လော်ယွီရှိုးအနေဖြင့် တစ်ဖက်မိန်းကလေးကသာ အမှန်တကယ် ကောင်းမွန်သော မိန်းကလေးတစ်ဦး ဖြစ်မည်ဆိုပါက သူမ၏ သားအတွက် ကြင်ဖက်တွေ့ဆုံရန် လုပ်ပေးဖို့ ရှေ့သို့ထွက်ပေးရန်တွေးတောခဲ့သည်။
သူမသည်က ချမ်းသာသူကိုမျက်နှာလုပ်ပြီး မရှိဆင်းရဲများကို နှိမ့်ချတတ်သူမဟုတ်ပေ။ သူမ၏ မျက်လုံးထဲတွင် တစ်ဖက်မိန်းကလေးသည် ကောင်းမွန်ပြီး တက်ကြွနေသရွေ့ သူမက ကျေးလက်ဒေသမှမိန်းကလေးဖြစ်နေလျှင်ပင် သဘောတူပေလိမ့်မည်။
သူမ အကြီးဆုံးချွေးမကို မကြိုက်ရသည့် အကြောင်းရင်းမှာ သူမအနေဖြင့် ထိုအကြီးဆုံးချွေးမက ... ‘အရမ်း ပျင်းတယ်!’ ဟု ထင်သောကြောင့်သာ ဖြစ်သည်။
တစ်ဖက်တွင်တော့ လီရှန်းတစ်ယောက် အိမ်သို့ပြန်ရောက်ပြီးနောက် စာမေးပွဲမေးခွမ်းဟောင်းများကို ပြန်လည် သုံးသပ်ခဲ့သည်။
ရိုးသားစွာပြောရပါက ဤစာမေးပွဲမေးခွန်းဟောင်းများ ရှိနေခြင်းက များစွာ အကူအညီ ဖြစ်ခဲ့သည်။
ယခင်က သူမအနေဖြင့် မျက်စိစုံမှိတ်၍ ပြန်လည် သုံးသပ်ခဲ့ရုံသာဖြစ်ခဲ့သည်။
စာမေးပွဲမေးခွန်းဟောင်း ရပြီးနောက်တွင် သူမအနေဖြင့် ပြန်လည် သုံးသပ်မှု အတိုင်းအတာကို ချက်ချင်း သတ်မှတ်လိုက်ပြီး အရှေ့မှလမ်းသည်လည်း ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။
ပထမဆုံး သူမက မှတ်စုစာအုပ်ကို ယူကာ ဘောပင်ဖြင့်အရင်ဆုံး ကူးယူပြီးနောက် ခဲတံဖြင့် ထပ်မံ လေ့ကျင့်ခဲ့သည်။
အဖြေများတွင် အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးနောက်မှသာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။
နောက်နေ့တွင် သူမက မှတ်စုစာအုပ်ကို ကျောင်းသို့ ယူဆောင်လာခဲ့ပြီး လီလင်းနှင့် ဝေမျှခဲ့လေသည်။
“ဒါက မှတ်စု အသစ်လား”
လီလင်း အလွန် အံ့အားသင့်သွားသည်။
“အတန်းဖော် လီရှန်း၊ မင်းက အရမ်း ထိထိရောက်ရောက်လုပ်နိုင်တာပဲ”
“စာမေးပွဲက မကြာခင် ရောက်တော့မယ်၊ မြန်မြန် လော့လာကြရအောင်”
လီရှန်း သူမ၏ အထက်တန်းကျောင်း ဖတ်စာအုပ်ကို ထုတ်ယူပြီး သင်္ချာ ပုစ္ဆာများ စတင်လေ့ကျင့်ခဲ့သည်။
