်းအကြောင်းကို မေ့သွားခဲ့ပြီဖြစ်ကာ ကျန်းကျူးပင်း၏ ဖုန်းခေါ်ဆိုမှုပေါ်တွင်သာ အာရုံရောက်နေခဲ့သည်။
နေ့လယ်စာ စားနေချိန်၌ပင် သူမ၏ စိတ်တို့က လွင့်မျောနေခဲ့သည်၏။
ကျန်းကျူးရိက မနေနိုင်တာေ့ဘဲ မေးလိုက်သည်။
“မင်းရဲ့ ဦးလေးဖုန်းခေါ်တိုင်း ဘယ်တုန်းက မင်း ဖုန်းအကိုင်းလိုက်ရတာမျိုး ရှိနေခဲ့ဖူးလို့လဲ? လောလောဆယ် အစားအသောက်အကြောင်းကိုပဲ အာရုံစိာက်ဦး”
လီရှန်း: “...”
အမှန်ပင်ဖြစ်ပေသည်။ သူမအနေဖြင့် ယခင်က ကျန်းကျူးပင်း၏ ဖုန်းခေါ်ဆိုမှုအားလုံးကို ဖြေဆိုခဲ့ရသည်၊
သို့သော် အချိန်အများစုမှာ သူ၏ ဦးလေးကသာ သူမကို စကားများများပြောနေခဲ့ခြင်းဖြစ်ပြီး သူမကတော့ည နားထောင်ခြင်းသာ ပြုလုပ်ခဲ့ကာ တစ်ခွန်းတလေသာ စကားပြောခဲ့သည်။
ပထမအချက်မှာ သူမတွင် ပြောစရာ မရှိခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ထိုအချိန်၌ သူမသည်က ကြောက်ရွံ့ပြီး တိတ်ဆိတ်နေတတာခြင်းတို့ကြောင့် ဖြစ်ပေ၏။
“ကျွန်မ...”
လီရှန်း တွေးတောလိုက်သည်။
သူ့ကို ကြိုတင် သတိပေးသည်က ပိုကောင်းလိမ့်မည်။ သို့မဟုတ်ပါက မကြာခင်အချိန်တွင် တုန်လှုပ်စရာ စကားလုံးများကို ပြောမိသည့်အတွက် ကျန်းကျူးရိကိုပါ ကြောက်လန့်အောင် လုပ်မိသွားပေလိမ့်မည်။
“ဒီရက်ပိုင်းမှာ သမီး ဦးလေးကျူးပင်း သေတဲ့အကြောင်းကိုပဲ နေ့တိုင်း အိပ်မက်မက်နေတယ်”
လီရှန်း၏စကားများက ကျန်းကျူးရိနှင့် ဇနီးကို ထိတ်လန့်သွားစေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက လီရှန်းက သူ၏ ဒုတိယညီလေးအကြောင်းကို အမြဲတစေ အိပ်မက်မက်ကြောင်း ပြောခဲ့သည်။
သို့သော်လည်း ထိုအချိန်က လီရှန်းက အိပ်မက်ထဲတွင် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရကြောင်းနှင့် အနည်းငယ် စိုးရိမ်ပူပန်မှုတို့ ရှိနေကြောင်းကိုသာ ပြောခဲ့သည်။
မချိန် ဤမျှကြာသွားပြီးနောက် လီရှန်း၏ အိပ်မက်က ပို၍ ထင်ရှားလာပြီး ရှင်းလင်းစိာအိပ်မက် မက်လာခဲ့ပုံရခဲ့သည်။
သူ၏ ဒုတိယညီ သေဆုံးသွားသည်ကိုပင် မြင်လိုက်ရသည်ဟု ပြောလာပေပြီ။
ယခုအချိန်တွင် အိုဟောင်းမှု လေးခုကို ချိုးဖျက်ထားခဲ့ပြီးဖြစ်ကာ မြေရှင်ပဒေသရာဇ်ခေတ်မှ အယူသည်းမှုများကိုလည်း ခွင့်မပြုထားပါချေ။
