လီလင်းအနေဖြင့် ယခုအချိန်တွင်စာမေးပွဲ အမြန်ဆုံးပြီးဆုံးပြီး ရလဒ်များအမြန်ဆုံး ထွက်လာရန်ကိုသာ မျှော်လင့်နေပေတော့သည်။
သူမသာ အလုပ်ခန့်အပ်ခံရပါက အဝတ်အစားများ၊ စောင်များကို ချက်ချင်းထုပ်ပိုးပြီး အလုပ်သမား အဆောင်အတွက် လျှောက်ထားမည်။
အလုပ်ခန့်အပ်ခြင်း မခံရပါကလည်း အမြန်ဆုံး လက်ထပ်ခြင်းလျှောက်လွှာ သို့မဟုတ် ကျေးလက် ဒေသစိုက်ပျိုးရေးလျှောက်လွှာကို တင်သွင်းတော့မည်။
မည်သို့ပင်ဖြစ်စေ ... သူမာ အိမ်တွင်ပြန်နေချင်တစိတ် မရှိတော့ပါချေ။
လီရှန်းသည်လည်း လီလင်းတစ်ယောက် ဤသုံးရက်အတွင်း လှေကားအောက်တွင် နေခဲ့ရလိမ့်ဟု မမျှော်လင့်ထားပေ။
အခုအချိန်က ဆောင်းတွင်းကာလ ဖြစ်နေပေသည်။ လှေကားအောက်ဘက်တွင် လေဝင်လေထွက်ပေါက်များစွာရှိနေသောကြောင့် အေးစက်နေလိမ့်မည်ဖြစ်ကာ ဖျားနာခြင်းမရှိသည်ပပင် ကံကောင်းခြင်းကြောင့်ဖြစ်လိမ့်မည်။
“နောက်ထပ် ခဏလောက်ပဲ သည်းခံလိုက်၊ စာမေးပွဲပြီးတာနဲ့ ရလဒ်တွေက အမြန်ဆုံး ထွက်လာလိမ့်မယ်”
လီရှန်းအနေဖြင့် လီလင်းကို မည်သို့ နှစ်သိမ့်ရမည်ကို မသိဖြစ်နေခဲ့သော်လည်း ကံကောင်းစွာဖြင့် ဆေးဝါးစက်ရုံမှ ရလဒ်ထွက်ရှိမှုက အလွန်လျှင်မြန်သည်။
စာမေးပွဲပြီးသည်နှင့် စာရွက်များကို ပြည်နယ်မြို့တော်သို့ ချက်ချင်း ပို့ဆောင်ပြီး စစ်ဆေးပေးလိမ့်မည်။
ပြည်နယ်မြို့တော်ရှိ အလုပ်သမား-လယ်သမား-စစ်သား များက လူတစ်ဦးလျှင် တစ်စောင်စီ အလှည့်ကျ စစ်ဆေးပေးမည်ဖြစ်ကာ စစ်ဆေးပြီးသည်နှင့် ချက်ချင်း အဆင့်သတ်မှတ်ပေးမည်ဟု သိရသည်။
ပထမညတွင် ပို့ဆောင်ပြီး နောက်တစ်နေ့ နံနက်တွင်ပင် အဆင့်သတ်မှတ်ချက်များပြီးစီးမည်ဖြစ်သောကြောင့် နေ့လယ်ဘက်တွင် ဆေးဝါးစက်ရုံသို့လာကာ အဆင့်များကို စစ်ဆေးနိုင်ပေပြီ။
ထို့ကြောင့် လီလင်းအနေဖြင့် နောက်တစ်ရက်သာ သည်းခံလိုက်ပါက စာမေးပွဲအောင်၊ မအောင် သိနိုင်ပေပြီ။
လီလင်း ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်တွင် တင်းတင်းယှက်ထားလိုာ်သည်။
သူမက ကောင်းကင်ဘုံကို ဆုတောင်းနေပုံရသော်လည်း ထင်ရှားစွာ မလုပ်ရဲဘဲ ပေါ့ပါးစွာ ရှိနေခဲ့သော်လည်း နေကာ လေသံကတော့ အလွန်လေးနက်နေခဲ့သည်။