သူမအနေဖြင့် မနေ့က စာမေးပွဲမေးခွန်းဟောင်းတွင်လည်း သင်္ချာ မေးခွန်းများ ပါဝင်သည်ကို တွေ့ရှိခဲ့သည်။ ၎င်းက သူမအတွက် သတိပေးချက်တစ်ခု ဖြစ်ပြီး ဆေးဝါးကုမ္ပဏီမှာ ပညာရပ်ဆိုင်ရာ အသိပညာများသာမက သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒတို့ကိုပါ စစ်ဆေးနေကြောင်းကို သိရှိခဲ့သည်။
လီလင်းသည်လည်း အချိန် ကျပ်တည်းနေပြီ ဖြစ်ကြောင်းကို သိသောကြောင့် စကားအနည်းငယ် ပြောပြီးနောက် အလျင်အမြန်ပင် စာကျက်ခြင်းတွင် နှစ်မြှုပ်လိုက်လေသည်။
ရက်ပေါင်းများစွာ ဆက်တိုက်လေ့လာပြီးနောက်တွင် လီရှန်းတစ်ယောက် အနည်းငယ်ပင် ခေါင်းမူးနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း စနေ၊ တနင်္ဂနွေနေ့သို့ ရောက်လာခဲ့သည်။
လီရှန်း စုဝေချင်းနှင့် ချိန်းဆိုထားသဖြင့် ကျောင်းဆင်းပြီးနောက်တွင် ကျောင်းတွင် အချိန်ကြာမြင့်စွာ မနေဘဲ ဘတ်စ်ကားဂိတ်သို့ တိုက်ရိုက် သွားခဲ့သည်။
သေချာပေသည်။ စုဝေချင်းက ကားထဲမှာ ရှိနေခဲ့ပေပြီ။
လီရှန်း စုဝေချင်းဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။
“ရဲဘော်စု.. ကျွန်မ ကျွန်မရဲ့ မှတ်စုနဲ့မေးခွန်းဟောင်းရဲ့အဖြေတွေကို အလွတ်ကျက်ပြီး ရေးပြီးပြီ.. ကျေးဇူးပြုပြီး ကြည့်ပေးပါဦး”
စုဝေချင်းသည်လည်း သူ လွန်ခဲ့သော ရက်အနည်းငယ်က စုစည်းထားသော ပြန်လည် သုံးသပ်ရေး ပစ္စည်းများနှင့် သူအလွတ်ရေးထားသော အဖြေများကို ထုတ်ယူလိုက်သည်။
“ဒီမှာ၊ ဒါက ကိုယ် ဒီရက်တွေမှာ ရေးထားတဲ့ မေးခွန်းရဲ့အဖြေတွေပဲ.. ကျေးဇူးပြုပြီး ဖတ်ပေးပါဦး”
ထို့ကြောင့် သူတို့နှစ်ယောက်က မေးခွန်းဟောင်းနှင့်အဖြေများကို ဖတ်ရှုခြင်းတွင် နှစ်မြှုပ်လိုက်ကြသည်။
သူတို့ထံမှ လေးနက်သော လေထုအငွေ့အသက်က အရှေ့နှင့် အနောက်ဘက်မှ ထိုင်ခုံများရှိ လူများကို သတိပြုမိစေပြီး သူတို့၏ အသံများကို လျှော့ချပေးခဲ့ကြသည်။
သူတို့နှစ်ယောက်လုံးက အလွန် လေးနက်သော လူများဖြစ်သည်ဟု ပြောရမည်။ သူတို့က စက်မှုယန္တရား စက်ရုံ၏ ဝင်ပေါက်ကို မြင်ရသည်အထိပင် အကြည့်မလွှဲခဲ့ကြပေ။
