စုဝေချင်း၏ အမူအရာတို့က ဒေါသထွက်ခြင်းမှ စိတ်ပူပန်ခြင်းအထိ ဆက်လက် ပြောင်းလဲနေသော်လည်း လီရှန်းထင်သကဲ့သို့ မပျော်မရွှင် မဖြစ်ခဲ့ပေ။
အကြောင်းပြချက် တစ်ခုခုကြောင့် လီရှန်း စိတ်သက်သာရာ ရသွားသည်။
စုဝေချင်းသည်က ဤကမ္ဘာသို့ ပြန်ရောက်ပြီးနောက် သူမ တွေ့ဆုံခဲ့သော ပထမဆုံး ‘သူငယ်ချင်းအသစ်’ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
အတိတ်အကြောင်းများကို ပြောပြီးနောက် လီရှန်းက စုဝေချင်းကို ထပ်မံ တောင်းပန်ခဲ့သည်။
“သူမက ကျွန်မရဲ့ လက်ထပ်ပွဲကို အမြဲတမ်း ကောက်ကျစ်တဲ့အကြံအစည်တွေနဲ့ ကြံစည်ချင်နေခဲ့တာ.. ဒါကြောင့် ကျွန်မ ရှင့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရှင့်ကိုဒိုင်းအဖြစ် အသုံးပြုခဲ့မိတယ်
သူမကို ကျွန်မက မသန်စွမ်းတွေ ဒါမှမဟုတ် မုဆိုးဖိုနဲ့ပဲ ထိုက်တန်တယ်လို့ ထင်နေခဲ့တာ.. ဒါက လုံးဝ မဖြစ်နိုင်ဘူးဆိုတာကို သူမကို သိစေချင်လို့.. ဒါပေမဲ့ အခု စဉ်းစားကြည့်တော့ ဒါက တကယ်ပဲ မသင့်တော်ဘူး”
“ကိုယ်မပြောခဲ့ဘူးလား .. ကိုယ် ဒါကို ဂရုမစိုက်ဘူး”
စုဝေချင်းအနေဖြင့် လီရှန်းက သူ့ကို တောင်းပန်သည်ကို မမြင်ချင်သောကြောင့် လေထုကို ပေါ့ပါးစေရန်ပြောလိုက်သည်။
“ဒါ့အပြင် မင်း ကိုယ့်ကို အသုံးပြုဖို့အတွက် သဘောကျတာက ဂုဏ်ယူစရာပဲလေ၊ အနည်းဆုံး ကိုယ်က ဒီအတွက် ကောင်းမွန်တယ်လို့ ပြောချင်တာပဲ.. နောက်ပြီး မင်းကလည်း ကောင်းမွန်တဲ့လူဖြစ်လို့ နစ်နာတယ်လို့ မခံစားရပါဘူး”
လီရှန်း သူ့၏စကားများကြောင့် ချက်ချင်း ရယ်မောလိုက်မိသည်။
မတိုင်ခင်က မှိန်မှိုင်းနေသော လေထုက ရုတ်တရက် ပေါ့ပါးသွားခဲ့လေသည်။
စုဝေချင်းကို ပို၍ ပျော်ရွှင်စေသည်မှာ လီရှန်းမှ ယခင်က သူ့အပေါ်တွင် အနည်းငယ်လောက် သတိထား ၍ ဆက်ဆံခဲ့ကြောင်းကို သူ ခံစားနိုင်ခဲ့ပေသည်။ သို့သော်လည်း ယခုအချိန်တွင် သူမက သူ့ကို ထိုသို့ သတိအနေအထားဖြင့် ဆက်ဆံခြင်း မရှိတော့ပါချေ။
၎င်းက စုဝေချင်း၏ နှလုံးသားကို ရုတ်တရက် တက်ကြွစေခဲ့သည်။
လီရှန်းသည်လည်း စုဝေချင်းက ကောင်းမွန်သောလူတစ်ဦး ဖြစ်ကြောင်း ခံစားရသည်။
ယနေ့ခေတ်ကာလမှ လူများမှာ အလွန်ပင် ရိုးရှင်းနေသေးသည်ဟု တွေးတွေးမိကာ သူမ၏ နှလုံးသားထဲတွင် သက်ပြင်းချမိခဲ့သည်။
အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြ၍ တောင်းပန်ပြီးနောက်တွင် လီရှန်းက စက်မှုယန္တရား စက်ရုံသို့ ပြန်သွားရန် အသင့်ဖြစ်နေပေပြီ။
သူတို့ နောက်ထပ် ဘတ်စ်ကားမှတ်တိုင်သို့ ရောက်ရှိလာသည်ကို မြင်လျှင် လီရှန်း ရပ်တန့်လိုက်သည်။
“ရှင် ဒီကနေ ဘတ်စ်ကားစီးသွားလို့ပြီ၊ ကျွန်မ လမ်းလျှောက် ပြန်သွားပါ့မယ်”
“မရဘူး”
စုဝေချင်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့လေ၏။ သူ့ထံတွင် အလွန် ကောင်းမွန်သော အကြောင်းပြချက် ရှိနေခဲ့သည်။
“အဲဒီအမျိုးသမီး အလွယ်တကူလက်လျှော့သွားမယ်လို့ ကိုယ်မထင်ဘူး”
“ဒီလိုဆိုရင်ရော.. ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်.. စက်ရုံရှေ့က မှတ်တိုင်ကိုရောက်မှ အဲဒီကနေ ဘတ်စ်ကားပြန်စီးလိုက်လို့ရတာပဲ”
“ဒါနဲ့ ကျွန်မတို့တွေ ဘယ်လောက်တောင် အတွေးများနေလိုက်ကြတာလဲ၊ ကျွန်မတို့တွေ ဘတ်စ်ကား စီးသွားလို့ရနေတာကို မှတ်တိုင်တွေကိုကျော်ပြီး လမ်းလျှောက်လာခဲ့ကြတယ်”
လီရှန်းလည်း ဤအခြေအနေကို မမျှော်လင့်ခဲ့ပေ။ သူတို့နှစ်ယောက် စကားပြောနေရင်း အချိန်အတော်ကြာအောင် လမ်းလျှောက်နေခဲ့မိကြသည်။
“အတူတူ လမ်းလျှောက် ပြန်ကြရအောင်.. ဒီနေ့ နေသာတယ် လေလည်း သိပ်မတိုက်ဘူး.. လှုပ်ရှားပြီး ခန္ဓာကိုယ်ကို နွေးထွေးအောင်လုပာဖို့ အချိန်ကောင်းပဲ”
စုဝေချင်း ပြောနေရင်းဖြင့် နှစ်ကြိမ်လောက် ခုန်ပေါက်လိုက်သည်။ စက်မှုယန္တရားစက်ရုံက တစ်မှတ်တိုင်သာ ကွာဝေးသည်။ ကားပေါ်သို့ စတက်သည့်အချိန်မှ ဆင်းသည့်အချိန်အထိ မိနစ်အနည်းငယ်သာ ကြာမြင့်နိုင်သည်။
ထို့ကြောင့် ခြေထောက်ဖြင့် လမ်းလျှောက်ခြင်းက ပိုကောင်းပြီး သူတို့ အချိန်ကြာမြင့်မြင်စွာ စကားပြောနိုင်သည်။
စုဝေချင်းအနေဖြင့် လီရှန်းနှင့် အချိန်အနည်းငယ်ပိုနေနိုင်ရန်အတွက် နည်းလမ်းမှန်သမျှကို ကြိုးစားချင်ခဲ့သည်။
လီရှန်းအနေဖြင့် စုဝေချင်း၏ အနည်းငယ် ဆိုးသွမ်းသည့် ရည်ရွယ်ချက်များကို မသိပါချေ။
သူမတွင် ဘတ်စ်ကားအတွက် လစဉ် လက်မှတ် ရှိသော်လည်း စုဝေချင်းတွင် မရှိလောက်ဟုသာ တွေးတောခဲ့သည်။
မှတ်တိုင်းတစ်ခုစာအတွက် ဘတ်စ်ကားပေါ်သို့ တက်ပြီး လက်မှတ်ဖြတ်မည်ဆိုပါက မထိုက်တန်လှကြောင်း တွေးမိသဖြင့် သူမ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ထိုလူနှစ်ယောက်က လမ်းကြောင်း ပြောင်းကာ တူညီသော လမ်းအတိုင်း ပြန်လျှောက်ခဲ့ကြသည်။
