“မင်း! ဒီကလေးကတော့.. မင်း မသွားချင်ရင်လည်း မသွားနဲ့ပေါ့.. တိုက်ဆိုင်တာက မင်း ဒီနှစ် ကျောင်းပြီးပြီ၊ ဒါကြောင့် အားလပ်ရက်တွေမှာ အလုပ်နေရာကိုယူလို့ရတယ်”
ထုန်လင်း၏ စကားပြောသည့်လေသံက လျင်မြန်စွာ ပြောင်းလဲသွားသော်လည်း သူမ၏ ပါးစပ်ထောင့်ရှိ အပြုံးကတော့ တောင့်တင်းနေခဲ့သည်။
သူမ၏ လေသံက နူးညံ့နေသော်လည်း သူမ၏ မျက်နှာသည်ကတော့ ကွဲပြားနေပုံရသည်။
“ဒါ့အပြင် ရွာက အိမ်မှာ အေးတယ်လေ.. မင်းဆိုတဲ့ကလေးက မြို့မှာ နေသားကျနေပြီ.. မင်း ပြန်သွားရင် မင်း ကျင့်သားမရဖြစ်နေမှာကို ငါ စိုးရိမ်တယ်.. မင်း လေတိုက်ပြီး ဖျားသွားရင် ဘယ်လိုလုပ်မလဲ”
သူမ၏ စိတ်ထဲတွင် မည်မျှပင် မပျော်မရွှင်ဖြစ်နေပါစေ၊ ထုန်လင်း၏ အသံက နူးညံ့ပြီး သိမ်မွေ့နေခဲ့သည်။
တခြားသူများ နားထောင်ပြည့်ပါက ဤမိထွေးမှာ အမှန်တကယ် စိတ်ထားကောင်းလောက်သည်ဟု ခံစားရစေလိမ့်မည်။
သို့သော် ထိုစကားလုံးများက လီရှန်း၏ နားထဲသို့ ရောက်သွားသောအချိန်တွင်တော့ သူမက တစ်ဖက်လူ၏ အံကြိတ်သံများကိုပင် ကြားနိုင်သည်။
“မင်းရဲ့ အဘွားကို ငါ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ့မယ်၊ ဒါကြောင့် ကြေးနန်း မပို့နဲ့တော့.. စာပို့ရတာက စျေးမပေါဘူး”
“ကောင်းပြီ”
လီရှန်း အလွယ်တကူ သဘောတူလိုက်သည်။
ထုန်လင်း၏ မူလရည်ရွယ်ချက်မှာ လီရှန်းကို တားဆီးရန် ဖြစ်သော်လည်း လီရှန်းမှ အလွယ်တကူ သဘောတူလိုက်သည်ကို မြင်လျှင် သူမ ထပ်မံ၍ စိတ်မသက်မသာ ဖြစ်လာရသည်။
လီရှန်း မည်သည်ကိုမှ မပြောခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် ကြုံရာကျပန်း အတွေးများဖြင်သ ပြည့်နှက်နေသည်။
တရုတ်နှစ်သစ်ကူး မတိုင်မီ တစ်လနီးပါး ရှိသေးသည်။ သူမက နှစ်သစ်ကူး မတိုင်မီ ထုန်လင်း ပြဿနာလာမရှာစေရန် သေချာအောင်လုပ်ချင်ရုံသာဖြစ်သည်။
သူမ ဆေးဝါးစက်ရုံသို့ ဝင်ခွင့်ရပြဟနောက်တွင် သူမ၏ အထည်အလိပ် စက်ရုံရှိ အလုပ်ကို ရောင်းချလိမ့်မည်။ အဘွားလီ ရောက်လာလျှင်ပင် သူမကို မည်သည့်အရာမှ လုပ်လို့ မရနိုင်တော့ပေ။
သို့သော်လည်း ထုန်လင်းက အမှန်တကယ်ပင် များစွာ တွေးခဲ့သည်။