သူတို့ ကားပေါ်မှ ဆင်းပြီးနောက်တွင်တော့ ပလက်ဖောင်းပေါ်တွင် ရပ်၍ ဆက်လက် ကြည့်ရှုရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ဆောင်းရာသီ၏လေက အေးစက်သော်လည်း ဆောင်းရာသီမှ နေရောင်ခြည်သည်လည်း အလွန် နွေးထွေးသည်။
သူတို့နှစ်ယောက်လုံး မှတ်စုများကို ဂရုတစိုက် ကြည့်ရှုခဲ့ကြပြီး အချိန်ကြာမြင့်သည်ဟုပင် မခံစားရပေ။
တစ်စုံတစ်ယောက်ကသာ သူတို့ကို မနှောင့်ယှက်ခဲ့ပါက သူတို့နှစ်ယောက်က ထိုအတိုင်းသာ ဆက်လက် ကြည့်ရှုလေ့လာနေကြလိမ့်မည်။
သို့သော် ထိုကဲ့သို့မသိနားမလည်သူက ပြဿနာရှာရန် ရောက်လာခဲ့သည်။
တစ်စုံတစ်ယောက်က လီရှန်း၏ လက်မောင်းကို လာဆွဲခဲ့သည်။
သူမ ခေါင်းလှည့်ကြည့်လိုက်လျှင် ထုန်လင်း၏ မည်းမှောင်နေသော မျက်နှာကို မြင်လိုက်ရသည်။
သို့သော်လည်း သူမ ခေါင်းလှည့်လိုက်ချိန်တွင် ထိုမျက်နှာက ကြင်နာစွာ ပြုံးပြလာသည်။
“ရှန်းရှန်း”
လီရှန်း မျက်မှောင်ကြုတ်သည်။
“ရှင် ဘာလို့ ဒီမှာ ရှိနေတာလဲ”
“ရှန်းရှန်း၊ ငါ့ကို အထင်မလွဲပါနဲ့.. မင်း ဘယ်တော့လောက်ကို အတန်းပြီး စာမေးပွဲ ဖြေရမလဲဆိုတာ မေးဖို့ မင်းရဲ့အဖေက ငါ့ကို လာခိုင်းခဲ့တာ
မင်း စာမေးပွဲ ဖြေပြီးရင် ငါတို့တွေ ရွာကို အတူပြန်သွားမယ်လို့ သူ ပြောခဲ့တယ်”
ထုန်လင်း၏ အသံက နူးညံ့ပြီး သိမ်မွေ့နေခဲ့ကာ သူမ၏ လေသံတွင် တွေးတောစဥ်းစားပေးတတ်ပြီး ဆင်ခြင်တုံတရားရှိသော မိထွေးနှင့်တူသည်။
သို့သော် လီရှန်းက သူမကို မျက်နှာပေးချင်စိတ် မရှိပေ ။
“ကျွန်မ ပြန်မယ်လို့ ဘယ်သူ ပြောခဲ့လို့လဲ”
“ငါတို့ အမြဲတမ်း ပြန်သွားခဲ့တာပဲလေ.. မင်းရဲ့ အဘွားကို သွားတွေ့ရမယ်မလား”
ထုန်လင်းအနေဖြင့် လီရှန်းက လူပေါင်းများစွာ၏ ရှေ့တွင် သူမကို အရှက်ခွဲလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
တစ်ဖက်တွင် သူမအနေဖြင့် လီရှန်းမှာ ယခင်ကနှင့် မတူတော့ကြောင်းကို ခံစားမိသည်။
သူမအနေဖြင့် လီရှန်းကို ယခင်ကကဲ့သို့ မျက်လုံးများဖြင့် မကြည့်သင့်တော့ကြောင်း သူမ၏ နှလုံးသားထဲတွင် ပြောလိုက်သည်။ သူမ လီရှန်းနှင့်ပတ်သက်၍ ဂရုတစိုက် ကိုင်တွယ်ရမည်။
“ရှင်တို့နဲ့အတူ ရွာကို ပြန်သွားရမယ်?”
