ချင်းဟယ်မြို့အခြေစိုက်၊
ဂူမိသားစု၏ ဧည့်ခန်းမဆောင်အတွင်း။
လီရှောက်ကုန်းနှင့်အတူ
လိုက်ပါလာသော ဒါရိုက်တာများနှင့် ဆရာ ခုနစ်ဦးတို့မှာ ခန်းမ၏ အဝင်ဝကို စိုက်ကြည့်ရင်း
တည်ငြိမ်စွာ ထိုင်နေကြ၏။
အိမ်တော်ထိန်းလီ မှာမူ
ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်စောင့်နေလေသည်။
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး
မည်သူကမျှ စတင်စကားမပြောကြချေ။
အရပ်ရှည်ရှည်နှင့် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ဝင်ရောက်လာချိန်တွင်မှ လျိုလုံတက္ကသိုလ်မှ လူအားလုံးမှာ တုန်လှုပ်သွားကြပြီး ကိုယ်နေဟန်ထားများကို ပြင်ကာထိုင်လိုက်ကြရသည်။
ဂူချန်က ပြုံးလိုက်ရင်း ခန်းမ၏ အရှေ့ဘက်ရှိ အမြင့်ဆုံးနေရာတွင် ဖြည်းညင်းစွာဝင်ထိုင်လိုက်၏။
သူက လီရှောက်ကုန်းနှင့်
အခြားသူများကို ကြည့်ကာ အသာအယာ ပြုံးလိုက်ရင်း...
"ခင်ဗျားတို့ ဒီကို ရောက်လာကြပြီဆိုတော့ ကျုပ်လိုချင်တဲ့အရာကို ယူလာကြပြီ ထင်တယ်.."
လီရှောက်ကုန်းမှာ အခြားသူများကို
ကြည့်လိုက်ရာ အားလုံးက သူ့ကိုသာ ကြည့်နေကြသဖြင့် အားနာနာဖြင့် ထရပ်ကာ ပြောလိုက်ရသည်။
"သခင်လေးဂူ၊ ဉာဏ်အလင်းသစ်ပင်က ကျုပ်တို့ လျိုလုံတက္ကသိုလ်အတွက် တကယ်ကို အဖိုးတန်လွန်းပါတယ်။ ဒါကြောင့် ဒီတောင်းဆိုချက်ကိုတော့ ကျုပ်တို့ သဘောမတူနိုင်ပါဘူး.."
"ဒါပေမဲ့ သခင်လေးအနေနဲ့
တခြား ဘာကိုမဆို တောင်းဆိုနိုင်ပါတယ်၊ ကျွန်တော်တို့ တတ်နိုင်သရွေ့..."
ဒိုင်း...
လီရှောက်ကုန်း စကားမဆုံးခင်မှာပင်
ဂူချန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ
ဘေးရှိ သစ်သားစားပွဲမှာ တစစီ ကြေမွသွားလေသည်။
သစ်သားစအစအနများမှာ
ပျားအုပ်ကြီးတစ်ခုကဲ့သို့ လွင့်စင်သွားကြ၏။
ဂူချန်၏ မျက်လုံးများမှာ
အေးစက်နေပြီး ခက်ထန်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ လျိုလုံတက္ကသိုလ်က အမှိုက်တွေကို
ကျုပ်က လိုချင်နေမယ်လို့ ထင်နေတာလား"
"ဉာဏ်အလင်းသစ်ပင်
မပါဘဲနဲ့တော့ အဲ့ဒီမိန်းမကို ခင်ဗျားတို့ဆီ ဘယ်တော့မှ ပြန်မပေးနိုင်ဘူး.."
လီရှောက်ကုန်း၏ မျက်နှာမှာ
ပျက်သွားပြီး လေသံနှိမ့်ကာ ပြောလိုက်၏။
"သခင်လေးဂူ၊ ယွင်ယန်က ကျုပ်တို့ တက္ကသိုလ်ရဲ့
အထူးအဆင့် ဆရာမတစ်ယောက်ဖြစ်ရုံသက်သက်ပါ။ သူက ဉာဏ်အလင်းသစ်ပင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.."