လီရှန်းကို ပြန်လည် လှည့်ဖြားရန် နည်းလမ်း မရှိကြောင်းကို မြင်လိုက်ရလျှင် ထုန်လင်းတစ်ယောက် တွေးတောခြင်းကို ရပ်လိုက်လေ၏။
နောက်ဆုံးတွင်တော့ စုဝေချင်းဘက်သို့ သူမ၏ မျက်လုံးများကို လှည့်လိုက်တော့သည်။
ရလဒ်အနေဖြင့် သူမသည် စုဝေချင်း၏ ချောမောကောင်းမွန်လွန်းသော ပုံပန်းသဏ္ဍာန်ကြောင့် သူမ၏ မျက်လုံးများပင် မှုန်ဝါးသွားခဲ့သည်။
တစ်ဖက်လူ၏ အဝတ်အစားများကို ကြည့်လိုက်ချိန်တွင်လည်း ၎င်းတို့သည်က အသစ်စက်စက် ဖြစ်နေခဲ့ပြန်သည်။ သူမ ပို၍ပင် ဒေါသထွက်လာရသည်။
ဤမျှ ကောင်းမွန်ပြည့်စုံသော လူမျိုးက လီရှန်းကို မည်သို့ ချစ်မိနိုင်မည်နည်း။
သူမအနေဖြင့် အလွန်ပင် မလိုလားပါချေ။
သို့သော် သူမက ချဉ်စုတ်စွာ ပြောရန် ကလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။
“မင်းဆိုတဲ့ကလေးကတော့၊ မင်းမှာ လက်တွဲဖော်ရှိနေပြီဆိုရင် မင်းရဲ့အဖေကိုဆီ ပြန်ခေါ်မလာသင့်ဘူးလား..
မင်း ငါ့ကို မုန်းရင်တောင် မင်းအဖေကိုတော့ ဒေါသ မထွက်သင့်ဘူး.. သူက မင်းကို အမြဲတမ်း ချစ်ခဲ့တာ”
“ကျွန်မရဲ့ဦးလေးကလည်း ဒီလိုပဲပြောခဲ့တယ်.. ဒါပေမဲ့ ကျွန်မရဲ့အဖေကပဲ အစတုန်းက ပြောခဲ့တာမဟုတ်ဘူးလား.. ကျွန်မဆီမှာ မင်္ဂလာပွဲဖြစ်ဖြစ်နဲ့ နာရေးကိစ္စတွေဖြစ်ဖြစ် ဂရုမစိုက်ဘူးတဲ့လေ.. ဒါကြောင့်ပံ ကျွန်မ အဲဒီကိစ္စကို လက်လျှော့ခဲ့ရတာ မဟုတ်ဘူးလား”
ထုန်လင်းသည် သူမ၏ အသက်ရှူမှုကို ပို၍ပင် ထိန်းထားလိုက်ရပြီး လီရှန်း၏ ပါးစပ်ကို ကြောက်ရွံ့လာခဲ့သည်။
လီရှန်းက လက်ထပ်ပွဲကြောင့် လှုံ့ဆော်ခံရခြင်းကြောင်းလားဆိုသည်ကိုတော့ မသိသော်လည်း လီရှန်း၏ ဆိုးရွားသော စကားများအရ ယခုအချိန်တွင် သူမက မည်သည့်အရာကိုမဆို ပြောရဲလာပုံရသည်။
သူမက မိသားစုထဲမှ အရှက်တရားများကို မကြေငြာရဆိုသည့်စကား၏ ဆိုလိုရင်းကိုပင် နားမလည်တော့ပေ။
ထုန်လင်း သူမ၏ မျက်လုံးများကို ပင့်မ,လိုက်ပြီး စုဝေချင်းကို ထပ်မံ ကြည့်လိုက်ကာ သူ၏ ပုံပန်းသဏ္ဍာန်ကို သူမ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထည့်သွင်းလိုက်သည်။
အနာဂတ်တွင် အခွင့်အရေရလာမည်ဆိုပါက ဤလူငယ်လေးနှင့် ကောင်းမွန်စွာ စကားပြောရမည်ဟု တွေးမိသည်။