လီရှန်း သူမ၏ မျက်ခုံးများကို ပင့်သည်။
သူမ ထုန်လင်းကို ရယ်စရာကောင်းစွာ ကြည့်လာခဲ့သည်။
သူမက အလုပ်နေရာကို အပိုင်ရခဲ့သည်။ ထုန်လင်းက ၎င်းကို လက်ခံရန် ဆန္ဒရှိမည်ဆိုလျှင်ပင် ထူးဆန်းနေပေလိမ့်မည်။
ယခု သူမဆီသို့ လာ၍ ဤကဲ့သို့ အမူအရာမျိုး လုပ်ပြနေခဲ့သည်။
ဒီအမျိုးသမီးက သူမကို ငတုံးလို့ ထင်နေတာလား။
“ဘာလဲ ရှင်နဲ့ အဘွားလီတို့ အတူတူ ပူးပေါင်းပြီးသွားတာနဲ့ ကျွန်မကို ရောင်းချဖို့ ပူးပေါင်းကြံစည်ပြီး သတို့သမီးတင်တောင်းငွေအတွက် လဲလှယ်ချင်နေတာလား”
လီရှန်းက အလွန် ရိုင်းပျစွာ ပြောသည်။
“ကျွန်မ ရှင့်ရဲ့ယုတ်မာတဲ့စိတ်ထားတွေအကြောင်းကို အကုန်နားလည်ပြီးပြီ”
ထုန်လင်းတစ်ယောက် သူမ လီရှန်း၏ ပါးစပ်ကိုဆွဲဖြဲနိုင်ပါစေဟုသာ မျှော်လင့်နေမိသည်။
သို့သော်လည်း သူမ၏ မျက်နှာတွင် ဝမ်းနည်းသော အသွင်အပြင်တို့ ရှိနေဆဲပင်။
“ရှန်းရှန်း၊ မင်းပြောတာ အရမ်း တရားလွန်လွန်းတယ်.. ငါ အရင်က မှားယွင်းတဲ့ အရာတွေ လုပ်ခဲ့မိတာကို ဝန်ခံပါတယ်.. ဒါပေမဲ့ မင်း နှစ်တိုင်း မင်းရဲ့ အဘွားကို ပြန်သွားတွေ့ရမှာကိုတောင် မတွေ့နိုင်တော့ဘူးလား”
ထို့နောက် သူမက ဆက်ပြောသည်။
“ဒါက မင်းရဲ့ အဘွားလေ”
သူမက လီရှန်း၏ မျက်နှာကို လက်ညှိုးထိုးပြီး သူမအား ကျေးဇူးမသိတတ်သူအဖြစ် ဆူပူကြိမ်းမောင်းနေသကဲ့သို့ပင်။
“ကျွန်မ နှစ်သစ်ကူးအတွင်း လုပ်စရာ ရှိတယ်.. ကျွန်မ နောက်မှ ရွာကို ကြေးနန်းပို့လိုက်ပါ့မယ်.. ကျွန်မရဲ့ အဘွားက ကျွန်မကို သေချာပေါက် နားလည်ပေးလိမ့်မယ်”
ထုန်လင်း စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်းမှာ ဘာလုပ်စရာရှိနေလို့လဲ”
“ရှင့် ဘယ်သူကို လာမေးနေတာလဲ?”
လီရှန်း မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး စုဝေချင်းဘက်ကို မျက်နှာမူကာ သ အနီးသို့လာရန် လက်ဝှေ့ရမ်းခေါ်လိုက်သည်။
“ကျွန်မ ဆယ့်ရှစ်နှစ်ပြည့်ပြီ၊ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ”
စုဝေချင်းတစ်ယောက် အပြေးအလွှားရောက်လာခဲ့ကာ လီရှန်း၏ နောက်တွင် ရပ်ပြီး ထုန်လင်းကို သံသယရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လီရှန်းက ထုန်လင်းထံသို့လှည့်ကာ သူမ၏ နှုတ်ခမ်းများကို ပင့်မ,လိုက်ပြီး အနည်းငယ် ဆိုးသွမ်းစွာ ပြုံးပြသည်။
“ကျွန်မ အဘွားကိုလည်း ချွမ်းဇီကို မြို့ကို ပို့ဖို့ ပြောလိုက်ပါ့မယ်.. သူလည်း ကျောင်းတက်ဖို့ အချိန်တန်ပြီမလား”
