ယခုအချိန်တွင် လီဟုန်ကျွင်းနှင့် ထုန်လင်းတို့မှာ အထည်ချုပ်စက်ရုံတွင် လူတိုင်း ရိုက်နှက်နိုင်သည့် ကြွက်ဆိုးများ ဖြစ်လာခဲ့လေသည်။
ထိုစုံတွဲအတွက်တော့ အရေပြားထူသည့်အတွက်ကြောင့် အဆင်ပြေနေခဲ့သည်။
သို့သော် အမြွှာများသည်လည်း ထိခိုက်ခဲ့ကြသည်။
ယနေ့တွင် လီကျူးတစ်ယောက် ငိုယိုကာ ပြန်ပြေးလာခဲ့သည်။ သူမက အိမ်ထဲသို့ ဝင်လာခဲ့သော်လည်း မည်သူကမျှ သူမကို အာရုံမစိုက်နိုင်ကြပေ။
သို့နှင့် သူမက သူမ၏ အခန်းသို့ တိုက်ရိုက် သွားကာ တံခါးကို အားပြင်းပြင်းဖြင့် ပိတ်လိုက်ပြီး အိပ်ရာပေါ်တွင် မှောက်လျက် ငိုကြွေးတော့သည်။
ထုန်လင်းတစ်ယောက် တစ်နေကုန်လုံး အလုပ်လုပ်ခဲ့ရပြီးနောက် ထိုင်ပင် မထိုင်နိုင်သေးခင်တွင် လီကျူးက အလွန်ပင်အနိုင်ကျင့်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် အလျင်အမြန် လိုက်သွားခဲ့သည်။
“ကျူးကျူး မင်း ဘာဖြစ်တာလဲ”
ထုန်လင်း တံခါးကို တွန်းဖွင့်ကာ သူမ၏ အိပ်ရာဆီသို့ လျှောက်သွားရင်း လီကျူအသာ၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်သည်။
“ဘာလို့ ငိုနေတာလဲ.. ဘယ်သူက မင်းကို အနိုင်ကျင့်လိုက်တာလဲ”
လီကျူးက စကားပြောရန်အတွက် ငြင်းဆန်နေခဲ့ကာ သူမ၏ မျက်နှာကို စောင်ထဲတွင် မြှုပ်ထားသည်။
ထုန်လင်း ရုတ်တရက် စိုးရိမ်လာပြီး လီကျူးကို ဆွဲထုတ်လိုက်သည်။
“ဆက်မအိပ်နဲ့တော့၊ မင်းရဲ့ မျက်နှာကို အမေ ကြည့်ဦးမယ်.. မင်း ကျောင်းမှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တာလား”
ထုန်လင်း လီကျူးကို ပို၍ဆွဲလေလေ၊ လီကျူးက ပို၍ရုန်းကန်လေဖြစ်ပြီး နောက်ဆုံးတွင်တော့... သူမက စောင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပိုးအိမ်ကဲ့သို့ ထုပ်ပိုးလိုက်ပြီး တခြားလူများနှင့်ဆက်သွယ်ရန် ငြင်းဆန်နေခဲ့သည်။
ထုန်လင်း ဒေါသထွက်ချင်သော်လည်း ကလေး၏ ပုံမှန်မဟုတ်သောအမူအရာကို မြင်လျှင် ကလေးကို အတင်းအကျပ် လုပ်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဒေါသထွက်ရဲခြင်း မရှိပေ။
လီကျူးကို ရှင်းရှင်းလင်းလင်း မေးမြန်းနိုင်ခင် လီချောင်လည်း ပြန်ရောက်လာခဲ့သည်။
သူသည်လည်း မျက်နှာက အလွန်မှုန်မှိုင်းနေပြီး စိတ်ဓာတ်ကျသော အမူအရာဖြင့် အိမ်ထဲသို့ ဝင်လာခဲ်သည်။
