“အန်တီိလော်က တကယ်ကို ‘လူအများရဲ့ အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်နိုင်တယ်’ ဆိုတဲ့လူမျိုးပဲ”
လီရှန်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ ပေ။
“အဲလိုပဲ မဟုတ်ဘူးလား.. ကိုယ့်ရဲ့ အမေက မတ်လ ၈ ရက်နေ့အတွက် အလံနီခေါင်းဆောင် ရွေးကောက်ပွဲမှာတောင် ဝင်ပြိုင်ခဲ့သေးတာနော်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူမက အရွေးချယ်မခံခဲ့ရဘူး”
စုဝေချင်း နောင်တရစွာ ခေါင်းခါသည်။
သူမက ဘာလို့ အရွေးချယ်မခံရတာလဲဆိုတော့ ‘ရန်သူ’ အရေအတွက် များလွန်းလို့ပဲ မဟုတ်ဘူးလား။
သူတို့နှစ်ယောက် အပြန်လမ်း တစ်လျှောက်လုံးတွင် “ရဲဘော် လော်ယွီရှို့၏ သြဇာအာဏာ” အကြောင်းကို ပြောဆိုခဲ့ကြသည်။
သူတို့သည် စက်မှုယန္တရားစက်ရုံ၏ တံခါးဝသို့ ရောက်သည်အချိန်တွင်ကင် အချိန်အတော်ကြာအောင် ရပ်တန့်ပြီး စကားပြောခဲ့ကြသည်။
စုဝေချင်း၏ ဟာသမြောက်သော စကားများက လီရှန်းကို ရယ်မောစေခဲ့သည်။
ထို့ကြောင့် သူမအနေဖြင့် အနောက်ဘက်မှ ရင်းနှီးသော ချောင်းဟန့်သံကို ကြားလိုက်ရချိန်တွင်ပင် လီရှန်းက သူမ နားကြားခြင်းဟု ထင်ခဲ့လေသည်။
“အဟွတ် အဟမ်း ..အဟမ်း”
သူ့၏ရှေ့မှ မိန်းးကလေးနှင့်လူငယ် နှစ်ယောက်လုံးက သူ့ကို လျစ်လျူရှုထားသည်ကို မြင်လျှင် ကျန်းကျူးရိတစ်ယောက် ဝမ်းနည်းတစ်ဖြင့် ပို၍ ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ တစ်ဖက်မှ နှစ်ယောက်က သတိထားမိသွားခဲ့လေသည်။
လီရှန်း လှည့်ကြည််လိုက်လျှင် သူမ၏ ဦးလေးက မည်းမှောင်နေသော မျက်နှာဖြင့်ကို မြင်လိုက်ရသည်။
သူက စုဝေ့ချင်းကို မကြည်သာသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
လီရှန်းဆီသို့ ပြန်လှည့်ကြည့်လာသော မျက်လုံးများသည်လည်း သတိပေးချက်များဖြင့် ပြည့်နှက်နေလေသည်။
သူသည်က ယနေ့တွင် စက်ရုံထဲ၌ ကိစ္စတချို့ရှိနေသောကြောင့် မိုင်းတွင်းသို့ သွားခဲ့ရလေ၏။
အပြန်လမ်း တစ်ဝက်လောက်တွင် လီရှန်းတစ်ယောက် မကြာသေးမီအချိန်တုန်းက ဆေးဝါးစက်ရုံမှ စာမေးပွဲအတွက် စာကျက်ရာတွင် အခက်အခဲတချို့ရှိနေသည်ကို သတိရမိခဲ့သည်။
ထို့ကြောင့် သူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့ သွား၍ မုန့်ဖုတ်ပစ္စည်းများ ရောင်းချရန် ရှိမရှိသွားရောက်ကြည့်ရှုခဲ့သည်။
ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသည်က စက်မှုယန္တရားစက်ရုံမှ မဝေးပါချေ။
ထို့ကြောင့် သူ့အနေဖြင့် ကားစီး၍ပြန်ရန် ပျင်းရိနေသောကြောင့် ပစ္စည်းများကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်၍ ပြန်လာခဲ့သည်။