လီရှန်းကဲ့သို့သော မိန်းကလေးက ကျေးဇူးမသိတတ်ဘဲ ဆိုးရွားလွန်းသည်။ မိသားစုထဲသို့ လက်ထပ်ရန် လုံးဝ မသင့်တော်ပါချေ။
ထုန်လင်း သက်ပြင်းချလိုက်ကာ ခေါင်းခါပြီး အလွန် စိတ်ပျက်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
ပလက်ဖောင်းပေါ်ရှိ တခြားသူများမှာ ဤဧရိယာကို အနီးကပ် အာရုံစိုက်နေခဲ့ကြပြီး ဤကြီးမားသော အတင်းအဖျင်းကို လွဲချော်မည်ကို စိုးရိမ်သဖြင့် သူတို့၏ နားများကို ထောင်ကာ ဂရုတစိုက် နားထောင်နေခဲ့ကြသည်။
ထုန်လင်း ထွက်ခွာသွားသည်ကို မြင်မှသာ လျင်မြန်စွာ မျက်လုံးများကို လွှဲလိုက်ကြပြီး သူတို့၏ မျက်လုံးထောင့်မှ လီရှန်းနှင့် စုဝေချင်းကို တစ်ချက် ကြည့်လိုက်ကြပြန်သည်။
သို့သော် စုဝေချင်း၏ စိတ်ထဲတွင် ဤအချိန်၌ လီရှန်းအတွက် ခန့်မှန်းချက်များသာ ရှိနေခဲ့သည်။
“ရှင့်ကို အထင်အမြင် လွဲမှားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်”
လီရှန်းအနေဖြင့် စူးဝေချင်းကို တုံးအသည်ဟု မသတ်မှတ်ခဲ့ပေ။ ထုန်လင်း၏ စကားများက အလွန် ရိုးရှင်းပြီး သူတို့နှစ်ဦးစလုံးက သူမ၏ ဆိုလိုရင်းကို သိခဲ့ကြသည်။တစ်ဖက်လူက သာမန် စာကျက်ဖော် တစ်ဦးမျှသာ ဖြစ်သော်လည်း သူမက သူ့ကို ပါဝင်ရှုပ်ထွေးစေခဲ့သောကြောင့် သူမ အနည်းငယ် ရှက်ရွံ့သွားရသည်။
စုဝေချင်းကတော့ ရိုးရှင်းစွာပင် ကြည့်လာခဲ့သည်။
“ဘာမှမဖြစ်ပါဘူး.. ထိခိုက်မဲ့သူက ကိုယ် မဟုတ်ဘူးလေ၊ မင်းပဲ.. သူမက...”
စုဝေချင်းက စိုးရိမ်ပူပန်မှုနေခဲ့သော်လည်း မသင့်တော်မည်ကိုလည်း တွေးနေခဲ့မိပြန်သည်။
“သူမက အပြင်ဘက်မှာ အဓိပ္ပာယ်မရှိတာတွေ လိုက်ပြောမှာ မဟုတ်ဘူးလား”
ဤနေ့ရက်များတွင် အမျိုးသားနှင့် အမျိုးသမီးကြား၌ ကြီးမားသော ကာကွယ်မှု မရှိပါချေ။ မိန်းကလေးတစ်ယောက်တွင် ဂုဏ်သတင်း မကောင်းပါက သူမနှင့်လက်ထပ်မည့် အမျိုးသား၏ မိသားစုက သေချာပေါက် စိတ်ထဲတွင် ထားလိမ့်မည်။
သို့သော် သူကတော့ မတူပါချေ။ ရဲဘော် လော်ယွီရှိုးသည်က ဖြောင့်မတ်ခြင်းကို ကောင်းစွာ နားလည်ပြီး သူမက အမျိုးသမီးအခွင့်အရေး အလုပ်များတွင် ပါဝင်ခဲ့သည်။
သူမက အပြစ်ပေးခံရသော အမျိုးသမီး ရဲဘော်များအပေါ် သနားကြင်နာများရှိခဲ့သည်။