သို့သော် တည်ရှိခြင်းမရှိခြင်းက ကိုယ်တိုင်၏အတွေးများတွင်သာ ရှိပေမည်။
ပါးစပ်ဖြင့် ထုတ်မပြောသော်လည်း ယုံသည် မယုံသည်ကို သင်ကိုယ်တိုင်သာ သနိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ကျန်းကျူးရိနှင့် ဇနီးသည်တို့က ယုံကြည်ကြသည်။
အထူးသဖြင့် ဤကိစ္စသည်က နတ်ဝိညာဉ်များ၊ အိပ်မက်များ၊ ကောင်းကင်နှင့် မြေကြီးနှင့် မသက်ဆိုင်ပါချေ။ ဆိုရလျှင် လူများက အိပ်မက်မက်ခြင်း၊ မမက်ခြင်းကို မထိန်းချုပ်နိုင်ပေ။
အဓိကအချက်က သူတို့ မထိန်းချုပ်နိုင်ခြင်း ဖြစ်သောကြောင့် ၎င်းသည်က မြေရှင်ပဒေသရာဇ် အယူသည်းမှု မဟုတ်တော့။
“မင်း ဘယ်လိုအိပ်မက်မက်လဲ”
ကျန်းကျူးရိ သူ၏ တူကို ချလိုက်ပြီး သူ၏ မျက်နှာအမူအရာသည်လည်း အရင်ကထက် ပို၍ လေးနက်လာသည်။
လီရှန်း ခေါင်းခါရမ်းလိုက်သည်။
“ကျွန်မ ပြောပြလို့ မရဘူး.. ကျွန်မရဲ့ အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့အရာတွေက အများကြီး ရှိတယ်.. ကျွန်မပြောပြရင်တောင် ဦးလေးတို့ ယုံမှာ မဟုတ်ဘူး”
သူမ ပြောနေရင်း ခါးသက်စွာ ပြုံးပြလိုက်သည်။
“တကယ်တော့ ကျွန်မ ကိုယ်တိုင်လည်း သိပ်မယုံဘူး.. ဒါပေမဲ့ အိပ်မက်က အရမ်း အမှန်တကယ် ဆန်လွန်းတယ်.. ကျောင်းမှာ တုန်းက အဲဒီအိပ်မက်တွေကြောင့် နေ့တိုင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျွန်မ အိပ်လို့ မရခဲ့ဘူး”
“ဒါကြောင့် မင်း ပုံမမှန်မဖြစ်နေခဲ့တာလား”
ဖန်ချင်း အလွန် စိတ်မကောင်း ဖြစ်သွားရသည်။ လီရှန်းကို ကြည့်လိုက်တိုင်း သူမက အလွန် ဖြူဖျော့နေသကဲ့သို့ ထင်ရသည်။
“ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ.. မင်းရဲ့ဦးလေးက နေ့ကျောင်းသားအဖြစ် ပြောင်းလဲဖို့လုပ်ပေးလိမ့်မယ်.. မင်း အဆောင်မှာ နေစရာ မလိုတော့ဘူး”
“မင်း ဒုတိယဦးလေး ဘယ်လိုမျိုးသေသွားတယ်လို့ အိပ်မက်မက်တာလဲ”
ကျန်းကျူးရိအနေဖြင့် သူ၏ တူမအတွက် စိတ်မကောင်း ဖြစ်နေခဲ့သော်လည်း ဤအချိန်တွင်တော့ သူသည်က သူ၏ ညီငယ်အကြောင်းကို ပို၍ စိတ်ပူနေသည်။
