စုဝေ့ချင်း၏အဖေ စုဝေ့မင်က ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးဟုဆိုခဲ့သည်။
စက်ရုံညွှန်ကြားရေးမှူးဆိုသည်မှာ ပြည်နယ်မြို့တော်နှင့် ဆက်သွယ်ရန်နှင့် သုတေသီများကို စီမံခန့်ခွဲရန် တာဝန်ရှိပြီး ဒုတိယညွှန်ကြားရေးမှူးကတော့ ထုတ်လုပ်မှုအပိုင်းအတွက်တာဝန်ရှိသည်။
တခြားစက်ရုံများ၏ လုပ်ငန်းထဲမှအရာရှိများနှင့် နှိုင်းယှဉ်ပါက စုဝေမင်က ဆေးဝါးစက်ရုံထဲမှ ဖုံးကွယ်နေသော ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဆိုသည်မှာ ထင်ရှားပေသည်။
လီရှန်း တွေးတောကြည့်လိုက်သည်။
သူမကရော။
သူမကတော့ အထည်ချုပ်စက်ရုံမှ သာမန်ပြုပြင်ရေးသမားတစ်ယောက်၏ သမီးဖြစ်နေခဲ့သည်။
“ရှင် ကျွန်မတို့မိသားစုအကြောင်းကို သိထားသင့်တယ်”
လီရှန်း သက်ပြင်းချပြီး စုဝေချင်း၏ ဝန်ခံစကားကို ပြန်ဖြေလိုက်သည်။
“ကျွန်မရဲ့မိသားစုက ရှင့်ရဲ့မိသားစုနဲ့ အရမ်းကွာခြားလွန်းတယ်”
စုဝေ့ချင်းတစ်ယောက် ချက်ချင်းပင် စိုးရိမ်လာခဲ့သည်။
သူတို့နှစ်ယောက်လုံးက အလုပ်သမားမိသားစုထဲမှဖြစ်နေသော်လည်း သူ့အဖေက စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူးဖြစ်နေသည့်အတွက် ကွာခြားချက်ဖြစ်လာခဲ့သည်လား။
“ကျွန်မ သေသေချာချာစဉ်းစားလိုက်ပါ့မယ်၊ ရှင်လည်း ကျွန်မတို့ကြားက ကွာခြားချက်တွေကိုလည်း ပြန်ပြီးစဉ်းစားပေးစေချင်တယ်”
စုဝေချင်း၏ မျက်လုံးများက ချက်ချင်း မှေးမှိန်သွားခဲ့သည်။
လီရှန်းက ရလဒ်များအကြောင်းကိုပြန်တွေးကာ စိတ်လှုပ်ရှားခြင်းမရှိဘဲ အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
“ရှင် ပြန်သွားလိုက်တော့လေ.. မနက်ဖြန် စာမေးပွဲရလဒ်တွေကို သွားကြည့်ဖို့ စောစောထရမယ်.. ဆေးဝါးစက်ရုံက ကျွန်မကို လက်ခံပြီးမှ ဒီကိစ္စကိုပြန်ပြောကြတာပေါ့
လက်မခံရင်... ကျွန်မ အထည်ချုပ်စက်ရုံမှာ ပြန်ပြီးအလုပ်လုပ်ရမလား၊ ကျေးလက်ဒေသကိုသွားရမလား မသိသေးဘူး”
“မင်း သေချာပေါက် ဝင်ခွင့်ရလိမ့်မယ်.. မင်းက အရမ်းထူးချွန်ပြီးတော့ မေးခွန်းအားလုံးကို မှန်အောင်ဖြေနိုင်ခဲ့တယ်လေ”
“ရှင့် ရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်”
သူမ၏အဖြေကို ပြောပြီးနောက် လီရှန်းတစ်ယောက် သူမ၏စကားများက အဆင်ပြေလောက်သည်ဟု ခံစားရသော်လည်း နောက်ဆုံးသောစကားများကိုမပြောဘဲမနေနိုင်ခဲ့ပေ။
စုဝေ့ချင်းအနေဖြင့် သူ၏ မိသားစုနောက်ခံက ဇနီးသည်တစ်ယောက်ကို ရရှိရန်အတွက် ကြိုးစားသည့်နေရာတွင် အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု အနည်းငယ်မျှပင် မတွေးတောခဲ့ဖူးပါချေ။