“အောင်ပါစေလို့ မျှော်လင့်ပါတယ်”
လီရှန်းက သူမကို တစ်ချက် ပုတ်လိုက်ပြီး ငြိမ်ငြိမ်နေရန် ပြောလိုက်သည်။
ဤနေရာတွင် လူပေါင်း များစွာရှိနေပြီး စကားများက အလွယ်တကူ ပျံ့နှံ့နိုင်သောကြောင့် ပြဿနာ ဖြစ်လာနိုင်သည်။
လီလင်းလည်း လက်ကို အမြန် ချလိုက်ပြီး လီရှန်းကို ပင်ပန်းသော အပြုံးဖြင့် ပြုံးပြလာခဲ့သည်။
သူတို့ စကားအနည်းငယ် ဖလှယ်ပြီးနောက် စာမေးပွဲ စတင်ချိန်ရောက်လာခဲ့သည်။
စာမေးပွဲ ဖြေဆိုသူများကလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး အချိန်ကျသည်နှင့် မေးခွန်းစာရွက်များကို ချက်ချင်း ဝေပေးခဲ့သည်။
စာမေးပွဲ စောင့်ကြည့်သူ ဆယ်ဦးကျော်က အခန်းထဲတွင် လှည့်ပတ်နေကြပြီး အထက်တန်းကျောင်းဘွဲ့ရစာမေးပွဲထက်ပင် တင်းကျပ်ပေသည်။
စားပွဲခုံတစ်ခုနှင့် တစ်ခုကြားတွင် လက်တစ်ပြန်စာလောက် ခြားနေသောကြောင့် တီးတိုးပြောဆိုခြင်း မရှိပါက ခိုးကြည့်၍ မည်သည့်အကြောင်းအရာကိုမျှ မတွေ့နိုင်လောက်ပေ။
ရလဒ်အနေဖြင့် စာမေးပွဲပြီးနောက် လီလင်းနှင့် လီရှန်းတို့ အဖြေတိုက်ကြည့်လျှင် အဖြေများက မကိုက်ညီသည်ကို တွေ့ခဲ့ရသည်။
ပြဿနာကို ထပ်မံ တိုက်စစ်ကြည့်လျှင် ဆေးဝါးစက်ရုံက စာမေးပွဲ မေးခွန်းနှစ်စုံကို ပြင်ဆင်ထားကြောင်း အံ့သြသင့်ဖွယ်တွေ့ရှိခဲ့ရသည်!
ဆေးဝါးစက်ရုံက အမှန်ပင် ဥာဏ်ကောင်းလွန်းသည်။
သူတို့က စစ်မှန်သည့်စွမ်းဆောင်ရည်မရှိသည့်လူကို လုံးဝလက်ခံလိမ့်မည်မဟုတ်ပေ။
စာမေးပွဲပြီးနောက်တွင် လီလင်းက အိမ်သို့ပြန်ရန် အလျင်မလိုတော့ပေ။
အိမ်ကိုပြန်ရောက်ပါက သူမ၏ မိခင်က အိမ်တွင်ရှိသမျှသောအလုပ်တို့ကို လုပာခိုင်းရန် ခိုင်းစေလိမ့်မည်။ သို့ဖြစ်၍ လီရှန်းနှင့်အတူ အပြင်သို့ထွက်ပြီး အဖြေတိုက်ကြည့်ခြင်းက ပိုကောင်းပေသည်။
သူမ၏အခြေခံက လီရှန်းကဲ့သို့ မကောင်းမွန်သောကြောင့် မေးခွန်းများစွာကို မသေချာဖြစ်နေခဲ့သည်။
သို့သော် သူမ၏ မှတ်ဉာဏ်ကတော့ ကောင်းမွန်နေဆဲပင်။ သူတို့ နှစ်ယောက် ပန်းခြံခုံတစ်ခုကို ရှာပြီး ကျောက်တုံးပေါ်တွင် မှီကာ မေးခွန်းများကို အလွတ်ပြန်ရေးခဲ့ကြသည်။