လီကျူးကဲ့သို့ပင် သူကလည်း အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ သူ၏ စိတ်ခံစားချက်က အတော်လေး တည်ငြိမ်နေသကဲ့သို့ထင်ရသော်လည်း တံခါးပိတ်ပြီးနောက် သော့ခတ်လိုက်လေသည်။
“မင်း ဒီကလေးကတော့! စကားပြောစမ်းပော”
ထုန်လင်းက စောင်ကို ပုတ်၍ ခေါ်နေဆဲဖြစ်ကာ လီချောင်ပြန်ရောက်နေသည်ကို သတိမထားမိခဲ့ပေ။
လီကျူးက မည်သည်ကိုမှမပြောဘဲ ငိုသံများသာ ထွက်လာခဲ့သည်။
ထုန်လင်းတစ်ယောက် ယခု ပို၍ စိုးရိမ်လာပြီး သူမ၏ လေသံမှာ ပို၍ လေးနက်လာသည်။
လီကျူးတစ်ယောက် နောက်ဆုံးတွင်တော့ မထိန်းချုပ်နိုင်တော့သဖြင့် ရုတ်တရက် စောင်ကို ဖွင့်လိုက်ပြီး စွပ်စွဲအော်ဟစ်လိုက်လေသည်။
“ဒါတွေ အကုန်လုံး အမေတို့ကြောင့်ဖြစ်ရတာ! အမေ ဘာလို့ အကြီးဆုံးအစ်မရဲ့ အလုပ်ကို ခိုးရတာလဲ! အခု ကျောင်းတစ်ခုလုံးက သမီးကို နှလုံးသားမည်းနက်တဲ့ မိထွေးရဲ့ သမီးမှန်း သိနေကြပြီ”
ထိုသို့ အော်ဟစ်ပြီးနောက် သူမက ကိုယ့်ကိုယ်ကိုယ် နောက်တစ်ကြိမ် ထုပ်ပိုးလိုက်ကာ စောင်ထဲသအု့ ဝင်၍ ကျယ်လောင်စွာ ငိုကြွေးခဲ့လေသည်။
ထုန်လင်း၏ နှလုံးသားက အလွန်ပင် တုန်လှုပ်သွားရသည်။
ဤအဖြစ်အပျက်များက သူမ၏ ကလေးများကို ထိခိုက်စေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပါခေေ။
သူမ ရုတ်တရက် မျက်ရည်များ ကျဆင်းလာခဲ့သည်။
သူမရဲ့မျက်လုံးတွေက တကယ်ကို ဝက်ဆီတွေနဲ့ကွယ်နေခဲ့တာပဲ!
သူမသာအစောကြီးကတည်းက သိခဲ့ရင် ..
အစောကြီးကတည်းက သိခဲ့ရင် လီရှုမေ့ကို သွားရှာမှာ မဟုတ်ဘူး။
သူမ ကိုယ်တိုင် သွားခဲ့ရမှာ!
သေချာတာပေါ့!
လူတစ်ယောက် ပိုသိလေလေအန္တရာယ် ပိုများလာလေလေပဲ!
ထုန်လင်းအနေဖြင့် လီရှန်းကို ပရိယာယ်ကြံစည်ခဲ့သည့်အတွက် နောင်တ မရပေ။
စကားပုံတစ်ခုထဲတွင် ‘ကိုယ့်အတွက် မလုပ်ရင် ကောင်းကင်က အပြစ်ပေးပြီး မြေကြီးက ဖျက်ဆီးလိမ့်မယ်’ ဟု ဆိုထားသည်။
သူမက သူမ၏ လုပ်ရပ်အတွက် ဆင်ခြေပေးချင်နေခြင်း မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်း ဆိုရပါက သူမအနေဖြင့် ထိုအလုပ်နေရာနှင့် သူမ ယခုနေထိုင်သော အိမ်အတွက်သာ လုပ်ခဲ့ခြင်း ဖြစ်သည်။
အဘွားလီမှ တစ်စုံယောက်ကို သူမ၏ အိမ်သို့ စေလွှတ်ကာ လက်ထပ်ရန်အတွက် စကားကြောင်းလှမ်းခြင်းကို စေခိုင်းသည့်အချိန်တုန်းက ထိုအလုပ်နေရာက သူမ၏ကလေးများအတွက် ဖြစ်ရမည်ဟု ကတိပေးခဲ့သည်ကို ထုန်လင်း မမေ့သေးပေ။
အိမ်အတွက်ကတော့...