ရလဒ်အနေဖြင့် လမ်းတစ်ဝက်တွင် သူ၏ စာကြိုးစားနေသောတူမဖြစ်သူ က ချောမောသော ကောင်လေးတစ်ဦးနှင့် စကားပြောနေသည်ကို မြင်တွေ့လိုက်ရတော့သည်။
သူတို့နှစ်ဦးက လမ်းတစ်လျှောက်လုံး စကားပြောဆို ရယ်မောနေကြပြီး နှစ်ယောက်၏ကြားတွင် သဘာဝကျသည့် အမူအရာများ၊ သဟဇာတဖြစ်သော လေထုများ ရှိနေခဲ့သည်။
သူတို့၏ နောက်ဘက် မနီးမဝေးမှ လိုက်လာသူတစ်ဦး ရှိနေသည်ကိုပင် သတိမထားမိကြပါချေ။
ကျန်းကျူးရိ ပို၍ပင် ဒေါသထွက်လာခဲ့သည်။
သူ့အနေဖြင့် ဤရက်များတွင် အလုပ်များလွန်းသည်ဟု ခံစားရသည်။ သို့မဟုတ်ပါက သူ မမြင်ဖူးသော ကောင်လေးတစ်ဦးမှ သူ၏ သိတတ်လိမ်မာ၍ နာခံမှုရှိလွန်းသော တူမကို ပြန်ပေးဆွဲရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အဘယ်ကြောင့်မသိဘဲ ရှိနေမည်နည်း။
သူ့အနေဖြင့် ယခင်က သူ၏ မြိုသိပ်ထားတတ်သော တူမဖြစ်သူအား လှည့်ဖြားခံရမည်ကို စိုးရိမ်ခဲ့ရသည်။
ယခုအချိန်တွက် သူ၏ တူမဖြစ်သူက စိတ်သဘောထားပွင့်လင်းလာပြီဖြစ်သော်လည်း ဤနူးညံ့ပြီး သိတတ်လွန်းသော တူမဖြစ်သူကို လှည့်ဖြားခံရမည်ကို စိုးရိမ်နေဆဲပင်။
အတိုချုပ်ပြောရမည်ဆိုပါက ...
သူ့တွင် သားသုံးယောက်သာ ရှိသော်လည်း သူ၏ဤတူမလေးကို ဂရုစိုက်နေဆဲဖြစ်ပေသည်။
“အကြီးဆုံးဦးလေး”
လီရှန်းသ စုဝေ့ချင်းကို ကျန်းကျူးရိထံသို့ ခေါ်သွားခဲ့သည်။
“အင်း”
ကျန်းကျူးရိ၏ အသံက သူ၏ ဗိုက်ထဲမှ ထွက်ပေါ်လာသကဲ့သို့ပင်။ ထိုအသံက သူ၏ စိတ်ခံစားချက် မကောင်းကြောင်းကို ဖော်ပြနေခဲ့သည်။
အထူးသဖြင့် သူ၏ မျက်လုံးများက စုဝေ့ချင်းကို စိုက်ကြည့်နေခဲ့သည်။ အဓိပ္ပာယ်မှာ အလွန်ထင်ရှားပေသည်။
သူက လီရှန်းအား ထိုလူငယ်နှင့် အမြန် မိတ်ဆက်ပေးစေချင်ခဲ့သည်။
စုဝေ့ချင်းသည်လည်း ယခုအချိန်တွင် အလွန် ရိုးသားလာခဲ့သည်။ ကျန်းကျူးရိ၏ စူးရဲသော အကြည့်များအောက်တွင် သူ၏ နားရွကဖျားများမှ ပါးပြင်များအထိ နီရဲလာခဲ့သည်။
ဤတခဏသော အချိန်လေးတွင် သူက အလွန်အမင်း စိတ်အားထက်သန်နေသော ဥဒေါင်းဖိုအဖြစ်မှ ကြင်နာကာ ရိုးသားဖြူစင်သော လူငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“မင်း မိတ်ဆက်မပေးတော့ဘူးလား”
ကျန်းကျူးရိ၏ လေသံက အနည်းငယ် ထူးဆန်းနေခဲ့ပြီး ဂရုတစိုက် နားထောင်ကြည့်ပါက သူ၏ အံကြိတ်သံများ ရောနှော ပါဝင်နေသည်ကို ကြားနိုင်ပေသည်။
စုဝေ့ချင်းက လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အကြီးဆုံးဦးလေး၊ ကျွန်တော့်နာမည်က စုဝေ့ချင်းပါ၊ ကျွန်တော်က ရဲဘော် လီရှန်းရဲ့ သူငယ်ချင်းပါ”