ထိုသို့ရေးပြီးသည်နှင့် သူတို့နှစ်ယောက်က စာအုပ်များကို လဲလှယ်ကာ တစ်ယောက်၏ မေးခွန်းများကို တစ်ယောက် ဖြေဆိုပေးကြသည်။
ဤသို့ဖြင့် မှတ်မိသမျှ မေးခွန်းများအားလုံးကို ဖြေဆိုပြီးနောက်တွင် ညနေစောင်းနေပြီ။
“ငါတို့ အစိုးရစားသောက်ဆိုင်သွားပြီး ထမင်းစားရအောင်၊ ငါကျွေးမယ်”
လီလင်းက လီရှန်း၏လက်ကို ဆွဲထားပြီး သူမကိုတားဆီးလာသည်။
အစိုးရ စားသောက်ဆိုင်က ညနေ ၆ နာရီတွင် ဖွင့်လှစ်သော်လည်း ဤအချိန်မှာ စက်ရုံကြီးများ အလုပ်ဆင်းချိန်နှင့် တိုက်ဆိုင်နေသောကြောင့် အစိုးရစားသောက်ဆိုင်က အလွန်ပင်ဆူညံပြီး လူစည်ကားလွန်းသည်။
လီရှန်းအနေဖြင်် ဝန်ထမ်းများ၏ ကျယ်လောင်သောအသံကို နားမထောင်ချင်သောကြောင့် အစိုးရစားသောက်ဆိုင်သို့ သွားမည်ကို ငြင်းပယ်လိုက်သည်။
“မသွားတော့ပါဘူး၊ အိမ်ကိုပဲ ပြန်တော့မယ်.. ဒီနေ့ တစ်နေ့လုံး စိတ်ဖိစီးနေခဲ့တာ၊ အခု ပန်းခြံထဲမှာ လေတိုက်ခံရတော့ ခေါင်းက နည်းတည်းမူးပြီး မအီမသာဖြစ်နေတယ်”လီရှန်း မပြောသေးခင်က အဆင်ပြေသော်လည်း ထိုသို့ ပြောလိုက်ချိန်တွင် လီလင်းလည်း မသက်မသာ ခံစားလာရသည်။
“ဒါဆိုလည်း ငါတို့ ပြန်ကြရအောင်”
ဤသို့ဖြင့် သူတို့နှစ်ယောက် ပန်းခြံအပြင်သို့ လျှောက်သွားခဲ့ကြသည်။
လီလင်းကတော့ အနည်းငယ် စိတ်မကောင်းဖြစ်နေဆဲပင်။
“နင် ငါ့ကို ဒီလောက်အများကြီး ကူညီပေးတာကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိသေးဘူး”
“နောက်မှပေါ့.. ငါတို့ ဆေးဝါးစက်ရုံထဲကိုရောက်ပြီး အလုပ်သမား အဆောင်ရပြီးရင် မီးဖိုလေးတစ်ခု ဝယ်ကြမယ်.. အဲဒါက အပူပေးရုံတင်မကဘူး ချက်ပြုတ်လို့လည်း ရတယ်.. အဲဒီအချန်ကျရင် နင် ချက်ပြုတ်ပြီး ငါ့ကို ကျွေးလေ”
မနက်ဖြန်ဆိုရင် ရလဒ်ထွက်တော့မှာမလား။
လီလင်း စဉ်းစားကြည့်ပြီးနောက် လက်ခံလိုက်သည်။
အကယ်၍ စာမေးပွဲ အောင်သွားပါက နောက်ပိုင်းတွင် အခွင့်အရေးများစွာ ရနိုင်ပြီး၊ စာမေးပွဲ မအောင်လျှင်ပင်... နောက်ပိုင်းတွင် အခွင့်အရေးများစွာ ရနိုင်သေးသည်။