လီရှန်းက သူ့ကို အခွင့်အရေးပေးရန်အတိက် ဆန္ဒရှိနေသည့်အပေါ် သူ အလွန်ဝမ်းသာနေခဲ့သော်လည်း လီရှန်းပြန်ပြောလာသည့် မေးခွန်းများမှာ အလွန်ပင် လက်တွေ့ကျလှသည်။
မည်သို့ပင်ဖြစ်စေ အလွယ်တကူရနိုင်သောအရာများက ကောင်းမွန်မည်မဟုတ်ပါချေ။ ထို့ကြောင့် သူ့ဘက်မှ ဆက်လက်ကြိားစားရလိမ့်မည်။
သူတို့အိသားစုသို့ အသစ်ရောက်လာသော မရီးဖြစ်သူ ဝူလီကိုကြည့်သင့်ပေသည်။
သူမ၏ လင်ပါသားနှစ်ယောက်အပေါ်တွင် ဆက်ဆံသောပုံစံက ပေါ့ပျက်ပျက်နိုင်လွန်းသဖြင့် ရဲဘော်လော်ယွီရှို့က သူမကို အလွန်ပင်သဘောမကျဖြစ်နေခဲ့ရသည်။
ထိုမျှသာမက သူမက သူမ၏ခင်ပွန်းဖြစ်သူကိုလည်း ဂရုမစိုက်နိုင်ဘဲ နေ့စဉ်နှင့်အမျှ သူမ၏ မိဘအိမ်မှ ဆွေမျိုးများ၏ ပြဿနာများထဲတွင် နစ်မွန်းနေတတ်သည်။
သို့သော် ဝူလီ၏အမြင်တွင်မူ ရဲဘော်လော်ယွီရှို့က သူမ၏ မိဘအိမ်ဘက်တွင် အားကိုးရမည့်သူမရှိသောကြောင့် အထင်အမြင်သေးနေသည်ဟုသာ ခံစားနေခဲ့လေသည်။
အကယ်၍ သူသာ ရဲဘော်လီရှန်းနှင့် လက်ထပ်ခဲ့လျှင် ရဲဘော်လော်ယွီရှို့အနေဖြင့် သူမအပေါ် အပြစ်ရှာစရာများ ရှိလာနိုင်မည်လား။
လုံးဝ မဖြစ်နိုင်ပါချေ!
စုဝေ့ချင်း မျက်မှောင်ကြုတ်လျက် ဖြစ်လာနိုင်ချေများကို အလေးအနက် စဉ်းစားကာ အိမ်သို့ ပြန်လာခဲ့သည်။
သူ အိမ်ထဲသို့ ဝင်လာချိန်တွင် လော်ယွီရှို့က မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် အပြေးအလွှား လာရောက်ကြိုဆိုလာခဲ့လေသည်။
“ဘယ်လိုလဲ... မင်း ရှန်းရှန်းနဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောဖြစ်ခဲ့ရဲ့လား။.. အမေ ဘယ်တော့လောက်ကို အောင်သွယ်တော်လွှတ်ပြီး သွားစီစဥ်ရမလဲ”
အောင်သွယ်တော်?
အခုက အောင်သွယ်တော်ကိစ္စ မဟုတ်သေးဘူး။
စုဝေ့ချင်းတစ်ယောက် နှုတ်ခမ်းကိုအောသို့တွန့်ချိုးလိုက်ကာ ညှိုးမှိုင်နေသောမျက်နှာဖြင့် ပြောလိုက်သည်။
“အမေ့သားက အမေ့ရဲ့ ချွေးမကို ခုထိ မဖမ်းနိုင်သေးဘူး”
လော်ယွီရှို့: “...”
သူမ၏မျက်လုံးများက ‘မင်း ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ’ ဟု ပြောနေသကဲ့သို့ ထင်ရသည်။
“သူမက မိသားစုနှစ်ခုကြားမှာ ကွာခြားချက်တွေ အရမ်းကြီးလွန်းတယ်လို့ပြောတယ်.. သူမက သာမန်စက်ပြင်ဆရာတစ်ယောက်ရဲ့ သမီးဖြစ်ပြီး ကျွန်တော်ကကျတော့ ဒုတိယစက်ရုံညွန်ကြားရေးမှူးရဲ့ သားဖြစ်နေတယ် ... ကျွန်တော်တို့နှစ်ယောက်က...”