သူက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သောကြောင့် သူ၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်ခြေထောက်တို့အချင်းချင်း တိုက်မိသွားခဲ့ပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။ကံကောင်းထောက်မစွာဖြင်် သူသည်က ဟန်ချက်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
ဤကဲ့သို့ လဲကျလုနီးပါးဖြစ်သွားခဲ့သောအခြေအနေကြောင့် ကျန်းကျူးရိအား “ဘယ်သူက အကြီးဆုံးဦးလေးလဲ.. မင်း ဘယ်သူ့ကို အကြီးဆုံးဦးလေးလို့ ခေါ်နေတာလဲ.. မင်းရဲ့ အကြီးဆုံးဦးလေးက ဘယ်သူလဲ” ဟု အော်ဟစ်ခြင်းကို မလုပ်နိုင်ဖြစ်စေခဲ့သည်။
ထို့အစား သူသည်က စုဝေ့ချင်းကို ထောက်ပံ့ရန်အတွက် သူ၏ လက်ကိုပင် ဆန့်ထုတ်လိုက်ရသည်။
ထိုကလေးက သူ၏ကိုယ်ပိုင်မျက်နှာကို မြေပြင်တွင် တိုက်ရိုက်ထုရိုက်လိုက်မိမည်ကို သူ စိုးရိမ်မိသည်။
စုဝေ့ချင်းသည်ကား ယခုအချိန်တွင် အမှမ်တကယ်ပင် မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်ပေသည်။
ဆောင်းရာသီအလယ်တွင် ကျန်းကျူးရိအနေဖြင့် စုဝေ့ချင်း၏ ခေါင်းမှ မီးခိုးများ ထွက်လာသည်ကိုပင် မြင်နိုင်ပေသည်။
စုဝေ့ချင်းက သူ၏ ယောက္ခမနှင့် ပထမဆုံး တွေ့ဆုံခဲ့ရသည့် စိတ်လှုပ်ရှားနေသော သားမက်တစ်ဦးနှင့်တူပြီး အလွန်ပင် စိတ်လှုပ်ရှားကာ ရှက်ရွံ့နေခဲ့သည်။
လီရှန်း ချက်ချင်းပင် ရယ်မောမိသည်။
ဤရက်များအတွင်း သူမက စုဝေ့ချင်း၏ အတွင်းစိတ် သဘောသဘာဝမှာ ပျော်ရွှင်မှုကို နှစ်သက်သော လူငယ်တစ်ဦးဖြစ်နေကြောင်းကို ရှင်းရှင်းလင်းလင်းပင် နားလည်ထားခဲ့သည်။
သူသည်က အလွယ်တကူ မျက်နှာနီမြန်းတတ်သော်လည်း အတွင်းစိတ်က ထိတ်လန့်ကြောက်ရွံ့တတ်သူ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက အမြဲတစေ စိတ်အားထက်သန်ခဲ့သည်။
သူတို့နှစ်ယောက်၏ ရင်းနှီးခင်မင်မှုသည်လည်း စုဝေ့ချင်းဘက်မှ အစပြု၍ ဆောင်ခဲ့ခြင်းဖြစ်သည်။
ကျန်းကျူးရိက လီရှန်းကို စိုက်ကြည့်လိုက်သည်။ ဤကလေးမက ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ပြုံးရယ်နေခဲ့သည်။ ရှက်ရွံ့ဖွယ်ရာ လေထုကို မည်သို့ သက်သာရာရန် လုပာဆောင်ရမည်ကိုပင် မသိခဲ့ချေ။
လီရှန်းလည်း ပြုံးရယ်နေခြင်းကို ရပ်လိုက်ပြီး ကျန်းကျူးရိကို မိတ်ဆက်ပေးလိုက်သည်။
“သူ့ရဲ့ နာမည်က စုဝေ့ချင်းတဲ့ .. ကျွန်မရဲ့ သူငယ်ချင်းလေ.. ကျွန်မတို့ နှစ်ယောက်လုံး ဆေးဝါးစက်ရုံ စာမေးပွဲကို ဝင်ဖြေဖို့ စီစဉ်နေကြတာ..
