နောက်နေ့ နေ့လယ်ဘက်တွင် စုဝေချင်းက ကတိအတိုင်း အချိန်မှန်ရောက်ရှိလာခဲ့သည်။
လီရှန်းတစ်ယောက် ထိုသူ ကားပေါ်သို့ တက်လာသည်နှင့် တစ်ဖက်လူ၏ ချောမောခန့်ညားသော မျက်နှာပေါ်မှ တုံးအအ အပြုံးကို မြင်လိုက်ရသည်။
ကားထဲတွင် လူများစွာ ရှိနေခဲ့သည်။ ထိုသူ ကားပေါ်သို့ တက်ပြီးနောက်တွင် လီရှန်းက စုဝေချင်းကို ဖြတ်ခနဲသာ မြင်လိုက်ရပြီး သူမ၏ ရှေ့မှလူအုပ်က ဖုံးအုပ်သွားခဲ့သည်။
စုဝေချင်းက မျောက်တစ်ကောင်ကဲ့သို့ အလွန် ရှင်းလင်းပြတ်သားစွာဖြင့် ကား၏ အနောက်ဘက်မှ အရှေ့သို့ တိုးဝင်နေခဲ့သည်။
လီရှန်းကတော့ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးအနေဖြင်် ပို၍ သိုသိပ်သိမ်မွေ့စွာ နေခြင်းက ပိုကောင်းသောကြောင့်ပင်။
ကားပေါ်မှ တစ်လျှောက်လုံး ဆူပူကြိမ်းမောင်းခံရပြီးနောက် စုဝေချင်းက လူတိုင်းကို တောင်းပန်ခဲ့ရကာ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူ လီရှန်း၏ ဘေးသို့ ရောက်လာနိုင်ခဲ့သည်။
စုဝေချင်း သူ၏ အိတ်ကို ပုတ်လိုက်သည်။
“ရဲဘော် လီရှန်း၊ ကျွန်တော် စာမေးပွဲ မေးခွန်းဟောင်းတွေ ယူလာခဲ့တယ်.. ဘယ်နေရာမှာ ကူးယူသင့်လဲ”
လီရှန်း ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။
ယနေ့ခေတ်က နောက်ပိုင်းကာလများကဲ့သို့ မဟုတ်ပါချေ။
လက်ရှိတွင် ၂၄ နာရီ အမြန်စား အစားအစာ ဆိုင်ခွဲများလည်း မရှိသကဲ့သို့ ကော်ဖီဆိုင်များလည်း မရှိသေးချေ။
အချိန်က မှောင်လာပြီဖြစ်၍ ပန်းခြံများပင် ပိတ်ထားပေပြီ။ ထို့ကြောင့် ကူးယူစရာ နေရာ မရှိပေ။
လီရှန်း ပြောလိုက်သည်: “ရဲဘော်စု၊ ကျွန်မ ဒါကို ယူသွားပြီးမှ ကူးယူလို့ ရမလား.. ကျွန်မလည်း ရှင့်အတွက် ပြန်လည် သုံးသပ်ချက်မှတ်စုတွေ ယူလာခဲ့တယ်.. စိတ်မပူပါနဲ့၊ ကျွန်မ ဒီည ပြီးအောင် လုပ်ပါ့မယ်
ကျွန်မ မနက်ဖြန် ဒီမှာပဲ ရှိနေဦးမှာဆိုတော့ စာမေးပွဲမေးခွန်းတွေကို မနက်ဖန် ရှင့်ဆီ ပြန်ပေးပါ့မယ်”
လီရှန်းတစ်ယောက်တစ်ဖက်လူက သဘောမတူမည်ကို စိုးရိမ်သဖြင့် သူမ ကိုယ်တိုင် ပြန်လည် သုံးသပ်ရန် မှတ်သားထားသည့် အချက်အလက်များကို စုဝေချင်းထံသို့ ပေးဖို့ ဆုံးဖြတ်ခဲ့သည်။
“ကြည့်လိုက်ပါဦး.. ရှင် ဒီသတင်းအချက်အလက်တွေကို လိုအပ်လား”