သူမ ဒီမှာ နေလာတာဆယ်နှစ်တောင်ကျော်နေခဲ့ပြီလေ။
ဒါက သူမရဲ့ အိမ် မဖြစ်သင့်ဘူးလား။
သူမက ငယ်ရွယ်သော မိန်းကလေးတစ်ဦးဖြစ်ပြီး ဒုတိယမြောက် လက်ထပ်မည့်သူနှင့် အိမ်ထောင်ပြုခဲ့ကာ ရှုပ်ထွေးမှုများကိုခံစားခဲ့ရသည်။
သူမ မည်သည်ကိုမှ မညည်းညူခဲ့ဘဲ လီမိသားစုအတွက် အမြွှာတစ်စုံကို မွေးဖွားပေးခဲ့သည်။
သူမက ဤအလုပ်နှင့် ဤအိမ်ကို ရသင့်ပေသည်။
လီရှန်းအတွက်ကတော့...
သူမဘက်မှ မူလကတည်းက ထိုမိန်းကလေးကို ကောင်းကောင်း ဆက်ဆံမည်ဟု တစ်ခါမှ မပြောခဲ့ပါချေ။
အဘွားလီပင်လျှင် သူမ လက်ထပ်ပြီးနောက် ထိုမိန်းကလေးကို သူမ လိုချင်သလို လုပ်နိုင်သည်ဟု တိုက်ရိုက် ပြောခဲ့သည်။
သူမ မှားယွင်းစွာ တွက်ချက်မိသည့် တစ်ခုတည်းသော အရာမှာ ဤမိန်းကလေး၏ မိခင်ဘက်မှ ဦးလေးများအားလုံးက လုပ်နိုင်စွမ်း ရှိသူများ ဖြစ်နေခြင်းကိုပင်။
ထို့ကြောင့် သူမက သူမ၏ ကျွမ်းကျင်မှုများကို ပြသရာတွင် မအောင်မြင်ခင်အချိန်တွကာ သူမ၏ အကြီးဆုံးဦးလေးက သိရှိသွားပြီး ထိုမိန်းကလေးကို သူမ၏ လက်မှ လွတ်မြောက်စေခဲ့သည်။
နောက်ပိုင်းတွင် သူမအနေဖြင့် ထိုမိန်းကလေးကို နာခံတတ်အောင် ပြုစုပျိုးထောင်ခဲ့သည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် မိန်းကလေးက တကယ်တမ်း ကျားသားစားချင်၍ ဝက်အယောင်ဆောင်ထားသူဖြစ်နေခဲ့သည်။
အပေါ်ယံတွင် အလွန်အမင်း ရိုးသားနုံအပုံရသော်လည်း တကယ်တမ်းတွင် လှည့်ကွက်များ ပြည့်နေမည်ကို မည်သူက ထင်မည်နည်း။
ဒီအကြောင်းကို တွေးလိုက်လျှင် ထုန်လင်းတစ်ယောက် အလွန် စိတ်ဓာတ်ကျသွားရသည်။
ယခုအချိန်တွင် သူမ၏ အလုပ် နေရာက ပျောက်ဆုံးသွားပြီး သူမ၏ အိမ်သည်လည်း ပျောက်ဆုံးလုနီးပါး ဖြစ်နေသဖြင့် စိတ်မငြိမ်မသက် ဖြစ်နေရသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူမ ပြန်လည် အခြေချနိုင်ရန် ကြိုးစားရမည်။
ထုန်လင်း သူမ၏ ငိုကြွေးနေသော သမီးကို ကြည့်ရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။
သူမက အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။
သူမက မိထွေးတစ်ဦးအနေဖြင့် မလုပ်နိုင်တော့လျှင် လီရှန်းကို ဂရုစိုက်ရန် ပို၍အရည်အချင်းရှိသူကို ရှာသင့်သည်။