"ဒါ့အပြင် လူတစ်ယောက်ကို
တရားမဝင် ဖမ်းဆီးထားတာက မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။ ယွင်ယန်ရဲ့
အမှားအတွက် ကျုပ်တို့က လျော်ကြေးပေးဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ ဒါက ကျုပ်တို့
လျိုလုံတက္ကသိုလ်က ဂူမိသားစုကို ကြောက်နေတယ်လို့ မဆိုလိုဘူးနော်.."
"ယွင်ယန်ရဲ့ ကျင့်စဉ်ကိုလည်း
မင်းက ဖျက်ဆီးပစ်လိုက်ပြီ၊ ခြေလက်တွေကိုလည်း ချိုးပစ်လိုက်ပြီ။ သူက အခုဆိုရင် လူစဉ်မမီတဲ့
ဒုက္ခိတတစ်ယောက် ဖြစ်နေပြီ။ သူက ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ရရှိပြီးပြီပဲ၊ ဘာလို့ ဒီလောက်အထိ
ရက်စက်နေရတာလဲ.."
"လျိုလုံတက္ကသိုလ်က
ပြဿနာ မရှာချင်ပေမဲ့ ပြဿနာလာရှာရင်လည်း ရှောင်ပြေးမှာ မဟုတ်ဘူး.."
ပြောရင်းနှင့်ပင် လီရှောက်ကုန်း၏
မျက်လုံးများမှာ မှောင်မိုက်လာပြီး သူ၏ နိဗ္ဗာနအဆင့် အထွတ်အထိပ် အရှိန်အဝါကို
ထုတ်ဖော်လိုက်လေသည်။
တစ်ချိန်တည်းမှာပင်
သူ၏နောက်ကွယ်မှ ဒါရိုက်တာများနှင့် ဆရာ ခုနစ်ဦးတို့မှာလည်း သူတို့၏နိဗ္ဗာန အဆင့် အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြ၏။
ကြောက်မက်ဖွယ်ကောင်းသော
အော်ရာများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဂူမိသားစု၏ ဝင်းအတွင်း၌ ဖိအားများ လွှမ်းမိုးသွားတော့သည်။
သို့သော်လည်း သူတို့သည်
ထိုအရှိန်အဝါများကို ထိန်းချုပ်ထားသဖြင့် ဂူချန်ကို တိုက်ရိုက် မထိခိုက်စေဘဲ ခြိမ်းခြောက်ရုံသာ
ပြုလုပ်ကြခြင်း ဖြစ်၏။
ပြင်ပလောကက သူတို့ ဂူမိသားစုထံ
လူလာတောင်းသည့် ကိစ္စကို စောင့်ကြည့်နေကြသည်။
ဂူမိသားစုကို သူတို့
လက်ဖျားနှင့်မျှ မတို့ရဲသော်လည်း အရှိန်အဝါပိုင်းတွင်မူ အလျှော့မပေးနိုင်ချေ။ သို့မဟုတ်ပါက
လျိုလုံတက္ကသိုလ်မှာ ကျန်းနန်ပြည်နယ်တွင် မျက်နှာသာရတော့မည် မဟုတ်ပေ။
မိမိတို့၏ ဆရာမတစ်ယောက်ကိုပင်
ပြန်မခေါ်နိုင်သည့် တက္ကသိုလ်မျိုးတွင် မည်သူက အလုပ်လုပ်ချင်ပါမည်နည်း။ ကျောင်းသားများကလည်း
ထိုတက္ကသိုလ်သို့ လာကြတော့မည် မဟုတ်ချေ။
ဂူချန် ဒေါသထွက်ပြီး
သူတို့ကို မောင်းထုတ်လိမ့်မည်ဟု ထင်နေကြစဉ်မှာပင် သူက ရုတ်တရက် ရယ်မောလိုက်လေသည်။
ဖြောင်း.. ဖြောင်း.. ဖြောင်း..
ဂူချန်က လက်ခုပ်တီးရင်း
သူတို့ကို ကြည့်ကာ ချီးကျူးသည့် လေသံဖြင့် ပြောလိုက်၏။
"လျိုလုံတက္ကသိုလ်က လူတွေရဲ့
သတ္တိကို ကျုပ် တကယ်ပဲ လေးစားမိပါတယ်။ ခင်ဗျားတို့ရဲ့ စည်းလုံးမှုကိုလည်း သဘောကျမိတယ်.."