အများဆုံး သူမ လက်ထပ်ပြီးနောက်တွင် လီရှန်းကို အိမ်သို့ခေါ်၍ ဧည့်ခံကျွေးမွေးနိုင်သည်။
လက်ထပ်ခြင်းအကြောင်းကို ပြန်တွေးမိလျှင် လီလင်း၏ပါးပြင်က ရုတ်တရက် နီရဲလာခဲ့သည်။ လီရှန်း သည်လည်း လီလင်း၏ချိန်းတွေ့မှု ကိစ္စကို သတိရလာသောကြောင့် သိချင်စွာ မေးကြည့်လိုက်သည်။
“နင် အရင်တစ်ခေါက်က ချိန်းတွေ့တာ ဘယ်လိုလဲ.. အဆင်ပြေလား”
“ကောင်းတယ်လို့ ထင်တာပဲ”
လီလင်းက ရှက်ရွံ့စွာ ပြောလာသည်။
“သူ... ရုပ်လည်း ချောတယ်.. အခု အစိုးရအတွင်းရေးမှူးရုံးမှာ အလုပ်လုပ်နေတာလေ.. နေ့တိုင်း စာရွက်စာတမ်းတွေ ရေးရုံပဲ
သူကတော့ နောက်ပိုင်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အတွင်းရေးမှူး ဖြစ်လာဖို့ အခွင့်အရေး ရှိနိုင်တယ်လို့ ပြောတယ်”
အတွင်းရေးမှူးရုံးမှာ အလုပ်လုပ်တာလား။
လီရှန်း တိတ်ဆိတ်သွားရသည်။
သူမ မှတ်မိသလောက် အတွင်းရေးမှူးရုံးတွင် စာရေး အတွင်းရေးမှူး အနည်းဆုံး ခုနစ်ဦး ၊ ရှစ်ဦးခန့် ရှိသည်။
အထက်အရာရှိ၏ အတွင်းရေးမှူးကို အကြီးအကဲဖြစ်သူ အလုပ်အကိုင် အခွင့်အလမ်းကောင်းပေးရန်အတွက် အပြင်သို့ မစေလွှတ်မချင်း စာရေးအတွင်းရေးမှူးများက ပုံမှန် အတွင်းရေးမှူး ဖြစ်လာရန်အတွက် အခွင့်အရေးနည်းပါးလွန်းသည်။
သို့မဟုတ်... ကျေးလက်မြို့နယ်များသို့ သွားရောက်ပြီး အတွင်းရေးမှူး အလုပ်ကိုသွားရောက်လုပ်ကိုင်ပြီး အခက်အခဲကို ကျေနပ်စွာ ခံယူလျှင်တော့ ဖြစ်နိုင်သည်။
ထိုသို့ဆိုပါက ခေါင်းဆောင်နှင့်အတူ မြို့နယ်အဆင့်အထိ တက်လှမ်းရန် အခွင့်အလမ်း အလွန်မြင့်မားသည်။
လီရှန်းအနေဖြင့် ပြောရမည်ဆိုပါက ထိုသူ၏ အနာဂတ်က မရေရာသေးပေ။ လီလင်းသာ သူနှင့် လက်ထပ်လိုက်ပါက နောက်ပိုင်းတွင် ခဏတာလောက် ပင်ပန်းလိမ့်မည်။
သို့သော် လီရှန်းအနေဖြင့် ယခင်ဘဝတွင် သူတို့နှစ်ယောက် အဆင်ပြေနေခဲ့သည်ကို သတိရမိသည်။ ဆိုလိုသည်မှာ သူတို့တွင် ကံကြမ္မာရှိနေပြီးသားဖြစ်ကာ ယခင်ဘဝက လီလင်း၏ ခင်ပွန်းသည်မှာ ရာထူး အဆင့်ဆင့် တက်သွားပြီး လီလင်း ကို အကာအကွယ်ပေးနိုင်သည်အထိ တတ်စွမ်းနိုင်လောက်ပြီး သူမအတွက် မတရားမှုများကို တိုက်ပွဲဝင်နိုင်ရန်ခွန်အားများပေးနိုင်ခဲ့လောက်ပေမည်။