စုဝေ့ချင်းက လက်နှစ်ဖက်ကို ရိုက်ပြလိုက်ကာ ဆက်ပြောခဲ့သည်။
“ကျွန်တော်တို့က အဆင့်အတန်းချင်း မတူဘူးတဲ့.. သူမက မလိုက်ဖက်ဘူးလို့ ယူဆနေတာ”
“မလိုက်ဖက်စရာ အကြောင်းမရှိပါဘူး”
စာအုပ်ကိုကိုင်ကာ ဖတ်ရှုနေသကဲ့သို့ ဟန်ဆောင်နေသော စုဝေ့မင်လည်း နောက်ဆုံးတွင် မအောင့်အီးနိုင်တော့ဘဲ စာအုပ်ကို ဒုန်းခနဲအသံမြည်အောင် ပိတ်လိုက်ပြီး ဝင်ပြောလာခဲ့သည်။”နှစ်ယောက်စလုံးက အလုပ်သမားမိသားစုကပဲလေ၊ အလိုက်ဖက်ဆုံးမိသားစုတွေပဲ.. စက်ပြင်ဆရာဖြစ်တာ ဘာဖြစ်သလဲ.. အလုပ်သမားတွေဆိုတာက အရှေ့ဆုံးမှာရှိပြီး အကောင်းဆုံးအလုပ်ပဲ ..
အဆင့်အတန်းမတူဘူးဆိုတာ ဘာကိုပြောချင်တာလဲ.. ရှောင်လီရဲ့ အတွေးအခေါ်က သိပ်မကောင်းဘူးပဲ၊ လူတန်းစားခွဲခြားတဲ့ အတွေးအခေါ်က လက်ခံနိုင်စရာမရှိဘူး”
“ရှင်လည်း စာအုပ်ထဲကအတိုင်း လျှောက်ပြောမနေပါနဲ့.. အပြင်လောကက စာအုပ်ထဲကနဲ့မတူတာတွေအများကြီးရှိတယ်”
လော်ယွီရှို့ကတော့ စုဝေ့မင်နှင့် မတူပေ။ သူမသည်လည်း အမျိုးသမီးရေးရာအတွင်း အလုပ်လုပ်သူဖြစ်သောကြောင့် မမြင်နိုင်သော ခွဲခြားဆက်ဆံမှု အလွှာများကို ကောင်းစွာသိရှိနားလည်ထားသည်။
မည်သည့်ခေတ်ကာလတွင်မဆို လူတန်းစားတန်းတူညီမျှမှုက မရှိပါချေ။ ပါးစပ်မှအလွယ်တကူ ပြောနိုင်ကြသော်လည်း အမှန်တကယ် လက်ထပ်ကြမည်ဆိုပါက အဆင့်အတန်းချင်း တူညီသော ခမည်းခမက်မိသားစုကိုသာ ရှာဖွေလိုကြသည်။
အကယ်၍ အခက်အခဲရှိလာပါက ထိုခမည်းခမက်များက မိမိ၏သားအတွက် ထောက်တိုင်ဖြစ်စေရန်၊ သားဖြစ်သူကို စောင့်ရှောက်ပေးနိုင်ရန် မျှော်လင့်တတ်ကြသည်။
သို့သော် ပြဿနာမှာ စုဝေ့မင်က ယခုအချိန်တွင် စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူးဖြစ်နေပြီး သြဇာအာဏာရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းပင်။ မည်သည့်ခမည်းခမက်အိမ်က ဤအခြေအနေနှင့် ကိုက်ညီနိုင်မည်နည်း။
ပြည်နယ်မြို့တော်သို့ ပြန်သွားရှာမှသာ ရနိုင်ပေလိမ့်မည်။
သို့သော် လော်ယွီရှို့နှင့် စုဝေ့မင် နှစ်ယောက်လုံးက ထိုသို့မလုပ်ချင်ကြသကဲ့သို့ စုဝေ့ချင်းကိုယ်တိုင်လည်း ဆန္ဒမရှိပေ။