သူမ ရက်များကို တွက်ကြည့်လိုက်သည်။ နှစ်သစ်ကူးရောက်ရန်အတွက် တစ်လပင် မလိုတော့ပါချေ။
ထိုအချိန်တွင် သူတို့ တစ်မိသားစုလုံး အဘွားလီနှင့်အတူ နှစ်သစ်ကူး ကျင်းပရန် ရွာသို့ ပြန်သွားရပေမည်။ ဤအတောအတွင်း သူမ သေသေချာချာ စဉ်းစားရမည်။
အဘွားလီက လီရှန်းကို သူမနှင့်အတူခေါ်သွားဖို့ ဘယ်လို လုပ်ရမလဲဆိုတာ တွေးတောရမယ်။
ပြီးရင် လီရှန်းကို ရွာသို့ ပြန်လက်ထပ်ခိုင်းရမယ်။ ခရိုင်မြို့ကို ဘယ်တော့မှ မလာတော့ရင် ပိုကောင်းလိမ့်မယ်။
*
လစဉ် အားလပ်ရက်၏ ဒုတိယနေ့တွင် ကျန်းကျူးရိက ကျေးလက်ရှိ ဆွေမျိုးများထံသို့ည သွားရောက်လည်ပတ်ရန် ခွင့်ယူခဲ့သည်။
ကျန်းမိသားစုမှာ ခရိုင်မြို့သို့ ပြောင်းရွှေ့ခဲ့သော်လည်း သူတို့၏ ဘိုးဘေးများမှာ ဆင်းရဲသော လယ်သမားများ ဖြစ်ကြသည်။
လီရှန်း၏ အဘိုး ကျန်းရူတုန်းမှာ စစ်ပွဲအတွင်း၌ တပ်သို့ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည်။ သူသည်က မှတ်တမ်းတင်ထိုက်သော အောင်မြင်မှုကြီးများ မရခဲ့သော်လည်း တပ်ခွဲမှူး ဖြစ်လာပြီး သူနှင့် စိတ်တူကိုယ်တူ ဇနီးတစ်ဦးနှင့်ပင် တွေ့ဆုံခဲ့သည်။
ကျန်းညီအစ်ကိုများ၏ နာမည်များမှတဆင့် ကျန်းရူတုန်းတွင် ဒေါသကြီးလွယ်သော လူငယ် စရိုက်လက္ခဏာ အချို့ ရှိသည်ကို မြင်နိုင်သည်။
နောက်ပိုင်းတွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံတည်ထောင်ပြါးနောက် ထိုစုံတွဲက အလုပ်အကိုင်များ ပြောင်းလဲကာ သူတို့၏ ဇာတိမြေသို့ ပြန်လာပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ရန် အလုပ်သမားများ ဖြစ်လာခဲ့သည်။
ထိုအချိန်မှသာ မိသားစုာ လယ်သမားများမှ အလုပ်သမားများအဖြစ် ပြောင်းလဲခဲ့သည်။ ဤမိသားစုက အလုပ်သမားများ ဖြစ်လာသော်လည်း ကျန်းညီအစ်ကိုများက ကျေးလက်တွင် လယ်ယာလုပ်နေဆဲဖြစ်သည်။
ထို့ကြောင့် ကျန်းကျားရွာရှိ ရွာသား အများစုတွင် သူတို့၏ ဆွေမျိုးများ ရှိသည်။ ယခုအချိန်တွင်တွင် ဘိုးဘွားစဉ်ဆက် မှတ်တမ်းကို လေးစားသိအ်းဆည်းထားမရှိပါက ကျန်းရူတုန်း၏ လုပ်ရပ်များကို သေချာပေါက်စာအုပ်ကြီးဖြင့် ရေးသားလိမ့်မည်။
ကျန်းကျူးရိသည် ဝက်အူချောင်းများ ပြုလုပ်ရန် တောရိုင်းအသားများ ရှိမရှိ မေးမြန်းရန်အတွကာ ရွာသို့ ပြန်သွားခဲ့ပြီး ကျန်းကျားရွာအတွက် ဒုတိယ နာမည်ကြီး ရဲဘော် ကျန်းကျူးပင်းထံသို့ ပေးပို့ရန် စီစဉ်ခဲ့သည်။