ထို့ကြောင့် စုဝေချင်းပ မိမိကိုယ်ကိုယ်ပင် အားတက်သရော အကြံပြုလိုနေသေးပြီး ပါဝင် သရုပ်ဆောင်ရာတွင် ကောင်းမွန်ဆောင်ဆောင်ရွက်မရ်ဖြစ်ကြောင်း ပြောလိုသည်။
အရေးကြီးသည်ဖြစ်စေ ၊အရေးမကြီးပါ၊ သူက သူမကို အဖော်ပြုပေးနိုင်သည်။
သို့သော် သူတို့နှစ်ဦးသည်က အလွန် ရင်းနှီးခြင်း မရှိသေးသောကြောင့် စုဝေချင်းတစ်ယောက် သူ၏ နှလုံးသားထဲတွင် ရေရွတ်ရုံသာ တတ်နိုင်ပြီး လီရှန်းကို စိုးရိမ်စွာသာ ပြောနိုင်ခဲ့သည်။
“သူမ လုပာချင်လည်း လုပ်ခွင့်ပေးလိုက်မယ်၊ ကျွန်မ ဂရုမစိုက်ဘူး”
လီရှန်းက မှတ်စုထဲမှ အချက်အလက်များကို ဆက်လက် ကြည့်ရှုခဲ့သည်။
သူမက အမှန်တကယ်ပင် ဂရုမစိုက်ပေ။
မစ်ရှင်ကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူမအနေဖြင့် ကောလဟာလများက လူများကို သတ်နိုင်သည်ကို သဘာဝအတိုင်း သိသည်။
သို့သော် သူမဘက်မှသာ ကိစ္စတစ်ခုကို လုံးဝ ဂရုမစိုက်ပါက မည်သူမျှ သူမကို မလှုပ်ခါနိုင်ကြောင်းကိုလည်း နားလည်သည်။
ဒါ့အပြင် ကောလဟာလတွေ ပျံ့နှံ့သွားရင်တောင် ဘာဖြစ်လဲ။
တစ်ဖက်က အမျိုးသားကလည်း အိမ်ထောင်မပြုရသေးသလို အမျိုးသမီးကလည်း အိမ်ထောင်မပြုရသေးဘူး။ နှစ်ယောက်လုံးက အပျိုလူပျိုတွေပဲလေ။
ငယ်ရွယ်ချိန်တုန်းက စိတ်ကူးယဉ် လက်တွဲဖော် မရှိခဲ့သူက ဘယ်သူ ရှိလို့လဲ။
ကျန်းယွဲ့က ဟဲထန်နှင့်အတူ ပေါ့ပေါ့ပါးပါး ဘဝကို နေထိုင်ခဲ့သည်။
သူမတွင်တော့ လက်တွဲဖော်မလိုအပ်သောကြောင့် စိုးရိမ်စရာ မရှိပေ။
သို့သော် သူမ၏ တည်ငြိမ်သော အမူအရာာ စုဝေချင်း၏ မျက်လုံးများထဲသို့ ရောက်သွားသောအချိန်တွင်တော့ သူသည် သူမ တောင့်ခံရန် အတင်းအကြပ် ဖိအားနေရသည်ဟု ခံစားရသည်။
သူမက ကောလဟာလများဖြင့် နှစ်ပေါင်းများစွာ ဖိနှစ်ခြင်းကို ခံခဲ့ရသည်မှာ သေချာသည်။
ထို့ကြောင့် သူမသည် ဤကဲ့သို့သော အရာများကို ဂရုမစိုက်တော့ပေ။ ယခင်က စုဝေချင်းမှ လီရှန်းမှာ ရုပ်ရည်ချောမောရုံဟုသာ ထင်ခဲ့မိသည်။
သို့သော်လည်း သူမနှင့် ဆက်သွယ်ပြီးနောက် သူမက နူးညံ့ပြီး ခိုင်မာသော စရိုက်ရှိပြီး ကိစ္စများကို ပြုလုပ်ရာတွင်လည်း ရှင်းလင်းသော ရည်မှန်းချက်များ ရှိကာ သူမ လိုချင်သောအရာကို ရှင်းလင်းစွာသိသည်ဟု ခံစားရသည်။