“ကျွန်မ အိပ်မက်မက်တဲ့ မြင်ကွင်းတွေက နေ့တိုင်း မတူဘူး၊ ဒါပေမဲ့ အဆုံးသတ်ကတော့ အတူတူပဲ”
လီရှန်းက အိပ်မက်များစွာနှင့် သေဆုံးပုံ အမျိုးမျိုးကို ဖန်တီးခဲ့ပြီး မစ်ရှင်ကမ္ဘာတွင် တွေ့မြင်ခဲ့ရသော ချုံကျိုးကျွန်း၏ ထုံးတမ်းစဉ်လာများကိုပါ ထည့်သွင်းပြောပြခဲ့သည်။
သို့ဆိုပါက တခြားလူများက ပို၍ ယုံကြည်လိမ့်မည်။
လီရှန်းက ချုံကျိုးသို့ တစ်ခါမျှ မရောက်ဖူးကြောင်း၊ တစ်နည်းအား သူမသည်က ပိုင်မားခရိုင်မှပင် တစ်ခါမျှ မထွက်ဖူးကြောင်း သိထားသင့်သည်။
သို့သော်လည်း ချုံကျိုးရှိ ရှုခင်းများအကြောင်းကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ ပြောဆိုနိုင်နေခဲ့သည်။ ဤသက်သေကြောင့် ကျန်းကျူးရိ၏ စိတ်က ပို၍ပင် လေးလံလာခဲ့သည်။
ဒါက တကယ်ပဲ ဘုရားသခင်ရဲ့ သတိပေးချက်များလား။
သေချာပေ၏။ သူက ထိုအတွေးကို စိတ်ထဲမှာသာ ထားရှိခဲ့ပြီး ထုတ်ပြောနိုင်ခြင်းမရှိခဲ့ပါချေ။
သို့သော် -
“ဒီနေ့ နေ့လယ်ဘက် ဖုန်းပြောရင် ဒါကို ထည့်ပြောလို့ မရဘူး”
ယနေ့ခေတ်ကာလတွင် ဖုန်းခေါ်ဆိုမှုများသည်က လဲလှယ်ရေးစက်မှတစ်ဆင့် သွားခြင်းသာဖြစ်သည်။
ကြားထဲတွင် မည်သူ နားထောင်နေသည်ကို သိနိုင်မည်မဟုတ်ပေ။ နံရံတိုင်းတွင် နားများရှိနေခဲ့ပြီး တစ်စုံတစ်ယောက်သာ ကြားသွားပါက ပိုဆိုးသွားပေမည်။
သို့မဟုတ်ရင် တစ်ခုခု ဖြစ်သွားလိမ့်မည်။
“ဒါဆို ကျွန်မ ဘာလုပ်သင့်လဲ”
လီရှန်းသည်လည်း ဤအချိန်မှသာ ဖုန်းက မလုံခြုံတော့ကြောင်းကို သတိရသွားသည်။
ကျန်းကျူးရိသည် မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။ အိပ်မက်တစ်ခုကြောင့် ဤမျှ ကိစ္စကြီးကြီးမားမား ဖြစ်အောင် လုပ်ခြင်းက တကယ်တမ်းတွင် လွန်ကဲနေပေသည်။
သို့သော် လီရှန်းက အဓိပ္ပါယ်မရှိ ပြောတတ်သူ မဟုတ်ပေ။ သူမ၏ စရိုက်ကို တွေးကြည့်ပါကသူမသာအိပ်မက်ကြောင့် အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိခဲ့ပါက ထုတ်ပြောလိမ့်မည် မဟုတ်။
သူ၏ တူမဖြစ်သူမှာ ဤအချိန်အတောအတွင်းမှသာ ပို၍ ရွှင်မြူးလာခဲ့ပြီး သူတို့စုံတွဲနှင့် စကားပြောကာ ရယ်မောနိုင်ခဲ့ခြင်းဖြစ်သည်။
ဂရုမစိုက်ပါက ယခင်ကအတိုင်း ပြန်ဖြစ်လာနိုင်သည်။
*
***