“လိုတယ် လိုတယ်”
စုဝေချင်း ကြည့်ပင် မကြည့်ဘဲ ခေါင်းညိတ်ကာ စာမေးပွဲမေးခွန်ဟောင်းများကို အလျင်အမြန် ထုတ်လိုက်ပြီး လီရှန်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်
“ကောင်းပြီ၊ မင်း ဒီစာမေးပွဲမေးခွန်းဟောင်းတွေကို ပြန်ယူသွားလို့ ရတယ်.. ကူးယူနေစရာ မလိုဘူး.. ကိုယ် မနေ့ညကတည်းက အိမ်မှာ ကူးယူထားပြီးပြီ”
ထိုသို့ ပြောပြီးနောက် သူက လီရှန်း၏ ပြန်လည် သုံးသပ်ရေး မှတ်စုများကို လက်မောင်းထဲတွင် ပွေ့ဖက်ထားပြီး ပျော်ရွှင်စွာ ပြောလာသည်။
“ဒီလိုဆိုရင် ကိုယ်တို့ ပြန်လည် သုံးသပ်ဖို့ အတွက် အချိန် အလုံအလောက် ရလိမ့်မယ်”
“ဒါဆို ကျွန်မရဲ့ မှတ်စုတွေကိုလည်း ပေးဖို့ လောစရာမလိုပါဘူး ကျွန်မ အကုန်လုံး အလွတ်ကျက်ပြီးပြီ.. အိမ်ရောက်ရင် အလွတ် ပြန်ရေးဖို့ ကြိုးစားလိုက်မယ်”
လီရှန်းအနေဖြင့် စုဝေချင်းက ဤမျှ စဉ်းစားတတ်သူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
စုဝေချင်း ခေါင်းကို အထပ်ထပ်အခါခါညိတ်ပြလာသည်။
“ဒါဆို မင်း အလွတ်ရေးလိုက်လေ.. ကိုယ် ပြန်လည် သုံးသပ်ရေး မှတ်စုတွေ ပြန်ယူလာခဲ့မယ်၊ ပြီဒါဆို မင်း အမှားအမှန်ကို နှိုင်းယှဉ်လို့ ရတာပေါ့”
လီရှန်း: “... ဒီလောက် အလုပ်ရှုပ်မခံပါနဲ့”
သူမက အမှန်တကယ်ပင် မှတ်မိနေခဲ့သည်။
စုဝေချင်းက လေးနက်စွာ ပြောလာသည်။
“ဒါက ဘာတွေများအလုပ်ရှုပ်စရာ ရှိလို့လဲ.. ကိုယ်တို့အနေနဲ့ ပြန်လည် သုံးသပ်တဲ့အချိန်မှာ အမှား လုပ်လို့မရဘူး.. တစ်မှတ် ကွာခြားမှုကတောင် လူပေါက်းများစွာကို ရှုံးနိမ့်စေနိုင်တယ်”
လီရှန်း ခေါင်းညိတ်သည်။
“ဒါဆို စနေ၊ တနင်္ဂနွေမှာ ချိန်းလိုက်ရအောင်.. အဲဒီနေ့တွေက အဆင်ပြေတယ်.. ကျွန်မ အဲဒီနေ့တွေမှာ အားလပ်ချိန် ရှိတယ်”
“ကောင်းပြီ”
ကားက စက်မှုယန္တရား စက်ရုံ၏ တံခါးဝသို့ ရောက်ရှိလာလေပြီ။
လီရှန်းသည် ပျော်ရွှင်စွာ ကားပေါ်မှ ဆင်းသွားခဲ့ပြီး စုဝေချင်းသည်လည်း သူမ ထွက်သွားသည်ကို ထပ်မံကြည့်နေခဲ့သည်။
ကားက ဖြည်းဖြည်းချင်း စတင်မောင်းနှင်လာခဲ့သည်။ သူ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မှတ်စုစာအုပ်၏ အဖုံးကို ထိလိုက်ကာ ထပ်မံပြုံးလိုက်ပြန်သည်။
ကောင်းလိုက်တာ!
