ကျန်းကျူးရိ အတွေးများဖြင့် စိတ်ပူနေခဲ့သည်။
တစ်ဖက်တွင်တော့ ဤအိပ်မက်က သတိပေးချက်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေခဲ့ပြီး အခြားတစ်ဖက်တွင် ကျန်းကျူးပင်းကို မည်သို့ အကြောင်းကြားရမည်ကို မသိနိုင်ဖြစ်နေခဲ့သည်။
ဖန်ချင်း: “ဖုန်းခေါ်မယ့်အစား စာရေးရင်ရော”
“အရမ်း နှေးလွန်းတယ်”
လီရှန်း မျက်မှောင်ကြုတ်လိုက်သည်။
သူမအနေဖြင့် လွန်ခဲ့သော တစ်လကျော်လောက်က လမ်းပေါ်တွင် မျောနေရင်းဖြင့်မြင်တွေ့ခဲ့ရသည့် စာရွက်များတွင် ရေးခဲ့ဖူးသည့် သတင်းကို မမေ့သေးပါချေ။
တစ်လ... လီလီပန်းတွေတောင် အေးခဲသွားလိမ့်မယ်။
ကျန်းကျူးရိက အချိန်ကြာမြင့်စွာ တွေးတောနေခဲ့သည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ.. ငါ ကျေးလက်ဒေသကို သွားပြီး ရောင်းချမဲ့ တောရိုင်းပစ္စည်း(အသား)တွေ ရှိမရှိ မေးကြည့်မယ်.. ပြီးရင် မင်းရဲ့ အဒေါ်ကို အခြောက်ခံခိုင်းလိုက်မယ်
အဲဒါတွေကို လတ်ဆတ်တဲ့ အသီးအနှံတွေနှင့်ရောနှောပြီး ပို့ပေးလိုက်မယ်.. အရေးပေါ် ပစ္စည်းတွေကို လတစ်ဝက်အတွင်း ပို့ပေးသင့်တယ်”
ဒါက အတော်လေးကောင်းတဲ့ အကြံအစည်တစ်ခုပဲ။
လီရှန်း ခေါင်းညိတ်လိုက်သည်။ ဤမှလွဲ၍ သူမအနေဖြင့် တခြားနည်းလမ်းကို မတွေးနိုင်တော့ပေ။
ဖုန်းထဲတွင် ထိုအကြောင်းများကို မပြောနိုင်တော့သည့်အတွက်ကြောင့် လီရှန်းတစ်ယောက် နေ့လယ်ခင်း ဖုန်းခေါ်ဆိုမှုအတွက် စိုးရိမ်မနေတော့။
သူတို့ ဖြည်းဖြည်းချင်း နေ့လယ်စာ စားလိုက်ကြပြီး နေ့လယ်စာ စားပြီးမှ ကျန်းကျူးရိ၏ ရုံးခန်းသို့ သွားခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ကျန်းကျူးပင်း၏ ဖုန်းခေါ်ဆိုမှုက အချိန်မှန် ဝင်လာခဲ့သည်။
ညီအစ်ကို နှစ်ယောက်က စကားအနည်းငယ်သာ ပြောပြီးနောက် ဖုန်းကို လီရှန်း၏ လက်သို့ ပြောင်းပေးလိုက်လေ၏။
“ဒုတိယဦးလေး”
လီရှန်း နှုတ်ဆက်လိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်မှ သြဇာညောင်းသော အသံတစ်ခုက ချက်ချင်း ထွက်လာလေ၏။
“ရှန်းရှန်း၊ အိမ်မှာ အဆင်ပြေရဲ့လား..မင်းအဖေ မင်းကို လာနှောင့်ယှက်နေသေးလား.. မကြောက်ပါနဲ့ ဒုတိယဦးလေး အိမ်ပြန်လာပြီးတော့ မင်းအတွက် ထောက်ပံ့ပေးတဲ့အထိ စောင့်လိုက်..