အပြန်လမ်းတွင် သူတို့၏ကြားထဲမှစကားပြောဆိုမှုက ပို၍ပေါ့ပါးလာခဲ့သည်။ လီရှန်းက အသွားလမ်းတွင်သူမ၏ ဘဝအကြောင်းကို ပြောပြခဲ့သည်။
ယခု ပြန်သွားသည့်အချိန်တွင်တော့ စုဝေချင်း၏ မိသားစု အတင်းအဖျင်းအကြောင်းကို ပြောပြရန် အလှည့်ဖရောက်လာခဲ့သည်။ စုဝေချင်းသည်က ဆောင်းပါးများကို ထုတ်ဝေနိုင်သော စာရေးဆရာတစ်ဦး ဖြစ်ပြီး သူ၏ မိသားစု ဇာတ်ကြောင်းကို ပြောပြသောအချိန်တွင်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းအောင် ပြောဆိုနိုင်ခဲ့သည်။
အထူးသဖြင့် ရဲဘော် လော်ယွီရှိုးအကြောင်း ပြောသောအချိန်တွင်ပင်-“ကိုယ့်ရဲ့ အမေက မကောင်းတဲ့သူ မဟုတ်ဘူး၊ ဒါပေမဲ့ သူမရဲ့ ပါးစပ်က အတော်လေး ကြမ်းတမ်းတယ်.. ဒါပေမဲ့ သူမက စက်ရုံထဲမှာ ကြားဝင်ဖျန်ဖြေသူအဖြစ် ဆက်လုပ်နေတယ်လေ
တစ်ခါတုန်းက မိသားစုတစ်ခုမှာ ယောက္ခမနဲ့ ချွေးမကြား ရန်ဖြစ်ကြပြီးတော့ သူမက ကြားဝင်ဖျန်ဖြေဖို့ သွားခဲ့တယ်.. ရလဒ်အနေနဲ့ သူမက ယောက္ခမနဲ့ ချွေးမ နှစ်ယောက်လုံးကို အော်ဟစ်ဆူငေါက်တော့တာပဲ
နောက်ဆုံးတော့ ယောက္ခမနဲ့ ချွေးမတို့က နီးကပ်သွားကြပြီး ကိုယ့်ရဲ့ အမေကို တိုက်ခိုက်ဖို့ ပူးပေါင်းကြတော့တာပဲ
ကိုယ့်ရဲ့ အဖေကတောင် အမေကို ဆူပူခဲ့သေးတယ်.. မင်းသာ ပြောချင်တဲ့ စကားလုံးတွေကို ထိန်းချုပ်နိုင်စွမ်းမရှိလးဘူးဆိုရင် ကြားဝင်ဖျန်ဖြေတာမျိုး မလုပ်သင့်ဘူးဆိုပြီးတော့လေ
ရန်ပွဲ ပြီးသွားတဲ့နောက်မှာ သူတို့တွေက အမေနဲ့သမီးလိုမျိုး နီးစပ်သွားကြပြီး အမေကပဲ မကောင်းတဲ့သူ ဖြစ်လာခဲ့တယ်လေ
အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ အမေက ပြန်ဖြေတယ်၊ ရှေးဆိုရိုးစကားထဲမှာ ဖြောင့်မတ်တဲ့ အရာရှိတစ်ဦးအတွက် မိသားစု ကိစ္စတွေကို ဖြေရှင်းဖို့ ခက်ခဲတယ်လို့ ပြောထားတယ်တဲ့၊ အခု သူမက အဲဒီလိုလုပာ်ခဲ့တဲ့အတွက် ယောက္ခမနဲ့ ချွေးမတို့ သင့်မြတ်သွားပြီမလားလို့ ပြန်မေးတယ်”
လီရှန်း- “…”
ရဲဘော်လော်က မိသားစုတွင်း အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး ကောင်းမွန်သည့် စွမ်းရည်ရှိသူတစ်ဦးသာ ဖြစ်ပုံရသည်။
နောက်ဆုံးတွင် သူမက လူဆိုးတစ်ယောက် ဖြစ်သွားသော်လည်း။..