ငါတို့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ ချိန်းဆိုလိုက်နိုင်ပြီ။
စုဝေချင်း၏ စိတ်လှုပ်ရှားမှုက အိမ်သို့ ရောက်သည်အထိ ကြာမြင့်ခဲ့သော်လည်း သူ့၏ အိမ်တွင် ဆူညံသံကို ထပ်မံ ကြားလိုက်ရပြန်သောကြောင့် သူ၏ စိတ်ခံစားချက်က ရုတ်တရက် အောက်ဆုံးသို့ ရောက်သွားခဲ့သည်။
သူ အိမ်သို့ပင် မဝင်သွားသေးဘဲ သူ၏ အမေမှ သူ၏ အစ်ကိုကြီးကို ဆူပူကြိမ်းမောင်းနေသည်ကို သိနိုင်သည်။
သူ၏ အစ်ကိုကြီး စုဝေဟိုင်၏အကြောင်းကို ပြောရလျှင် စုဝေချင်းသည်လည်း မည်သို့ ပြောရမည်ကို မသိတော့ပေ။
သူ့၏အကြီးဆုံးမရီးက အလွန်မနှစ်မြို့ဖွယ်စကားများကို ပြောတတ်ပြီး သူ၏ အစ်ကိုကြီးသည်လည်း အလွန် ယောက်ျားဝါဒဆန်သည်။
အသစ်စက်စက် အိမ်ထောင်သည်စုံတွဲက သူတို့၏ ခင်ပွန်းအိမ်ထောင်ဖက်နှင့် ရှင်းလင်းရန် လိုအပ်နေချိန်တွင် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးနှစ်ဦးကို သူတို့၏အိမ်သို့ ပို့ဆောင်လာတတ်သည်။အကြီးဆုံးမရီးက အမေတစ်ယောက်ဖြစ်လာရသော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ချင်ပုံရသည်။ ဆိုရလျှင် သူ၏အစ်ကိုကြီးကလည်း ဇနီးအသစ်နှင့် ဆက်ဆံရေး ကောင်းမွန်သရွေ့ အခြေအနေက ယခုကဲ့သို့ ရှုပ်ထွေးနေမည် မဟုတ်လောက်ဟု ထင်နေပုံရသည်။
လူကြီးများ ရန်ဖြစ်ခြင်းက အဆင်ပြေသော်လည်း ကလေးများ၏ ရှေ့တွင်တော့ မလုပ်သင့်ပါချေ။
စုဝေချင်းက ကလေးနှစ်ဦး တစ်ရက်ထက်တစ်ရက် တိတ်ဆိတ်သွားသည်ကို ကြည့်နေခဲ့ရသည်။
သူ တံခါးဆီသို့ လျှောက်သွားချိန်တွင် ရဲဘော် လော်ယွီရှိုး၏ ကျယ်လောင်သော အသံက အခန်းထဲမှ ထွက်လာသည်။
“... ငါကတော့ မင်း ရူးနေပြီလို့ပဲ ထင်တယ်.. ဘယ်အလုပ်မှာမဆို လိုက်လျောညီထွေ ဖြစ်အောင် နှစ်ရက်လောက်အချိန်ယူရမယ်ဆိုတာ မင်း သိတယ်.. ဒါပေမဲ့ အခု ဒီအချိန်ထိ မင်းက ဘယ်လို စဉ်းစားပေးရမလဲဆိုတာ မသိသေးဘူး
ဝူလီက တံခါးဝကနေ အခုမှ မိသားစုထဲကိုဝင်လာခဲ့တာ .. သူမက မိခင်တစ်ယောက်အဖြစ် အခုမှ ကြုံတွေ့ရတာ.. ဒါကို မင်းက မင်းရဲ့ ကလေးနဲ့ သူမရဲ့ကြားက ဆက်ဆံရေးကို အဆင်ပြေသွားအောင် မလုပ်ချင်ဘူး၊
မင်းက သူမကိုပဲ ချော့မြှူနေတုန်းပဲ.. သူမကို ချော့မြှူပြီးရင် မင်းက စိတ်ကျေနပ်တာပဲ”
“အမေ...”
စုဝေဟိုင်၏ အသံ ထွက်ပေါ်လာသည်။
“ငါ့ကို အမေလို့ မခေါ်နဲ့၊ ငါ မင်းရဲ့ အမေ မဟုတ်ဘူး”
ရဲဘော် လော်ယွီရှိုး၏ တိုက်ပွဲဝင် စွမ်းဆောင်ရည်က သာမန်အဆင့်များထက် ကျော်လွန်နေဆဲပင် ဖြစ်သည်။
စုဝေချင်း တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ကလေးနှစ်ဦးက နံရံဘေးတွင် ထပ်မံ ရပ်နေသည်ကို မြင်လိုက်ရသည်။
စုဝေချင်း သူ့အမေမှ သားဖြစ်သူကို ပညာပေးခြင်းကို မနှောင့်ယှက်ဘဲ တိတ်တဆိတ်ဖြင့် တူလေးနှစ်ယောက်ကို သူ၏ အခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
စုဝေဟိုင်တွင် သားနှစ်ဦး ရှိပြီး သားကြီးကို စုချန်ဟု ခေါ်ကာ သားငယ်ကို စုကျွင့်ဟု ခေါ်သည်။
ဤအချိန်တွင် စုချန်က မျက်ရည်များဖြင့် စုဝေချင်းကို တိုင်တမ်းလာခဲ့သည်။
“ဦးလေး၊ ကျွန်တော် အဖေနဲ့ အိမ်ပြန်မသွားချင်ဘူး.. ကျွန်တော် အဒေါ်ဝူကို မကြိုက်ဘူး”
စုကျွင့်သည်လည်း သူ၏ အစ်ကိုနှင့်အတူ လိုက်ငိုလာသည်။
“ကျွန်တော့် မိထွေးက လူဆိုးပဲ! ကျွန်တော့် အဖေလည်း လူဆိုးပဲ!”