မင်းရဲ့အဖေက တကယ်ကို အရှက်မရှိတာပဲ.. ငါ့ရဲ့တူမကိုတောင် အနိုင်ကျင့်ရဲတယ်.. သူရဲ့အသားတွေ ယားနေတာပဲဖြစ်ရမယ်..
မင်းရဲ့ မိထွေးရောပဲ.. သူမသာ မင်းကို ထပ်ပြီး စမ်းသပ်ရဲရင် မင်း သူ့ကို ရိုက်လိုက်လိုက်ရတယ်.. ငါ ဆေးဖိုးပေးမယ်”
လီရှန်း : “...”
လီရှန်းတစ်ယောက် သူမ၏ ဒုတိယဦးလေးက မကောင်းဆိုးရွားဆန်မှုတို့ကို အလွန် မုန်းတီးကြောင်းကို မေ့နေခဲ့သည်။
ဖြစ်နိုင်သည်မှာ သူမ၏ အကြီးဆုံးဦးလေးက သူမ အနိုင်ကျင့်ခံရကြောင်းကို မနက်ပိုင်းတွင် သူ့ကို ပြောပြခဲ့ပုံရသည်။
တစ်ဖက်လေုက ယခုထိတိုင် ဒေါသထွက်နေခဲ့လေ၏။
“ဒုတိယဦးလေး.. စိတ်မပူပါနဲ့၊
ကျွန်မ အဆင်ပြေပါတယ်.. ဒါ့အပြင် အဲဒီဆူပူအော်ဟစ်တဲ့ကိစ္စအတွက် နောက်ပိုင်း ကျွန်မဆီမှာ အရှုံးမရှိခဲ့ဘူး”
လီရှန်းတစ်ယောက် ကျန်းကျူးပင်း ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် သူမ မည်သည့်အရာမှ မဖြစ်ကြောင်းကို ရွှင်လန်းသော လေသံဖြင့် အမြန်ပြောပြခဲ့သည်။
သို့သော်လည်း ကျန်းကျူးပင်းကတော့ သူမ၏ဟန်ဆောင်မှုကို မယုံကြည်ခဲ့ပါချေ။
“ဘာလို့ အရှုံးမရှိရမှာလဲ.. ငါကတော့ မင်း အရှုံးကြီး ရှုံးတယ်လို့ ထင်တာပဲ.. မင်းရဲ့ အကြီးဆုံးဦးလေးက တကယ်ကို အသုံးမကျဘူး
အလုပ်တစ်ခု ပြန်ရရုံနဲ့ ဘာများ အကျိုးရှိမှာလဲ.. အဲဒီအလုပ်က နဂိုကတည်းက မင်းရဲ့ အလုပ်ပဲလေ.. သူတို့တွေက မင်းကို သေချာပေါက်ပေးရမှာပဲ”
ထိုထုန်အမည်ရှိ အမျိုးသမီးအား အလုပ်သမား အစည်းအဝေးတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် စစ်ဆေးစေပြီး သူမသည်က ဆိုးသွမ်းသော မိထွေးဆိုး ဖြစ်ကြောင်း စက်ရုံအလုပ်သမားအားလုံးကို ပြောပြခဲ့သည်။
ကျန်းကျူးပင်း၏ ပြောစကားများအရ ထုန်လင်းသာ ကျေးလက်ဒေသမှ လယ်ယာသို့ ပြုပြင်ပြောင်းလဲရန် မသွားပါက မတရားရာ ကျလိမ့်မည်။
ကျန်းကျူးပင်းက ထုန်လင်းနှင့် လီဟုန်ကျွင်းတို့ လယ်ယာဆီသို့ ပြုပြင်ပြောင်းလဲရန် သွားစေချင်ခဲ့သည်။
သူ၏ မျက်လုံးထဲတွင် သူတို့ လုပ်ခဲ့သော ရွံရှာဖွယ်ရာ အရာများသည်က ရာဇဝတ်မှုများသာဖြစ်သည်။