ထုန်လင်း၏ အမူအအရာက နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။
လီချောင်သည်ကား အဘွားလီ၏ စစ်မှန်သော အချစ်ဆုံးမြေးဖြစ်သူ လီချွမ်းကို နှိုင်းယှဥ်နိုင်ခြင်းမရှိပါချေ။
*
လီရှန်း ပြောသည့် ချွမ်းဇီသည်က သူမ၏ ဝမ်းကွဲမောင်ဖြစ်သော လီချွမ်း ဖြစ်သည်။
သူက သူမ၏ ဒုတိယဦးလေး လီဟုန်ပင်း၏ တစ်ဦးတည်းသော သားဖြစ်ပေသည်။ လီဟုန်ပင်းအှာ သူ၏ ပါးနပ်၍ ဥာဏ်ကောင်းမှုကြောင့် နာမည်ကြီးပြီး ကလေးကတည်းက ပါရမီရှင် ဖြစ်ခဲ့သည်။
သူသည်က အလွန်ပင်ထက်မြက်၍ ဆင်ခြင်နိုင်စွမ်းရှိသည်။ သူက အဘွားလီကိုလည်း အလွန် ရိုသေကိုင်းရှိုင်းသည်။
ထိုအချိန်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ရပ်ဆိုင်းထားခြင်း မရှိသေးပေ။
လီဟုန်ပင်းက ပြည်နယ် တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ သူသည်က ဇနီးသည်နှင့်အိမ်ထောင်ကျကာ သားတစ်ဦးကို မွေးဖွားခဲ့သည်။
သို့သော်လည်း သူ ကျောင်းပြီးခါနီး နှစ်တွင် ဆွေမျိုးများဆီသို့ လာရောက် လည်ပတ်ရန် ကောလိပ်မှ အိမ်ပြန်လာစဉ် မြစ်ဆည်တစ်ခုက ရုတ်တရက် ပြိုကျပြီး ရေထဲသို့ မျောပါသွားခဲ့သည်။
သူ့ကို ရှာဖွေတွေ့ရှိသောအချိန်တွင် သူ၏ ခန္ဓာကိုယ်က ရေများစိုချွဲကာ ဖောင်းပွနေခဲ့ပေပြီ။
ထို့ကြောင့် လီချွမ်းက အဘွားလီ၏ နှလုံးသားနှင့် စိတ်ဝိညာဉ် ဖြစ်လာသည်။
သားလေးနှင့် သမီးလေးအမြွှာထဲမှဖြစ်သည့် လီချောင်ပင် လီချွမ်းနှင့် ယှဉ်လို့မရပေ။
အဘွားလီ၏ အမြင်တွင် လီဟုန်ပင်းသည်က ပါရမီရှင် ဖြစ်သဖြင့် လီချွမ်းသည်လည်း ပါရမီရှင် ဖြစ်ရမည်။
ပါရမီရှင်တစ်ဦးအနေဖြင့် လီချွမ်းသည်က အနာဂတ်တွင် ကြီးကျယ်သော အနာဂတ်ရှိလိမ့်မည်မှာ သေချာသည်။ သူက အနာဂတ်တွင် ခေါင်းဆောင် သို့မဟုတ် အရာရှိ ဖြစ်လာနိုင်သည်။
သူသည် ကွန်မြူနတီ၏ အတွင်းရေးမှူးပင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
အဘွားလီ၏ မသိနားမလည်မှုကိုသာ ပြောရမည်ပင်။ သူမ မြင်ဖူးသမျှ အကြီးဆုံး အရာရှိမှာ ကွန်မြူနတီ အတွင်းရေးမှူးသာဖြစ်သည်။
ထို့ကြောင့် အဘွားလီသည် လီချွမ်းကို ခရိုင်မြို့ရှိ ကျောင်းသို့ ခေါ်သွားရန် လီဟုန်ကျွင်းကို အချိန်အတော်ကြာကတည်းက တောင်းဆိုနေခဲ့သော်လည်း ထုန်လင်းက အိမ်က သေးငယ်၍ သူ့ကို လက်ခံနိုင်ခြင်း မရှိဟူသော အကြောင်းပြချက်ကိုသာ အသုံးပြု၍ အမြဲတစေ ငြင်းဆန်နေခဲ့သည်။
ယခု လီရှန်းသာ ထိုသို့ကြေးနန်း ပြန်ပို့မည်ဆိုပါက အဘွားလီ၏ ကြာရှည်စွာရှိနှင့်သော ယားယံမှုကို နှိုးဆွလိုက်ပေလိမ့်မည်။