သူ့အနေဖြင့် လီရှန်းအကြောင်းကို များစွာ မသိပေ။ သူမက စက်ရုံတစ်ရုံမှ ကလေးတစ်ဦး ဖြစ်ပြီး စက်ရုံတွင် အလုပ်မလုပ်လိုကြောင်းကိုသာ သိထားသည်။
ထို့အစား သူမက ဆေးဝါးစက်ရုံသို့ ဝင်ခွင့်ရချင်နေခဲ့သည်။
စုဝေချင်းက ပျင်းရိသော ဘဝတွင် နေထိုင်ခဲ့သော်လည်း ခိုင်မာသော ရည်မှန်းချက်များရှိသော လူများကို အလွန် နှစ်သက်သည်။
ထို့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ပို၍ နီးကပ်စွာပေါင်းသင်းလာလေ၊ ပို၍နှစ်သက်လေဖြစ်လာခဲ့သည်။
ယခုအချိန်တွင် သူ့တွင် နောက်ထပ် လှုံ့ဆော်မှုတစ်ခု ရှိလာသည်။
၎င်းမှာ သူမ၏ အတွေ့အကြုံကို နားလည်သိချင်စိတ်များပင် ဖြစ်ပေသည်။
သို့သော် သူက နောက်ကွယ်တွင် စုံစမ်းစစ်ဆေးမည့်အစား သူမကို တိုက်ရိုက် မေးရန် ရွေးချယ်ခဲ့သည်။
“ခဏလောက်် လမ်းလျှောက် ထွက်ကြရအောင်”
“အင်း”
လီရှန်း ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦး ပလက်ဖောင်းပေါ်မှ ဆင်းပြီး လမ်းဘေးတွင် ရည်ရွယ်ချက် မရှိဘဲ လျှောက်သွားခဲ့ကြသည်။ စုဝေချင်းက သူ၏ လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားပြီး မည်သို့ စတင်မေးမြန်းရမည်ကို တွေးတောနေသည်။
ထိုအခိုက်တွင် လီရှန်း ပြုံးပြီး ပြောလာခဲ့သည်။
“မေးစရာရှိရင် မေးလေ”
စုဝေချင်း ရှက်ရွံ့စွာ ပြောလိုက်သည်။
“ခုနက အဲဒီတစ်ယောက် ... ဘယ်သူလဲ”
“ကျွန်မရဲ့ မိထွေးပါ”
လီရှန်းအနေဖြင့် စုဝေချင်း ဤအကြောင်းများကို မေးလာတော့မည်ကို သိသောကြောင့် ဖုံးကွယ်ထားခြင်းမရှိခဲ့ဘဲ ပြန်ပြောပြခဲ့သည်။
‘မိထွေးဖြစ်သူက သူမရဲ့ လက်ထပ်ပွဲကို လှည့်ဖြားခြင်း’ ကိစ္စမှာ စက်ရုံသုံးခု၏ အတင်းအဖြင်းပြောဆိုမှု စာရင်းတွင် ထိပ်တန်းအဆင့်၌ ပါဝင်လုနီးပါး ဖြစ်နေခဲ့သည်။
ထို့အပြင် သူမကလည်း မတိုင်ခင်က သူ့ကို အခွင့်ကောင်း ယူခဲ့သဖြင့် ရှင်းရှင်းလင်းလင်း ပြောပြသင့်သည်။
စုဝေချင်းက သူမ၏အကြောင်းကို တခြားလူဆီသို့ ပြောပြရန် ဆန္ဒရှိမရှိကိုတော့ သူ့အပေါ်တွင်သာ မူတည်သည်။သူမက သူမ၏ အတိတ်မှ သူရဲဘောကြောင်မှုများကိုပင် မဖုံးကွယ်ခဲ့သကဲ့သို့ သူမ၏ လက်ရှိ ခွန်အားကိုလည်း ချဲ့ကားခြင်း မရှိပေ။
သူမ၏ အတိတ်ကို တည်ငြိမ်သော လေသံဖြင့် ပြောပြခဲ့သည်။
***