“ကောင်းပြီ၊ စကားနည်းနည်းလောက်နဲ့ပဲ ရပ်လိုက်တော့.. ရှင် ပိုပြောလေလေ ပိုပြီး အဓိပ္ပါယ်မရှိတာတွေ ဖြစ်လာလေလေပဲ”
ဒုတိယအဒေါ် ကွမ်းရှောင်ထင်း၏ ဆူငေါက်သောအသံာ ဖုန်းတစ်ဖက်မှ ထွက်လာခဲ့သည်။
မကြာမီ ဖုန်းက လက်ပြောင်းသွားလေသည်။
ကွမ်းရှောင်ထင်း၏ ကြည်လင်သော အသံက ထွက်ပေါ်လာခဲ့သည်။
“မင်းရဲ့ ဒုတိယဦးလေးရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့၊ သူ ကောင်းမွန်တဲ့ စကားမျိုး မပြောတတ်ဘူး”
ထိုသို့ပြောပြီးနောက် သူမက လီရှန်းကို ဂရုတစိုက်ပြောလာလာခဲ့သည်။
“ရှန်းရှန်း၊ မင်း တကယ် အဆင်ပြေရဲ့လား.. အန်တီတို့ကို မဖုံးကွယ်နဲ့နော်.. မင်းရဲ့ ဒုတိယဦးလေးရဲ့ စကားတွေက ကြမ်းတမ်းတယ်ဆိုပေမဲ့ သူပြောတာတွေက အမှန်ပဲ..
ငါတို့ မိသားစုက သူများကို အနိုင်မကျင့်ဘူး၊ ဒါပေမဲ့ ငါတို့ကိုလည်း အနိုင်လာကျင့်တာကို လက်ခံလို့ မရဘူး”
လီရှန်း- “…”
မိသားစုမှာ ဒီလို အကြီးအကဲတွေ ရှိနေတာတောင် သူမ အရင်တုန်းက ဘာလို့ အဲဒီလို ပုံစံမျိုး ဖြစ်လာရတာလဲ။
ဒါက ဘယ်လိုစရိုက်လဲ!
“ကောင်းပြီ၊ ကျွန်မ မဖုံးကွယ်ထားပါဘူး”
လီရှန်း ခိုင်မာစွာ ပြောသည်။သူမသည်က အရင်က လီရှန်းမဟုတ်တော့ပါချေ။
သူမ၏ ဘဝသစ်ကို မည်သူ့ကိုမှ ဖျက်ဆီးခွင့်ပြုမည် မဟုတ်။
ဤအာမခံချက်ကို ကြားပြီးနောက် ဖုန်း၏ အခြားတစ်ဖက်မှ ကွမ်းရှောင်ထင်း ရယ်မောလိုက်သည်။
“အမှန်ပဲ၊ မင်းက ဒီလိုပဲ ဖြစ်နေသင့်တယ်”
နောက်ထပ် အကြံဉာဏ်အချို့ ပေးပြီးနောက် သူမက တွန့်ဆုတ်စွာနှင့် ဖုန်းကို ကျန်းကျူးပင်းထံသို့ ပြန်ပေးသည်။
လီရှန်းလည်း ဖုန်းကို ကျန်းကျူးရိထံသို့ ပြန်ပေးခဲ့သည်။
ကျန်းကျူးပင်းတစ်ယောက် သူ၏ တူမနှင့် စကားအနည်းငယ် ထပာပြောချင်ခဲ့သော်လည်း အစ်ကိုကြီးဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်။
သူ၏ လေသံရှိ ပျော်ရွှင်မှုများက ချက်ချင်း ပျောက်ကွယ်သွားပြီး လေးနက်သည့်ဟန်ပင်သိုး ပြန်ရောက်သွားခဲ့သည်။ ကျန်းကျူးရိတစ်ယောက် ဒေါသထွက်သွားရပြီး ဤညီငယ်ကို အလဟဿ စောင့်ရှောက်ခဲ့သည်ဟုပင် ခံစားခဲ့ရသည်။