“အငယ်ဆုံးဦးလေး ကျွန်တော့်ကို ဦးလေးရဲ့ သား ဖြစ်ခွင့်ပြုပါ.. ကျွန်တော် ကျွန်တော့် အဖေကို မလိုချင်တော့ဘူး”
စုဝေချင်း- “…”
တာ့ကော၊ ခင်ဗျား ဘယ်လိုမျိုး ဆိုးရွားတဲ့ အရာတွေကို လုပ်ခဲ့တာလဲ။
အခု တာ့ကောရဲ့ သားတွေက တခြားတစ်ယောက်ကို အဖေအဖြစ် အသိအမှတ်ပြုတော့မလို့ လုပ်နေပြီ။
နောက်ဆုံးတွင်တော့ ကလေးနှစ်ဦးကို ချော့မော့ပြီးနောက် လော်ယွီရှိုးက သူမ၏ သားကြီးနှင့် မြေးနှစ်ဦးကို ဆူပူကြိမ်းမောင်း၍ ပြန်လွှတ်လိုက်သည်။
လော်ယွီရှိုးတစ်ယောက် နောက်ဆုံးတွင် သူမ၏ သားငယ်ကို မေးမြန်းရန် အချိန်ရလာပေပြီ။
“မင်း ဒီနေ့ နေ့လယ်တုန်းက ဘာလုပ်နေခဲ့တာလဲ.. မင်း ဆေးဝါးစက်ရုံ စာမေးပွဲ ဖြေမယ်လို့ မပြောခဲ့ဘူးလား”
စုဝေချင်းက လျစ်လျူရှုသော အမူအရာဖြင့် ပြောလာသည်။
“အဲဒီ မေးခွန်းနဲ့ ပတ်သက်ရင် ကျွန်တော် မူလတန်းကျောင်းမှာကတည်းက အမှတ်ပြည့်ရနိုင်ခဲ့တာ မဟုတ်ဘူးလား.. ကျွန်တော့်မှာ အပြင်ထွက်ဖို့ အကြောင်းပြချက် ရှိတယ်၊ ဒါကြောင့် မမေးပါနဲ့”
“မင်း မပြောပြချင်တာလား”
လော်ယွီရှိုးက သူမ၏ လက်ထဲတွင် ယင်လိုက်တုတ်ကို ကိုင်ထားဆဲ ဖြစ်ပြီး သူ့ကို ရိုက်လိုကြောင်းပြလာသည်။
စုဝေချင်းတစ်ယောက် သူ ခြိမ်းခြောက်ခံနေရသကဲ့သို့ ဖော်ပြပြီး ကြည်လင်သော အသံဖြင့် ပြောခဲ့သည်။
“ဒါက.. မဟုတ်ဘူး... ကျွန်တော် မိန်းကလေးတစ်ယောက်ကို ချစ်မိနေပြီး သူမကို လိုက်နေတာ”
လော်ယွီရှိုး : “?”