“ကိုယ်ကတော့ ကိုယ့်ရဲ့ အမေက အဲဒီလိုဖြစ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ထင်တာပဲ”
စုဝေချင်း ရုတ်တရက် ခေါင်းကိုစောင်း၍ ပြောလိုက်သည်။ သူ၏ အသံက အလွန်တိုးနေပြီး စကားလုံးများကလည်း မရှင်းလင်းပေ။
လီရှန်း ခေါင်းလှည့်လိုက်ချိန်တွင် စုဝေချင်း၏ ပါးစပ်ာ အနည်းငယ် ပွင့်နေသည်ကို မြင်လိုက်ရသည်။ သူ၏ နှုတ်ခမ်းများက သိသိသာသာ မလှုပ်နေခဲ့သော်လည်း သူ၏ အသံကတော့ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးများကတော့ ပတ်ဝန်းကျင်ကို အလွန်သတိထားနေခဲ့ပုံရသည်။
လီရှန်း ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားရသည်။ တစ်ဖက်လူက မြေအောက်ပါတီနှင့် ဆက်သွယ်သကဲ့သို့ ပြုမူနေသည် မဟုတ်ပါလား။
သူတို့တွေက ရန်ဖြစ်တဲ့ ကိစ္စတွေအကြောင်းကို ပြောနေရုံပဲ မဟုတ်ဘူးလား။
သို့သော် သူမက မသိစိတ်က ပြန်မေးလိုက်မိသည်။
“ဘယ်လိုမျိုးလဲ”
“တွေးကြညာ့လိုက်လေ.. ကိုယ့်ရဲ့ အမေကသာ အစကတည်းက အမှန်တရားအတိုင်းပြောပြီး ဖြန်ဖြေဖို့သွားခဲ့ရင် အဲဒီဘက်က ယောက္ခမနဲ့ ချွေးမက သူမရဲ့ စကားတွေကို နားထောင်ချင်မှာတဲ့လား”
“ဒါဆိုရင် သူတို့တွေက သေချာပေါက် နားထောင်ချင်မှာ မဟုတ်ဘူး.. သူတို့ ရန်ဖြစ်နိုင်တဲ့ အကြောင်းရင်းကိုတွေးပြီး လူတိုင်းက သူတို့ မှန်တယ်လို့ပဲ ထင်နေကြလိမ့်မယ်”
စုဝေချင်းသည် လီရှန်းကို ချက်ချင်း “နားလည်လွယ်သည်”ဟူသော အကြည့်ကို ပေးလိုက်ပြီး စကားပြောဆိုမသည့်အမူအရာကလည်း ပို၍ ပတက်ကြွလာခဲ့သည်။
“အမှန်ပဲ.. မင်းသာ အဘွားကြီးဘက်ကနေ နေရာကနေ သူ့ရဲ့ ချွေးမအကြောင်း မကောင်းတာ ပြောရင် ချွေးမဖြစ်သူက မင်းကို မုန်းလိမ့်မယ်.. ချွေးမရဲ့ ရှုထောင့်ကနေ ယောက္ခမက မကောင်းဘူးလို့ ပြောရင် ယောက္ခမကလည်း မင်းကို မုန်းလိမ့်မယ် ..