သူ ဆက်လက် သည်းမခံနိုင်တော့ဘဲ လိုရင်ဖြစ်သည့် ချုံကျိုးသို့ ဝက်အူချောင်းများ ပို့လိုက်ကြောင်းကိုသာ တိုက်ရိုက်ပြောပြီး ၎င်းကို သွားယူရန် သတိပေးခဲ့သည်။
ချုံကျိုး၏ အပူချိန်က မြင့်မားလွန်းသဖြင့် အချိန်ကြာမြင့်မှ သွားယူပါက ဝက်အူချောင်းက သေချာပေါက် ပုပ်သွားလိမ့်မည်။
ကျန်းကျူးပင်း : “…”
နှစ်ပေါင်းများစွာ ကြာပြီးမှ ဘာလို့ ရုတ်တရက် ဝက်အူချောင်း ပို့ဖို့ စဉ်းစားမိတာလဲ။
သို့သော် သူ၏ အစ်ကိုကြီးဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို မငြင်းဆိုဘဲ လက်ခံလိုက်ခြင်းက ပို၍ ကောင်းပေသည်။
ထို့ကြောင့် သူ အလွယ်တကူ လက်ခံလိုက်သည်။ ဖုန်းချပြီးနောက်တွင်ပင် ကျန်းကျူးပင်းက ဤဝက်အူချောင်းများအကြောင်းကို စဉ်းစားနေဆဲဖြစ်သည်။
သို့သော်လည်း ကွမ်းရှောင်ထင်းက သက်ပြင်းချလာသည်။
“ရှန်းရှန်းက အများကြီး ပြောင်းလဲသွားပြီ”
ကျန်းကျူးပင်းတစ်ယောက် ချက်ချင်း စိတ်မကောင်းဖြစ်သွားရပြီး ပြောလာသည်။
“လီဟုန်ကျွင်းရဲ့ မိသားစုက အတင်းအကျပ် လုပ်ခဲ့တာ ဖြစ်ရမယ်”
အကြီးအကျယ် ပြောင်းလဲမှု မရှိခဲ့ပါက ဤကဲ့သို့ လူတစ်ယောက်၏ စိတ်နေစိတ်ထားကို ဤမျှ လွယ်ကူစွာ ပြောင်းလဲနိုင်မည်မဟုတ်ချေ။
ကွမ်းရှောင်ထင်းသည်လည်း ဒေါသများဖြင့် ပြည့်နေပြီး လီဟုန်ကျွင်းကို ဆူပူကြိမ်းမောင်းခဲ့သည်။
အထည်ချုပ်စက်ရုံတွင် စက်ပြင်နေပြီး ဝက်အူများကို တင်းကျပ်နေသော လီဟုန်ကျွင်းတစ်ယောကာ နှာချေလိုက်မိသည်။ သူ၏ ဘေးရှိ အမျိုးသမီး အလုပ်သမားက ထိုအသံကို ကြားလျှင် အမြန်ပင် နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့လေ၏။
သူမ၏ပုံစံက တတ်နိုင်သမျှ ဝေးဝေးသို့ ဆုတ်ခွာချင်သကဲ့သို့ ဖြစ်နေသည်။
မည်မျှပင် အဝေးမှကြည့်နေပါစေ၊ သူမ၏ မျက်နှာပေါ်ရှိ ရွံရှာမှုသည် မဖုံးကွယ်ထားနိုင်ပေ။
လီဟုန်ကျွင်းသည်ကား ၎င်းကို မြင်သော်လည်း စကားတစ်ခွန်းမျှ မပြောဝံ့ပါချေ။ သူ့အနေဖြင့် အလုပ်ကို ကြိုးစားလုပ်ရန်သာ တတ်နိုင်သည်။
သူ့အနေဖြင့် မကြာသေးမီက ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရသည်။
ထုန်လင်း၏ လီရှန်းအား လက်ထပ်ရန် အစီအစဉ်သည်က သူ ထင်ထားသည်ထက် ပိုမို နက်နဲနေခဲ်သည်။