သူတို့၏ ညီအစ်ကိုဝမ်းကွဲအများစုက သူတို့၏ ကိုယ်ပိုင် စုဆောင်းပစ္စည်းများကို တိုက်ရိုက် ပေးလာခဲ့ကြပြီး ပိုက်ဆံပင် မလိုချင်ကြပေ။
ကျန်းကျူးရိက အလကား စားသောက်ရန် ငြင်းဆိုခဲ့ပြီး နောက်ဆုံးတွင်တော့ သူ၏ ဦးလေးက အငြင်းအခုံကြားသို့ဝင်ကာ ရွာထဲတွင် အစားအသောက် မရှားပါးသော်လည်း စက်မှုလက်မှုလက်မှတ်များ ရှားပါးကြောင်း ပြောပြလာခဲ့သည်။
သို့နှင့် ကျန်းကျူးရိက စက်မှုလက်မှု လက်မှတ် အနည်းငယ်ကို မီးခိုးပျပ်တိုက်ထားသော ဝက်အူချောင်း တစ်ပုံကြီးနှင့် လဲလှယ်ခဲ့သည်။
သူက အိမ်သို့ပင် မပြန်ခဲ့တော့ပေ။ ၎င်းတို့ကို ထုပ်ပိုးကာ ချည်နှောင်လိုက်ပြီး ရေးသားထားသောစာကို ဆီစိမ်စက္ကူဖြင့် ပတ်ကာ အလယ်တွင် ထည့်သွင်းလိုက်သည်။
ထို့နောက်တွင် စာတိုက်နှင့် ကြေးနန်းရုံးသို့ တိုက်ရိုက် သွားကာ နေ့လယ်ပိုင်းတွင်ပငင အရေးပေါ် ပို့လိုက်သည်။
အချိန်ကို တွက်ချက်ကြည့်လျှင် ၎င်းက ဆယ်ရက်အတွင်း ရောက်လိမ့်မည်ဟု ခန့်မှန်းရသည်။
ကျန်းကျူးရိက ရွာသို့ ပြန်သွားခဲ့ပြီး လီရှန်းကလည်း ချိန်းဆိုထားသည့်နေရာသို့ သွားခဲ့သည်။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် အတွေးများ ရှိနေသဖြင့် လက်ရှိအခြေအနေအပေါ် စိတ်ဝင်စားနိုင် မရှိခဲ့ပေ။
ယမန်နေ့က ဖုန်းပြောနေစဉ် အင်အားကြီးပြီး သူမကို အလွန် ကာကွယ်ပေးတတ်သော ဒုတိယဦးလေး သေဆုံးသွားသည်ကို တွေးလိုက်မိတိုင်း လီရှန်း၏ စိတ်ထဲတွင် လေးလံနေခဲ့သည်။
မနေ့ကလိုပင် လီလင်းက ကုန်တိုက်တံခါးဝတွင် စောစီးစွာ စောင့်နေခဲ့သည်။
ယနေ့တွင်တော့ လီရှန်းက နောက်မကျခဲ့သဖြင့် သူတို့နှစ်ယောက် နေရာတွင် ဆုံစည်းခဲ့ကြသည်။
“မြန်မြန် သွားရအောင် .. ဝါဂွမ်းထည့်ထားတဲ့ ဂျာကင်အင်္ကျီ အသစ်တစ်သုတ် ရောက်လာပြီလို့ တစ်ယောက်ယောက် ပြောတာကို ကြားခဲ့တယ်”
လီလင်းက လီရှန်းကို မြင်သည်နှင့် သူမကို အလျင်အမြန် ဆွဲခေါ်သွားခဲ်သည်။
လီလင်း၏ ရွှင်လန်းသော အသွင်အပြင်ကို မြင်လိုက်ရပြီးနောက် လီရှန်းလည်း အတွေးမများနိုင်တော့ဘဲ အလျင်အမြန် စိတ်အားတက်လာခဲသည်။
ထိုလူနှစ်ယောက် အဝတ်အထည် ကောင်တာသို့ တိုက်ရိုက် သွားခဲ့ကြသည်။
***