သူက လက်ဝှေ့ယမ်းလိုက်ရာ
ခန်းမအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
လီရှောက်ကုန်းနှင့်
အခြားသူများ အံ့အားသင့်နေစဉ်မှာပင် သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာပေါင်းများစွာ ရထားကာ
ခြေလက်များမှာလည်း ပျော့ခွေနေပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေသည့် လူတစ်ယောက်ကို
ဆွဲခေါ်လာကြ၏။
ဘုန်း..
ထိုသွေးအလိမ်းလိမ်းနှင့်
လူမှာ ခန်းမအတွင်း သွေးလမ်းကြောင်းကြီးတစ်ခု ချန်ထားခဲ့ပြီး ဂူချန်၏ ခြေရင်းသို့ ပစ်ချခြင်း
ခံလိုက်ရသည်။
တစ်ကိုယ်လုံး သွေးများဖြင့်
နီရဲနေပြီး နက်ရှိုင်းသော ဒဏ်ရာများ ရှိနေသော်လည်း လီရှောက်ကုန်းမှာမူ တစ်ချက်ကြည့်ရုံဖြင့်ပင်
ထိုသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရ၏။
ယွင်ယန်။
လီရှောက်ကုန်း၏ မျက်လုံးများမှာ
ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး တုန်ရီနေသော လေသံဖြင့် မေးလိုက်သည်။
"ဂူချန်၊ မင်း
ဘာတွေလုပ်လိုက်တာလဲ.."
"ယွင်ယန်က မင်းလက်ထဲမှာ
ဒုက္ခိတ ဖြစ်သွားပြီပဲ၊ ဘာလို့ သူ့ကို ဒီလောက်အထိ ရက်ရက်စက်စက် နှိပ်စက်နေရသေးတာလဲ.."
သူ၏ ရင်ထဲမှ ဒေါသများမှာ
ပေါက်ကွဲထွက်လာပြီး အရှိန်အဝါများမှာလည်း မတည်မငြိမ် ဖြစ်လာကာ ပေါက်ကွဲထွက်မတတ်ဖြစ်နေတော့သည်။
ဘေးမှ ဒါရိုက်တာ နှစ်ဦးကသာ
ဆွဲမထားလျှင် သူသည် ဂူချန်ထံသို့ ပြေးဝင်သွားမိတော့မည် ဖြစ်၏။
‘တိရစ္ဆာန်ကောင်၊ သူက
တကယ့်ကို တိရစ္ဆာန်ကောင်ပဲ..’
လီရှောက်ကုန်းမှာ မျက်လုံးများ
နီရဲနေပြီး ဂူချန်ကို အံကြိတ်ကာ စိုက်ကြည့်နေမိသည်။
လျိုလုံတက္ကသိုလ်မှ
အခြားသူများမှာလည်း ယွင်ယန်၏ အခြေအနေကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ရက်စက်လွန်းလှချေပြီ။
လက်ဝါးထက် ကျယ်သော ဒဏ်ရာများ၊
ကင်းခြေများကဲ့သို့ ရှည်လျားလှသော အမာရွတ်များနှင့် ပျော့ခွေနေသော ပုံစံမှာ ယွင်ယန်၏
ဒဏ်ရာများမှာ ခြေလက်ကျိုးရုံတင် မဟုတ်ကြောင်း ဖော်ပြနေသည်။
သူမ၏ တစ်ကိုယ်လုံးတွင်
ကောင်းမွန်သော အရိုးဟူ၍ တစ်ချောင်းမျှ ကျန်ရှိတော့ပုံမရချေ။
ဤကဲ့သို့သော အခြေအနေတွင်ပင်
ယွင်ယန် အသက်ရှင်နေသေးခြင်းမှာ သေခြင်းထက်ပင် ပို၍ ဆိုးရွားလှပေသည်။
'ချီး.. ကောလဟာလတွေက
ပြောတာထက်တောင် ပိုသေးတယ်၊ ဒီဂူချန်က တကယ့်ကို လူမဆန်တဲ့ ကောင်ပဲ..'