မကြာသေးခင်တုန်းက ကျွန်မတို့တွေ ပြန်လည် သုံးသပ်ရေး ပစ္စည်းတွေကို အချင်းချင်းလဲလှယ်ခဲ့ပြီး တစ်ယောက်ဆီက တစ်ယောက် သင်ယူနေကြတာပါ”
“ကျွန်မ နောက်ဆုံးတစ်ကြိမ်တုန်းက အလွတ် ရေးခဲ့တဲ့ စာတွေက သူ ကျွန်မကို ပေးခဲ့တဲ့ စာမေးပွဲမေးခွန်းဟောင်းတွေလေ.. သူက သူ ရှာတွေ့ထားတာတွေကို ကျွန်မပါ လေ့လာနိုင်အောင်လို့ ပေးခဲ့တာ”
ကျန်းကျူးရိသည် ခဏတာလောက် အံ့အားသင့်သွားပြီးနောက် စုဝေ့ချင်းကို ပြန်ကြည့်လိုက်သည်။ ဤလူငယ်သည်က တကယ်တမ်းတွင် ကြင်နာတတ်သော လူကောင်းလေးတစ်ဦး ဖြစ်နေခဲ့သည်။
အနာဂတ်တွင် လီရှန်းအနေဖြင့်ဆေးဝါးစက်ရုံတွင် အလုပ်ရရန် ဝင်ခွင့်အောင်မြင်နိုင်ပြီး ဤလူငယ်လည်း ဝင်ခွင့်ရနိုင်ပါက ထိုဆေးဝါးစက်ရုံတွင် နှစ်ယောက်လုံး အလုပ်လုပ်နိုင်ပေလိမ့်မည်။
သို့ဆိုပါက ဆေးဝါးစက်ရုံတွင် လီရှန်းကို ဂရုစိုက်မည့်သူ ရှိလာနိုင်သည်။
ဤအကြောင်းကို တွေးတောပြူးနောက် ကျန်းကျူးရိအနေဖြင့် သူ၏ မျက်နှာကို အေးတိအေးစက်အမူအရာဖြင့် ဆက်လက် မထားနိုင်တော့ပေ။
“ဒါဆိုလည်း တံခါးဝမှာပဲ ရပ်နေစရာ မလိုဘူးလေ.. မင်းတို့တွေ မအေးဘူးလား”
ထို့အပြင် ဤနေရာက လူအများအပြား သွားလာနေကြတခြင်းဖြစ်၍ လီရှန်း လူငယ်တစ်ဦးနဲ့ တံခါးဝတွင် စကားပြောနေသည်ကို လူပေါင်းမရ်မျှက မြင်တွေ့ခဲ့ပြီကို မသိပါချေ။
ကျန်းကျူးရိတစ်ယောက် ရုတ်တရက် ခေါင်းကိုက်လာသကဲ့သို့ ခံစားရသည်။
သူ၏ တူမဖြစ်သူမှာ ထိုဆိုးရွားသည့်အမျိုးသမီး ထုန်လင်းကြောင့် လှည့်ဖြားခံရလုနီးပါး ဖြစ်ခဲ့သည်။
သူမသာ နောက်တစ်ကြိအ် ကောလဟာလများကို ထပ်မံ ကြုံတွေ့ရပါက သူမ ဆက်လက် သည်းခံနိုင်ဦးမည်လား မသိနိုင်ပါချေ။
ထို့ကြောင့် သူ အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
“အရင်ဆုံး အိမ်ထဲကိုဝင်လိုက်လေ”
“နောက်တစ်ခေါက်မှပေါ့၊ သူ အခု ထွက်သွားရတော့မယ် “
လီရှန်း ချောင်းဟန့်လိုက်ပြီး စကားခေါင်းစဥ်ကို ပြောင်းလဲလိုက်သည်။
ထိုအချိန်တွင် ဘတ်စ်ကားတစ်စီး ရောက်လာသောကြောင့် သူမက ထုံထိုင်းစွာရပ်နေသော စုဝေ့ချင်းကို အလျင်အမြန် တွန်းပို့လိုက်သည်။
“ရှင့်ရဲ့ ကား ရောက်လာပြီ၊ မြန်မြန်ဝင်ပြီး အိမ်ကိုပြန်လိုက်တော့လေ”
စုဝေ့ချင်းကတော့ ထွက်မသွားချင်သေးပါချေ။
သူသည်က ထွက်မသွားချင်ရုံသာမက အိမ်ထဲသို့ပင် ဝင်ကာ ဤအကြီးဆုံးဦးလေးနှင့် စကားပြောချင်နေခဲ့သည်။
သို့သော်လည်း သူက လီရှန်းကို ဒေါသမထွက်စေချင်သောကြောင့် ကားပေါ်ကို တုံ့ဆိုင်းစွာ ဝင်သွားရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက် ကားမှန်မှတဆင့် လီရှန်းနဲ့ ကျန်းကျူးရိကို မကြာခဏ လှမ်းကြည့်နေခဲ့သည်။
ကျန်းကျူးရီအနေဖြင့် ဤသည်ကို အလွန်ပင် မျက်စိနောက်စရာကောင်းသည်ဟု ယူဆခဲ့သည်။
သူ့ရဲ့မျက်လုံးတွေထဲက အကြည့်တွေက ဘာလို့ မတရားခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြည့်နဲ့ တူနေရတာလဲ။
***