“အဲလိုဆိုရင် ကောင်းတာပေါ့.. နင်တို့ နှစ်ယောက်မှာ တစ်ယောက်က ဆေးဝါးစက်ရုံ၊ တစ်ယောက်က အစိုးရရုံးကဝန်ထမ်းဆိုတော့ နောက်ပိုကားမှာ အဆင်ပြေမှာ သေချာတယ်”
လီရှန်းက ပြုံးပြလိုက်ပြီး သူမအတွကာ ဆုမွန်ကောင်း တောင်းပေးလိုက်သည်။
သူမအနေဖြင့် လီလင်းတစ်ယောက် ဤလက်ထပ်ပွဲကို အလွန်ကျေနပ်နေကြောင်းကို မြင်နိုင်ရပေ၏။
“မသိသေးဘူး.. သူက မြို့နယ်ဘက်ကို အလုပ်ကိစ္စ လေ့လာဖို့ ဆင်းသွားတယ်.. ဘယ်တော့မှ ပြန်လာမလဲမသိဘူး”
လီလင်း သက်ပြင်းချလိုက်သည်။
ဆေးဝါးစက်ရုံအလုပ် အတည်ပြုပြီးနောက် လက်ထပ်၍လည်းပြီးစီးပါက သူမအနေဖြင့် ကျေးလက်ဒေသသို့ လုံးဝ ဆင်းသွားတော့မည် မဟုတ်ပေ။
သို့သော်လည်း..
သူမ လီရှန်း ဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် အလေးအနက်ဖြင့် အကြံပေးလာသည်။
“ဆေးဝါးစက်ရုံကိုရောက်ရင် နင့်ရဲး ကိုယ်ပိုင်ကိစ္စတွေကိုလည်း စဉ်းစားသင့်ပြီ”
လီရှန်း သူမကို ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် သူမ၏ စိတ်ထဲတွင် တစ်ဖက်လူပြောချင်သော အဓိပ္ပါယ်ကို ချက်ချင်း သိလိုက်သည်။
အလုပ်ရှိရုံနှင့် မပြီးသေးဘဲ လက်ထပ်ဖို့လည်း လိုနေသေးတာပဲ...
ကျေးလက်ဒေသသို့ သွားခြင်း...
လီရှန်းအတွက်တော့ ထိုအခြေအနေက ကောင်းမွန်သော အမှတ်တရ မဟုတ်ပါချေ။
ပင်းချန်ခရိုင်ရှိ အအေးဓာတ်လွန်ကဲသော ဆောင်းရာသီတွင် သူမ၏ ရွယ်တူများ၏ လှောင်ပြောင်မှုနှင့် အထက်အမြင်သေးမှုများကို ခံစားရုံသာမက ပင်းချန်၏ အရိုးခဲလုမတတ် ရာသီဥတု၏ နှိပ်စက်မှုကိုလည်း ခံစားခဲ့ရသည်။
အလွန်အေးလွန်းသောကြောင့် သူမ၏ ဦးလေးများ ပို့လိုက်သော ဝါဂွမ်းအင်္ကျီများက မည်မျှပင် ထူထဲပါစေ ထိုအေးစက်မှုကို မနွေးစေခဲ့ပေ။
ယခု ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် သူမ၏ အရိုးများထဲသို့အထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေဆဲဖြစ်သည်။
ထို့ကြောင့် ဤဘဝတွင်တော့ ..
သူမအနေဖြင်် ကျေးလက်ဒေသသို့ လုံးဝ သွားတော့မည်မဟုတ်ပါချေ။
***