မင်း ဘာလုပ်လုပ် မုန်းတီးခြင်း ခံရလိမ့်မယ်၊ ဒါကြောင့် ယောက္ခမနဲ့ ချွေးမနှစ်ယောက်လုံးကို အတူတူ မုန်းတီးခိုင်းလိုက်တာက ပိုကောင်းတယ်
ဒါပေမဲ့ သူမရဲ့စကားတွေကို ကြားထဲကခင်ပွန်းသည်က ကျေးဇူးတင်ရမှာပဲလေ.. ဘာပဲဖြစ်ဖြစ် အမေနဲ့ ဇနီးသည်ကြားမှာ ရှိနေရာတာက အမျိုးသားတွေအတွက် ခက်ခဲလွန်းတယ်မလား၊
ဘယ်သူ့ကို ကူညီတာကမှ မကောင်းဘူး.. ဒါပေမဲ့ ကိုယ့်အမေရဲ့ ကြားဝင်စွက်ဖက်မှုက မိသားစုတစ်ခုလုံးကို ပေါင်းစည်းသွားစေပြီး အမျိုးသားတွေရဲ့ ဘဝကို ပိုအဆင်ပြေစေခဲ့တယ်၊
သူတို့တွေ ကိုယ့်ရဲ့ညအမေကို နှလုံးသားထဲကနေ ကျေးဇူးတင်ရမှာ!”
အမျိုးသားတစ်ဦးတွင် အဆင်ပြေသောဘဝမျိုး ရှိလာမည်ဆိုလျှင် သူ၏ အလုပ်တွင် အမှားလုပ်ရန် အခွင့်အလမ်း နည်းပါးလာပေမည်။
ထုတ်လုပ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သည့် သူ၏ဖခင်ဆိုလျှင်လည်း ငြိမ်းချမ်းသော ဘဝကို ရရှိထားသောကြောင့် အလုပ်ထဲတွင် အမှားလုပ်မိခြင်း နည်းပါးသည်။
ထို့အတွက်ကြောင့် ခေါင်းဆောင်များကလည်း သူ့ကိုတန်ဖိုးထားကြပေသည်။
သို့မဟုတ် ရဲဘော် လော်ယွီရှိုးတွင် အရည်အချင်းရှိသည်ဟု ပြောနိုင်သည်။ တခြားသူများဆိုလျှင် သူမကဲ့သို့ ချို့ယွင်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲရန် စွမ်းရည် မရှိကြပေ။
အရူးတစ်ယောက်မဟုတ်သရွေ့ အခွေအနေငြိမ်သက်သွားပြီးပါက ဖြစ်ပျက်ခဲ့သည်ကို ပြန်လည် တွေးတောပြီး သူမကို ကျေးဇူးတင်ကြပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်အထိ လူများက ရဲဘော် လော်ယွီရှိုး၏ ပါးစပ်က ကြမ်းတမ်းလွမ်းသည်ဟုသာ တွေးတောနေကြပေသည်။
သူမက စကားပြောဆိုရာတွင် မကောင်းသည့်စကားများကို ပြောဆိုခြင်းမှလွဲ၍ ဆိုးရွားသောစကားကို ပြောဆိုခြင်းမှလွဲ၍ မည်သည်ကိုမှ မသိဟု ဆိုတတ်ကြသည်။
သူမ၏ ပါးစပ်ထဲသို့ ရောက်လာသမျှသည်က ချွန်ထက်သော ဓားသွားအဖြစ်သို့ ပြောင်းလဲပြီး လူများ၏ နှလုံးသားကို ထိုးဖောက်လိမ့်မည်။
အနည်းဆုံး စုဝေချင်းကတော့ သူမထံတွင် အလွန် ဆိုးဆိုးရွားရွား ထိုးနှက်ခံခဲ့ရပေသည်။
***