အထည်ချုပ်စက်ရုံ၏ ဦးဆောင် အရာရှိအတော်များများမှာ ထိုနှစ်တုန်းက ဘေးအန္တရာယ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်။
သူတို့က ကျန်းဟုန်ကျန်းနှင့် ရင်းနှီးသည်ဖြစ်စေ ၊ မရင်းနှီးသည်ဖြစ်စေ ကျန်းဟုန်ကျန်း၏ စတေးခံခဲ့ခြင်းသည်က သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ထားခဲ့ရန် လုံလောက်ပေသည်။
လီရှန်း၏အလုပ်နေရာအတွက်မူ လီဟုန်ကျွင်းဘက်မှ မည်မျှပင် လွယ်ကူစွာ လက်လွှတ်လိုက်သည်ဖြစ်ေစ အသုံးမဝင်ပါချေ။ အရာရှိများသည်က ငတုံးများ မဟုတ်ကြသည့်အတွက် ထိုအခြေအနေတွင် ပါရှိသော လှည့်ကွက်များကို မမြင်နိုင်ဘဲ မနေနိုင်ကြပေ။
ထို့အပြင် အထည်ချုပ်စက်ရုံရှိ အလုပ်သမား အများစုမှာ အမျိုးသမီး အလုပ်သမားများသာ ဖြစ်သဖြင့် ကျန်းဟုန်ကျန်း၏ ဘက်ကို အလွယ်တကူ ခံစားပေးနိုင်ကြသည်။
သူတို့သေဆုံးပြီးနောက် သူတို့၏ ခင်ပွန်းသည်က သူတို့၏ကလေးအတွက် မိထွေးတစ်ယောက် ရှာခဲ့ပြီးကလေးဒအရိုးများကို တူးထုတ်ယူကာ ရိုးတွင်းခြင်ဆီများကို စုပ်ယူချင်နေသည်ဟု တွေးလိုက်မိလျှင် အလွန်ပင် ဒေါသထွက်ခဲ့ကြသည်။
သေချာပေ၏။ နောက်ထပ် အလွန် အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိသေးသည်။
၎င်းမှာ လီဟုန်ကျွင်း ယခု နေထိုင်နေသော အိမ်ဖြစ်သည်။
သူတို့ အားလုံးကဘ အလုပ်သမားများဖြစ်ကြပြီး ဝန်ထမ်း သက်တမ်းသည်လည်း အတူတူပင် ဖြစ်သည်။
သို့သော် လီဟုန်ကျွင်းက အဘယ်ကြောင့် တစ်ထပ်တိုက်အိမ်ငယ်လေးတွင် နေရပြီး သူတို့က အဘယ်ကြောင့် စုပေါင်းအဆောက်အအုံတွင် နေရသနည်း။
သူတို့သည်က ကျန်းဟုန်ကျန်း၏ အစုရှယ်ယာ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ဂရုမစိုက်ကြဘဲ မတရားကြောင်းကိုသာ ခံစားရသည်။
ကျန်းဟုန်ကျန်း၏ပိုင်ဆိုင်မှုကို သူ့အပိုင်အဖြစ် ရှိနေစေခြင်းက လူများကို ပို၍ပင် ဒေါသထွက်စေသည်။
သူများရဲ့အိမ်မှာ နေပြီး၊ သူများရဲ့ ပင်စင်တွေကို သုံးပြီး၊ သူများရဲ့ အလုပ်တွေကို လူယူတဲ့အပြင် သူများရဲ့ ကလေးကိုပါထိခိုက်စေတာ တကယ်ကို ရွံရှာမုန်းတီးစရာ ကောင်းလွန်းတာပဲ။
*
***