[လီရှောက်ကုန်း၊ ဝမ်လင်း၊
လီချင်းနှင့် အခြားသူများက သေလုမျောပါး ဖြစ်နေသော ယွင်ယန်ကို အသက်ကယ်တင်ပေးပြီး ဂရုတစိုက်
ပြုစုပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း စနစ်က သိရှိရပါသည်။ စေတနာအမှတ် +၂၀၀]
နားထဲတွင် ကြားလိုက်ရသော
စက်ရုပ်အမျိုးသမီး အသံကြောင့် ဂူချန်မှာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
အမှန်ပင်၊ သူသည် သေလုမျောပါး
ဖြစ်နေသော ယွမ်ယန်ကို အသက်ကယ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ ဘာကြောင့် ထိုအခြေအနေသို့
ရောက်သွားရသနည်း ဆိုသည်ကိုမူ မမေးမြန်းသင့်ချေ။
"ဟီးဟီး..."
လီရှောက်ကုန်း၏ စွပ်စွဲချက်အပေါ်
ဂူချန်က ဘာမျှမခံစားရဘဲ ပြုံးရုံသာ ပြုံးနေ၏။
လီရှောင်ကုန်းရဲ့ စွပ်စွဲချက်နဲ့
ပတ်သက်ပြီး ဂူချန်ရဲ့ ခရမ်းရောင်မျက်ဝန်းတွေကတော့ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲဖြစ်၏။
သူက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး ကျီစယ်သလို လေယူလေသိမ်းနှင့်...
"ဒါတွေအားလုံးက
ခင်ဗျားတို့ရဲ့ အမှားပဲ။ လျိုလုံတက္ကသိုလ်ကသာ ဉာဏ်အလင်းသစ်ပင်ကို စောစောစီးစီး ပေးခဲ့မယ်ဆိုရင်
ဒီယွင်ယန်က ဒီလို ဒုက္ခတွေ ခံစားရပါ့မလား.."
"ယုတ်မာလိုက်တာ.."
လီရှောက်ကုန်းမှာ အံကို အလွန်အမင်း ကြိတ်ထားသဖြင့် သွားဖုံးများမှ သွေးများပင် ထွက်လာတော့သည်။
သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒီလောက်တောင် လူမဆန်ရတာလား၊ မင်းမှာ စာနာစိတ်လေး နည်းနည်းတောင် မရှိဘူးလား .."
"ဆန့်ကျင်ဘက်ပဲ.."
ဂူချန်က ခေါင်းခါယမ်းရင်း
ရယ်မောလိုက်သည်။ သူ၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် ရက်စက်မှုများ ယှဉ်တွဲနေ၏။
"ဒီလိုလုပ်ရတာ ပိုတောင် ပျော်ဖို့ ကောင်းသေးတယ်.."
"မင်း... မင်း...
မင်း..."
ထိုစကားကို ကြားလိုက်ရချိန်တွင်
လီရှောင်ကုန်း၏ မျက်နှာတွင် ကြောက်စိတ် ရွံရှာစိတ် ဒေါသစိတ်တို့ဟာ အလဲအလှယ် လုပ်နေပြီး
တရိပ်ရိပ် ပြောင်းလဲသွားတော့သည်။ သူသည် တစ်စုံတစ်ရာကို ပြန်လည် တုံ့ပြန်ရန် ကြိုးစားသော်လည်း
အတော်ကြာအောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြီး မည်သို့ ပြောရမည်ကို မသိတော့ချေ ။
ဤလောကတွင် ဤမျှလောက်
အရှက်မရှိသော လူမျိုး ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သူ၏ အသိတရားအားလုံးမှာ
ပြိုလဲသွားရလေပြီ။
သူကိုယ်တိုင် လူကောင်းတစ်ယောက်
မဟုတ်သော်လည်း ဤဂူမိသားစု သခင်လေးနှင့် နှိုင်းယှဉ်ပါက သူသည် ဝိဇ္ဇာအကျော်အမော်ကြီးတစ်ပါး၏
ရှေ့မှောက်ရောက်နေသည့် အဆင့်နိမ့် ဝိဇ္ဇာလေးတစ်ယောက်ပမာ၊ ဆင်ပြောင်ကြီးနှင့် တိုးမိသည့်
ပုစဉ်းရင်ကွဲသတ္တဝါလေးပမာ အစွမ်းအစချင်း ကွာခြားလွန်းလှသည်။
နောက်ဆုံးတွင် လီရှောက်ကုန်းက
မေးလိုက်၏။
"သခင်လေးဂူ၊ ယွင်ယန်ကို လွှတ်ပေးဖို့အတွက် ဘာလုပ်ပေးရမလဲ.."