သူ၏ အလုပ်ကို ကောင်းစွာ မလုပ်သော သားကို ဆေးဝါးကုမ္ပဏီအတွက် စာမေးပွဲကို ကြိုးစား၍ ဖြေဆိုချင်စိတ်ဖြစ်ပေါ်စေနိုင်သော မိန်းကလေးက မည်သို့သော မိန်းကလေးအမျိုးအစားဖြစာမည်နည်း။
သူမ ချက်ချင်း စိတ်ဝင်စားလာသည်။
“အဲဒီ မိန်းကလေးက ဘယ်ကလဲ.. သူမရဲ့ အသက်က ဘယ်လောက်ရှိနေပြီလဲ.. ဘယ်လိုပုံမျိုးလဲ..သူမလည်း ဆေးဝါးစက်ရုံ စာမေးပွဲ ဖြေဖို့ စီစဉ်နေတာလား”
ထိုအကြောင်းများကို မေးပြီးနောက် သူမ၏ သားသဖြစ်သူက လွန်ခဲ့သော နှစ်ရက်အတွင်း ပြန်လည် သုံးသပ်နိုင်မည် မှတ်စုများကို နေရာတိုင်း ရှာဖွေနေခဲ့သည်ကို သူမ ရုတ်တရက် သတိရလိုက်ပြီး မျက်မှောင်ကြုတ်မိသည်။
“အဲဒီ မိန်းကလေးက ပြန်လည် သုံးသပ်ရေးမှတ်စုတွေကို မင်းဆီက လှည့်ဖြားယူဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”
“အမေ၊ ဘာတွေ ပြောနေတာလဲ.. ရဲဘော် လီရှန်းက ကျွန်တော် ဆေးဝါးစက်ရုံထဲမှာ နေတယ်ဆိုတာတောင် မသိဘူး၊ ပြီးတော့ သူမက ကျွန်တော့်ကို ပြန်လည် သုံးသပ်ရေးမှတ်စုတွေ ပေးခဲ့တာ”
သူ လီရှန်းပေးခဲ့သော မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ အမေထံသို့ ပြ၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ဘယ်သူက ဘယ်သူ့ကို အခွင့်ကောင်း ယူနေတယ်ဆိုတာတောင် ကျွန်တော် မသိဘူး”
လော်ယွီရှိုးသည်က ဆေးဝါးစက်ရုံတွင် နည်းပညာပိုင်း အလုပ်မလုပ်ခဲ့သော်လည်း ဤပညာရပ်များနှင့် နှစ်ပေါင်းများစွာ ထိတွေ့ခဲ့ဖူးသောကြောင့် ပညာရပ်ဆိုင်ရာ အသိပညာတချို့နှင့် အလွန်ရင်းနှီးသည်။
သူမက မှတ်စုစာအုပ်ကို ဆွဲယူလိုက်ပြီးနောက် လှပသော စာလုံးများနှင်် ပြည့်နေသည်ကို မြင်လိုက်ရလျှင် ချီးကျူးလိုက်မိသည်။
“ဒါက တကယ်ကို ကောင်းကောင်း ရေးထားတာပဲ”
လက်ရေးကို ချီးကျူးပြီးနောက် သူမက အထဲမှ အကြောင်းအရာကို ဆက်လက်ရှုခဲ့ဖတ်သည်။
လီရှန်းသည်ကား ဆေးဝါးစက်ရုံက မည်သည့်အရာကို မေးမြန်း၍ မည်သည်တို့ကို ပြုလုပ်ကြောင်း မသိခဲ့သဖြင့် သူမ၏ ကိုယ်ပိုင် အချက်အလက်များအားလုံးကိုကို ပေါင်းစည်းရန်သာ လုပ်ခဲ့ရသည်။
ဤသို့ဆိုပါက သူမအနေဖြင့် လမ်းမှားသို့ သွားနေခဲ့သည်မှာ သေချာသည်။ သို့သော် လော်ယွီရှိုး၏ မျက်လုံးထဲတွင်တော့ ‘ဒီကလေး တကယ်ကို လေးနက်နေရမယ်’ ဟုသာ တွေးမိသည်။
“သူများကို အချိန်တိုင်း မနှောင့်ယှက်နေနဲ့”
လော်ယွီရှိုးက အလေးအနက်လုပ်ဆောင်တတ်သော အမျိုးသမီးများကို နှစ်သက်ခဲ့သောကြောင့် ဤစာအုပ်ကို မြင်ပြီးနောက်တွင် သူမ၏ သားနှင့်ပတ်သက်၍သာ တစ်ခုခု မှားနေသည်ဟု ခံစားရသည်။
“ဘယ်လိုလုပ်ပြီး နှောင့်ယှက်တာလို့ သတ်မှတ်လို့ရမလဲ.. ကျွန်တော်တို့က အတူတူ တိုးတက်အောင် လေ့လာနေကြတာ”
စုဝေချင်းက ရဲဘော် လော်ယွီရှိုး၏စကားတို့ကို မကျေနပ်တော့ပေ။
လော်ယွီရှိုးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လီရှန်း၏အကြောင်းကို နောက်ထပ် မေးခွန်းတချို့ မေးပြီးနောက် မနက်ဖြန် အလုပ်သို့သွားချိန်တွင် ခရိုင်ရှိ အလုပ်သမားများကို မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။
***