ဤဇနီးမောင်နှံက သားကြီးဖြစ်သူ၏ အိမ်ထောင်ရေးကွဲကွာမှုနှင့် သားလတ်မိသားစု၏ ခွဲထွက်သွားမှုများအတွက် နှစ်အတော်ကြာ ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်ပေသည်။ ယခုအချိန်တွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စုဝေ့ချင်းအနေဖြင့် သူ နှစ်သက်သောသူနှင့်တွေ့ဆုံကာ သဟဇာတဖြစ်စွာ နေထိုင်သွားရန်နှင့် ညီမဖြစ်သူ စုဝေ့ဖန်းအတွက် စံနမူနာကောင်းတစ်ခုကို ပြသနိုင်ရန်သာ ဖြစ်သည်။
စုဝေ့မင်က လော်ယွီရှို့ကို ဂရုမစိုက်ဘဲ သက်ပြင်းတစ်ချက်ချကာ မေးလိုက်ပြန်သည် ။
“စက်ရုံရဲ့ ဒုတိယညွန်ကြားရေးမှူး ဖြစ်နေတာက ငါကိုယ်တိုင် ဆုံးဖြတ်လို့ရတဲ့အရာမှမဟုတ်တာ.. မင်း မိန်းမရဖို့အတွက်နဲ့ ငါ့ရဲ့ရာထူးကနေ နုတ်ထွက်ပေးလို့တော့ မရဘူးလေ”
“အဲဒီလိုတော့ မလိုပါဘူး”
စုဝေ့ချင်းအနေဖြင့် ဖခင်ဖြစ်သူ၏ အလုပ်ကိစ္စကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိသော်လည်း ဖခင်ဖြစ်သူက အဟန့်အတားတစ်ခုတော့ မဖြစ်သင့်ဟု တွေးတောနေသေးသည်။
သူသည် နှုတ်ခမ်းကို အသာသပ်လိုက်လေ၏။
“ဒီလိုလုပ်ပါလား... ကျွန်တော့်မိသားစုရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့.. ကျွန်တော် ရဲဘော်လီရှန်းကို သဘောတူအောင်လုပ်နိုင်ပြီး စေ့စပ်တဲ့အဆင့်ကို ရောက်တဲ့အချိန်ကျရင် အဖေ့ရဲ့ မာန်မာနတွေကို ခဏဘေးဖယ်ထားပြီး လီရှန်းရဲ့ ဦးလေးနဲ့ အန်တီတို့ရှိတဲ့ စက်မှုယန္တရားစက်ရုံကို ကိုယ်တိုင်ကိုယ်ကျသွားပြီး တောင်းရမ်းပေးရမယ်”
လီဟုန်းကျွင့်အတွက်ကတော့ ..
စုဝေ့ချင်းအနေဖြင့် လီရှန်း၏ ငယ်ဘဝအကြောင်းကို သိရှိပြီးကတည်းက လီဟုန်ကျွင့်ကို လုံးဝ ထည့်မတွက်တော့ပါချေ။
စုဝေ့မင်က မျက်လုံးပြူးဖြင့်ကြည့်လာခဲ့သည်။
“မင်းရဲ့ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးတုန်းကတောင် မင်းအမေပဲ သွားခဲ့တာလေ”
သူ့အနေဖြင့် သူကိုယ်တိုင် မသွားနိုင်ကြောင်းကို ပြောချင်ခဲ့သည်။
သို့ရာတွင် စုဝေ့ချင်းက လက်သီးကို တင်းကြပ်စွာဆုပ်ကာ ဒေါသတကြီးဖြင့် ပြန်ပြောလာခဲ့လေ၏။
“အဖေက စက်ရုံရဲ့ဒုတိယညွန်ကြားရေးမှူး ဖြစ်နေလို့ပေါ့.. တကယ်လို့ အဖေသာ သာမန်အလုပ်သမားတစ်ယောက်ဆိုရင် ကျွန်တော် မိန်းမရဖို့ ဒီလိုခက်ခဲနေပါ့မလား”
စုဝေ့မင်: “...”