ဂူချန်က ခြေထောက်ချိတ်ထိုင်ရင်း
လီရှောက်ကုန်းကို အထက်စီးမှ ကြည့်ကာ ပြောလိုက်သည်။
"တကယ်တော့ ဉာဏ်အလင်းသစ်ပင်နဲ့
လဲဖို့ပဲ စိတ်ကူးထားတာ၊ ဒါပေမဲ့ ဒီနေ့ ကျုပ် စိတ်ကောင်းဝင်နေတယ်.."
"ခင်ဗျားတို့ ခုနစ်ယောက်ထဲက
တစ်ယောက်ယောက်က ကျုပ်ရဲ့ တိုက်ကွက် သုံးကွက်ကို ခံနိုင်ရည်ရှိပြီး အသက်ရှင်နေမယ်ဆိုရင်
သူ့ကို လွှတ်ပေးမယ်။ ဘယ်လိုလဲ.."
မည်သို့ပင်ဖြစ်စေ လျိုလုံတက္ကသိုလ်ကို သူ ဖျက်ဆီးရမည်သာ ဖြစ်သည်။ ဉာဏ်အလင်းသစ်ပင်မှာလည်း သူ အလိုရှိနေသည့် ရတနာဖြစ်သဖြင့်
ဤအခွင့်အရေးကို အသုံးချကာ စေတနာအမှတ်များ ထပ်မံရယူရန် ကြံစည်လိုက်ခြင်း ဖြစ်၏။
'ယွင်ယန်ကို လွှတ်ပေးဖို့ ကတော့..ဟီဟီဟီး...'
ဂူချန်က ထိုအချက်ကို
တွေးကာ ပြုံးလိုက်မိ၏။
"ကောင်းပြီ၊ ငါ
သဘောတူတယ်..."
လီရှောက်ကုန်း၏ မျက်လုံးများတွင်
မျှော်လင့်ချက်ရောင်ခြည်များ သန်းလာပြီး ချက်ချင်း သဘောတူလိုက်၏။
ဂူချန်၏ အချက်အလက်များအရ
သူ၏ ကျင့်စဉ်မှာ တတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိသေးသည်။
သာမန်ကျောင်းသားများအတွက်
အစွမ်းထက်သည်ဟု ဆိုနိုင်သော်လည်း သူတို့ကဲ့သို့ ထိပ်တန်းတက္ကသိုလ်မှ ဒါရိုက်တာများအတွက်မူ
ပြောပလောက်သည့် အရာမဟုတ်ပေ။
ဒီကို ရောက်လာကြသူအားလုံးမှာ
နိဗ္ဗာနအဆင့်ရှိ ပညာရှင်များသာ ဖြစ်ကြသည်။
တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်၏
တိုက်ကွက် သုံးကွက်ကို ခံယူဖို့ဆိုသည်က သူတို့အတွက်တော့ အလွန်လွယ်ကူလှပေသည်။
ဂူချန်သည်လည်း လျိုလုံတက္ကသိုလ်ကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိသဖြင့် အလျှော့ပေးလိုက်ခြင်း ဖြစ်မည်ဟု သူ ထင်လိုက်မိသည်။
"သခင်လေးဂူ၊ ကတိတည်ရမယ်နော်..."
လီရှောက်ကုန်းက စိတ်မချသဖြင့် ထပ်မံအတည်ပြုလိုက်၏။
"ဒါပေါ့.."
ဂူချန်က တည်ကြည်သော
မျက်နှာထားဖြင့် ..
" ကျုပ် ဂူချန်က ဘယ်တော့မှ မလိမ်ဘူး.."
***