ဒါက သူ့ရဲ့အပြစ်လား။
“ကောင်းပြီ ... ဘာလို့ ငြင်းခုံနေကြတာလဲ.. ဝေ့ချင်း... စိတ်မပူနဲ့ မင်းသာ ရှန်းရှန်းကို သဘောတူအောင်လိုက်နိုင်ရင် မင်းအဖေ့ဘက်က ကိစ္စကို အမေကိုယ်တိုင် တာဝန်ယူပြီးဖြေရှင်းပေးမယ်”
လော်ယွီရှို့က သူမ၏ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ပြီး နောက်ဘက်မှ မျက်စောင်းထိုးနေသော စုဝေ့မင်ကိုတော့ အနည်းငယ်မျှပင်ဂရုမစိုက်တော့ပေ။
စုဝေ့ချင်းလည်း စိတ်ကျေနပ်သွားပြီး စုဝေ့မင်ထံသို့ ဂုဏ်ယူစွာ တစ်ချက်ကြည့်ကာ အခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။
သူ့အနေဖြင့် အခန်းအတွက် ပုံစံထုတ်ရန် အမြန်ပြင်ဆင်ရမည်။ သူနှင့် ရဲဘော်လီရှန်းမှာ စက်ရုံမှ အလုပ်သမားအသစ်များသာ ဖြစ်နေဦးမည်ဖြစ်သောကြောင့် လောလောဆယ်တွင် ဝန်ထမ်းအိမ်ရာ မရနိုင်သေးပေ။
ထို့ကြောင့် နောင်နှစ်အနည်းငယ်အထိ ဤအိမ်မှာပင် ဆက်လက်နေထိုင်ရပေလိမ့်မည်။ သူတို့၏ အသိုက်အမြုံအသစ်လေးကို မည်သို့ ပြင်ဆင်မွမ်းမံရမည်ကို သူ ကောင်းစွာစဉ်းစားရပေမည်။
စုဝေ့ချင်း အခန်းတံခါးကို ပိတ်သွားမှသာ စုဝေ့မင်က ပေါင်ကိုပုတ်ကာ အင်းပြင်းပြင်းနှင့် ပြောလိုက်သည် ။
“မင်းတို့တွေ သူ့ကို အလိုလိုက်နေကြတာပဲ!”
“ကျွန်မ သေချာပေါက်အလိုလိုက်ဝမှာပေါ့”
လော်ယွီရှို့က ရေနွေးတစ်ဖန်ခွက်ကို အေးဆေးတည်ငြိမ်စွာငှဲ့လိုက်ပြီး သကြားတစ်ဇွန်း ထည့်လိုက်သည်။”ရှင် မမေ့နဲ့ဦး... ဝေ့ချင်းက ဒီနှစ်တွေအတွင်းမှာ ဒါ ပထမဆုံးအကြိမ် အိမ်ထောင်ရေးကိစ္စကို ပြောလာခဲ့တာ.. နှစ်သစ်ကူးဖို့က ဆယ်ရက်ကျော်ပဲ လိုတော့တယ်
လကုန်ပြီးရင် မူဝါဒအသစ်တွေက ကျလာတော့မှာ.. တကယ်လို့ ရှင့်ရဲ့သားကို ပညာတတ်လူငယ်အဖြစ် ကျေးလက်ဒေသဘက်ကို လွှတ်ချင်တယ်ဆိုရင်တော့ အခုလိုပဲ ဆက်ပြီး ပြဿနာရှာနေလိုက်.. သူ ကျေးလက်ဒေသကို အပို့ခံရမှ ရှင် စိတ်အေးနေရမှာမလား”
စုဝေ့မင်အနေဖြင့် ထိုမျှအထိ မရက်စက်နိုင်ပေ။ သူ့သားကို ကျေးလက်ဒေသသို့ အပို့မခံနိုင်ပါချေ။
ဒါပေမဲ့ အခုချက်ချင်း သွားတောင်းဖို့ဆိုတာက...
“ငါက အကြီးဆုံးသားနဲ့ ဒုတိယတုန်းကတောင် မသွားခဲ့ဘဲ အခုမှ သားအငယ်ဆုံးအတွက် သွားတောင်းပေးမယ်ဆိုရင် ချွေးမအကြီး နှစ်ယောက်က ဘယ်လိုတွေးကြမလဲ.. သူတို့ ညီအစ်မတွေရဲ့ကြားမှာ ပြဿနာတွေ ဖန်တီးပေးသလို ဖြစ်မနေဘူးလား”
စုဝေ့မင်က နောက်ဆုံးအထိ ရုန်းကန်ငြင်းဆန်နေသေးသည်။
“အဲဒါက ဘာများခက်နေလို့လဲ.. အရင်ချွေးမနှစ်ယောက်လုံးမှာ မိဘတွေ ရှိတယ်လေ.. တကယ်လို့ သူတို့မှာ မိဘမရှိရင်လည်း ရှင်ကိုယ်တိုင် သွားတောင်းပေးမှာပေါ့”
ဤသည်က အမှန်တကယ်ပင် ပါးနပ်လွနားသော လော်ယွီရှို့သာဖြစ်ပေသည်။
သူမ၏ စကားလုံးများက အာဃာတမီးကို မွှေးပေးနိုင်စွမ်းရှိနေခဲ့သည်။